-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၆)


Mix Design
နိုင်လွန်ကတ္တရာ Hot Mix Asphalt (HMA) ဆိုသည်မှာ ယျေဘူယအားဖြင့် ကျောက်အကြီးအသေး အရွယ်အစားမျိုးစုံ နှင့် ကတ္တရာအရည် တို့ကို ကတ္တရာကျိုစက်ရုံတွင် အပူချိန်မြင့်မားစွာပေး၍ (145C မှ 190C ကြားအတွင်း) ရောကျိုထားသော ကတ္တရာနှင့်ကျောက်အရောအနှောကို ခေါ်ခြင်းဖြစ်သည်။ အရပ်အခေါ်အနေဖြင့် Asphalt သို့မဟုတ် Blacktop သို့မဟုတ် Paving (မြောက်အမေရိကတွင် သုံးလေ့ရှိ) ဟုသုံးနှုန်းလေ့ရှိပြီး engineering အသုံးအနေဖြင့် Asphalt (or Asphaltic) Cement (AC) ဟူ၌လည်းကောင်း၊ Bituminous Asphalt Concrete ဟူ၌လည်းကောင်း၊ Bituminous Mixture ဟူ၌လည်းကောင်း အမျိုးမျိုးသုံးလေ့ရှိသည်။ မြန်မာနိုင်ငံတွင်တော့ နိုင်လွန်ကတ္တရာ ဟုအလွယ်တကူခေါ်လေ့ရှိသည်။
Mix design တွင် အသုံးပြုသည့် ကျောက်အရွယ်အစားများနှင့် အချိုးအစား၊ ကတ္တရာအမျိုးအစားနှင့် ကတ္တရာအရည်ပါဝင်မှု အချိုးအစား၊ အခြားသောဓါတုပစ္စည်းများ ပါဝင်မှု နှင့် ပါဝင်မှုအချိုးအစား စသည်တို့ပေါ်တွင်မူတည်၍ Mix Designs ပေါင်းများစွာရှိပြီး ဒေသအလိုက် အခေါ်အဝေါ်လည်း ကွဲပြားလေ့ရှိသည်။
အမေရိကတိုက်တွင် အသုံးများသော HMA အမျိုးအစားများမှာ (1) Dense-graded mix (2) Open-graded mix နှင့် (3) Gap-graded mix တို့ဖြစ်ပြီး
1. Dense-Graded Mix တွင်
1a. Continuously graded or conventional HMA
1b. Large-stone mix နှင့်
1c. Sand asphalt mix ဟူ၍ သုံးမျိုး
2. Open-Graded Mix တွင်
2a. Open-Graded Friction Course (OGFC) နှင့်

2b. Asphalt-Treated Permeable Base (ATPB) ဟူ၍ နှစ်မျိုး
3. Gap-Graded Mix တွင်
3a. Conventional gap-graded နှင့်
3b. Stone Matrix Asphalt (SMA) ဟူ၍ နှစ်မျိုး ထပ်မံ ခွဲခြားထားသည်။
1. Dense-Graded Hot-Mix Asphalt
Dense-graded HMA တွင် well graded aggregates ကျောက်အရွယ်အစားမျိုးစုံ၊ fines လို့  ခေါ်သော ကျောက်မှုန်များနှင့် miller fillers များ နှင့် ကတ္တရာအရည်တို့ ရောစပ်ပါဝင်သည်။
1a. Conventional HMA တွင် ပါဝင်သောကျောက်အရွယ်အစား (nominal maximum aggregate size) မှာ 12.5 mm (0.5 in.) မှ 19 mm (0.75 in.) အထိဖြစ်ပြီး
1b. Large-stone mixes တွင် ကျောက်ကြမ်း (coarse aggregate) 25 mm (1 in.) မှ 37.5 mm (1.5 in.) အထိ ပါဝင်လေ့ရှိပြီး
1c. Sand asphalt ခေါ် sheet asphalt တွင် 9.5 mm (0.375 in.) စကာကို ဖြတ်၍ကျလာသော ကျောက်စလေးများပါဝင်ပြီး ကတ္တရာအရည်ပါဝင်မှု အချိုးအစား မှာ conventional HMA ထက်ပို၍ များသည်။
Compaction လုပ်ရာတွင် လိုအပ်သော comapction energy ကိုရွေးချယ်ရန်အတွက် dense-graded mixes များကို coarse mix နဲ့ fine mix ဆိုပြီး ခွဲခြားထားတယ်။ Maximum aggregate size 19mm (3/4in) ထက်ကြီးသော ကျောက်များပါဝင်သော mix ကို coarse mix or harsh mix ဟုခေါ်ပြီး 13mm (1/2in) ထက်ငယ်သော ကျောက်များပါဝင်သော mix ကို fine mix or tender mix လို့သုံးတယ်။
Coarse mix ကို compact လုပ်ရာမှာ high compaction energy ကို အသုံးပြုတယ်။ Vibratory compactor သုံးရင် high amplitude ကိုသုံးပြီး pneumatic compactor ကိုသုံးမယ်ဆိုရင်တော့ high ground pressure ကို အသုံးပြုပြီးကြိတ်တယ်။
Fine mixes ခေါ် tender mixes တွေကို အသုံးပြုပြီး လမ်းအထူ 2-in ထက်ကျော်ခင်းရင် compaction လုပ်နေစဉ်အတွင်းမှာ unstable ဖြစ်လေ့ရှိတယ်။ အဲဒီလိုဖြစ်ခဲ့ရင် vibratory force တွေ မသုံးခင် static rolling အရင်လုပ်ပေးခြင်းဖြင့် mix ကို stabilize ဖြစ်စေတယ်။ High compaction energy သုံးဖို့မသင့်ပေ။ Fine mixes တွေအတွက်ဆိုရင် steel drum compactor သို့မဟုတ် pneumatic compactor ကို ရွေးချယ်သုံးသင့်တယ်။
2. Open-Graded Mixes
Open-graded mix သည် အရွယ်အစားတူညီလုနီးပါးရှိသော uniform graded ကျောက်များနှင့် ကတ္တရာအရည်ရိုးရိုး သို့မဟုတ် modified လုပ်ထားသော ကတ္တရာအရည် တို့ပေါင်းစပ်ထားသော ကတ္တရာအမျိုးအစားဖြစ်သည်။ Open-graded mix သည် ကတ္တရာပေါ်တွင် တင်ကျန်နေသော ရေများကို ကတ္တရာမျက်နှာပြင်ပေါ်မှသော်လည်းကောင်း၊ ကတ္တရာ၏အောက်ခံအလွှာများဖြစ်သော structural pavement section များမှသော်လည်းကောင်း ဖြတ်သန်းစီးဆင်းနိုင်စေရန် အတွက် အသုံးပြုသော asphalt mix ဖြစ်သည်။
2a. Hydroplaning ဟုခေါ်သော ရေကြောင့်တာယာ slip ဖြစ်၍ လမ်းချော်ခြင်း မှကာကွယ်ပေးနိုင်ရန် နှင့် tire splash နှင့် tire noise တို့ကို လျော့ကျပေးနိုင်ရန် free-draining surface ပါဝင်သော Open-graded friction course (OGFC) ကို အပေါ်ယံမျက်နှာပြင်အလွှာ surface course အနေဖြင့် သုံးလေ့ရှိသည်။
2b. Asphalt-treated permeable base (ATPB) တွင် OGFC တွင်ပါဝင်သော ကျောက်အရွယ်အစား ထက်ကြီးသော အရွယ်အစားတူညီလုနီးပါးရှိသော 19 mm (0.75 in.) နှင့် 25 mm(1.0 in.) ကြားရှိသော uniformly graded aggregate များကိုသုံးသည်။ အောက်ခံ asphalt base layer အဖြစ်သုံးပြီး မျက်နှာပြင် surface layer မှဖြစ်စေ၊ အောက်ခံ sub base layer မှဖြစ်စေ ဝင်ရောက်လာသော ရေများကို drain မှတဆင့် ထွက်သွားစေရန် အသုံးပြုသော ကတ္တရာအမျိုးအစား ဖြစ်သည်။
3. Gap-Graded Mixes
Gap-graded mixes သည် dense-graded mixes ၏ function နှင့် တူညီသော်လည်း dense-graded mixes ထက် ကတ္တရာအလွှာထဲသို့  ရေစိမ့်ဝင်နိုင်မှုများတယ်။
3a. Conventional gap-graded mixes တွင် ကျောက်အကြီးမှ ကျောက်မှုံလေးများအထိ အရွယ်အစားစုံပါဝင်သော်လည်း တချို့သော အလယ်အလတ်အရွယ် ကျောက်ပါဝင်မှုနည်းပါးခြင်း သို့မဟုတ် မပါဝင်ခြင်း တို့လည်းရှိနိုင်သည်။
3b. Stone-matrix asphalt (SMA) mix တွင် 0.075-mm (No. 200) စကာကိုဖြတ်၍ ကျလာသော ကျောက်မှုံ ၈-ရာခိုင်နှုန်း မှ ၁၀-ရာခိုင်နှုန်းအထိ အသုံးပြုသည်။ လိုအပ်ပါက mineral filler ကိုလည်း ထည့်သွင်း အသုံးပြုလေ့ရှိသည်။
Open-greaded mixes တွေ၊ gap-graded mixes တွေနဲ့ SMA တွေကို compact လုပ်ရာမှာ static compaction သို့မဟုတ် low amplitude ကို ရွေးချယ် အသုံးပြုဖို့ လိုတယ်။ သို့သော် တချို့သော modified SMA တွေကို ကြိတ်ရင်တော့ low compaction force နဲ့ မလုံလောက်တာကိုတွေ့ရတယ်။
ဆက်ရန်



 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment