-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, June 25, 2016

Contraction Joints (Part 2)


Contraction Joints for Slabs on Grade
Slabs on Grade တွေမှာ ကွန်ကရစ် ကျုံ့ဝင်မှုကို လွတ်လပ်စွာ ဖြစ်ပွားစေရန်နဲ့ ကွန်ကရစ်အတွင်း ဖြစ်ပေါ်လာတဲ့ အတွင်းအားတွေကို လျော့နည်းစေရန်အတွက် Contraction Joints တွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကွန်ကရစ် slab on grade တွေမှာ ပတ်ဝန်းကျင် အခြေအနေတွေဟာ slab ရဲ့ အပေါ်နဲ့ အောက်ဘက်တွေမှာ တူညီမှာမဟုတ်တဲ့အတွက် ကွန်ကရစ်လောင်းရာမှာ ကွန်ကရစ်တွေဟာ Slab ရဲ့ အထူတစ်လျှောက် ညီညီညာညာခြောက်သွေ့သွားမှာ မဟုတ်ပါဘူး။ Slab ရဲ့ အပေါ်ဘက်အပိုင်းတွေဟာ အောက်ဘက်အပိုင်းတွေထက် အရင် ခြောက်သွေ့သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ခြောက်သွေ့မှု မတူတဲ့ အကျိုးဆက်ကြောင့် slab ရဲ့ ထောင့်တွေမှာ ကွေးသွားတာတွေ (Warp) ဖြစ်လာနိုင်ပါမယ်။ အပူအအေးပြောင်းလဲခြင်းကြောင့်လဲ အဲဒီလို သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီလို ဖြစ်ပေါ်လာနိုင်တဲ့ ပုံပျက်ယွင်းမှုတွေကို contraction joints တွေသုံးခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ ပုံပျက်ယွင်းခြင်းဆိုတဲ့ Deformation တွေကိုလဲ joints တွေမှာ dowel bar တွေ သုံးခြင်းဖြင့်လည်းကောင်း၊ reinforcement တွေကို ကောင်းစွာ ဖြန့်ထားခြင်းဖြင့်လည်းကောင်း၊ Slabs တွေရဲ့ အနားသတ်တွေကို ပိုထူအောင် လုပ်ပေးခြင်းဖြင့်လည်းကောင်း လျော့နည်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ ဒီလို joints တွေကို သေချာစွာ နေရာချထားခြင်းအားဖြင့် ဖြစ်ချင်တဲ့နေရာမှဖြစ်တဲ့ random cracking တွေကို လျော့နည်းစေနိုင်မှာဖြစ်ပြီး seal လုပ်ရာမှာလည်း ပိုမိုလွယ်ကူစေပါမယ်။
အောက်ခံ အပျော့အမာ မတူညီတဲ့အပေါ်မှာ Slab on grade ခင်းမယ်ဆိုရင်လဲ အဲဒီနေရာတွေမှာ အက်ကွဲကြောင်းတွေ ပေါ်တတ်တဲ့အတွက် contraction joint တွေ လုပ်ပေးသင့်ပါတယ်။
Joints layout and spacing
Contraction Joints တွေကို နေရာချတဲ့အခါ slab ပေါ်မှာ လေးထောင့်ပုံ အကွက်လေးတွေဖြစ်အောင် ထားပေးရပါမယ်။ စတုရန်းပုံဖြစ်ရင် ပိုကောင်းပါတယ်။ လေးထောင့်ပုံဖြစ်မယ်ဆိုရင် ရှည်တဲ့အနားဟာ တိုတဲ့အနားရဲ့ 1.5 ဆထက် မကျော်သင့်ပါဘူး။ ACI 302.1R အရ အနားတွေရဲ့ အချိုး 1.5 ထက်ကျော်ခဲ့ရင် Excessive cracks တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
Joints တွေရဲ့ တစ်ခုနဲ့တစ်ခု အကွာအဝေး (spacing) အနေနဲ့ ACI 302 အရ Slab အထူရဲ့ ၂၄ ဆ ကနေ ၃၆ ဆ ကြား ထားရှိသင့်ပါတယ်။ အဲဒီ သတ်မှတ်ချက် range ထဲမှာ High Slump concrete တွေ သုံးမယ်ဆိုပါက spacing ကို စိပ်ပေးသင့်ပြီး Low Slump concrete တွေသုံးပါက spacing ကျဲကျဲ ထားပေးနိုင်ပါတယ်။
Types of Contraction Joints
Sawed Joints
Saw cutting လို့ခေါ်တဲ့ စိန်သွားတပ် လွှသွားဝိုင်း (Diamond Saw) တွေ အသုံးပြုပြီး ကွန်ကရစ် slab ကို ဖြတ်တဲ့စနစ်ဟာ အသုံးများတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
Saw cutting နည်းစနစ်တွေအနေနဲ့ နည်း ၃ နည်း ရှိပါတယ်။ အဲဒါတွေက conventional wet cut, conventional dry cut နဲ့ early entry dry cut နည်းစနစ်တွေပဲ ဖြစ်ပါတယ်။
Saw cutting ကို
၁။ ကွန်ကရစ် စပြီး မအေးသွားခင်။
၂။ကွနိကရစ် စတင် မာလာပြီး blade ကြောင့် ကွန်ကရစ် မျက်နှာပြင် မထိခိုက်စေမယ့်အချိန်။
၃။ Concrete slab ရဲ့ မျက်နှာပြင်မှာ random drying cracks တွေ မဖြစ်ပေါ်လာသေးခင် အချိန်တွေမှာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ကွန်ကရစ် စတင်အေးသွားပြီဆိုတာနဲ့ တပြိုင်နက် ကွန်ကရစ်သားထဲမှာ ကျုံ့ဝင်မှုကြောင့် ဖြစ်လာတဲ့ ဒါဏ်အား (shrinkage stress) တွေ စတင်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ saw cutting လုပ်တာ နှောင့်နှေးကြန့်ကြာခဲ့မယ် ဆိုပါက saw cutting မလုပ်ခင်မှာပဲ အက်ကြောင်းတွေ စတင် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် saw cutting နှောင့်နှေးကြန့်ကြာခဲ့ပါက cutting လုပ်တဲ့ နေရာကနေ စတင်ပြီး slab ရဲ့ အဆုံးဘက်တွေဆီကို အက်ကြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီတော့ ဘယ်အချိန်မှာ Saw Cutting ကို လုပ်ပေးရမလဲ?
Conventional နည်းစနစ်တွေသုံးပြီး saw cutting ပြုလုပ်မယ်ဆိုပါက ကွန်ကရစ်လောင်းပြီး ၄ နာရီကနေ ၁၂ နာရီကြားအတွင်း cutting ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရာသီဥတုပူပြင်းပါက (hot weather အတွက်) ၄ နာရီအကြာမှာလုပ်ရမှာဖြစ်ပြီး ရာသီဥတု အေးပါက (Cold Weather အတွက်) ၁၂ နာရီ အကြာမှာလုပ်ရမှာဖြစ်ပါတယ်။ Early-entry dry saw cutting နည်းစနစ်ကို အသုံးပြုမယ်ဆိုပါက ရာသီဥတုပူရင် ၁ နာရီအကြာနဲ့ ရာသီဥတုအေးရင် ၄ နာရီအကြာမှာ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Steel fibre reinforcement တွေအသုံးပြုမယ်ဆိုရင် saw cutting time က ဒီထက် ပိုမိုကြာမြင့်နိုင်ပါတယ်။
ဖြတ်ရမယ့်အနက်က conventional နည်းစနစ်တွေကို အသုံးပြုပါက slab ရဲ့ အထူ လေးပုံတစ်ပုံ သို့မဟုတ် အနည်းဆုံး ၁ လက်မ အနက် ဖြတ်ထုတ်ရပါမယ်။ Steel fibre reinforced concrete slab တွေအတွက် ဆိုရင်တော့ Slab အထူရဲ့ သုံးပုံတစ်ပုံ အနက်ရအောင် ဖြတ်ပေးရပါမယ်။
နောက် Joint အမျိုးအစားတစ်ခုကတော့ Hand-tooled or preformed joint ဖြစ်ပါတယ်။ ဒီနည်းမှာ ကွန်ကရစ် လောင်းနေစဉ် လက်သုံးကရိယာတွေသုံးပြီး လိုအပ်တဲ့အနက်ရတဲ့အထိ မြောင်းပြုလုပ်ပေးခြင်း၊ ပလတ်စတစ် သို့မဟုတ် သစ်သားချောင်းကို ထည့်ခြင်း စတာတွေနဲ့ ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီနည်းဟာ slab ထူတဲ့အခါ လုပ်ရခက်တဲ့အတွက် Slab ရဲ့အောက်ခြေမှာ premolded insert တစ်ခုခု ထည့်ပေးခြင်း နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အပေါ်နဲ့အောက် မြောင်း ၂ ခုရဲ့ စုစုပေါင်း အထူကတော့ slab အနည်းဆုံး အထူရဲ့ လေးပုံတစ်ပုံ ရှိရမှာဖြစ်ပါတယ်။
Load Transfer
Contraction joints တွေဟာ slab ပြင်ကြီးတစ်ခုလုံးကို slab သေးသေးလေးတွေအဖြစ် စိတ်ပိုင်းလိုက်တဲ့အတွက် အဲဒီ Joints တွေဟာ Vertical load တွေကို slab တစ်ခုကနေ တစ်ခုကို ကူးပြောင်းပေးနိုင်စွမ်း ရှိဖို့လိုအပ်ပါတယ်။ အဲဒီလို Load တွေ ကူးပြောင်းတဲ့ နေရာမှာ aggregate interlock ကနေ ကူးပြောင်းခြင်းဖြင့် လည်းကောင်း၊ Shear Keys တွေကနေတဆင့် ကူးပြောင်းခြင်းဖြင့် လည်းကောင်း၊ Dowel တွေကနေ တဆင့်လည်းကောင်း ကူးပြောင်းနိုင်ပါတယ်။
Aggregate interlock အနေနဲ့ ကူးပြောင်းတာက crack သေးငယ်ပြီး Load နည်းပါးတဲ့အခါမျိုးမှာပဲ သင့်တော်ပါတယ်။ ဒါ့အပြင် အောက်ခံ မြေသား ကောင်းမကောင်းအပေါ်မှာလဲ မူတည်ပါတယ်။ Load အနေနဲ့ 5000 lb (20kN) ထက်နည်းရင် ပျက်စီးမှု နည်းပါးတာကို တွေ့ရပါတယ်။
Key Joints တွေကိုတော့ ကွန်ကရစ်လောင်းစဉ်ထဲက တစ်ခါထဲ ပုံစံရိုက်ပြီး ပြုလုပ်ပေးရတာဖြစ်ပါတယ်။ Key Joints တွေကို ၆ လက်မထက် ပိုပါးတဲ့ Slab တွေမှာ အသုံးမပြုသင့်ပါဘူး (ACI 302.1R)။
Dowelled Joints တွေကို Heavy Load တွေ ခံရတဲ့ Slab တွေမှာ အသုံးပြုပါတယ်။ ဒီ Joint မှာ Slab တစ်ခုကနေ တစ်ခုက Dowels တွေကတစ်ဆင့် load တွေ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ Dowel တွေကို Level ကျအောင် ထားရမှာ ဖြစ်ပြီး Slab အထူရဲ့ အလယ်မှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Horizontal Movements တွေ ဖြစ်နိုင်စေဖို့အတွက် Dowel bar တွေရဲ့ အနည်းဆုံး တစ်ဘက်ဟာ concrete နဲ့ တွဲဆက် မနေရပါဘူး။ Plain bar တွေကိုသာ Dowel အနေနဲ့ အသုံးပြုသင့်ပါတယ်။ ကွန်ကရစ်နဲ့ တွဲကပ်မှု (Bond) မဖြစ်ဖို့အတွက် Dowel တွေကို အမဲဆီ သုတ်လိမ်းပေးခြင်း ဒါမှမဟုတ် bond breaking plastic တွေနဲ့ ပတ်ပေးခြင်း စတာတွေကို လုပ်ပေးရပါမယ်။ ACI 302.1R က အကြံပြုထားတဲ့ Dowel sizes တွေနဲ့ Spacing တွေကို ပူးတွဲပါ ဇယားမှာ ကြည့်ရှုနိုင်ပါတယ်။
Reference ACI 224.3R-95, ACI 302.1R-96

 Aung Hsu Myat
13 June 2016
ACI 224.3R ကို လိုချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။ ဒီစာအုပ်ကိုပဲ (Reapproved 2013) version ကို ACI Website မှာ PDF ကို 96.5$ နဲ့ ၀ယ်ယူနိုင်ပါတယ်။
https://www.google.com.sg/url…

No comments:

Post a Comment