-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၈)


Asphalt Mix Temperature
Asphalt mix temperature က နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ အဓိက သက်ရောက်မှု အရှိဆုံးထဲက တစ်ခုဘဲ။ Highest possible temperature မှာ စတင်လမ်းကြိတ်ခြင်းသည် လိုအပ်သော denisty ကိုရရန် အလွယ်ကူဆုံးဖြစ်တယ်။ နိုင်လွန်ကတ္တရာရဲ့ အမြင့်ဆုံးအပူချိန်မှာ ၎င်းမှာပါတဲ့ ကတ္တရာရည်ရဲ့ viscosity ကအနိမ့်ဆုံးဖြစ်တယ်။ ကတ္တရာရည် အရည်အခြေအနေ ရှိနေသေးချိန် သို့မဟုတ် အနိမ့်ဆုံး viscosity ရှိနေချိန်မှာ compaction force ကြောင့် mix ထဲမှာပါတဲ့ aggregates တွေ အလွယ်တကူနေရာ ရွေ့လျားပူးကပ်နိုင်တယ်။ Aggregates တွေ mix ထဲမှာ ရွေ့လျားပူးကပ်ခြင်းဖြင့် Air voids တွေကိုလျော့ချပေးပြီး လိုအပ်သော density ကို ရရှိစေတယ်။ ကတ္တရာရည်အေးသွားပြီး stiff ဖြစ်လာ၊တောင့်လာတဲ့အချိန်ရောက်ရင် mix ထဲမှာ aggregates တွေ နေရာရွေ့လျားပူးကပ်နိုင်ဖို့ ခဲယဉ်းသွားတယ်။ တနည်းအားဖြင့် လိုအပ်သော density ကိုရအောင် ကြိတ်ဖို့ခဲယဉ်းတယ်။

High temperature မှာ ဖြစ်ပေါ်မယ့် mix ရဲ့ reaction ပေါ်မူတည်ပြီး upper compaction temperature limit တွေ မတူနိုင်သော်လည်း အကြမ်းဖျင်းအားဖြင့် အပူချိန် 160C (320F) ခန့်မှာ စတင်ကြိတ်လေ့ရှိတယ်။ သတိပြုရမှာက တချို့သော mix တွေဟာ အပူချိန်အရမ်းမြင့်လွန်းနေချိန် တွင် compaction စတင်ပါက unstable ဖြစ်ပြီး drum ရဲ့ရှေ့မှာ ကတ္တရာသားများစုပြီး ရွေ့ပါသွားတတ်တယ်။ Shoving ဖြစ်တယ်လို့ သုံးတယ်။ များသောအားဖြင့် small aggregates ပါဝင်မှု၊ fines ပါဝင်မှု နှင့် ကတ္တရာရည်ပါဝင်မှုများသော mix များတွင် high temperature မှာ shoving ဖြစ်လေ့ရှိတယ်။ အဲဒီလို shoving ဖြစ်ရင် mix stable ဖြစ်မယ့်အပူချိန်အထိ စောင့်ပြီးမှ စတင်ကြိတ်ရမယ်။ Paver ရဲ့နောက် ချက်ချင်းလိုက်မကြိတ်ပဲ အချိန်အနည်းငယ်ကြာမှ စတင်ကြိတ်သင့်တယ်။
နိုင်လွန်ကတ္တရာက အပူချိန်တစ်ခုရောက်ရင် ကတ္တရာရည်က stiff ဖြစ်၍မာသွားပြီး compaction force ကြောင့် aggregates movement မရနိုင်တော့ဘူး။ အဲဒီ အပူချိန်ကို Lower compaction temperature limit လို့ခေါ်တယ်။ Mix တစ်ခုနဲ့တစ်ခု upper compaction temperature limit ခြင်းမတူနိုင်သလို lower compaction temperature limit ခြင်းလည်းမတူနိုင်ပေ။ အများစုသော HMA mixes တွေရဲ့ lower compaction temperature က အပူချိန် 90C (190F) ပါတ်ဝန်းကျင်မှာ ရှိတယ်။ အဲဒီအပူချိန်အောက် ရောက်သွားရင် compaction forces တွေကြောင့် mat ရဲ့ density ထပ်တတ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီအပူချိန်အောက်ရောက်သွားရင် Compactor တွေနဲ့ static rolling ထပ်လုပ်ပေးခြင်းဖြင့် ယခင်ကြိတ်ထားတဲ့ တာရာအရာတွေ၊ drum အရာတွေကို ဖယ်ဖျောက်ပေးနိုင်သော်လည်း density ကတော့ ထပ်တက်ဖို့ခဲယဉ်းသွားပြီ။
Upper compaction temperature limit နဲ့ lower compaction temperature limit ကြားကို compaction window လို့ခေါ်တယ်။ Compaction window အတွင်းမှာ လိုချင်တဲ့ density ရအောင် မကြိတ်နိုင်ခဲ့ရင် compactor ကို paver နောက် တတ်နိုင်သမျှအကပ်နိုင်ဆုံးလိုက်၍ ကြိတ်ခြင်းဖြင့်၎င်း၊ compaction energy ကို ပြောင်းသုံး၍၎င်း၊ သို့တည်းမဟုတ် compactor အရေအတွက်တိုး၍၎င်း အသုံးပြုနိုင်တယ်။
သတိပြုရမှာက တချို့သော mix တွေမှာ Upper compaction temperature limit နဲ့ lower compaction temperature limit နှစ်ခုကြားတွင် tender zone ဟုခေါ်သော mix unstable ဖြစ်တတ်သော intermediate temperature range တစ်ခုရှိတတ်တယ်။ Upper temperature မှာ ပုံမှန်အတိုင်းကြိတ်လို့ရသော်လည်း tender zone စတင်တဲ့အပူချိန်ရောက်ရင် mix shoving ဖြစ်တယ်။ Tender zone ဆုံးတဲ့အပူချိန်ရောက်ရင် ပုံမှန်အတိုင်း ပြန်ကြိတ်လို့ရတယ်။ အဲဒီလို mixes မျိုးဆိုလျင် tender zone မစခင် အမြင့်ဆုံးရနိုင်တဲ့ density ထိရအောင် ကြိတ်ရမယ်။
Climate Conditions
နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ ထပ်မံထည့်သွင်းစဉ်းစားရမဲ့ အချက်က climate conditions တွေဖြစ်တဲ့ ambient temperature နဲ့ လေတိုက်မှုအခြေအနေတွေဘဲ။ အပူချိန်မြင့်တဲ့ရာသီဥတုမှာ လေငြိမ်နေမည်ဆိုရင် upper temperature limit နဲ့ lower temperature limit ကြားမှာ အပူပြန့်လွင့်မှုနှုန်းနည်းတဲ့အတွက် compaction window ကြာကြာရမယ်။ တနည်းအားဖြင့် time for compaction ကြာကြာရမယ်။ အပူချိန်နိမ့်တဲ့အေးသောရာသီဥတု အခြေအနေမှာ လေတိုက်နှုန်း လည်းများနေရင် compaction window နည်းမယ်။ Compaction လုပ်လို့ရတဲ့ အချိန် နည်းသွားမယ်။
ဆက်ရန်


 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment