-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၇)


Shape of Aggregates
Aggregate တွေရဲ့ ပုံသဏ္ဍာန်ပေါ်မူတည်ပြီး ၎င်း aggregates တွေရဲ့ကြားမှာရှိတဲ့ friction level အမျိုးမျိုးကွာခြားတဲ့အတွက် နိုင်လွန်ကတ္တရာလမ်းကို compact လုပ်ဖို့ compaction pattern ဆွဲရာမှာ shape of aggregate ကိုလည်း ထည့်သွင်းစဉ်းစားရတယ်။
Rounded aggregates တွေသုံးရင် သူတို့ကြားမှာ low internal friction ပဲရှိတဲ့အတွက် low compaction energy အောက်မှာပင် အလွယ်တကူနေရာရွေ့နိုင်တယ်။ Rounded aggregates တွေအများစုပါတဲ့ asphalt mix တွေက unstable ဖြစ်လွယ်ပြီး compactor ရဲ့ static weight တစ်ခုတည်းဖြင့်ပင် အလွယ်တကူ ကြိတ်နိုင်တယ်။ အဲဒီ mix အမျိုးအစားအတွက်ဆိုရင် light weight static compactor ကိုသုံး၍၎င်း၊ vibratory compactor မှာ low amplitude ကိုသုံး၍၎င်း ကြိတ်နိုင်တယ်။

Angular aggregates တွေမှာတော့ high internal friction ရှိတယ်။ Angular aggregates တနည်းအားဖြင့် crushed stone aggregates အများစုပါတဲ့ asphalt mix တွေကို compact လုပ်ရာမှာ high compaction energy ကိုသုံးရမယ်။ High compaction energy ကြောင့် aggregates movement ဖြစ်ပြီး well compacted ဖြစ်သွားရင် အဲဒီ mix အမျိုးအစားက high pavement strength ကိုပေးနိုင်တယ်။ High-traffic mix designs တော်တော်များများတွေမှာ သုံးရမယ့် crushed aggregates တွေအတွက် သူတို့ မှာပါရမဲ့ အနည်းဆုံး fracture faces အရေအတွက်တွေ နဲ့ ပုံစံကိုပါ တိတိကျကျသတ်မှတ်ထားလေ့ရှိတယ်။
Asphalt Cement Oil Viscosity
နိုင်လွန်ကတ္တရာ လမ်းကြိတ်ရာတွင် အသုံးပြုသင့်တဲ့ compaction techniques ရွေးချယ်ရာမှာ နိုင်လွန်ကတ္တရာရည်ရဲ့စေးပျစ်မှု ( asphalt cement binder ရဲ့ viscosity) ကလည်းစဉ်းစားရမည့် အချက်တစ်ခုဖြစ်တယ်။ နိုင်လွန်ကတ္တရာရောစပ်ရာတွင် စေးပျစ်မှုကိန်းမြင့်သော ကတ္တရာရည် (ဥပမာ fibers modified asphalt cement, latex rubber modified asphalt cement, polymer modified asphalt cement) များကိုသုံးပါက high compaction energy ကို အသုံးပြု၍ လမ်းကြိတ်သင့်တယ်။ ယေဘူယျအားဖြင့် unmodified asphalt cement များသည် viscosity နိမ့်လေ့ရှိပြီး ၎င်း mix များကို compact လုပ်ရာတွင် low compaction energy ကို အသုံးပြု၍ လမ်းကြိတ်သင့်တယ်။
Asphalt Layer Thickness
မည်သည့် mix အမျိုးအစားကိုသုံးသည်ဖြစ်စေ၊ မည်သည့် project တွင်ဖြစ်စေ လိုအပ်သော density ရရန်အတွက် အရေးကြီးဆုံးအချက်တစ်ခု ခင်းမဲ့နိုင်လွန်ကတ္တရာအလွှာရဲ့အထူ နဲ့ mix ထဲမှာပါတဲ့ အကြီးဆုံးကျောက်အရွယ်အစားတို့ရဲ့ အချိုးဘဲ။ အဲဒီအချိုးက အဲဒီ mat ရဲ့ ခံနိုင်မယ့် compaction energy နဲ့ ရနိုင်မယ့် density တို့အပေါ်မှာ အဓိက သက်ရောက်တယ်။
ကတ္တရာအလွှာအထူ ၄-လက်မအတွက် အကြီးဆုံးကျောက် ၁-လက်မ အရွယ်သုံးရင် ၄:၁ အချိုးဖြစ်ပြီး high compaction energy သုံးပြီး compact လုပ်ရာမှာ ကျောက်ကြေသွားမှာကို စိုးရိမ်စရာမလိုပဲ အလွယ်တကူ ကြိတ်နိုင်တယ်။
တော်တော်များများ public work agency များကတော့ high-traffic mix design အတွက် အနည်းဆုံး ၃:၁ အချိုးရှိရမယ်လို့ သတ်မှတ်ထားတယ်။
၃:၁ အချိုးထက်နည်းသွားရင် compaction process ကပိုခက်သွားတယ်။ အထူးသဖြင့် angular aggregates များတဲ့ mix တွေမှာဆိုရင် high compaction energy ကြောင့် ကျောက်မကျိုးပဲ proper compacted orientation ရဖို့ခဲယဉ်းတယ်။ အဲလိုဖြစ်ရင် operator တွေအနေနဲ့ drum bouncing ဖြစ်တာကိုခံစားရမယ်၊ သို့မဟုတ် ကတ္တရာရဲ့မျက်နှာပြင်မှာ uncoated rock တွေ တွေ့ရမယ်။ ကျောက်ကျိုးကြေသွားခြင်းကြောင့် လိုအပ်သော density ကိုမရခဲ့ရင် အချိန်မတန်မီ လမ်းပျက်စီး စေမယ်။ ၃:၁ အချိုးထက် နည်းသွားရင် low compaction energy ပဲ သုံးခိုင်းလေ့ရှိတယ်။
ဆက်ရန်


 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment