-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁၀)


Compaction Phases
နိုင်လွန်ကတ္တရာလမ်းကိုကြိတ်ရာမှာ
(1) Initial compaction (breakdown compaction)
(2) intermediate compaction
(3) finish compaction ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားပြီး ကြိတ်လေ့ရှိတယ်။
Breakdown compaction
Initial compaction (breakdown compaction) ဆိုတာ လမ်းခင်းစက်နောက် နိုင်လွန်ကတ္တရာ ခင်းပြီးပြီးခြင်း စတင်ကြိတ်သော compaction phases တွေရဲ့ ပထမဆုံးအဆင့် ဖြစ်တယ်။ Breakdown compaction စဖို့အတွက် နိုင်လွန်ကတ္တရာ shoving မဖြစ်စေဘဲ နိုင်လွန်ကတ္တရာရဲ့ အဖြစ်နိုင်ဆုံးအမြင့်ဆုံး အပူချိန်မှာ စတင်ကြိတ်ရမယ်။ ကတ္တရာအေးသွားလေလေ၊ ပိုပြီး stiff ဖြစ်လေလေ၊ လိုချင်သော density ရအောင်ကြိတ်ဖို့ ခက်လေလေ ဆိုတာကို သတိရပါ။ အဲဒါကြောင့် breakdown compaction phase ကို လမ်းခင်းစက်နောက် အနီးကပ်ဆုံး ကပ်နိုင်သမျှ ကပ်၍ ကြိတ်လေ့ရှိတယ်။ Breakdown compaction phase မှာ လိုအပ်တဲ့သတ်မှတ်ထားသော target density နီးပါးအထိ ရောက်အောင် ကြိတ်သင့်တယ်။ ဥပမာ target density က 95% of Theoretical Maximum Density လို့ဆိုရင် breakdown compaction phase မှာ အနည်းဆုံး 91% ကနေ 93% ခန့်အထိ ရအောင် ကြိတ်သင့်တယ်။

Breakdown compaction phase မှာ vibratory compactor တွေကို အသုံးများတယ်။ (Vibratory compator တွေကို စက်ရဲ့ရှေ့မှာ steel drum တစ်လုံး၊ စက်ရဲ့နောက်မှာ steel drum တစ်လုံးပါတဲ့အတွက် အချို့သော နိုင်ငံများမှာ Tandem Roller (Tandem compactor) ဟူ၍၎င်း၊ breakdown compaction phase မှာ အသုံးများတဲ့အတွက် Breakdown compactor ဟူ၍၎င်း ခေါ်လေ့ရှိတယ်။)
တချို့သော project များမှာ weight များသော steel drums static roller များလည်းသုံးလေ့ရှိတယ်။ တခါတရံမှာ asphalt base layer နဲ့ asphalt binder layer တွေရဲ့ breakdown compaction phase တွေမှာ PTR ခေါ် pneumatic tires compactor (တာယာရိုလာ) တွေကိုလည်းသုံးလေ့ရှိတယ်။ Breakdown compaction phase မှာ drum bouncing မဖြစ်စေဘဲ နိုင်လွန်ကတ္တရာက အမြင့်ဆုံးလက်ခံနိုင်သော compaction energy ကို သုံး၍ လိုချင်သော target density နီးပါးရအောင်ကြိတ်သင့်တယ်။ နိုင်လွန်ကတ္တရာ mix design နှင့် mixing temperature အပေါ်မူတည်၍ များသောအားဖြင့် အပူချိန် 160C မှ 135C (320F မှ 275F) ကြားတွင် breakdown phase ကို ပြီးအောင်ကြိတ်ခိုင်းလေ့ရှိသည်။ မည်သို့ သော အခြေအနေတွင်ဖြစ်စေ နိုင်လွန်ကတ္တရာအပူချိန် 120C အောက်မရောက်ခင် breakdown phase ကို ပြီးအောင်ကြိတ်သင့်တယ်။
Intermediate Compaction Phase
Mix တော်တော်များများမှာ intermediate compaction phase ကို breakdown compaction phase ပြီးပြီးခြင်းမှာ စလေ့ရှိတယ်။ Intermediate compaction phase ရဲ့ အဓိကပန်းတိုင်က final target density အထိ ရအောင်ကြိတ်ဖို့နဲ့ breakdown phase မှာ လမ်းကြိတ်ပြီးကျန်ခဲ့တဲ့ drum တွေရဲ့အရာတွေကို ဖျောက်နိုင်သမျှ ဖျောက်ပစ်နိုင်ဖို့ ဖြစ်တယ်။
နိုင်လွန်ကတ္တရာအပူချိန်အနေနဲ့ နိုင်လွန်ကတ္တရာအလွှာအတွင်း aggregates movement အနည်းငယ်ခန့် ထပ်ဖြစ်နိုင်လောက်သေးသော အပူချိန်မျိုးရှိနေရမယ်။ နိုင်လွန်ကတ္တရာ mix design နှင့် mixing temperature အပေါ်မူတည်၍ များသောအားဖြင့် အပူချိန် 135C မှ 94C (275F မှ 200F) ကြားတွင် intermediate phase ကို ပြီးအောင်ကြိတ်ခိုင်းလေ့ရှိသည်။ ဒါကြောင့် intermediate phase ကို breakdown phase ပြီးပြီးခြင်း လုံလောက်သော အပူချိန်ရှိနေချိန်မှာ စခိုင်းလေ့ရှိတယ်။ ကြိတ်ရမည့် နိုင်လွန်ကတ္တရာ အလွှာရဲ့အထူပေါ် မူတည်ပြီး compaction energy ကို ရွေးရလေ့ရှိတယ်။ သတိထားရမှာက breakdown phase အပြီးမှာ နိုင်လွန်ကတ္တရာရဲ့ density က လိုချင်သော final density ရောက်လုနီးပါးဖြစ်နေပြီး intermediate phase အနေနဲ့ density ကိုနောက်ထပ် 1% ကနေ 3% ကြားအထိသာ ထပ်တက်စေဖို့ ကြိတ်ရန်သာကျန်တော့တယ်။
Intermediate compaction phase မှာ များသောအားဖြင့် pneumatic compactor (PTR) ကို သုံးလေ့ ရှိတယ်။ PTR ကိုသုံးခြင်းဖြင့် impact force သုံးစရာမလိုဘဲ high static pressure ကိုသုံးခြင်းဖြင့် target final density ကိုရအောင်ကြိတ်နိုင်သလို mat texture ကိုလည်း ကောင်းမွန်လှပစေတယ်။ သုံးရမည့် PTR အမျိုးအစားတွေကို mix design နှင့် mat thickness ပေါ်မူတည်၍ ရွေးချယ်နိုင်တယ်။
အကယ်၍ vibratory compactor ကို intermediate compaction အတွက် အသုံးပြုပါက high impact energy ကို အသုံးမပြုဖို့ သတိပြုပါ။ Breakdown phase မှာ mat ရဲ့ density သည် target density နားနီးကပ်နေပြီဖြစ်သဖြင့် low amplitude နှင့် high frequency ကို အသုံးပြု၍ ကြိတ်ခြင်းသာ အကောင်းဆုံး ဖြစ်မည်။ Intermediate compaction အတွက် နိုင်လွန်ကတ္တရာ၏ temperature မှာ များသောအားဖြင့် 100C မှ 110C ခန့်အတွင်းမှာ ရှိနေတတ်တယ်။ ၎င်းအချိန်မှာ high impact force အသုံးပြု၍ ကြိတ်ပါက နိုင်လွန်ကတ္တရာပေါ်မှာ drum marks (drum ရိုက်ချက်အရာများ) ကျန်ခဲ့ပြီး finish compaction phase မှာ ၎င်းအရာများပျောက်အောင်ကြိတ်ဖို့ ခဲယဉ်းသလို ကျောက်ကျိုးကြေနေသည့် မျက်နှာပြင်များ နိုင်လွန်ကတ္တရာ မျက်နှာပြင်ပေါ်မှာ တွေ့ရမယ်။
Finish Phase
Finish phase ရဲ့ အဓိကပန်းတိုင်က နိုင်လွန်ကတ္တရာပေါ်မှာ intermediate phase မှကျန်ခဲ့သည့် drum အရာတွေ၊ တာယာအရာတွေ ပျောက်သွားအောင်ဖျောက်ပေးခြင်းဖြင့် လမ်းရဲ့လိုအပ်သော smoothness ကို ရရှိစေရန်ဖြစ်တယ်။ Finish phase ကို ပုံမှန်အားဖြင့် ၎င်းအရာတွေကို ဖျောက်ပေးနိုင်လောက်သော နိုင်လွန်ကတ္တရာပူနွေးနေသေးသော အပူချိန်မှာ စတင်ရမယ်။ အကယ်၍ finish compactor ရဲ့ drum အရာတွေကို ထပ်တွေ့နေရလျင် ကတ္တရာအပူချိန်ထပ်ကျအောင် စောင့်ပြီးမှ finish phase ပြန်စရမယ်။ နိုင်လွန်ကတ္တရာ mix design နှင့် mixing temperature အပေါ်မူတည်၍ များသောအားဖြင့် အပူချိန် 94C မှ 65C (200F မှ 150F) ကြားတွင် finish rolling ကို ကြိတ်ခိုင်းလေ့ရှိသည်။ သတိပြုရမှာက နိုင်လွန်ကတ္တရာ အပူချိန် 80C (175F) အထက်တွင် finish rolling ကြောင့် density အနည်းငယ်တက်နိုင်သေးသော်လည်း 80C (175F) အောက်ရောက်လျင် density တက်လာရန် မဖြစ်နိုင်တော့ပေ။
Finsh phase ကို vibratory compactor တွေကိုသုံးပြီး static mode ဖြင့်ကြိတ်ခြင်း၊ သို့မဟုတ် three drums static roller များဖြင့်ကြိတ်ခြင်း ပြုလုပ်နိုင်တယ်။ Finish phase တွင် vibration လုံးဝမသုံးသင့်ပေ။ Finish phase ၏ရည်မှန်းချက်သည် density ရရန်မဟုတ်ဘဲ smoothness ရရန်သာဖြစ်သည်ကို သတိရပါ။ Finish compactor တွေကို rolling speed နည်းနည်းနဲ့ long distance ခပ်ရှည်ရှည်ဆွဲကြိတ်ခြင်းဖြင့် ပို၍ညီညာသော နိုင်လွန်ကတ္တရာ မျက်နှာပြင်ကို ရရှိစေမည်။





 ဝိုင်ကေတီ (စက်မှု)


No comments:

Post a Comment