-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Sunday, June 19, 2016

Flexible Pavement Distresses (1)


- Rutting ဆိုတာဘာကိုပြောတာလဲ။
ကားဘီးသွားရာလမ်းကြောင်းတလျောက် ကတ္တရာမျက်နှာပြင်နိမ့်ကျသွားခြင်းကို rutting (ဘီးရာချိုင့် သို့မဟုတ် လှည်းပုံတောင်းရာ) ဖြစ်တယ်လို့ခေါ်တယ်။ Rutting မှာ အခြေခံအားဖြင့် mix rutting နဲ့ subgrade rutting ဆိုပြီး နှစ်မျိုးရှိတယ်။ အောက်ခံမြေသားအလွှာ subgrade အထိ rutting မဖြစ်ဘဲ အပေါ်နိုင်လွန်ကတ္တရာအလွှာများမှာသာ ruttting ဖြစ်ပေါ်နေခြင်းကို mix rutting လို့သုံးပြီး excessive traffic load ကြောင့် အပေါ်ကတ္တရာလွှာများသာမကပဲ subgrade ထိ... နိမ့်ကျနေခြင်းကို subgrade rutting လို့သုံးတယ်။
- Rutting ဘာကြောင့် ဖြစ်တာလဲ။
Rutting ဖြစ်စေတဲ့ အဓိကအကြောင်းအရာက traffic loading ကြောင့်ပဲ။ Traffic load ကြောင့် နိုင်လွန်ကတ္တရာသားတွေ ဘေးတိုက်ရွေ့ပြီး တနေရာမှာစုပုံသွားတာ rutting ဖြစ်တာပဲ။ အသေးစိတ်ပြောရမယ်ဆိုရင် rutting ဖြစ်စေတဲ့အကြောင်းတွေက
- လမ်းခင်းလမ်းကြိတ်စဉ်မှာ လုံလောက်တဲ့သတ်မှတ် density ပြည့်အောင် လမ်းမကြိတ်ခဲ့ခြင်း (insufficient compaction)
- လမ်းရဲ့ pavement structure အားနည်းချို့ယွင်းချက်ကြောင့် ဖြစ်စေတဲ့ subgrade rutting
- နိုင်လွန်ကတ္တရာ mix design မမှန်ခြင်း (ဥပမာ. ကတ္တရာအရည်ပါဝင်မှု အလွန်အမင်းများခြင်း (excessively high asphalt content)၊ mineral filler ထည့်တာအရမ်းများခြင်း (excessive mineral filler)၊ လုံလောက်သော angular aggregates ပါဝင်မှုမရှိခြင်း)
-Rutting ကြောင့် ဘာတွေဖြစ်နိုင်လဲ။
Rutting ဖြစ်ရင် ကားရဲ့ စတီယာရင်ထိန်းသိမ်းဖို့ခက်ခဲပြီး ဘီးရာချိုင့်ထဲသို့ ကားကိုဆွဲချခြင်းဖြစ်နိုင်တယ့်အပြင် မိုးရွာပါက ဘီးရာချိုင့်ထဲရေဝပ်ပြီး hydroplaning ကြောင့် ယာဉ်အန္တရာယ်ဖြစ်စေနိုင်ခြင်း တို့ဖြစ်စေနိုင်တယ်။
- Rutting ဖြစ်နေတဲ့လမ်းကို ဘယ်လိုပြုပြင်ရမလဲ။
ပြုပြင်ဖို့ဆိုရင် ဘာကြောင့် rutting ဖြစ်တယ်ဆိုတဲ့ အခြေခံရင်းမြစ် (root cause of failure) ကို အရင်ဆုံးရှာဖွေရမယ်။ အဲဒီ ရင်းမြစ်ကိုသိပြီးပြုပြင်မှ ကောင်းမွန်မှန်ကန်တယ့် ဘယ်လိုပြင်သင့်တယ် ဆိုတဲ့ အဖြေကို ရမယ်။
rutting အနက် တလက်မရဲ့သုံးပုံတစ်ပုံထက် မများရင် ဘာမှပြုပြင်မှုမလုပ်ဘဲ ထားနိုင်တယ်။ အဲဒီထက်များသွားရင်တော့ leveling လုပ်၍ဖြစ်စေ၊ milling လုပ်၍ဖြစ်စေ လမ်းသားညီအောင် အရင်ပြုပြင်ပြီး overlay ထပ်ပိုးလွှာ ထပ်ခင်းခြင်းဖြင့်ပြုပြင်နိုင်တယ်။
 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment