-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, June 25, 2016

Seismic Design မိတ်ဆက် (အပိုင်း ၄)



 ဒီအပိုင်းမှာ ASCE 7 မှာပါတဲ့ Equivalent Lateral Force Method ရဲ့ အခြေခံလေးတွေကို တင်ပြသွားပါမယ်။ (အသေးစိတ် ကြည့်လိုလျင်တော့ ASCE 7 မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)

Equivalent Lateral Static Force Method...

ဒီနည်းရဲ့ အဓိက အခြေခံအယူအဆက ငလျင်ကြောင့် ဖြစ်လာတဲ့ dynamic forces တွေရဲ့ အကျိုးသက်ရောက်မှု ပုံစံမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင် static load တွေကို အဆောက်အအုံအပေါ် သက်ရောက်စေခြင်းပဲ (Dynamic Load Effects တွေကို Equivalent Static Forces တွေအနေနဲ့ ပြောင်းလဲခန့်မှန်းတွက်ချက်ခြင်း) ဖြစ်ပါတယ်။

Concentrated lateral loads တွေဟာ
အဆောက်အအုံမှာ mass တွေ အများဆုံးရှိတဲ့ floor/roof level နေရာတွေမှာ သက်ရောက်ပါမယ်။ ဒါ့အပြင် အထပ်မြင့်လာတာနဲ့အမျှ အဲဒီ concentrated lateral force တွေရဲ့ ပမာဏတွေလည်း များလာပါမယ်။ ဒါကြောင့် အထပ်မြင့် အဆောက်အအုံတွေမှာ အများဆုံး lateral displacement နဲ့ အများဆုံး lateral forces တွေကို အဆောက်အအုံရဲ့ အပေါ်ဆုံး level မှာ တွေ့နိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီ effects တွေကို Equivalent Lateral Force Procedure မှာ storey level တစ်ခုစီကို အဲဒီ တွက်ချက်လို့ ရလာတဲ့ Lateral Forces တွေပေးပြီး model လုပ်ရပါမယ်။

ဒီတော့ ဒီနည်းစနစ်မှာ ပထမအားဖြင့် Base Shear (V) လို့ခေါ်တဲ့ ground motion ကြောင့် အဆောက်အအုံရဲ့အောက်ခြေမှာ ဖြစ်လာတဲ့ အားတစ်ခုရယ်၊ အဲဒီကမှတဆင့် Fx လို့ခေါ်တဲ့ level တစ်ခုစီမှာ ကျနေတဲ့ lateral force ရယ် ကိုရှာဖို့လိုအပ်ပါတယ်။

ယေဘုယျအားဖြင့် Lateral loads တွေကို အဆောက်အအုံအပေါ် distribute ပြုလုပ်ရာမှာ အဆောက်အအုံကို မြေပေါ်ကနေ အပေါ်ကိုထောင်နေတဲ့ cantilever ပုံစံမျိုး စဉ်းစားပြီး first mode (fundamental mode) အတိုင်းသာ လှုပ်ခါတယ်လို့ ယူဆတာဖြစ်ပါတယ်။ (Fundamental mode ဆိုတာ အဆောက်အအုံဟာ ရိုးရိုး ဘယ်ညာပဲယိမ်းပြီး တွန့်ခါမှု မရှိတာကို.ဆိုလိုပါတယ်)
ဒီနေရာမှာ အဆောက်အအုံအပေါ် သက်ရောက်နေတဲ့ forces တွေ အားလုံးပေါင်းခြင်းဟာ Base Shear (V) ပမာဏနဲ့ တူညီရမှာဖြစ်ပါတယ်။


Base Shear

Base shear တွက်ချက်ရာမှာ အောက်ပါအချက်အလက်တွေအပေါ် မူတည်ပြီး Design Base Shear ကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေက..

၁. ငလျင် ဖြစ်ပေါ်နိုင်တဲ့ နေရာတွေနဲ့ နီးစပ်မှု
၂. ပြင်းထန်တဲ့ ငလျင် လှုပ်နိုင်တဲ့ ဖြစ်တန်စွမ်း ရှိမရှိ
(ဒီ ၂ ချက်ကနေ Ss နဲ့ S1 ဆိုတဲ့ Maximum Considered Earthquake တန်ဖိုးတွေကို Seismic Map ကနေ ရပါမယ်)

၃. Site မှာရှိတဲ့ Soil condition/ Site Class (ဒီအပေါ် မူတည်ပြီးတော့ Site Class Categories တွေ ရမှာဖြစ်ပြီး အဲဒီက ရတဲ့ Factor တွေနဲ့ MCE တန်ဖိုးတွေကို modify လုပ်ပေးရပါမယ်။)

၎. အဆောက်အအုံရဲ့ ပျော့ပြောင်းမှု သို့မဟုတ် Ductility (Response Modification Factor “R” နဲ့ ကိုယ်စားပြုပါတယ်။ အဆောက်အအုံ ပျော့ပြောင်းမှုရှိလေ ငလျင်ဒါဏ် ခံနိုင်ရည် ရှိလေပါပဲ။ အဲဒီအတွက် R တန်ဖိုး များလာတာနဲ့အမျှ Design လုပ်ရာမှာ တွက်ချက်ရမယ့် Base Shear ပမာဏကို လျော့စဉ်းစားလို့ရပါတယ်။)

၅. အဆောက်အအုံရဲ့ အရေးပါမှုနဲ့ ဘယ်အတွက် အသုံးပြုမည်ဆိုခြင်း။ (Important Factor “I”)

၆. အဆောက်အအုံရဲ့ Weight (W)

၇. Dyanmic Loading တွေဖြစ်ပေါ်ပါက အဆောက်အအုံရဲ့ လှုပ်ရှားတဲ့ လွှဲချိန် (Fundamental Period of Vibration) (Sds ရှာတဲ့နေရာမှာ ထည့်သွင်းစဉ်းစားပါတယ်)

အဲဒီ အချက်တွေကို ပေါင်းစပ်ပြီး ညီမျှခြင်းတစ်ခုထဲကို ထည့်သွင်းလိုက်ပါက ASCE 7 အရ Base Shear ကို ရှာတဲ့ အောက်ပါ အခြေခံ ညီမျှခြင်းကို ရရှိပါမယ်။

V = Sds * I / R * W

ကျေးဇူးတင်ပါတယ်။


No comments:

Post a Comment