-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Sunday, June 19, 2016

Rotary Mixer or Soil Stabilizer


Rotary mixer များကို road reclamation လုပ်ရာတွင်လည်းကောင်း၊ soil stabilization လုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ထိုကြောင့် အသုံးပြုပုံပေါ်မူတည်၍ Road Reclaimer သို့မဟုတ် Soil Stabilizer ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ ထို့အပြင် rotary mixer များကို အခြား special applications များဖြစ်သော Surface Mining လုပ်ရာတွင်လည်းကောင်း၊ haul road များဖောက်လုပ်ရာတွင်လည်းကောင်း၊ agricultural လုပ်ငန်းခွင်များအတွက်လည်းကောင်း၊ bio-remediation ခေါ် contaminated soil ပျက်စီးနေသောမြေသားများကို ပြန်လည်ပြု ပြင်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။
Full depth reclamation ဆိုသည်မှာ road maintenance အမျိုးအစားတစ်မျိုးဖြစ်ပြီး flexible pavement တစ်ခုလုံးနှင့် base layer ၏ အစိတ်အပိုင်းတချို့အထိကို ဖြတ်တောက်၊ရောစပ်မွှေနှောက်အမှုန့်ခြေလိုက်ခြင်း (Pulverize) ဖြင့် stabilized base course ကိုပြန်လည်ရရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ Pavement layer ၏လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် လိုချင်သော end results များပေါ်တွင်မူတည်၍ ကတ္တရာမျက်နှာပြင်တစ်ခုလုံးနှင့် base materials ၏ တစိတ်တဒေသကို ရောစပ်မွှေနှောက်အမှုန့်ခြေနိုင်ရန်အတွက် rotor ၏အနက်ကို စက်၏အသုံးပြုနိုင်သော maximum mixing depth အထိ လိုအပ်သလို ချိန်ညှိပေးနိုင်သည်။ Reclamation လုပ်လိုက်ခြင်းဖြင့် ယခင်က လမ်းပေါ်တွင်ရှိသော အက်ကွဲကြောင်းများ (cracks)၊ ဘီးချိုင့်ရာများ (ruts)၊ မညီမညာသောမျက်နှာပြင်များ (bumps)၊ လမ်းပေါ်ရှိတွင်း၊ကျင်း၊ချိုင့်များ (potholes) ပျောက်ပျက်သွားစေပြီး ခိုင်မာသော base course ကို ပြန်လည်ရရှိစေသည်။ Full-depth reclamation process ၏ အားသာချက်များမှာ ရောမွှေထားသော ကတ္တရာနှင့် အခြား base materials များကို အခြားနေရာများသို့ သယ်ယူပို့ဆောင်ရန်မလိုအပ်ပဲ in-place နေရာ၌တွင်ပင်လုပ်ဆောင်နိုင်ခြင်း၊ production rate အနေဖြင့် ပုံမှန်အားဖြင့် တစ်နေ့လျင် နှစ်လမ်းသွားလမ်း တစ်မိုင်ခန့်အထိ လုပ်ဆောင်ပေးနိုင်ခြင်း၊ လမ်းတစ်ခြမ်းခြင်းစီ လုပ်ငန်းလုပ်ဆောင်နိုင်ခြင်းကြောင့် လမ်းပိတ်ထားရန်မလိုခြင်း၊ လမ်းဟောင်းရှိ aggregates ကျောက်များပြန်လည်အသုံးပြုနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိစေသည်။ အခြားသော လမ်းပြုပြင်ထိန်းသိမ်းရေးနည်းစနစ်များနှင့် နှိုင်းယှဉ်ပါက reclamation process သည် ရေရှည်တွင် အချိန်ကုန်၊ငွေကုန်သက်သာစေခြင်းစေကြောင့် အသုံးများသည်။
Soil stabilization ဆိုသည်မှာ လမ်းလုပ်ငန်းခွင်များတွင်. အောက်ခံမြေသား၏ engineering properties များကို mechanical နည်း သို့မဟုတ် chemical နည်းအားဖြင့် ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ပေးသော process ဖြစ်သည်။ Soil stabilization process တွင် အောက်ခံမြေသားနှင့် additives များဖြစ်သော dry chemicals သို့မဟုတ် asphalt emulsions သို့မဟုတ် aggregates များကို rotary mixer ၏ mixing chamber ထဲတွင် ရောမွှေခြင်းဖြင့် homogenous, well graded and consistent mixture ကို နေရာ၌တွင်ပင် (in situ) ရရှိစေသည်။ ထို့အပြင် မြေသား၏ အစိုဓါတ်ပါဝင်မှု Moisture content ကိုလည်း လိုအပ်သလို ထိန်းချုပ်ပေးနိုင်သည်။ ဥပမာအားဖြင့် moisture content များနေသောမြေဆိုပါက compaction မလုပ်မီ လေသလပ်ခံပေးခြင်း၊ သို့မဟုတ် လိုအပ်သော moisture content မမှီပါက mixing လုပ်နေစဉ်တွင် စက်၌တပ်ဆင်ထားသော water pump မှ လိုအပ်သော ရေပမာဏကို တွက်ချက်၍ တိကျစွာဖြန်းပေးနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
အသုံးပြုမည့် application ပေါ်တွင်မူတည်၍ Rotary mixer များတွင် universal rotor, soil rotor သို့မဟုတ် combination rotor တို့ကို ရွေးချယ် အသုံးပြုနိုင်သည်။

 ဝိုင်ကေတီ (စက်မှု)

1 comment:

  1. I want to share with you all here on how I get my loan from Mr Benjamin who help me with loan of 400,000.00 Euro to improve my business, It was easy and swift when i apply for the loan when things was getting rough with my business Mr Benjamin grant me loan without delay. here is Mr Benjamin email/whatsapp contact: +1 989-394-3740, Lfdsloans@outlook.com / 

    ReplyDelete