-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, June 25, 2016

Contraction Joints (Part 1)


Contraction Joints ဆိုတာ ဘာလဲ?
ကွန်ကရစ်တွေ ခြောက်သွားလို့ ကျုံ့ဝင်သွားတဲ့ အခါ (Drying Shrinkage ဖြစ်တဲ့အခါ) နဲ့ အပူချိန် ကျဆင်းတဲ့အခါမှာ ကွန်ကရစ်တွေရဲ့ ထုထည် လျော့နည်းသွားပါမယ်။ တနည်းအားဖြင့် ကွန်ကရစ်တွေ ကျုံ့ဝင်သွားပါမယ်။ အဲဒီလိုအခါမျိးမှာ ကွန်ကရစ်တွေကို ဘေးနှစ်ဘက်က ချုပ်ထားမယ်ဆိုပါက ကွန်ကရစ်သားတွေအတွင်းမှာ တင်းအား (Tensile Stress) တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ တင်းအားတွေဟာ ကွန်ကရစ်ရဲ့ ခံနိုင်ရည်အားကို ကျော်လွန်သွားပါက အက်ကြောင်း (Cracks) တွေ ဖြစ်ပေါ်လာပါမယ်။ ဘာကြောင့်လဲဆိုတာ့ ကွန်ကရစ်ရဲ့ ဆွဲဆန့် ခံနိုင်ရည်အား နည်းပါးလို့ပဲ ဖြစ်ပါတယ်။ Contraction Joints တွေ လုပ်ထားပေးခြင်းအားဖြင့် အက်ကြောင်းတွေ ဖြစ်ပေါ်လာမယ့် အားနည်းတဲ့ နေရာတွေ (Planes of weakness) တွေ ရရှိမှာ ဖြစ်ပါတယ်။
Contraction joints တွေနေရာမှာ အဲဒီလို plane of weakness ရရှိအောင် Section ရဲ့ အထူကို လျှော့ပေးရပါတယ်။ အဲဒီ Joint နေရာမှာ အက်ကြောင်း ဖြစ်ပေါ်မှု သေချာစေဖို့အတွက် အနည်းဆုံး အထူရဲ့ ၂၅ ရာခိုင်နှုန်းလောက် လျှော့ပေးရမှာ ဖြစ်ပါတယ်။
Contraction Joints တွေမှာ full နဲ့ partial Contraction Joint ဆိုပြီး အမျိုးအစား ၂ မျိုး ရှိပါတယ်။ Full Contraction Joints တွေမှာ Reinforcement တွေ တစ်ဆက်ထဲ မရှိပါဘူး။ Joint နေရာ မရောက်ခင် ၂ လက်မ (50mm) အကွာလောက်မှာပဲ ရပ်ထားပေးရပါတယ်။ အဲဒါအပြင် Joint နေရာမှာ Joint ရဲ့ တစ်ဘက် တစ်ချက်စီမှာ ရှိနေတဲ့ ကွန်ကရစ်တွေ တွဲဆက်မှု (Bond) မဖြစ်အောင်လဲ စီမံပေးဖို့ လိုပါတယ်။
Partial Contraction Joints တွေမှာတော့ Reinforcement အချို့ဟာ Joint ထဲ ဖြတ်သွားကြပါတယ်။ အရည်တွေ ထည့်တဲ့ Liquid Containment Structures တွေမှာ partial contraction joints တွေကို အသုံးပြုကြပါတယ်။ ရေလုံဖို့အတွက်တော့ water stops တွေကို အသုံးပြုနိုင်ပါတယ်။ (Waterstops တွေကို ပုံမှာ ပြထားပါတယ်)
Contraction Joints in Wall
ကွန်ကရစ် နံရံတွေမှာ Contraction Joints တွေကို လွယ်လွယ်ကူကူနဲ့ ဈေးသက်သက်သာသာနဲ့ လုပ်ပေးနိုင်ပါတယ်။ ပုံစံခွက် (Formwork) ရိုက်တဲ့အခါ အတွင်းဘက်ကနေ သစ်သားပြားဖြစ်ဖြစ်၊ ပလတ်စတစ်ပြားဖြစ်ဖြစ်၊ သတ္တုပြားဖြစ်ဖြစ် ထည့်ပေးပြီး ကွန်ကရစ် မျက်နှာပြင်မှာ မြောင်းတစ်ခု ဖြစ်အောင် လုပ်ပေးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အဲဒီ မြောင်းရဲ့ အနက်က အနည်းဆုံး နံရံအထူရဲ့ လေးပုံတစ်ပုံတော့ ရှိရပါမယ်။ အဲဒီ မြောင်းလေးတွေကို ရာသီဥတုဒါဏ် ခံနိုင်အောင်နဲ့ သံချောင်းတွေ သံချေးမတက်စေဖို့ Sealant တွေ ထည့်ပေးလို့ ရပါတယ်။ ဒါ့အပြင် ရေလုံဖို့ လိုတဲ့ နံရံတွေအတွက် Waterstop တွေလည်း အသုံးပြုနိုင်ပါတယ်။ Contraction Joint ထားရမယ့် recommended Spacing တွေအနေနဲ့ ၈ ပေ (2.4m) ထက် နိမ့်တဲ့ Short Wall တွေအတွက် နံရံအမြင့်ရဲ့ ၃ ဆ ဖြစ်ပြီး ၁၂ ပေ (3.6m) ထက် ပိုမြင့်တဲ့ High wall တွေအတွက်တော့ နံရံရဲ့ အမြင့် အတိုင်း ထားသင့်ပါတယ်။ (ACI 224R) Contraction Joints တွေရဲ့ ထားသင့်တဲ့ Spacing တွေကို ပူးတွဲပါ ဇယားမှာ ကြည့်ရှု နိုင်ပါတယ်။ Reinforcement တွေအနေနဲ့ကတော့ Full contraction joint တွေမှာ အားလုံးကို ဖြတ်ပြီး (Joint နေရာ မရောက်ခင် ၂ လက်မ ခန့်မှာ ဖြတ်ပြီး) Partial Contraction Joints တွေမှာတော့ ၅၀ ရာခိုင်နှုန်းလောက်အထိ တစ်ဆက်ထဲ ရှိနေနိုင်ပါတယ်။
Contraction Joint vs Construction Joint
(တကယ်လို့သာ Joint ထဲကို Rebar တွေ ၅၀ ရာခိုင်နှုန်းထက် ပိုပြီး ဖြတ်သန်းသွားမယ်ဆိုပါက အဲဒီJoint ကို Construction Joint လို့ပဲ ခေါ်ရမှာ ဖြစ်ပါတယ်)
Slabs on Grade နဲ့ Pavements တွေအတွက် Contraction Joints တွေကိုတော့ နောက်အပိုင်းမှာ ရေးသွားပါမယ်။
Reference ACI 224.3R – 95

 Aung Hsu Myat
12 June 2016
ACI 224.3R ကို လိုချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။ (ဒီစာအုပ်ကို ၂၀၁၃ ခုနှစ်မှာ reapproved လုပ်ထားတာကို ACI Website မှာ ၉၆.၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်)
https://www.google.com.sg/url…

No comments:

Post a Comment