-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၅)

ပြီးခဲ့တဲ့အပိုင်းတွေမှာ compaction forces တွေအကြောင်းသိခဲ့ရပါပြီ။ Compactor operators တွေအနေနဲ့ နိုင်လွန်ကတ္တရာကို compaction လုပ်ရာမှာ စက်မှာပါတဲ့ amplitude setting တွေ၊ frequency setting တွေ (variable frequency သုံးလို့ရတဲ့ စက်အသုံးပြုလျင်)၊ drum width (drum offset function ပါသော စက်အသုံးပြုလျင်)၊ နဲ့ compaction speed (working speed) တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုရပါမယ်။ မှန်ကန်တဲ့ settings များရွေးချယ်ဖို့အတွက် အခြေခံ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက
- Project design
- Asphalt mix design
- Shape of aggregates
- Asphalt cement oil viscosity
- Asphalt layer thickness
- Asphalt mix temperature
- Climate conditions များပဲဖြစ်တယ်။

Compactor operators တွေ၊ QC personnel တွေ၊ supervisors တွေအနေနဲ့ အထက်ပါ အချက်များကို ထိန်းချုပ်၍မရသော်လည်း ၎င်းတို့နဲ့ပတ်သက်သော အချက်အလက်များကို ကြိုတင်ရယူထားခြင်းက compaction techniques သို့မဟုတ် compaction patterns များကို ရေးဆွဲသတ်မှတ်ရာမှာ အလွန်အရေးပါပါတယ်။ Project တစ်ခုနှင့်တစ်ခု compaction patterns တူညီရန် ခဲယှဉ်းသဖြင့် project တစ်ခုစီအတွက် မှန်ကန်သော compaction techniques ကို ရွေးချယ်ရန်မှာ အရေးကြီးတယ်။
Project Design
Compaction techniques ကိုစဉ်းစားတဲ့အခါမှာ project deisgn ကို အချက်တစ်ချက် အနေနဲ့ထည့်သွင်းစဉ်းစားတယ်။
လမ်းအသစ်ခင်းခြင်း သို့မဟုတ် total reconstruction လို့ခေါ်တဲ့ လမ်းဟောင်းကို တစ်လမ်းလုံး အစအဆုံးပြန်ခင်းတဲ့လမ်းတွေမှာ ပုံမှန်အားဖြင့် နိုင်လွန်ကတ္တရာကို အလွှာလိုက်ခင်းလေ့ရှိတယ်။ တစ်လွှာခြင်းဆီမှာ သုံးမယ့် materials တွေ၊ mix design တွေ မတူနိုင်သလို အထူအပါးလည်း ကွာခြားတယ်။
- နိုင်လွန်ကတ္တရာရဲ့ ပထမအလွှာကို asphalt base layer လို့ခေါ်ပြီး aggregate base ဒါမှမဟုတ် stabilized subgrade ပေါ်မှာ တိုက်ရိုက်ခင်းတယ်။ ယေဘူယျအားဖြင့် asphalt mix ထဲမှာ သုံးတဲ့ ကျောက်ခဲအရွယ်အစားကြီးတယ်။ နိုင်လွန်ကတ္တရာအလွှာတွေထဲမှာတော့ အထူဆုံးအလွှာဘဲ။ Asphalt base layer ကို compaction လုပ်ရာမှာ လိုချင်တယ့် required density ရရန်အတွက် high compaction energy ဖြစ်တဲ့ high amplitude setting ကို ရွေးကြတယ်။
- တချို့သော project တွေမှာ နိုင်လွန်ကတ္တရာ ဒုတိယအလွှာဖြစ်တဲ့ intermediate layer ခေါ် binder layer ကိုခင်းလေ့ရှိတယ်။ Binder layer ကို asphalt base layer ပေါ်မှာခင်းပြီး base layer လောက်ထူလေ့မရှိသည့်အပြင် asphalt mix မှာသုံးတဲ့ ကျောက်အရွယ်လည်းပိုငယ်တယ်။ ပုံမှန်အားဖြင့် binder layer တွေကို compaction လုပ်ရန်အတွက် low compaction energy ဘဲသုံးတယ်။ Asphalt base layer နဲ့ binder layer တွေက နိုင်လွန်ကတ္တရာရဲ့ အဓိက structural support အလွှာတွေဘဲ။
- အပေါ်ဆုံးနိုင်လွန်ကတ္တရာအလွှာကိုတော့ wearing layer သို့မဟုတ် friction layer လို့သုံးတယ်။ အဲဒီ surface layer ကတော့ လမ်းတစ်ခုလုံးမှာ အပါးဆုံးအလွှာဖြစ်ပြီး အသုံးပြုတဲ့ ကျောက်အရွယ်အစား အသေးဆုံးဖြစ်တယ်။ Surface layer ကို stiffest layer အဖြစ် ဒီဇိုင်းထုတ်လေ့ရှိတယ်။ Surface layer တွေကို compaction လုပ်ရာတွင်လည်း low compaction energy ဘဲသုံးတယ်။
Perpetual pavement လို့ခေါ်တဲ့ long-life structural design method ဖြင့် တွက်ချက်ထားသော လမ်းများမှာ တခါတရံ နိုင်လွန်ကတ္တရာသား၏ အထူသည် 60-cm (22-in) ခန့်ထိရှိတတ်တယ်။ Perpetual pavement မှာများသောအားဖြင့် high-quality deformation resistant mixes တွေကို အသုံးပြုတယ်။ Perpetual pavement တွေရဲ့ asphalt base layer နဲ့ binder layer တွေကို compact လုပ်ရာမှာ high degree of compaction energy ကို အသုံးပြုဖို့လိုတယ်။
တချို့သော project တွေမှာ ကတ္တရာမျက်နှာပြင်ခုတ်စားထားတဲ့ milled surface မျက်နှာပြင်ပေါ်မှာ နိုင်လွန်ကတ္တရာ ခပ်ပါးပါး တစ်လွှာ သို့မဟုတ် နှစ်လွှာ ခင်းလေ့ရှိတယ်။ Cold planing (milling) လုပ်ထားတဲ့ မျက်နှာပြင်ပေါ်မှာ leveling layer တစ်လွှာအရင်ခင်းပြီး surface layer တစ်လွှာ ထပ်တင်လေ့ရှိတယ်။ အဲဒီအလွှာတွေက များသောအားဖြင့် 5-cm (2-in) ထက်ထူလေ့မရှိပေ။ အဆိုပါအလွှာများကို compact လုပ်ရာတွင် low compaction energy ဘဲသုံးလေ့ရှိတယ်။
ဆက်ရန်

 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment