-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, June 25, 2016

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၇)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၆)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၅)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၄)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၃)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၂)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၁)


 (Welding နည်းစနစ်များ)
ကျွန်တော် အရင်က ရေးခဲ့တဲ့ note လေးပါ... note ကို ဖတ်ရ သိပ်အဆင်မပြေတာကြောင့် ဖတ်ရလွယ်အောင် JPEG ပြောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်...

Contraction Joints (Part 2)


Contraction Joints for Slabs on Grade
Slabs on Grade တွေမှာ ကွန်ကရစ် ကျုံ့ဝင်မှုကို လွတ်လပ်စွာ ဖြစ်ပွားစေရန်နဲ့ ကွန်ကရစ်အတွင်း ဖြစ်ပေါ်လာတဲ့ အတွင်းအားတွေကို လျော့နည်းစေရန်အတွက် Contraction Joints တွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကွန်ကရစ် slab on grade တွေမှာ ပတ်ဝန်းကျင် အခြေအနေတွေဟာ slab ရဲ့ အပေါ်နဲ့ အောက်ဘက်တွေမှာ တူညီမှာမဟုတ်တဲ့အတွက် ကွန်ကရစ်လောင်းရာမှာ ကွန်ကရစ်တွေဟာ Slab ရဲ့ အထူတစ်လျှောက် ညီညီညာညာခြောက်သွေ့သွားမှာ မဟုတ်ပါဘူး။ Slab ရဲ့ အပေါ်ဘက်အပိုင်းတွေဟာ အောက်ဘက်အပိုင်းတွေထက် အရင် ခြောက်သွေ့သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ခြောက်သွေ့မှု မတူတဲ့ အကျိုးဆက်ကြောင့် slab ရဲ့ ထောင့်တွေမှာ ကွေးသွားတာတွေ (Warp) ဖြစ်လာနိုင်ပါမယ်။ အပူအအေးပြောင်းလဲခြင်းကြောင့်လဲ အဲဒီလို သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။

Contraction Joints (Part 1)


Contraction Joints ဆိုတာ ဘာလဲ?
ကွန်ကရစ်တွေ ခြောက်သွားလို့ ကျုံ့ဝင်သွားတဲ့ အခါ (Drying Shrinkage ဖြစ်တဲ့အခါ) နဲ့ အပူချိန် ကျဆင်းတဲ့အခါမှာ ကွန်ကရစ်တွေရဲ့ ထုထည် လျော့နည်းသွားပါမယ်။ တနည်းအားဖြင့် ကွန်ကရစ်တွေ ကျုံ့ဝင်သွားပါမယ်။ အဲဒီလိုအခါမျိးမှာ ကွန်ကရစ်တွေကို ဘေးနှစ်ဘက်က ချုပ်ထားမယ်ဆိုပါက ကွန်ကရစ်သားတွေအတွင်းမှာ တင်းအား (Tensile Stress) တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ တင်းအားတွေဟာ ကွန်ကရစ်ရဲ့ ခံနိုင်ရည်အားကို ကျော်လွန်သွားပါက အက်ကြောင်း (Cracks) တွေ ဖြစ်ပေါ်လာပါမယ်။ ဘာကြောင့်လဲဆိုတာ့ ကွန်ကရစ်ရဲ့ ဆွဲဆန့် ခံနိုင်ရည်အား နည်းပါးလို့ပဲ ဖြစ်ပါတယ်။ Contraction Joints တွေ လုပ်ထားပေးခြင်းအားဖြင့် အက်ကြောင်းတွေ ဖြစ်ပေါ်လာမယ့် အားနည်းတဲ့ နေရာတွေ (Planes of weakness) တွေ ရရှိမှာ ဖြစ်ပါတယ်။

Construction Joints


Construction Joint ဆိုတာ ဘာလဲ?

ကွန်ကရစ်အဆောက်အအုံတွေ ဆောက်တဲ့အခါ အဆောက်အအုံက ကြီးမားကျယ်ပြန့်မယ်ဆိုရင် ကွန်ကရစ်ကို တစ်ခါထဲနဲ့ ပြီးအောင်လောင်းဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ Construction Joints လို့ခေါ်တဲ့ (ကွန်ကရစ်တစ်ခါလောင်းရင် ဘယ်နေရာမှာ ရပ်နားမလဲဆိုတဲ့) ရပ်နားအဆက်တွေ သေချာ စီမံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက အဲဒီ Construction Joints တွေကို Contraction Joints, Isolation ...သို့မဟုတ် Expansion Joint နေရာတွေမှာ ပြုလုပ်ပေးသင့်ပါတယ်။ (အဲဒီ Joints တွေအကြောင်း သီးခြား ရေးပါမယ်)

Construction Joint ကောင်းတစ်ခု ဘယ်လိုလုပ်မလဲ?

Seismic Design မိတ်ဆက် (အပိုင်း ၇)


Ductile Structure
Ductile Structure ဆိုတာဘာလဲ?
ရှေ့က အပိုင်းမှာ R အကြောင်းပြောတုန်းက အဆောက်အအုံတွေသာ ညွှတ်ပြောင်းမယ် Ductile ဖြစ်မယ်ဆိုရင် အဲဒီ frame ဟာ ငလျင်ကြောင့်ဖြစ်လာတဲ့ အားတွေကို သူ့ Elastic capacity ထက် များစွာ ကျော်လွန်ပြီး ခံဆောင်နိုင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ အဲဒါကြောင့် Ductile Frames တွေကို Design လုပ်ရာမှာ ငလျင်ကြောင့် အမြင့်ဆုံး ဖြစ်နိုင်တဲ့ အားတွေကို Design လုပ်စရာ မလိုအပ်ပဲ အတိုင်းအတာ တစ်ခုအထိလျှော့ပြီး Design လုပ်လို့ ရပါတယ်။
(Response Modification Factor R အကြောင်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10201947942215470?pnref=story )
ဒီနေရာမှာ ငလျင်ဒါဏ်ကြောင့် ဖြစ်လာတဲ့ အားကို Elastic ခံနိုင်ရည်အားထက် များစွာ ကျော်လွန်ပြီး စဉ်းစားတဲ့အတွက် ငလျင် တကယ်လှုပ်တဲ့အခါ အဆောက်အအုံဟာ Elastic အခြေအနေကို ကျော်လွန်ပြီး Inelastic range ထဲ ရောက်သွားမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် ခံနိုင်ရည်အားကို ကျော်လွန်သွားတဲ့အတွက် ပျက်စီးမှုတွေ မလွဲမသွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သို့သော် ထို ပျက်စီးမှုတွေကြောင့် အဆောက်အအုံကို မပြိုကျစေရန် စီမံပေးရမှာဖြစ်ပါတယ်။ အဲဒီလို နည်စနစ်မျိုးနဲ့ ပုံစံထူတ်တည်ဆောက်တဲ့ Design ကို ညွှတ်ပြောင်းသော အဆောက်အအုံ သို့မဟုတ် Ductile Structure လို့ ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။

Seismic Design မိတ်ဆက် (အပိုင်း ၆)


Seismic Response Modification Number R
Building Code တွေမှာ ပြဌာန်းထားတဲ့ Equivalent Lateral force ကိုအသုံးပြုပြီး အဆောက်အအုံတွေကို seismic analysis and design လုပ်ရာမှာ အဆောက်အအုံအပေါ် သက်ရောက်စေမယ့် lateral seismic load (တနည်းအားဖြင့်ဆိုသော် Base Shear ပမာဏ) ကို တွက်ချက်ရာမှာ factor များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီ factor တွေကတော့ ကိုယ်ဆောက်မယ့် အဆောက်အအုံ ဧရိယာမှာရှိတဲ့ ငလျင်ပြင်းအားပမာဏ (Mapped Acceleration Parameter လို့ ခေါ်ကြတဲ့ Ss and S1)ရယ်၊ ဆိုဒ်မှာရှိတဲ့ မြေသားကြောင့် ဖြစ်လာတဲ့ ငလျင်ပြင်းအားပြောင်းလဲခြင်း (Site coefficient)ရယ်၊ အဆောက်အအုံကို ဘယ်အတွက်သုံးမလဲဆိုတဲ့ (importance factor) ရယ် အပြင် building structure ရဲ့ အမျိုးအစား R factor သို့မဟုတ် (Response Modification Factor) တို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ရပါတယ်။
Seismic design lateral load (Base Shear) ကို ဘယ်လို တွက်မလဲ?

Seismic Design မိတ်ဆက် (အပိုင်း ၅)


Seismic Design Category
Seismic Design Category ဆိုတာဘာလဲ?
Seismic Design Category ဆိုတာ structure တစ်ခုကို သူ့ရဲ့ အသုံးပြုမှုနဲ့ အဆောက်အအုံ ဆောက်မယ့်ဒေသမှာ ငလျင်ဖြစ်နိုင်မှု၊ မြေသား အခြေအနေတို့အပေါ် မူတည်ပြီး class ခွဲခြင်းပဲ ဖြစ်ပါတယ်။ Seismic Design Category တွေကို A ကနေ F အထိ class တွေ ခွဲထားပါတယ်။ Categories တွေထဲမှာ A က အသက်သာဆုံးဖြစ်ပြီး F က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
(UBC 97 မှာတော့ Seismic Zone တွေ သုံးပါတယ်။ UBC 97 မှာ Seismic Zone တွေကို 1, 2A, 2B, 3, 4 ဆိုပြီး ခွဲထားပါတယ်။ Base Shear တွက်ရာမှာ Zone factors တွေနဲ့ Soil Property Types တွေကိုအသုံးပြုပြီး Table 16-Q နဲ့ 16-R တို့ကနေ Cv, Ca စသည်တို့ ရှာပြီး အသုံးပြုရပါတယ်။ မြေပုံတွေ ဖေါ်ပြရာမှာလဲ Seismic Zone Map တွေအနေနဲ့ ဖေါ်ပြပါတယ်။

Seismic Design မိတ်ဆက် (အပိုင်း ၄)



 ဒီအပိုင်းမှာ ASCE 7 မှာပါတဲ့ Equivalent Lateral Force Method ရဲ့ အခြေခံလေးတွေကို တင်ပြသွားပါမယ်။ (အသေးစိတ် ကြည့်လိုလျင်တော့ ASCE 7 မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)

Equivalent Lateral Static Force Method...

ဒီနည်းရဲ့ အဓိက အခြေခံအယူအဆက ငလျင်ကြောင့် ဖြစ်လာတဲ့ dynamic forces တွေရဲ့ အကျိုးသက်ရောက်မှု ပုံစံမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင် static load တွေကို အဆောက်အအုံအပေါ် သက်ရောက်စေခြင်းပဲ (Dynamic Load Effects တွေကို Equivalent Static Forces တွေအနေနဲ့ ပြောင်းလဲခန့်မှန်းတွက်ချက်ခြင်း) ဖြစ်ပါတယ်။

Concentrated lateral loads တွေဟာ

Seismic Design မိတ်ဆက် (အပိုင်း ၃)


ဒီအပိုင်းမှာ Seismic Analysis and Design လုပ်ရာမှာ တွေ့နေကျ ဖြစ်တဲ့ Linear နဲ့ Nonlinear ဆိုတာ ဘာလဲ၊ သူတို့နှစ်ခု ဘာကွာလဲဆိုတာ ရေးသားဖေါ်ပြသွားပါမယ်။ (ဒီအတွက် Reference ကိုတော့ Quora.com အမေးအဖြေ တွေကနေ ရယူရေးသားထားတာ ဖြစ်ပါတယ်။)
Linear Analysis
Linear Analysis ဆိုတာ ဘာလဲ?
Linear analysis ဆိုတာ

Seismic Design မိတ်ဆက် (အပိုင်း ၂)


ကျွန်တော်တို့ Seismic Design လုပ်တော့မယ်ဆိုရင် Structrure မှာ Seismic Load တွေကြောင့် ဖြစ်လာမယ့် ခံဆောင်အား (internal stress) တွေ၊ ပုံ ပျက်ယွင်းမှု (Deformation) တွေနဲ့ အခြား ခံစားရမယ့် အရာတွေကို mathmectical model တည်ဆောက်ပြီး ငလျင်ကြောင့်ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို အဲဒီ Structure အပေါ် ကျရောက်စေပြီး Analysis လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါကို Seismic Analysis လို့ ခေါ်ပါတယ်။
Seismic Analysis
Seismic analysis ဆိုတာ

Seismic Design မိတ်ဆက် (အပိုင်း ၁)

ကျွန်တော် Seismic Design ကို လေ့လာရင်းနဲ့ ကိုယ်လေ့လာထားတာတွေကို ဂျူနီယာ ညီ ညီမတွေကို ပြန်လည် ပြောပြချင်တဲ့ သဘောမျိုးနဲ့ သဘောတရား အခြေခံလေးတွေ ရေးသွားပါမယ်။ ပါဝင်ဆွေးနွေးမှုများကိုလဲ လေးစားစွာ ဖိတ်ခေါ်ပါတယ်။
Seismic Design ဆိုတာ ဘာလဲ?
Sesimic Design ဆိုတာ

Friday, June 24, 2016

ကွန်ကရိလုပ်ငန်းခွင်များတွင် ကြုံတွေ့  ရသည့် ပြဿနာများနှင့် အကြံပြုချက်များ

ကျွန်တော့အနေနဲ့ ဒီနေ့အမှတ်တရ တစ်ခုခုဒါနပြုချင်တာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း Facebook မှာ မြို့ြ...ပအင်ဂျင်နီယာများ အကြာခဏ ကြုံတွေ့ ရလေ့ရှိတဲ့ ကွန်ကရိလုပ်ငန်းပြဿနာ ၀င်ရောက်ဆွေးနွေးခဲ့တာလေးတွေကို စုပေါင်းပြီး “ ကွန်ကရိလုပ်ငန်းခွင်များတွင် ကြုံတွေ့  ရသည့် ပြဿနာများနှင့် အကြံပြုချက်များ” ခေါင်းစဉ်ဖြင့် PDF ပြုလုပ်ပြီး ပညာဒါနပြုလုပ်လိုက်ပါတယ်။
အမှားအယွင်းများကို တွေ့  ရှိသူများ၊ အယူအဆကွဲလွဲချက်များရှိပါက ဝေဖန်ထောက်ပြကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။


SAN NWE


Concrete Curing Compound များကို စံနစ်တကျ အသုံးပြုခြင်း



(၁) နိဒါန်း
...
Curing compound များကို ရေအစိုဓါတ်ပေး၍ curing လုပ်သည့်သမရိုးကျနည်းများဖြစ်သည့် ရေစိုအ၀တ်များဖြင့်အုပ်ခြင်း၊ ရေအဆက်မပြတ်စွတ်စိုစေခြင်း၊ သဲစိုအုပ်ခြင်းများ စသည်တို့ ဖြင့် အဆင်မပြေသည့် အခြေအနေများတွင်သာ ယေဘူယျအားဖြင့် အသုံးပြုသင့်ပါသည်။ အကယ်စင်စစ်မှာမူ Membrane curing compound ကို ဖြန်းပက်အသုံးပြုခြင်းမှာ ကွန်ကရိအတွင်းမှ ရေငွေ့ ပြန်ခြင်းကို တားဆီးပေးခြင်းနည်းတစ်မျိုးသာသာဖြစ်၍ အထက်တွင် ဖေါ်ပြခဲ့သည့် ရေအစိုဓါတ်ပေး၍ curing လုပ်ခြင်း (moist curing) တစ်မျိုးသာဖြစ်ပါသည်။

ကွန်ကရိ၏ခံနိုင်အားတက်ခြင်းမှာ Curing compound ၏ ဓါတ်ပြုမှုကြောင့်မဟုတ်ပဲ ကွန်ကရိအစိုအတွင်းရှိ ရေ နှင့်‌ ဘိ လပ်‌ ‌မြေ တို့ ၏ ဓာတ်‌ ပြု မှု Hydration ဖြစ်‌ စဉ်‌ ‌ကြောင့်‌ ဆိုသည်ကို သတိပြုရန်လိုပါသည်။

Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ) အပိုင်း (2)

 - Fly Ash ခေါ် ကျောက်မီးသွေးပြာများ
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ

Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ) အပိုင်း (၁)


(၁) နိဒါန်း
ကွန်ကရိတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် နှင့် ရေတို့ပင်ဖြစ်ပါသည်။
ယခုခေတ်ကွန်ကရိလုပ်ငန်းအများစုတွင် သာမန်ထက် ပိုမို ကောင်းမွန်သည့် ကွန်ကရိရရှိရန်၊ လုပ်ကိုင်ရလွယ်ကူစေရန်စသော အကြောင်းများ ကြောင့် ကွန်ကရိAdmixtureများကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။
Admixture များကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စု (၂) ခွဲနိုင်ပါသည်။
(၁) Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) ဖြစ်ပါသည်။
Mineral Admixture ကို Supplementary Cementitious Material (SCM) ဟုလည်း သုံးနှုံးကြပါသည်၊ ဓါတုအရောများကို များသောအားဖြင့် အရည်ပုံစံဖြင့်တွေ့ ရလေ့ရှိပြီး တွင်းထွက်သတ္တုအရောများကိုမူ အမှုန့် ပုံစံဖြင့်တွေ့ နိုင်ပါသည်။
ပုံ (၁) Mineral Admixtures (SCM)
ပုံ (2) Chemical Admixtures
ပုံ (၃) Admixture အမျိုးအစားများ ခွဲခြားထားပုံ
ASTM C 494 အရ Chemical Admixture Type များကို အောက်ပါအတိုင်း အသေးစိတ် သတ်မှတ်ထားပါသည်။

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁၁)


Rolling Patterns
Rolling patterns ဆိုသည်မှာ နိုင်လွန်ကတ္တရာလမ်းကို လမ်းကြိတ်စက်ဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်၍ကြိတ်ရာတွင် အသုံးပြုရမည့် ပုံစံများဖြစ်သည်။ Rolling patterns များဆွဲရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နိုင်လွန်ကတ္တရာအလွှာ တပြင်လုံးတွင် နေရာလပ်မကျန် တူညီသော density ရစေရန်ဖြစ်သည်။ Rolling patterns ဆွဲရာတွင် rolling pattern အသုံးပြု၍ကြိတ်မည့် ကတ္တရာသား၏အထူသည် တသမတ်တည်းနီးပါးရှိဖို့လိုသလို ၎င်းတို့၏အပူချိန်သည်လည်း consistent ဖြစ်နေဖို့လိုတယ်။ သို့မှသာ consistent number of passes, consistent working speed နဲ့ consistent compaction forces တွေအသုံးပြုပြီး ဆွဲထားသော rolling pattern အတိုင်း လမ်းကြိတ်ခြင်းဖြင့် ကတ္တရာအလွှာတပြင်လုံး၌ တူညီသော density ကို ရရှိစေမည်ဖြစ်သည်။ Pass ဆိုသည့်အသုံးအနှုန်းသည် compactor ကြိတ်ရာ direction တစ်ခုအတွက် လမ်းစကြိတ်ရာအမှတ်မှ rolling pattern အဆုံး လမ်းကြိတ်စက်ခေတ္တရပ်ရာ နေရာအထိ တစ်ကြောင်းကို ဆိုလိုတယ်။ ဥပမာအားဖြင့် Rolling pattern စရာနေရာ တနည်းအားဖြင့် လမ်းကြိတ်စက်စကြိတ်ရာနေရာမှ rolling pattern အဆုံး လမ်းကြိတ်စက်ရပ်ရာနေရာအထိကို one pass ဟုခေါ်ပြီး ၎င်းအဆုံးနေရာမှ reverse direction ဖြင့် ပထမလမ်းကြောင်းကြိတ်ရာအတိုင်း ပြန်ကြိတ်ပြီး စတင်ကြိတ်ခဲ့ရာနေရာသို့ ပြန်ရောက်လျင် second pass ဟုသုံးသည်။ Rolling pattern ဆွဲပြီးပါက ၎င်းrolling pattern အတိုင်းအတိအကျ လိုက်နာသင့်ပြီး mix design ပြောင်းခြင်း သို့မဟုတ် ရာသီဥတုအခြေအနေပြောင်းခြင်း မှတပါး rolling pattern မှ သွေဖယ်ခြင်း မလုပ်သင့်ပေ။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁၀)


Compaction Phases
နိုင်လွန်ကတ္တရာလမ်းကိုကြိတ်ရာမှာ
(1) Initial compaction (breakdown compaction)
(2) intermediate compaction
(3) finish compaction ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားပြီး ကြိတ်လေ့ရှိတယ်။
Breakdown compaction
Initial compaction (breakdown compaction) ဆိုတာ လမ်းခင်းစက်နောက် နိုင်လွန်ကတ္တရာ ခင်းပြီးပြီးခြင်း စတင်ကြိတ်သော compaction phases တွေရဲ့ ပထမဆုံးအဆင့် ဖြစ်တယ်။ Breakdown compaction စဖို့အတွက် နိုင်လွန်ကတ္တရာ shoving မဖြစ်စေဘဲ နိုင်လွန်ကတ္တရာရဲ့ အဖြစ်နိုင်ဆုံးအမြင့်ဆုံး အပူချိန်မှာ စတင်ကြိတ်ရမယ်။ ကတ္တရာအေးသွားလေလေ၊ ပိုပြီး stiff ဖြစ်လေလေ၊ လိုချင်သော density ရအောင်ကြိတ်ဖို့ ခက်လေလေ ဆိုတာကို သတိရပါ။ အဲဒါကြောင့် breakdown compaction phase ကို လမ်းခင်းစက်နောက် အနီးကပ်ဆုံး ကပ်နိုင်သမျှ ကပ်၍ ကြိတ်လေ့ရှိတယ်။ Breakdown compaction phase မှာ လိုအပ်တဲ့သတ်မှတ်ထားသော target density နီးပါးအထိ ရောက်အောင် ကြိတ်သင့်တယ်။ ဥပမာ target density က 95% of Theoretical Maximum Density လို့ဆိုရင် breakdown compaction phase မှာ အနည်းဆုံး 91% ကနေ 93% ခန့်အထိ ရအောင် ကြိတ်သင့်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၉)


Amplitude Checklist
ပြီးခဲ့တဲ့အပိုင်းတွေမှာ ဖေါ်ပြခဲ့တဲ့ compaction factors တွေကို စုပေါင်းပြီးတော့ compaction checklist လေးဆွဲကြည့်ရင် အောက်ပါအတိုင်းရပါမည်။
အဲဒီ checklist ကို အသုံးပြု၍ လမ်းကြိတ်ရာမှာ အသုံးပြုသင့်သည့် amplitude ကိုအလွယ်တကူ ရွေးချယ်နိုင်ပါသည်။ ရှေ့မှာ ပြောခဲ့တဲ့ နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ ထည့်သွင်းစဉ်းစားရမည့်အချက်များကို အနှစ်ချုပ်အနေနဲ့ ပြန်ကြည့်ပါက
- ကတ္တရာအလွှာ 2-in (50-mm) ထက်နည်းရင် high compaction energy ကို ကတ္တရာအလွှာက မခံနိုင်ပါ။ ထို့ကြောင့် ၎င်းကဲ့သို့အလွှာပါးကို လမ်းကြိတ်ရာမှာ 0.25-mm မှ 0.6-mm ကြား (0.01-in မှ 0.025-in ကြား) ရှိသော amplitude ကိုသာ ရွေးချယ် အသုံးပြုသင့်သည်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၈)


Asphalt Mix Temperature
Asphalt mix temperature က နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ အဓိက သက်ရောက်မှု အရှိဆုံးထဲက တစ်ခုဘဲ။ Highest possible temperature မှာ စတင်လမ်းကြိတ်ခြင်းသည် လိုအပ်သော denisty ကိုရရန် အလွယ်ကူဆုံးဖြစ်တယ်။ နိုင်လွန်ကတ္တရာရဲ့ အမြင့်ဆုံးအပူချိန်မှာ ၎င်းမှာပါတဲ့ ကတ္တရာရည်ရဲ့ viscosity ကအနိမ့်ဆုံးဖြစ်တယ်။ ကတ္တရာရည် အရည်အခြေအနေ ရှိနေသေးချိန် သို့မဟုတ် အနိမ့်ဆုံး viscosity ရှိနေချိန်မှာ compaction force ကြောင့် mix ထဲမှာပါတဲ့ aggregates တွေ အလွယ်တကူနေရာ ရွေ့လျားပူးကပ်နိုင်တယ်။ Aggregates တွေ mix ထဲမှာ ရွေ့လျားပူးကပ်ခြင်းဖြင့် Air voids တွေကိုလျော့ချပေးပြီး လိုအပ်သော density ကို ရရှိစေတယ်။ ကတ္တရာရည်အေးသွားပြီး stiff ဖြစ်လာ၊တောင့်လာတဲ့အချိန်ရောက်ရင် mix ထဲမှာ aggregates တွေ နေရာရွေ့လျားပူးကပ်နိုင်ဖို့ ခဲယဉ်းသွားတယ်။ တနည်းအားဖြင့် လိုအပ်သော density ကိုရအောင် ကြိတ်ဖို့ခဲယဉ်းတယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၇)


Shape of Aggregates
Aggregate တွေရဲ့ ပုံသဏ္ဍာန်ပေါ်မူတည်ပြီး ၎င်း aggregates တွေရဲ့ကြားမှာရှိတဲ့ friction level အမျိုးမျိုးကွာခြားတဲ့အတွက် နိုင်လွန်ကတ္တရာလမ်းကို compact လုပ်ဖို့ compaction pattern ဆွဲရာမှာ shape of aggregate ကိုလည်း ထည့်သွင်းစဉ်းစားရတယ်။
Rounded aggregates တွေသုံးရင် သူတို့ကြားမှာ low internal friction ပဲရှိတဲ့အတွက် low compaction energy အောက်မှာပင် အလွယ်တကူနေရာရွေ့နိုင်တယ်။ Rounded aggregates တွေအများစုပါတဲ့ asphalt mix တွေက unstable ဖြစ်လွယ်ပြီး compactor ရဲ့ static weight တစ်ခုတည်းဖြင့်ပင် အလွယ်တကူ ကြိတ်နိုင်တယ်။ အဲဒီ mix အမျိုးအစားအတွက်ဆိုရင် light weight static compactor ကိုသုံး၍၎င်း၊ vibratory compactor မှာ low amplitude ကိုသုံး၍၎င်း ကြိတ်နိုင်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၆)


Mix Design
နိုင်လွန်ကတ္တရာ Hot Mix Asphalt (HMA) ဆိုသည်မှာ ယျေဘူယအားဖြင့် ကျောက်အကြီးအသေး အရွယ်အစားမျိုးစုံ နှင့် ကတ္တရာအရည် တို့ကို ကတ္တရာကျိုစက်ရုံတွင် အပူချိန်မြင့်မားစွာပေး၍ (145C မှ 190C ကြားအတွင်း) ရောကျိုထားသော ကတ္တရာနှင့်ကျောက်အရောအနှောကို ခေါ်ခြင်းဖြစ်သည်။ အရပ်အခေါ်အနေဖြင့် Asphalt သို့မဟုတ် Blacktop သို့မဟုတ် Paving (မြောက်အမေရိကတွင် သုံးလေ့ရှိ) ဟုသုံးနှုန်းလေ့ရှိပြီး engineering အသုံးအနေဖြင့် Asphalt (or Asphaltic) Cement (AC) ဟူ၌လည်းကောင်း၊ Bituminous Asphalt Concrete ဟူ၌လည်းကောင်း၊ Bituminous Mixture ဟူ၌လည်းကောင်း အမျိုးမျိုးသုံးလေ့ရှိသည်။ မြန်မာနိုင်ငံတွင်တော့ နိုင်လွန်ကတ္တရာ ဟုအလွယ်တကူခေါ်လေ့ရှိသည်။
Mix design တွင် အသုံးပြုသည့် ကျောက်အရွယ်အစားများနှင့် အချိုးအစား၊ ကတ္တရာအမျိုးအစားနှင့် ကတ္တရာအရည်ပါဝင်မှု အချိုးအစား၊ အခြားသောဓါတုပစ္စည်းများ ပါဝင်မှု နှင့် ပါဝင်မှုအချိုးအစား စသည်တို့ပေါ်တွင်မူတည်၍ Mix Designs ပေါင်းများစွာရှိပြီး ဒေသအလိုက် အခေါ်အဝေါ်လည်း ကွဲပြားလေ့ရှိသည်။
အမေရိကတိုက်တွင် အသုံးများသော HMA အမျိုးအစားများမှာ (1) Dense-graded mix (2) Open-graded mix နှင့် (3) Gap-graded mix တို့ဖြစ်ပြီး
1. Dense-Graded Mix တွင်
1a. Continuously graded or conventional HMA
1b. Large-stone mix နှင့်
1c. Sand asphalt mix ဟူ၍ သုံးမျိုး
2. Open-Graded Mix တွင်
2a. Open-Graded Friction Course (OGFC) နှင့်

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၅)

ပြီးခဲ့တဲ့အပိုင်းတွေမှာ compaction forces တွေအကြောင်းသိခဲ့ရပါပြီ။ Compactor operators တွေအနေနဲ့ နိုင်လွန်ကတ္တရာကို compaction လုပ်ရာမှာ စက်မှာပါတဲ့ amplitude setting တွေ၊ frequency setting တွေ (variable frequency သုံးလို့ရတဲ့ စက်အသုံးပြုလျင်)၊ drum width (drum offset function ပါသော စက်အသုံးပြုလျင်)၊ နဲ့ compaction speed (working speed) တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုရပါမယ်။ မှန်ကန်တဲ့ settings များရွေးချယ်ဖို့အတွက် အခြေခံ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက
- Project design
- Asphalt mix design
- Shape of aggregates
- Asphalt cement oil viscosity
- Asphalt layer thickness
- Asphalt mix temperature
- Climate conditions များပဲဖြစ်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၄)



- Compactor တွေ ဝယ်ယူရာမှာ Centrifugal force ဆိုတာ specifications တွေအထဲမှာ တစ်ခုအနေနဲ့ပါတာကိုတွေ့ရတယ်။ အဲဒီ centrifugal force က ဘာကိုပြောတာလဲ၊ operators တွေရောသိဖို့လိုသလား။
ဟုတ်တယ်။ centrifugal force တန်ဖိုးတွေကို specifications catalog လို့ခေါ်တဲ့ specalog တွေမှာထည့်ပေးလေ့ရှိသော်လည်း operators တွေ quality control personnel တွေ အတွက်တော့ လက်တွေ့အသုံးမဝင်ပါဘူး။ Centrifugal force တန်ဖိုးက compactor deisgn engineers တွေအနေနဲ့ compactor ကို deisgn လုပ်ရာမှာ drum ရဲ့ weight ရယ်၊ eccentric weight ရဲ့ mass ရယ်၊ speed of rotation of eccentric weight ရယ်၊ အဲဒါတွေကို balance ဖြစ်အောင်တွက်ချက်ရာမှာ အဓိကသုံးတာပါ။

Sunday, June 19, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၃)


 Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Impact force အကြောင်းပြောပါဦး။
Impact ဆိုတာကတော့ dynamic force အမျိုးအစားပဲ။ ပစ္စည်းတစ်ခုကို အမြင့်တစ်နေရာက အရှိန်နဲ့ ပစ်ချလိုက်တဲ့အခါ အဲဒီပစ္စည်းနဲ့ မျက်နှာပြင်နဲ့ ထိတဲ့အချိန်မှာ ဖြစ်တဲ့ force ပေါ့။ အဲဒီပစ္စည်းရဲ့weight နဲ့ falling speed ကို energy အနေနဲ့ ပြောင်းလဲလိုက်တဲ့အခါမှာ static load ထက် အများကြီး အားပြင်းတဲ့ impact force ကိုဖြစ်စေတာပေါ့။ ကားနှစ်စီးအရှိန်နဲ့ တိုက်တာလည်း impact ဘဲ။ တိုက်တဲ့အရှိန်ပြင်းလေလေ impact force များလေလေ၊ ပျက်စီးမှုများလေလေပေါ့။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၂)


 Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Compactor တွေအသုံးပြုပြီး နိုင်လွန်ကတ္တရာလမ်း ကြိတ်ရာမှာ ဘာ forces တွေကို အသုံးပြုလဲ။
Compactor တွေ အသုံးပြုပြီး compaction လုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ forces တွေအနေနဲ့
(1) Static
(2) manipulation
(3) impact
(4) vibration
ဆိုပြီး အကြမ်းဖြင်းလေးမျိုးရှိတယ်။ Compactor အမျိုးအစားပေါ်မူတည်ပြီး အဲဒီ forces လေးမျိုးထဲက တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုး ဒါမှမဟုတ် လေးမျိုးလုံးသုံးနိုင်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁)


 Compaction Measurement and Reporting of AC pavement
- နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကဘာလဲ။
နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်က နိုင်လွန်ကတ္တရာအတွင်းမှာရှိတဲ့ လေရဲ့ထုထည် လျော့ကျသွားအောင်လို့ဖြစ်ပါတယ်။ ပြင်ပမှ forces များကို (compactor ၏ forces များ) အသုံးပြုခြင်းဖြင့် နိုင်လွန်ကတ္တရာအရောအနှောအတွင်းပါသော aggregates ဟုခေါ်သော ကျောက်များနေရာရွေ့ပြီး ပိုမိုပူးကပ်စေခြင်းဖြင့် လေခိုပေါက်လေးများကို ကျဉ်းမြောင်းစေသည်။ ၎င်း air voids လို့ခေါ်တဲ့ လေခိုပေါက်လေးတွေရဲ့ထုထည်က နိုင်လွန်ကတ္တရာထုထည်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ပါသလဲ ဆိုတာကိုတိုင်းတာပြီး Percent Air Voids အနေဖြင့်ဖေါ်ပြလေ့ရှိတယ်။
- အဲဒီ Percent Air Voids ကို ဘယ်လိုသိနိုင်သလဲ။

Asphalt Binder Grading Systems


Asphalt binder ၏ grade များကို ခွဲခြားသတ်မှတ်သည့် စနစ်များမှာ
- Penetration Grading System
- Viscosity Grading System
- Viscosity of Aged Residue Grading System နှင့်
- Superpave Performance Grading System တို့ဖြစ်သည်။

Ring and Ball Test (ASTM D36)


Ring and Ball Test ဆိုသည်မှာ ASTM D36 အရ ကတ္တရာ၏ softening point ကိုတိုင်းတာသော စမ်းသပ်မှုဖြစ်သည်။ ၎င်းစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ ကတ္တရာ၏ phase changes ဖြစ်မည့် အပူချိန်ကို ဆုံးဖြတ်ရန်အတွက်ဖြစ်သည်။
စမ်းသပ်ပုံမှာ ရေ သို့မဟုတ် ethylene glycol ဖြည့်ထားသော ဘီကာခွက်ထဲတွင် စမ်းသပ်မည့်ကတ္တရာထည့်ထားသော brass ring ကို ချိတ်ဆွဲထားသည်။ ၎င်း brass ring ထဲရှိ ကတ္တရာ၏ အလယ်တွင် 7.5mm အချင်းရှိပြီး 3.5-g လေးသော steel ball ကိုတင်ထားသည်။ ထို့နောက် ဘီကာခွက်ထဲရှိအရည်ကို တစ်...မိနစ်လျင် 5-degC နှုန်းဖြင့် အပူပေးသည်။ ကတ္တရာပျော့ပျောင်းလာသောအခါ steel ball သည် ကတ္တရာနှင့်အတူ ခွက်၏အောက်ခြေသို့ နိမ့်ဆင်းလာသည်။ ပျော့ဆင်းလာသောကတ္တရာ 25mm (1-in) အကွာအဝေးသို့ ရောက်ရှိချိန်တွင်ရှိသော အပူချိန်ကို ၎င်းကတ္တရာ၏ softening point အဖြစ်သတ်မှတ်သည်။ ၎င်းစမ်းသပ်မှုအတွက် တူညီသော specimen နှစ်ခုကို တချိန်တည်းစမ်းသပ်ရခြင်းဖြစ်ပြီး ၎င်း specimen နှစ်ခု၏softening point သည် 1-degC ထက်ပို၍ကွာခြားနေပါက စမ်းသပ်မှုတစ်ရပ်လုံးကို အစမှပြန်၍ ဒုတိယအကြိမ် ပြန်လည်စမ်းသပ်ရမည်။


 ဝိုင်ကေတီ (စက်မှု)


Rotary Mixer or Soil Stabilizer


Rotary mixer များကို road reclamation လုပ်ရာတွင်လည်းကောင်း၊ soil stabilization လုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ထိုကြောင့် အသုံးပြုပုံပေါ်မူတည်၍ Road Reclaimer သို့မဟုတ် Soil Stabilizer ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ ထို့အပြင် rotary mixer များကို အခြား special applications များဖြစ်သော Surface Mining လုပ်ရာတွင်လည်းကောင်း၊ haul road များဖောက်လုပ်ရာတွင်လည်းကောင်း၊ agricultural လုပ်ငန်းခွင်များအတွက်လည်းကောင်း၊ bio-remediation ခေါ် contaminated soil ပျက်စီးနေသောမြေသားများကို ပြန်လည်ပြု ပြင်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။

Density and Specific Gravity for Various Type of Compacted Asphalt Pavements

Flexible Pavement Distresses (1)


- Rutting ဆိုတာဘာကိုပြောတာလဲ။
ကားဘီးသွားရာလမ်းကြောင်းတလျောက် ကတ္တရာမျက်နှာပြင်နိမ့်ကျသွားခြင်းကို rutting (ဘီးရာချိုင့် သို့မဟုတ် လှည်းပုံတောင်းရာ) ဖြစ်တယ်လို့ခေါ်တယ်။ Rutting မှာ အခြေခံအားဖြင့် mix rutting နဲ့ subgrade rutting ဆိုပြီး နှစ်မျိုးရှိတယ်။ အောက်ခံမြေသားအလွှာ subgrade အထိ rutting မဖြစ်ဘဲ အပေါ်နိုင်လွန်ကတ္တရာအလွှာများမှာသာ ruttting ဖြစ်ပေါ်နေခြင်းကို mix rutting လို့သုံးပြီး excessive traffic load ကြောင့် အပေါ်ကတ္တရာလွှာများသာမကပဲ subgrade ထိ... နိမ့်ကျနေခြင်းကို subgrade rutting လို့သုံးတယ်။

နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ တွက်ချက်ခြင်း


နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ (Metric Tons) = လမ်း၏အကျယ် (ft) x လမ်း၏အရှည် (ft) x လမ်း၏အထူ (ft) x နိုင်လွန်ကတ္တရာ၏ density (lb/cuft or pcf) / 2200
နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ (Metric Tons) = လမ်း၏အကျယ် (m) x လမ်း၏အရှည် (m) x လမ်း၏အထူ (m) x နိုင်လွန်ကတ္တရာ၏ density (kg/m3) / 1000
...
နိုင်လွန်ကတ္တရာ၏ density သည် AC mix design ပေါ်မူတည်၍ ကွဲပြားသည်။ မိမိအသုံးပြုမည့် နိုင်လွန်ကတ္တရာ၏ density တန်ဖိုးကို နိုင်လွန်ကတ္တရာ plant ၏ lab မှတဆင့် သိရှိနိုင်သည်။
အကြမ်းဖျင်းအနေဖြင့် တွက်လိုပါက density value ကို 145 lb/ft3 (pcf) သို့မဟုတ် 2300kg/m3 ယူ၍ တွက်ချက် နိုင်ပါတယ်။
ဥပမာ။
လမ်း၏အကျယ် (m) = 5 m
လမ်း၏အရှည် (m) = 100 m
လမ်း၏အထူ (m) = 5 cm (0.05m)
ကတ္တရာ၏ density (kg/m3) = 2300 kg/m3
နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ (Metric Tons) = 57.5Tons

 ဝိုင်ကေတီ (စက်မှု)

Asphalt binder ၏ grade ခွဲခြားသတ်မှတ်သည့် စနစ်များ

လက်ရှိ မြန်မာနိုင်ငံမှာ ကတ္တရာ ဂရိတ် ၈၀/၁၀၀ အများဆုံး သုံးခဲ့ကြတယ်။ ယခုအခါ ၆၀/၇၀ ပြောင်းသုံးဖို့ ညွှန်ကြားလာပါတယ်။ အဲလို ပြောင်းသုံးခြင်းဖြင့် ဘာတွေပြောင်းလဲသွားမလဲ။ လမ်းခင်းရာ နဲ့ လမ်းကြိတ်ရာမှာ ဘာတွေဂရုစိုက်ရမလဲလို့  အင်ဂျင်နီယာ လေးငါးယောက်ကမေးလာပါတယ်။
Asphalt binder ၏ grade ခွဲခြားသတ်မှတ်သည့် စနစ်များနဲ့  တခြားသိသင့်တာတွေကို ဖေါ်ပြလိုက်ပါတယ်။
Asphalt binder ၏ grade များကို ခွဲခြားသတ်မှတ်သည့် စနစ်များမှာ
- Penetration Grading System
- Viscosity Grading System
- Viscosity of Aged Residue Grading System နှင့်

Hot Mix Asphalt (HMA)

နိုင်လွန်ကတ္တရာ Hot Mix Asphalt (HMA)
ဆိုသည်မှာ ယျေဘူယအားဖြင့် ကျောက်အကြီးအသေးအရွယ်အစားမျိုးစုံ နှင့် ကတ္တရာအရည် တို့ကို ကတ္တရာကျိုစက်ရုံတွင် အပူချိန်မြင့်မားစွာပေး၍ ရောကျိုထားသော ကတ္တရာနှင့်ကျောက်အရောအနှောကို ခေါ်ခြင်းဖြစ်သည်။ အရပ်အခေါ်အနေဖြင့် Asphalt သို့မဟုတ် Blacktop သို့မဟုတ် Paving

ဥရောပစံ တစ်ခုဖြစ်သော DIN EN 13108 အရ နိုင်လွန်ကတ္တရာ ခင်းရာတွင် အသုံးပြုသည့် Asphalt Mix နှင့် Asphalt Grade များ၏ အတိုကောက်အသုံးအနှုန်းများ


 (ဂျာမနီ နှင့် ဥရောပနိုင်ငံ အတော်များများတွင် အသုံးပြု)
Asphalt mix ကို ဖေါ်ပြသော သင်္ကေတများ
AC = Asphaltic Concrete...
SMA = Stone Mastic Asphalt
MA = Mastic Asphalt
PA = Porous Asphalt

လမ်း၏အလွှာ ပေါ်မူတည်၍ ထည့်သွင်း ဖေါ်ပြလေ့ရှိသော သင်္ကေတများ
T = Asphalt for base course
B = Asphaltic for binder course
D = Asphalt for wearing course
TD = Asphalt for combined base and wearing course
လမ်းပေါ်တွင် အသုံးပြုမည့် ဝန်အားကို ဖေါ်ပြလေ့ရှိသော သင်္ကေတများ
L = Light loads
N = Normal loads
S = Heavy loads
ဥပမာ:
AC 32 TS
- Base course အတွက် အသုံးပြုမည်။
- Asphaltic Concrete mix design ကိုအသုံးပြုရမည်။
- Heavy Load ခံနိုင်ရမည်။
- အကြီးဆုံးပါဝင်ရမည့်ကျောက်သည် 32mm ထက် မကြီးစေရ။
AC 11 BN
- Binder course အတွက် အသုံးပြုမည်။
- Asphaltic Concrete mix design ကိုအသုံးပြုရမည်။
- Normal Load ခံနိုင်ရမည်။
- အကြီးဆုံးပါဝင်ရမည့်ကျောက်သည် 11mm ထက် မကြီးစေရ။
MA 8 DL
- Wearing course အတွက် အသုံးပြုမည်။
- Mastic Asphalt mix design ကိုအသုံးပြုရမည်။
- Light Load ခံနိုင်ရမည်။
- အကြီးဆုံးပါဝင်ရမည့်ကျောက်သည် 8mm ထက် မကြီးစေရ။
 ဝိုင်ကေတီ (စက်မှု)

Sample Question for Civil Engineers

Wednesday, May 25, 2016

Construction Safety


လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ R2


မိုးရာသီတွင် ကွန်ကရိသွန်းလောင်းခြင်း


မိုးရေဟာ လတ်လတ်ဆတ်ဆတ်သွန်းလောင်းထားတဲ့ ကွန်ကရိမျက်နှာပြင်ကို ပျော့ညံ့နေစေပါတယ်။ ဒီလို ပျော့ည့...ံမှုဟာ ကွန်ကရိရဲ့ မျက်နှာပြင် အပွန်းအစားခံနိုင်ရည်ကို ယုတ်လျော့စေပါတယ်။ တစ်ဖန် ကြံ့ခိုင်တောင့်တင်းမှုအရာမှာလည်း အားနည်းစေပြန်ပါတယ်။ ဆင့်ကဲ, ဖြစ်စဉ်အားဖြင့် ကွန်ကရိတာရှည်ခံနိုင်မှုသက်တမ်းကိုလည်း ကျဆင်းစေပြန်ပါတယ်။
သို့ဖြစ်၍ မိုးတွင်းကာလ ကွန်ကရိသွန်းလောင်းခြင်းကို ဂရုစိုက်ပြုပြီး လုပ်ဆောင်သင့်ပါတယ်။
မိုးကာလ ကွန်ကရိလုပ်ငန်းများ လုပ်ဆောင်ဖို့ရှိပါက လိုအပ်တဲ့ အကာအကွယ်ပစ္စည်းများ ကြိုတင်စုဆောင်းထားခြင်း၊ လုပ်ငန်းခွင် အမိုးအကာ အစီအမံများကို ကြိုတင်စီမံထားခြင်းအားပြုသင့်ပါသည်။
အစီအစဉ်ရေးဆွဲထားပြီးမှသာလျှင် ကွန်ကရိသွန်းလောင်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။
အကယ်၍ အခက်အခဲတစ်စုံတစ်ရာကြောင့် ကွန်ကရိသားကို အကာအကွယ်ပေးဖုံးအုပ်ထားရန် တာပေါ်လင် (TARPAULINS) နှင့် ပလက်စတစ်စ (PLASTICS SHEERTS) ကို ရရှိခြင်း မရှိသေးပါက မိုးရွာပြီးသည်အထိ စောင့်စားပြီးမှသာလျှင် ကွန်ကရိလုပ်ငန်းကို စတင်သင့်ပါတယ်။
DESIGN AND CONTROL OF CONCRETE MIXING_14TH EDITION_PAGE-200 မှာလည်း အောက်ပါအတိုင်းဖော်ပြထားပါတယ်။
“When rain occurs, all batching and placing operations should stop and the fresh concrete should be covered to the extent that the rain does not indent the surface of the concrete or wash away the cement paste.”
ဆိုလိုတာက မိုးရွာစဉ်မှာ ကွန်ကရိအစပ်အဟပ်ပြုဖို့ ချင်တွယ်ခြင်း၊ သွန်းလောင်းခြင်းတွေကို ရပ်ဆိုင်းသင့်ပြီး လတ်လတ်ဆတ်ဆတ်သွန်းလောင်းပြီးတဲ့ ကွန်ကရိကိုလည်း မိုးဒဏ်ကနေ ကာကွယ်ပေးထားရပါမယ်။ ဒါမှ ကွန်ကရိမျက်နှာပြင်မှာ မိုးစက် မိုးပေါက် အရာ (ချိုင့်ခွက်ငယ်လေးများ) မဖြစ်ပွားစေမှာပါ။ သို့မဟုတ် ဘိလပ်မြေအနှစ်များ စီးထွက်မသွားစေမှာပါ။
အကယ်၍ ကျွန်တော်တို့က အစီအမံ ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုရင် မိုးစက် မိုးပေါက်ကျတာ၊ မိုးရေစီးဆင်းတာကို မတားနိုင်ခဲ့ဘူးဆိုရင် ကောင်းကင်ကနေ အရှိန်နဲ့ ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တို့ရဲ့ ရေစူးအားကြောင့် လတ်လတ်ဆတ်ဆတ်သွန်းလောင်းထားတဲ့ ကွန်ကရိသားပျော့ပျော့မှာ ကျောက်လုံးစေ့လေးတွေပေါ်လာပြီး ဗြုတ်စဗျင်းတောင်း ကျောက်သားပြင်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကွန်ကရိမျက်နှာပြင် ကြမ်းကြမ်းတမ်းတမ်းဖြစ်သွားတတ်ပါတယ်။
ဘိလပ်မြေအနှစ်ပျော့တွေကတော့ မိုးရေရဲ့တိုက်စားမှုကြောင့် မိုးရေနဲ့အတူ စီးဆင်းသွားတယ်။
(ဒီလိုပြဿနာမျိုးကတော့ ပြန်ပြင်ယူလို့ရပါတယ်။ မိုးရွာပြီးသွားတာနဲ့ တံမြက်စည်းကြမ်းနဲ့ ခြစ်ထုတ်တာတို့၊ ကျောက်စကျောက်နတွေ ဖယ်ရှားတာတို့ လုပ်ပြီး အပျက်အစီးဖြစ်တဲ့နေရာကို မဆလာနဲ့ ပြန်ဖာတာတို့လုပ်ပေးရင် OK ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ topping layer လောင်းပေးရမယ့် လုပ်ငန်းစိတ်တွေရှိရင်လည်း အလွှာပြည့်ထပ်ပိုးလွှာတင်လိုက်သလိုဖြစ်လို့ ဒီပြဿနာဟာ အဆင်ပြေသွားမှာပါ။)
မိုးရွာနေတာကို အချိန်မီကာကွယ်ခြင်းမရှိဘဲ မိုးရွာနေဆဲလောင်းရင်လည်း water/cement ratio များလာမှာပါ။ Design Strength မရတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် နဂိုကတည်းက ဖျော်စပ်ရာမှာ ရေလျှော့ထည့်ပြီး Required Slump ထက် နည်းအောင် ဖျော်စပ်ခဲ့သင့်ပါတယ်။
ပြီးတော့ မိုးရွာနေဆဲ အကာအကွယ်မရှိဘဲ vibrator ကို ထိုးနေပြီး compacting လုပ်ခဲ့မယ်ဆိုရင် Segregation သဘောအရ အပျော့လွန်နေတဲ့ကွန်ကရိမှာ Specific Gravity များတဲ့ ရောစာကြီးတွေက အနည်ထိုင်ပြီး အနှစ်ပျော့တွေချည်း အပေါ်တက်လာတတ်ပါတယ်။ ဒီလို အပေါ်တက်လာတဲ့ အနှစ်တွေဟာ မိုးရေနဲ့အတူ စီးထွက်သွားနိုင်ပါတယ်။ ဒါဟာ သတိပြုသင့်တဲ့ အချက်တစ်ခုပါ။
မိုးရွာနေတုန်းမှာ ကွန်ကရိမျက်နှာပြင်မှာ သာမန်အခြေအနေတွေထက် ရေပိုတွေရှိနေပါတယ်။ ဒီအချိန်မှာ ရေပိုတွေကို မဖယ်ဘဲ မျဉ်းရိုက် စတုတ်တိုက်ရင် ကွန်ကရိထုရဲ့ အပေါ်ယံထုထဲကို ရေတွေ ရိုက်ထည့်နေသလိုဖြစ်သွားပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ BLEEDING EFFECT လိုပဲ အပေါ်ယံ မျက်နှာပြင်လွှာ အားနည်းတတ်ပါတယ်။ အပွန်းအစားခံ မျက်နှာပြင်မဟုတ်တော့ဘဲ အပွန်းခံလွယ်တဲ့ မျက်နှာပြင်ဖြစ်လာပါလိမ့်မယ်။
အပေါ်ယံအလွှာ အချပ်လိုက် ကွာတာမျိုးဖြစ်တတ်ပါတယ်။

အဆောက်အဦမီးဘေးလုံခြုံရေး(Fire Safety)


အထပ်မြင့်အဆောက်အဦးတစ်လုံးဆောက်ဖို့  အိမ်ဆောက်မိန့် တင်ရာမှာ မီးသတ်ဦးစီးဌာနရဲ့  ခွင့်ပြုချက် လိုပါတယ်။ အဲဒီအတွက် drawing တွေဆွဲပြီး တင်ပြရတယ်။ ခေါ်ယူတွေ့ ဆုံတဲ့... အစည်းအဝေးမှာ ရှင်းပြရပါတယ်။ မီးသတ်ဦးစီးဌာနက အဆောက်အဦမီးဘေးလုံခြုံရေး(Fire Safety) အတွက်စစ်ဆေးပြီး မကိုက်ညီတဲ့ အချက်တွေရှိပါက ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြရပါတယ်။ အဲဒီအခါကျမှ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ ညွှန်ကြားချက်တွေနှင့်အတူ ကန့် ကွက်ရန်မရှိကြောင်း ဆိုပြီး စာပြန်ပါတယ်။ အဆောက်အဦပြီးဆုံးချိန်မှာ မီးသတ်ဦးစီးဌာနက စစ်ဆေးပြီး မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ အချက်တွေကို ကြိုသိခဲ့ရင် မကိုက်ညီလို့  ပြန်လည်ပြင်ဆင်ရေးဆွဲတင်ပြရတာမျိုးတွေ နည်းသွားမယ်။ အဲဒါကြောင့် မီးသတ်ဦးစီးဌာနက ပေးပို့ လာတဲ့ ညွှန်ကြားချက်တွေကို အင်ဂျင်နီယာမိတ်ဆွေများသိအောင် ပြောပြချင်လာတယ်။ ညွှန်ကြားချက်တွေကတော့ .....

ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်


လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ...်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။
အပေါ်ယံလေ့လာသင်ယူခြင်း
ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။
အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။
ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။
အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။
နက်ရှိုင်းစွာလေ့လာသင်ယူခြင်း
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

Tuesday, March 29, 2016

Knowledge

CONCRETE GRADE:
M5 = 1:4:8
M10= 1:3:6
M15= 1:2:4
M20= 1:1.5:3...
M25= 1:1:2
CLEAR COVER TO MAIN REINFORCEMENT:
1.FOOTINGS : 50 mm
2.RAFT FOUNDATION.TOP : 50 mm
3.RAFT FOUNDATION.BOTTOM/SIDES : 75 mm
4.STRAP BEAM : 50 mm
5.GRADE SLAB : 20 mm
6.COLUMN : 40 mm
7.SHEAR WALL : 25 mm
8.BEAMS : 25 mm
9.SLABS : 15 mm
10.FLAT SLAB : 20 mm
11.STAIRCASE : 15 mm
12.RET. WALL : 20/ 25

About Cement (2)

မြန်မာပြည်ထုတ် ဘိလပ်မြေတွေက Euro Standard နဲ့ထုတ်တယ်ဆိုပေမယ့် ထိုင်းကဝင်တဲ့ ဘိလပ်မြေတွေကတော့ American Standard ASTM C-150 နဲ့လာတာပါ။
ASTM Standard အရ ဘိလပ်မြေအမျိုး (၈)မျိုးရှိပါတယ်။ ပုံမှာကြည့်နိုင်ပါတယ်။...
American ရဲ့ ASTM C 150 နဲ့ Euro ရဲ့ EN 197 Cement ရဲ့ Compressive Strength သတ်မှတ်ချက် ကွာခြားပါတယ်။ EN 197 က Strenth Class တွေနဲ့ 32,5 42,5 52,5 စသဖြင့် ဖော်ပြပြီ့း  min နဲ့ max limit ထားပါတယ်။ ASTM ကတော့ minimum ကိုပဲ limit လုပ်ထားပါတယ်။

The Pushover Analysis from basics


Modelling Building Frame with STAAD.Pro & ETABS


Seismic Analysis/Design of Multi-storied RC Buildings using STAAD.Pro & ETABS


Wednesday, March 23, 2016

ဘိလပ်မြေ နှင့် စံချိန်စံညွှန်း



           ရှေးနှစ်ပေါင်း(၂၀၀၀)ကျော်ကာလမှစ၍လူတို့သည်နေထိုင်ရန်အဆောက်အဦး၊မြို့ပြဆိုင်ရာအဆောက်အဦးနှင့်ဘာသာရေးဆိုင်ရာအဆောက်အဦးတို့ကို အုတ်၊ကျောက်တို့ဖြင့်တွဲကပ်ရန်အတွက် ကော်အဖြစ်ထုံး၊သဲနှင့်ရေတို့ ကိုဒေသအလိုက် အချိုးအမျိုးမျိုးဖြင့် ရောစပ်မွှေနှောက်၍သုံးစွဲခဲ့ကြပါသည်။

          ၁၉ရာစုသို့ရောက်သောအခါတွင် ထုံးသက်သက်ဖြင့် အသုံးပြုသည်ထက် ထုံးကျောက်(Lime stone) သို့မ ဟုတ် မြေဖြူ(Chalk)နှင့် ရိုးရိုးမြေကြီး သို့မဟုတ်ရွှံ့စေးကိုသင့်တင့်သောအချိုးဖြင့်ရောစပ်ကြိတ်၍ မီးဖုတ်ခြင်းဖြင့်ရ ရှိလာသော ထုံးမှာပိုမိုကောင်းမွန်ကြောင်းလေ့လာတွေ့ရှိရာမှ ပညာရှင်များစဉ်ဆက်မပြတ် ကြိုးစားအားထုတ်နည်း လမ်းရှာဖွေလာခဲ့ကြပါသည်။

          ၁၈၂၄ခုနှစ် မေလ ၂၁ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ Joseph Aspdin ဆိုသူကသူ၏ထုတ်လုပ်မှုနည်းစဉ်ကို မူပိုင်ခွင့် လျှောက်ထားခဲ့၍ထုတ်ကုန်ကိုလည်း Portland Cement ဟုခေါ်ဆိုခဲ့ပါသည်။

          ၁၈၈၅ခုနှစ် မေလ ၂ ရက်နေ့တွင် Frederik Ransome ဆိုသူက စဉ်ဆက်မပြတ်မီးသင်းကျောက်ထုတ်လုပ် နိုင်မည့် Rotary Kiln ကိုမူပိုင်ခွင့်လျှောက်ထားခဲ့၍ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာသစ်ကိုဖွင့်လှစ်ခဲ့ပါသည်။  အဆိုပါ မီးသင်းဖို (Rotary Kiln) ဖြင့် ထုတ်လုပ်ရရှိလာသော ဘိလပ်မြေ၏ အရည်အသွေး ကောင်းမွန်လာ သည်နှင့်အမျှ အဆောက်အဦးဆောက်လုပ်သောနည်းပညာပိုင်းတွင်အထိုက်အလျှောက်တိုးတက်မှုကိုလည်းရရှိစေ ခဲ့ပါသည်။
         

ကွန်ကရိ၏ ဂုဏ်သတ္တိများ

ကွန်ကရိ၏ ဂုဏ်သတ္တိများဆိုသည်မှာ -
၎င်း၏ ထူးခြားသော သွင်ပြင်လက္ခဏာများ
သို့မဟုတ် အခြေခံအရည်အသွေးများကို
ဆိုလိုခြင်းဖြစ်သည်။

About Cement (1)


 (ဆောက်လုပ်ရေးနဲ့ ပတ်သက်နေတဲ့ ဘိလပ်မြေသုံးနေသူတိုင်း ဖတ်သင့်ပါတယ်  )
ဘိလပ်မြေကို သူ့နိုင်ငံအလိုက် Standards အမျိုးမျိုးနဲ့ထုတ်ကြပါတယ်။ Japan က JIS, China က GB, British က BS, BS ကနေ Euro ပြောင်းတော့ BS EN, American က ASTM Standard စသည်ဖြင့် ရှိပါတယ်။

ETABS TRAINING IN MYANMAR

Monday, March 7, 2016

Analysis & Design by Staad pro V8i Software

Revit 2016 | Video Tutorials | Building Modelling

STAAD Pro Tutorials Basics

Modeling a Kitchen using AutoCAD

3D HOUSE USING AUTOCAD AND 3DSTUDIO MAX

Advanced Finite Elements Analysis

Engineering Connections

FINITE ELEMENT ANALYSIS

Wednesday, February 17, 2016

လက်တွေ့ နယ်ပယ်မှာ အရမ်းအသုံးဝင်တဲ့ data လေးတွေ

Gravitational Waves ခေါ် ဒြပ်ဆွဲမှု အကျိုးရလဒ် လှိုင်းများအကြောင်း တစေ့တစောင်း


သိပ္ပံချစ်သူ ညီအကိုမောင်နှမတွေအကုန်လုံး Gravitational Waves တွေ အကြောင်းကို ဒီရက်ပိုင်း သတင်းမှာ ခဏခဏ ကြားနေရမှာပေါ့ ။ တော်တော်ကို နာမည်ကြီးပြီး ၂၁ ရာစု ရဲ့ အကြီးမားဆုံး တွေ့ ရှိ ချက်တွေ ထဲက တစ်ခုဖြစ်တယ်လို့လဲ ဆိုရမှာပါ ။ ဒီဟာကို ကျွန်တော်တို့ ဘာတွေလဲ ဆိုတာ ကြည့်ရ အောင်လား ။ ဒြပ်ဆွဲမှု အကျိုးရလဒ် လှိုင်းများ လို့ခေါ်တာ အကြောင်းရှိပါတယ်။

Tuesday, February 16, 2016

Post-Tensioning နည်းစနစ်အကြောင်းသိကောင်းစရာ (၃)


၎။ အရေးကြီးတဲ့၊ သတိပြုရမယ့် အစိတ်အပိုင်းများ
Post-tensioning system မှာ အရေးပါတဲ့၊ သတိပြုရမယ့် အစိတ်အပိုင်းတွေများစွာရှိပါတယ်။ Unbonded နည်းမှာဆိုရင် plastic sheathing က ကွန်ကရစ်နဲ့ ကြိုးတွေကြားမှာ bond breaker သဘောမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့် သူက ကြိုးတွေကို သယ်ယူတဲ့အခါမှာ၊ တပ်ဆင်တဲ့အခါမှာတော့ အလွယ်တကူမပျက်စီးနိုင်အောင် အကာအကွယ်ပေးပါတယ်။ နောက်ပြီး ကြိုးတွေကို ရေငွေ့နဲ့ အခြားသော chemical တွေ တိုက်ရိုက်ထိတွေ့ခြင်း၊ သံချေးတက်ခြင်း စတာတွေကနေ အကာအကွယ်ပေးပါတယ်။
နောက်တစ်ခုကတော့ အရေးကြီးတာက ကြိုးထိပ်တွေမှာ တပ်ရတဲ့ anchorage ခေါင်းအိမ်လေးတွေပါပဲ။ အထူးသဖြင့် unbounded နည်းမှာ ဂရုစိုက်ရပါတယ်။ PT ကြိုးတွေ တပ်ဆင်မယ် ကွန်ကရစ်လောင်းမယ်၊ ပြီးရင် လိုအပ်တဲ့ ကွန်ကရစ်ခံနိုင်အားရတဲ့အခါမှာ wedge လို့ခေါ်တဲ့

Post-Tensioning နည်းစနစ်အကြောင်းသိကောင်းစရာ (၂)


၃။ အသုံးချခြင်းနှင့် အကျိုးကျေးဇူးများ
PT ကို ဆောက်လုပ်ရေးလောကမှာ တံတား၊ အဆောက်အဦး၊ ဥမင်လှိုဏ်တွေ၊ အထပ်မြင့် ကားပါတွေ စသဖြင့် နယ်ပယ်စုံ သုံးကြပါတယ်။

Post-Tensioning နည်းစနစ်အကြောင်းသိကောင်းစရာ (၁)


၁။ အခြေခံသဘောတရား
Post-tensioning ဆိုတာ 'Tendon' လို့ခေါ်တဲ့ ခံနိုင်အားမြင့် သံမဏိ post-tension ကြိုးလွန်းတွေသုံးပြီး ကွန်ကရစ်ကို အားကူဖြည့်ပေးတဲ့ နည်းပညာတစ်ခုပါပဲ။
ဒီ Post-tensioning နည်းပညာနဲ့ လူနေတိုက်ခန်းတွေ၊ ရုံးအဆောက်အဦးတွေ၊ အထပ်မြင့်ကားပါကင်တွေ၊ slab-on-ground တွေ၊ တံတားတွေ၊ အားကစားကွင်းကြီးတွေ၊ ကျောက်ဆောင်နံရံစွန်းတွေ၊ ဥမင်လှိုဏ်တွေနဲ့ ရေလှောင်ကန်တွေ တည်ဆောက်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။

AC ပေါ် လမ်းလျှောက်ကြည့်မိသောအခါ (၂)


AC ဆိုတာအပြင်ဗန်းကြည့်ရင် လွယ်တယ်လို့ထင်ရပေမယ့် AC အတွင်း လေခိုပေါက်များနဲ့ ဖျော်စပ်ရမဲ့ ခွဲကျောက်အတွင်းရှိ လေခို ပေါက်များ ကိုအံဝင်အောင်ချိန်ထည့်ရန်မှာ အနည်းငယ်တော့ခက်ခဲပါတယ် Pen Mac ထက်အင်အား ၁ဆခွဲမှ၂ဆခွဲအထိရှိကြပါတယ် ယာဉ်သွားလာမူပမာဏနဲ့အလေးချိန်များသော လမ်းများမှာ အသုံးပြုတည်ဆောက်ကြပါတယ် AC ဟာ စုစုပေါင်းအလေးချိန်ရဲ့ 5.0%မှ 7.5% ကြားမှာရှိပါတယ် ဒါပေမယ့် AC ဆိုတာ မိမိ အသုံးပြုတည်ဆောက်တဲ့ လမ်းခင်းပစ္စည်းများရဲ့ Optimum bitumen content % ပဲ ဖြစ်ပါတယ် AC ကို ဓါတ်ခွဲခန်းမှာ ပေးပို့လာသောနမူနာအပေါ်မှာမူတည်ပြီး ပုံစံထုတ်ကြပါတယ် တခါတရံ ပေးပို့လာတဲ့ နမူနာ နဲ့ ဖျော်စပ်တဲ့နမူနာမှာ Grading များ SG များ

AC ပေါ် လမ်းလျှောက်ကြည့်မိသောအခါ (၁)


Asphalt concrete ( AC )

Aasphalt concrete ကို အမေရိကန်နိုင်ငံ Mississ State Highway မှ အင်ဂျင်နီယာတဦးဖြစ်သော Bruce Marshall မှ ဖော်ထုတ်ခဲ့သည် AC ဆိုသည်မှာ ကျောက်ဇကွဲ ကျောက်မှုန့် ထုံး သို့ ဘိလပ်မြေ သဲနှင့် ကတ္တရာတို့ကို လေဟာနယ် ( Air void 3-5 % ) အနည်းဆုံးဖြစ်အောင် အချိုးကျကျ ပေါင်းစပ်ထားသော အရောအနှောဖြစ်သည် အခြေခံအားဖြင့် ကျောက်ရွယ်စုံ Well graded ဖြစ်နေသော Aggregate mix ( VMA < 14 % ) အတွင်းသို့ အလောတော် ကတ္တရာ ဖြည့်ပေးခြင်းဖြင့် အကောင်းဆုံး AC mix ကို ရရှိနိုင်ပါသည်
ကတ္တရာ နှင့် Filler ခေါ်တဲ့ ထုံး သို့ ဘိလပ်မြေ သဲတွေရဲ့ စုစည်းမူ motar အပေါ်မှာ အနည်ငယ်မျှသာ တည်မှီနေပေမယ့် AC mix အတွင်း၌ ရှိတဲ့ အရွယ်စုံ ခွဲကျောက်၏ well graded ဖြစ်နေမူအပေါ်မှာသာ အင်အားရှိခြင်းနဲ့ မရှိနိုင်ခြင်းက အဓိကတည်မှီအဆုံးအဖြတ်ပေးမှာပါ

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ


Bolt နဲ့ Nut တွေပေါ်မှာ တွေ့ရသော အမှတ်အသားများ



Bolt and Nut တွေမှာ Metric Screw တွေရှိသလို Inch Screw တွေလဲ ရှိပါတယ်။
ISO Standard နဲ့ ထုတ်ထားတဲ့ Metric Screw တွေရဲ့ bolt head နဲ့ Nut ပေါ်က Marking တွေနဲ့ပတ်သက်ပြီး သိသလောက်လေး ပြောချင်တာပါ။

Tuesday, February 9, 2016

အသက်မွေးဝမ်းကြောင်းအတွက် Englishလို အခေါ်အဝေါ်များ


1.goldsmith = ရွှေပန်းတိန်ဆရာ
2.musician = ဂီတပညာရှင်
3.vocalist = အဆိုတော်
4.reporter = သတင်းထောက်

Very ကို Adjective အဖြစ်သုံးတဲ့အခါ


 Very ကို Adverb အဖြစ် အသုံးများတဲ့အတွက် Adjective နေရာမှာ သုံးတာတွေ့တဲ့အခါ မှားများမှားသလား ထင်ရတတ်ပါတယ် ၊
အဲဒါကြောင့် Adjective အဖြစ်သုံးလေ့ရှိတဲ့ ပုံစံလေးများကို စုစည်း တင်ဆက်လိုက်ပါတယ်..

Monday, February 8, 2016

Will တစ်လုံး အသုံးအထွေထွေ


 Will ကို အနာဂတ်ကာလ ( future tense ) ကိုဖေါ်ပြဖို့အတွက် သုံးတယ်လို့ အကြမ်းအားဖြင့် မှတ်သားထားတတ်ကြပါတယ် ၊ သို့သော်လည်း အဲဒီထက် ပိုပြီးတော့ သုံးနိုင်တဲ့ သုံးစွဲပုံလေးတွေကို တင်ပြလိုက်ပါတယ်..
.
(1) When we make predictions:
ခန်မှန်းပြောဆိုရာမှာ ၊ ကြိုတင်ပြီး ဟောကိန်းထုတ်တဲ့ သဘောမျိုး ပြောဆိုရာမှာ သုံးနိုင်ပါတယ်
.

By ဆိုတဲ့စာလုံး သုံးချင်သလိုသုံး အေးဆေးပါ


 By ဆိုတဲ့စာလုံးကို မြန်မာလို “အားဖြင့်” လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ် ၊ အဲဒီ အဓိပ္ပါယ်နဲ့ ညှိနှိင်းပြီး
ဝါကျတစ်ချို့ကို ဖတ်ကြည့်တဲ့အခါမှာတော့ ဘယ်လိုနားလည်ရမှန်းမသိဖြစ်သွားတတ်ပါတယ် ၊ သိတဲ့အတိုင်းပဲလေ ကျနော်ကလည်း အဲလို တွေ့ရများတဲ့ သေးသေးမွှားမွှား အခက်အခဲလေးတွေကို စစ်စစ်ပေါက်ပေါက် လိုက်ရှာပြီး ရေးချင်တာမို့ အခုလိုပဲ ရေးသားတင်ဆက်လိုက်ပါတယ် ၊ နမူနာအားဖြင့်
ဒီဝါကျလေးတွေကို ပေးထားတဲ့ အဓိပ္ပါယ်နဲ့တွဲစပ်ပြီး ဖတ်ကြည့်ပါ ..
.

All ကိုကြိယာတွေနဲ့ တွဲရေးတဲ့အခါ သတိထားပါ


 
ကျနော့်ကိုယ်ပိုင် အမှားတွေကို ပြောပြရလျင်တော့ .. ကျနော်လေ တော်တော်တန်တန် အင်္ဂလိပ်စာကို လေ့လာမိသည်ထိ all ကိုသုံးစွဲပုံ မကြာခဏ မှားနေဆဲပါ ၊ ခုကျ.. ကျနော်မှားခဲ့သလို ကျနော့်သူငယ်ချင်း မိတ်ဆွေတွေကို မမှားစေချင်တော့ဘူး အဲဒါကြောင့်ပဲ မမှားအောင် မှတ်တဲ့နည်းကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ် ၊

Sunday, February 7, 2016

How will you put technology in Action?



ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

စာသင်ခန်းထဲမှာ ဘာကြောင့် ရှိနေရသလဲ။ ဒီဂရီဘွဲ့ရဖို့ လိုအပ်လို့ဖြစ်ကောင်းဖြစ်မယ်။ ကွန်ပျူ တာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်လို့လည်း ဖြစ်နိုင်တယ်။ နောက်ကို တစ်လှမ်းလောက်ဆုတ်လိုက်ရင် ပိုပြီး ကြီးကြီး မြင်ရတတ်တယ်။ တစ်လှမ်းလောက်ဆုတ်ပြီး မြင်ကြည့်လှည့်ပါ။

gravity load နှင့် lateral load



ကျွန်တော်တို့  အင်ဂျင်နီယာတွေ မကြာခဏ အပြောခံနေရတာ ရှိပါတယ်။ သံချောင်းတွေ တအားများတာပဲ၊ မလိုအပ်ပဲ သံချောင်းတွေ ထည့်တယ် တဲ့။ အဲဒါကို ပြောပြချင်လာတယ်။ ၂၀၀၅ လောက်က ...အိမ်ယာစီမံကိန်းတစ်ခု အနားက ဖြတ်သွားဖြတ်လာမှာ ဘာရယ်မဟုတ် လှမ်းလှမ်းကြည့်မိတယ်။ တိုင်တွေနှင့် ထုတ်တွေအားလုံး ကွန်ကရစ်လောင်းဖို့  ဆင်ထားတဲ့ သံချောင်းတွေက ၅မူး ၄လုံးပဲ။ stirrup နှင့် tie ကွင်းတွေက ၉လက်မခြားလောက် ဖြစ်မယ်။ ပြီးသွားတဲ့အခါ တွေ့ တာကတော့ ၂ထပ်လူနေအိမ်တွေ။ ၂ထပ်လူနေအိမ်တွေဆိုလို့  သေးသေးကွေးကွေးလေးတွေ မဟုတ်ဘူး။

Saturday, February 6, 2016

သဲကျောက်တွေကို သုံးသင့် မသုံးသင့် စစ်ကြည့်ရအောင်







ဒီနေ့ အလုပ်ဆိုဒ်ထဲ ရောက်လာသည့် သဲကျောက်တွေကို သုံးသင့် မသုံးသင့်
သိဖို့ သူတို့ သိပ်သည်းဆကို စစ်ကြည်ြ့ကရအောင်။...
(က) ကရိယာ တန်ဆာပလာ နှင့် ပစ္စည်း
၁။ လီတာခွက် ၁၀ စင်တီ×၁၀ စင်တီ× ၁၀ စင်တီ
၂။ရေသန့် တစ်ဗူး
၃။Weight balance ကတ္တားငယ်

Tuesday, February 2, 2016

Approaching to Geotechnical and foundation engineering (I)



 
Soil and foundation ကခွဲလို့ မ၇ပါဘူး။ အမြဲတွဲနေပါတယ်။ foundation အကြောင်း နောကြေချင်၇င် soil အကြောင်း...ပါ သိမှ၇ပါမယ်။

 ***uniformity coefficient (Cu) and *****coefficient of gradation or coefficient of curvature (Cc) ကို၇မယ်။ parameters Cu and Cc ကို Unified Soil Classification System မှာပြန်အသုံးချပါမယ်။
approaching ကိုတဖြည်းဖြည်းချင်းဆီလှမ်းမှာမို့  basic တွေလဲ ပါပါမည်။ သိပြီးသားများကို skip လုပ်သွားပါ။
**********Particle size distribution of soil
အေ၇းကြီးဆုံးက Particle size ပါ။အခြေခံကျပြီး အေ၇းပါသလို gravel, sand, silt or clay တွေကို particle size ပေါ်အခြေခံပြီးခွဲပါတယ်။

အုတ်များအကြောင်း

၁. အုတ်များ

အုတ်များသည် ကောင်းမွန်သော
အရည်အသွေးရှိရမည် ဖြစ်ပြီး ၀န်ထမ်းမည့် နံရံများ (load-bearing wall) အတွက်မူ အုတ်များတွင်
မျက်စိဖြင့် မြင်နိုင်သော အက်ရာလေးများ
(visible cracks) မရှိစေရပါ။

Monday, February 1, 2016

Dynamo အကြောင်းကို မိတ်ဆက်ခြင်း






Dynamo ဖြစ်ပေါ်လာခြင်း….
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Dynamo ဟာ Revit ရဲ့ အားနည်းချက် Autodesk ရဲ့ အားနည်းချက်ကို ဖြည့်စည်းဖို့ အတွက် Autodesk က ဖန်တီးထားတဲ့ Programming ဖြစ်တယ်လို့မြင်ပါတယ်။ အဲလိုပြောရင် Revit မှာဘာတွေ အားနည်းချက်ရှိလို့လဲလို့ အများကပြောကြပါလိမ့်မယ်။ Revit နဲ့ဖန်တီးလို့ မရတဲ့ Design တွေအများကြီးပါ။ ဒါကို ကျွန်တော်ကိုယ်တိုင် 2008 ကတည်ဆောက်ခဲ့တဲ့ Star Building (CCRC) မှာစတင် သတိပြုမိခဲ့ပါတယ်။ Star Building ရဲ့ Façade ကို Revit လိုအပ်တဲ့ Data, Information က မထုတ်ပေးနိုင်ခဲ့ပါဘူး။

Sunday, January 31, 2016

Some Revit 2016 Ebooks


 ဒီတစ်ခါတော့ ကျနော် 2016 Ebook တွေ ထပ်တင်ပေးလိုက်ပါတယ်။ ၃ ဖိ...ုင်စလုံး Archi ပိုင်းတွေချည်းပါ။ MEP နဲ့ Structure ပိုင်းကတော့ ရှာနေတုန်းပါဘဲ။ နောက်ဆုံးတစ်အုပ်ကတော့ 2013 စာအုပ်ဖြစ်ပြီး Dotnet နဲ့ Customize လုပ်တာကိုသင်ထားတဲ့စာအုပ်ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ


 မိတ်ဆွေများမှတ်မိကြမယ်ထင်ပါတယ်။ ကျနော်တစ်အုပ်ကို ၆၀၀၀ နှုန်းနဲ့ ရောင်းခဲ့ပေးတာလေ။
အဲ့တုန်းက ကျနော်တစ်...အုပ်ကို ၅၀၀ ကျပ် အမြတ်တင် ရောင်းခဲ့တာပါ။ ဒါပေမယ့် အမြတ်ရယ်လို့ ကျနော် မတွက်ပါဘူး။
အဲ့တုန်းက လိုချင်သူတွေ နယ်က စလုံးက မလေးက စသဖြင့် အလွယ်တကူ မဝယ်နိုင်သူတွေက ကျနော့ကို PDF လေးနဲ့ တင်ပေးပါဆိုပြီး Request တွေ တက်တက်လာတော့ ကျနော်လဲ လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် Scan ဖတ်ခချည်းဘဲ ၅၀၀၀၀ လောက်ကုန်မှာဆိုတော့ စဉ်းစားရတာပေါ့ဗျာ။ ညီလေးတစ်ယောက်ကတော့ သူ ၅၀၀၀၀ ပေးပါ့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော် လက်မခံခဲ့ပါဘူး။ သူ့လုပ်စာလေးထဲက ဖဲ့ပေးရမှာလေ။
ဒါနဲ့ဘဲ နဲနဲချင်းစီရောင်းရင်းနဲ့ အုပ်ရေ ၂၀၀ ကျော်လဲကုန်ရော ကျနော် ၁၀၀၀၀၀ ကျော် မြတ်နေပါပြီ။ ဒီတော့မှ Scan ကို High Quality နဲ့ ဖတ်ခိုင်းလိုက်ပါတယ်။ စုစုပေါင်း ၆၀၀၀၀ နီးပါးကုန်ကျသွားပါတယ်။
ခုအဲ့ဒီ Scan Copy လေးကို တင်ပေးလိုက်ပါတယ်။ အများကုသိုလ်ပေါ့ဗျာ။ တစ်အုပ် ၆၀၀၀ နဲ့ဝယ်သွားတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကုသိုလ်အမျှပေးပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။
Download:
https://my.pcloud.com/publink/show…

Aung Myat Kyaw
Effective Engineering & CAD Design Group
amkfacebooksharing@gmail.com
58, 6th Floor, 21st Street, Latha, Yangon.
Hotline ... 09-421017201.

Completed Effective Microsoft Office Training


 
ကျနော်တင်ထားခဲ့သမျှကို တစ်ခုချင်းစီအလိုက် ပြန်စုစုပြီးတင်လာခဲ့တာ Completed Revit Training ရယ် Completed AutoCAD Training ရယ်စုစုပေါင်း နှစ်ခု ပြန်စုပေးခဲ့နိုင်ပါတယ်။

ဒီတစ်ခါတော့ Microsoft ရဲ့ အသုံးဝင်လှတဲ့ Word, Excel & PowerPoint Training တွေကို အားလုံးကို ပြန်စုပြီး Post တစ်ခုတည်းအနေနဲ့ ပြန်တင်ပေးလိုက်ပါပြီ။
တစ်ခုချင်းပြန်ရှာစရာမလိုတဲ့အတွက် အားလုံးအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော့Post ကို များများပြန်Share ပေးရင်း တခြားသူငယ်ချင်းတွေကိုလဲ မျှဝေပေးကြပါခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
Download here:
MS OFFICE
https://www.mediafire.com/…/jazra567pry88,yrutlc8jaj…/shared

Aung Myat Kyaw
Effective Engineering and CAD Design Group
No.58, 6th Floor, 21st Street, Lower Block, Latha TS.
Hotline: 09421017201

More Sustainable Design Books Collection (About 150 Books)



ကျနော်အရင်တစ်ခါတုန်းက ...Sustainable Ebook တွေ တင်ပေးခဲ့ဖူးပါတယ်။ တော်တော်များများလဲ ကြိုက်နှစ်သက်တာ သိရပါတယ်။ ခုလဲ ကျနော်ထပ်ရှာပြီး ထပ်တင်ပေးလိုက်ပြန်ပါပြီ။
 ကျနော့လို ဟို ဆော့ဖ်ဝဲလေးကလိလိုက် ဒီဆော့ဖ်ဝဲလေးကလိလိုက်ဘဲ လုပ်တတ်တဲ့ လူမျိုးအတွက်ကတော့ လေ့လာဖို့နေနေသာသာ Sustainable ဆိုတာ ဘာကိုပြောတာလဲဆိုပြီး wiki မှာ ရှာဖတ်နေရတဲ့ အဆင့်လောက်ဘဲသိပါသေးတယ်။ စိတ်ဝင်စားသူများ Download ဆွဲပြီး ကောင်းနိုးရာရာ လေ့လာကြပါခင်ဗျာ။
ကျနော်ကတော့ လောလောဆယ်မှာတော့ Rhino ရယ် 3D Scanning ရယ် Reverse Engineering ရယ်ကို စိတ်ပါနေတာကြောင့် အဲ့ဒါတွေကိုဘဲ ရှာဖတ်နေပါတယ်။
Download Folder Link:
https://my.pcloud.com/publink/show…
 Aung Myat Kyaw
Effective Engineering & CAD Design Group
amkfacebooksharing@gmail.com
58, 6th Floor, 21st Street, Latha, Yangon.
Hotline ... 09-421017201.

Effective Tekla Structure Completed Training


 အရင်တစ်ခါတုန်းက တစ်ပိုင်းစီတင်ပေးထားတဲ့ Tekla Training တွေကို လိုချင်တဲ့သူတွေ ပြန်ရှာရခက်မှာစိုးလို့ တစ်ပေါင်းထဲအကုန်တင်ပေးလိုက်ပါတယ်။ အောက်က လင့်ခ်မှာ Download ရယူနိုင်ပါတယ်။ အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။
Download:
https://my.pcloud.com/publink/show…

Aung Myat Kyaw
Effective Engineering and CAD Design Group
No.58, 6th Floor, 21st Street, Lower Block, Latha TS.
Hotline: 09421017201

Effective AutoCAD Completed Training (Part 2)


AutoCAD Video တွေကို အပိုင်းနှစ်အဖြစ် ...အကုန်တင်ပေးလိုက်ပါတယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း AutoCAD လေးကတော့ သေချာပိုင်နိုင်အောင် လုပ်ထားသင့်ပါတယ်။
ခုတင်ပေးထားတဲ့ အပိုင်း နှစ်ရယ် မနေ့ကတင်ပေးထားတဲ့ အပိုင်းတစ်ရယ်ကို သေချာလိုက်ပြီး လေ့ကျင့်ဖြစ်ခဲ့ရင် AutoCAD ဆရာကြီးဖြစ်လာလိမ့်မယ်လို့ အာမခံရဲပါတယ်ခင်ဗျား။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။
Download:
MY AUTOCAD TRAINING
https://www.mediafire.com/…/mhttbugyw4…/My_AutoCAD_Tutorials
MASTERING AUTOCAD COURSE
https://www.mediafire.com/f…/g18bb58j2uobk/Mastering_AutoCAD
AUTOCAD EBOOKS
https://www.mediafire.com/fold…/402i3wot20pnj/AutoCAD_Ebooks

Aung Myat Kyaw
Effective Engineering & CAD Design Group
amkfacebooksharing@gmail.com
58, 6th Floor, 21st Street, Latha, Yangon.
Hotline ... 09-421017201.

Effective AutoCAD Completed Training (Part 1)


 တင်ခဲ့ပြီးသမျှတွေကို ပြန်စုစည်းပေးလိုက်ပါတယ်။ AutoCAD တွေချည်းပေါ့။
ဒါပေမယ့် Mastering AutoCAD Video တွေနဲ့ MAP Drawing နှစ်ခုကတော့ လောလောဆယ်ပြန်ရှာလို့ မလွယ်သေးလို့ ဒုတိယပိုင်းကျမှ တင်ပေးလိုက်ပါ့မယ်။
အားလုံးအဆင်ပြေပါစေဗျား။
Download:
ACAD RENDER VIDEOS
https://my.pcloud.com/publink/show…
PYAYE WA PROJECT
https://my.pcloud.com/publink/show…
SPENCER EXERCISES
https://my.pcloud.com/publink/show…
DRAWING A HOME FROM 2D TO 3D
https://my.pcloud.com/publink/show…
PRESENTATION ACAD DRAWING WITH PHOTOSHOP
https://www.mediafire.com/…/Presenting_AutoCAD_Drawing_with…

 Aung Myat Kyaw
Effective Engineering & CAD Design Group
amkfacebooksharing@gmail.com
58, 6th Floor, 21st Street, Latha, Yangon.
Hotline ... 09-421017201.