-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Friday, June 24, 2016

Concrete Curing Compound များကို စံနစ်တကျ အသုံးပြုခြင်း



(၁) နိဒါန်း
...
Curing compound များကို ရေအစိုဓါတ်ပေး၍ curing လုပ်သည့်သမရိုးကျနည်းများဖြစ်သည့် ရေစိုအ၀တ်များဖြင့်အုပ်ခြင်း၊ ရေအဆက်မပြတ်စွတ်စိုစေခြင်း၊ သဲစိုအုပ်ခြင်းများ စသည်တို့ ဖြင့် အဆင်မပြေသည့် အခြေအနေများတွင်သာ ယေဘူယျအားဖြင့် အသုံးပြုသင့်ပါသည်။ အကယ်စင်စစ်မှာမူ Membrane curing compound ကို ဖြန်းပက်အသုံးပြုခြင်းမှာ ကွန်ကရိအတွင်းမှ ရေငွေ့ ပြန်ခြင်းကို တားဆီးပေးခြင်းနည်းတစ်မျိုးသာသာဖြစ်၍ အထက်တွင် ဖေါ်ပြခဲ့သည့် ရေအစိုဓါတ်ပေး၍ curing လုပ်ခြင်း (moist curing) တစ်မျိုးသာဖြစ်ပါသည်။

ကွန်ကရိ၏ခံနိုင်အားတက်ခြင်းမှာ Curing compound ၏ ဓါတ်ပြုမှုကြောင့်မဟုတ်ပဲ ကွန်ကရိအစိုအတွင်းရှိ ရေ နှင့်‌ ဘိ လပ်‌ ‌မြေ တို့ ၏ ဓာတ်‌ ပြု မှု Hydration ဖြစ်‌ စဉ်‌ ‌ကြောင့်‌ ဆိုသည်ကို သတိပြုရန်လိုပါသည်။



လုံလောက်သောပမာဏရှိသည့် Curing compound ကို သင့်တော်သည့်အချိန်၌ ကွန်ကရိမျက်နှာပြင် တစ်ခုလုံးပေါ်တွင် ညီညာစွာ ပက်ဖြန်းပေးမှသာ ရေလုံသည့် အလွှာပါး (water-tight membrane) ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်၊ ထို့ ကြောင့် ပက်ဖြန်းရန်လိုအပ်သည့် ပမာဏ၊ မှန်ကန်သည့် ပက်ဖြန်းနည်းစံနစ် စသည်တို့ကို အသုံးမပြုမီ စံနစ်တကျစမ်းသပ်ပြီး သေချာစွာ နားလည်သိရှိထားမှသာလျှင် သုံးစွဲရကျိုးနပ်ပေလိမ့်မည်။ ထိုသို့ မဟုတ်ပါက " ဆေးအတွက် လေး" ဆိုသကဲ့သို့ပင်ဖြစ်နိုင်ပါသေးသည်။
အသုံးပြုလိုပါက ထုတ်လုပ်ရောင်းချသူထံမှ သုံးစွဲနည်း လမ်းညွှန်စာကို ရယူရပါမည်။

(၂) Curing compound အမျိုးအစားများ
ကွန်ကရိအသားနှပ် ကွန်ပေါင်း (Curing compound) များက ကွန်ကရိမျက်နှာပြင်ပေါ်တွင် အလွှာပါးလေးဖြစ်ပေါ်ပြီး ဖုံးအုပ်ပေးပါသည်၊ အများဆုံးတွေ့ ရှိရသည့် အမျိုးအစားများမှာ synthetic hydrocarbon resins ဖျော်ရည်များဖြစ်ပြီး အလွယ်တကူအငွေ့ ပြန်နိုင်သည့် ဖျော်ရည်အမျိုးအစားများနှင့် ရောစပ်ထားပါသည်။ တစ်ခါတစ်ရံ တံလျှပ်ပမာ အရောင်တောက်ပသည့် ဆိုးဆေးများပါဝင်နိုင်ပါသည်

ဆိုးဆေးများက ဆေးပက်ဖြန်းခြင်း ပြုလုပ်ရန် ကျန်ခဲ့သည့်ကွက်လပ်နေရာကို အလွယ်တကူ မြင်တွေ့စေနိုင်ပါသည်။ အဖြူရောင် (သို့ မဟုတ်) ဒန်သတ္တုမှုန့်များ ထည့်သွင်းထားခြင်းဖြင့် ကွန်ကရိမျက်နှာပြင်မှ နေအပူပြန်စေရန် ပြုလုပ်နိုင်ပါသေးသည်။

Liquid membrane-forming curing compound များအတွက် လိုက်နာရမည့် စံချိန်စံညွှန်းများကို ASTM C 309-07 တွင် သတ်မှတ်ထားပါသည်။

(၃) မည်သည့်ကွန်ကရိအမျိုးအစားတွင် membrane-forming curing compound ကိုသုံးသင့်သနည်း

Water to Cement ratio (w/c) 0.5 ထက်နည်းသော ကွန်ကရိများကို curing compound အစား ရေအစိုဓါတ်ပေးသည့်နည်းကိုသာ သုံးသင့်ပါသည်၊ အထူးသဖြင့် (w/c) 0.4 ထက်နည်းပါက အထက်ပါ လမ်းညွန်ချက်ကို တင်းကျပ်စွာလိုက်နာသင့်ကြောင်း A.M Neville ၏ Properties of Concrete အခန်း (၇) တွင် ဖေါ်ပြထားပါသည်။

(၄) မှန်ကန်သည့် သုံးစွဲနည်း

ကွန်ကရိမျက်နှာပြင်ပေါ်မှ ရေများလွင့်ပြယ်လျှင် လွင့်ပြယ်ခြင်း curing compound ကို ကွန်ကရိမျက်နှာပြင်တစ်ခုလုံးအပေါ်တွင် ကွက်လပ်မကျန်အောင် ညီညာစွာ ပက်ဖြန်းပေးရမည်၊ ပုံမှန်အားဖြင့် နှစ်ကြိမ်ထက်မနည်း ကွဲပြားသည့် လမ်းကြောင်း (different direction) အတိုင်း ပက်ဖြန်းပေးရမည်။ အကယ်၍ ရှောင်လွှဲမရနိုင်သည့် အကြောင်းတစ်ခုခုကြောင့် ဆေးဖြန်းခြင်း ချက်ခြင်းမလုပ်နိုင်ပါက ဆေးဖြန်းရန် အဆင်သင့်ဖြစ်သည်အထိ ကွန်ကရိမျက်နှာပြင်ကို အစိုဓါတ် ထိန်းသိမ်းပေးထားရမည်။

(၅) ဆေးဖြန်းရမည့်အချိန် နှင့်အခြေအနေ
ကွန်ကရိမျက်နှာပြင်ပေါ်တွင်ရေစိမ့်ထွက်ခြင်း (bleeding) ရပ်လျှင်ရပ်ခြင်း မျက်နှာပြင်မခြောက်မီ ပက်ဖြန်းပေးရပါမည်၊ ဆေးဖြန်းရန် အကောင်းဆုံးအချိန် (optimum time) မှာ ကွန်ကရိမျက်နှာပြင်ပေါ်မှ free water ကုန်လျင်ကုန်ခြင်း (sheen water) ကို မမြင်ရတော့သည့် အချိန်ဖြစ်ပါသည်။

အကယ်၍ ရေငွေ့ ပျံနှုန်း မြင့်မားမှုကြောင့်ကွန်ကရိမျက်နှာပြင်ခြောက်သွေ့သွားသော်လည်း ရေစိမ့်ထွက်ခြင်း (bleeding) ရပ်တန့်ခြင်းမရှိသေးပါက curing ကွန်ပေါင်းကို မဖြန်းသင့်ပါ၊ ဤအခြေအနေမျိုးတွင် ရေစိမ့်ထွက်ခြင်းရပ်တန့်သည်အထိ ကွန်ကရိမျက်နှာပြင်ကို အစိုဓါတ်ဆက်လက်ပေးထားပြီးမှ curing ကွန်ပေါင်းကိုပက်ဖြန်းသင့်သည်ဟု B. Mather က ၁၉၉၀ ခုနှစ်ထုတ် Concrete International တွင် အကြံပြုထားပါသည်။

ဆီလီကွန်မှိုင်း (Silica Fume) ပါဝင်သည့် ကွန်ကရိများသည် ရေစိမ့်ထွက်မှုမရှိသဖြင့် curing ကွန်ပေါင်းကို ချက်ချင်း ပက်ဖြန်းသင့်ပါသည်။

ကွန်ကရိမျက်နှာပြင်ခြောက်သွေ့ ပြီးနောက်မှ ပက်ဖြန်းခြင်းပြုလုပ်ပါက ဆေးရည်များ ကွန်ကရိသားအတွင်းပိုင်းသို့ စိမ့်ဝင်သွားမည်ဖြစ်သဖြင့် ကွန်ကရိအပေါ်ယံလွှာတွင် ဓါတ်ပြုခြင်းဖြစ်စဉ် (hydration) ကို အဟန့်အတားဖြစ်စေပါသည်၊ ထို့ ပြင် curing အတွက်အဓိကကျသည့် ကွန်ကရိမျက်နှာပြင်ပေါ်တွင် ရေပိတ်လွှာပါး (membrane) တစ်ဆက်တည်း ဖြစ်စဉ်လည်း ရရှိနိုင်မည်မဟုတ်ပါ၊

(၆) သတိပြုရန်အချက်များ
Curing compound များကို သံချောင်းများ (reinforcement bars) ၊ ကွန်ကရိဆက်ကြောင်းများ (construction joints) ပေါ်တွင် တိုက်ရိုက် စုပုံပက်ဖြန်းခြင်း မပြုမိစေရန်စေရန် သတိပြုရမည်။

တံတားစီမံကိန်းတစ်ခုမှ အတွေ့အကြုံတစ်ခုမှာ အချောကိုင်လုပ်ငန်းမလိုသော (Fair Face Concrete) girder တွင် ဖရောင်းပါသည့် ကွန်ပေါင်းကို လမ်းညွှန်ချက်နှင့်အညီ သုံးခဲ့ပါသည်၊ ကြိုတင်မမျှော်လင့်ခဲ့သည့်ပြဿနာမှာ ညဘက်တွင် လုပ်ငန်းခွင်မှ မီးရောင်ကြောင့် ပိုးဖလံများ လာရောက်ကပ်တွယ်သဖြင့် Fair Face Concrete မျက်နှာပြင် အရုပ်ဆိုးသွားသဖြင့် brush နှင့်ရေကိုသုံးကာ ပြန်လည် သန့်ရှင်းရေး လုပ်ခဲ့ရပါသည်။

____________________
San Nwe, 12-June-2016
_____________________
ကျမ်းကိုး
1. Properties of Concrete 5th Ed., A.M Neville
2. Standard Specification for Design and Construction of Concrete Structure, 1986, JSCE
3. Design and Control of Concrete Mixtures; http://www.cement.org/for-concrete-books-learning/education/on-line-courses/design-and-control-of-concrete-mixes

No comments:

Post a Comment