-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Sunday, June 19, 2016

Asphalt binder ၏ grade ခွဲခြားသတ်မှတ်သည့် စနစ်များ

လက်ရှိ မြန်မာနိုင်ငံမှာ ကတ္တရာ ဂရိတ် ၈၀/၁၀၀ အများဆုံး သုံးခဲ့ကြတယ်။ ယခုအခါ ၆၀/၇၀ ပြောင်းသုံးဖို့ ညွှန်ကြားလာပါတယ်။ အဲလို ပြောင်းသုံးခြင်းဖြင့် ဘာတွေပြောင်းလဲသွားမလဲ။ လမ်းခင်းရာ နဲ့ လမ်းကြိတ်ရာမှာ ဘာတွေဂရုစိုက်ရမလဲလို့  အင်ဂျင်နီယာ လေးငါးယောက်ကမေးလာပါတယ်။
Asphalt binder ၏ grade ခွဲခြားသတ်မှတ်သည့် စနစ်များနဲ့  တခြားသိသင့်တာတွေကို ဖေါ်ပြလိုက်ပါတယ်။
Asphalt binder ၏ grade များကို ခွဲခြားသတ်မှတ်သည့် စနစ်များမှာ
- Penetration Grading System
- Viscosity Grading System
- Viscosity of Aged Residue Grading System နှင့်
- Superpave Performance Grading System တို့ဖြစ်သည်။
မြန်မာနိုင်ငံမှာတော့ penetration grading ဘဲအသုံးများတယ်ထင်တယ်။
Penetration Grading System
Penetration test သည် အဓိကအားဖြင့် ကတ္တရာ၏ hardness ကိုတိုင်းတာခြင်းဖြစ်သည်။ ကတ္တရာ၏ hardness ကို စမ်းသပ်ရာ၌ 25 C (77 F) ထိ အပူပေးထားသော ကတ္တရာပေါ်သို့ အလေးချိန် 100-gram ဖြင့်ဖိထားသော အပ်တစ်ချောင်းကို အချိန် ၅-စက္ကန့်ကြာအောင်ထား၍ ကတ္တရာအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသော အကွာအဝေးကို တိုင်းတာသည်။ နစ်ဝင်သွားသော အကွာအဝေး 0.1-mm ကို ကတ္တရာ၏ penetration grade တစ်ယူနစ်ဟု သတ်မှတ်သည်။ ဥပမာအားဖြင့် အပ်၏ ထိုးဖောက်ဝင်ရောက်သွားသော အကွာအဝေးသည် 8-mm ဖြစ်ပါက ၎င်းကတ္တရာ၏ penetration grade ကို 80 ဟု သတ်မှတ်သည်။ Penetration grade ကြီးလေလေ ကတ္တရာ ပျော့လေလေ ဖြစ်ပြီး Penetration grade ငယ်လေလေ ကတ္တရာ မာလေလေ ဖြစ်သည်။ Penetration grade များကို range အနေဖြင့်သတ်မှတ်လေ့ရှိပြီး 40/50, 60/70, 80/100, 120/150, 150/200, 200/300 စသည်ဖြင့်ရှိသည်။ Penetration Grading System တွင် binder ကို unaged condition တွင် စမ်းသပ်သည်။ အထက်ပါ Penetration test ကို ASTM D5 အရ စမ်းသပ်သည်။
နိုင်လွန်ကတ္တရာ mix design အတွက် AC binder (ကတ္တရာရည်) ရွေးရာမှာ ၎င်း binder ရဲ့ temperature vs viscosity characteristics ကိုသိဖို့ အရေးကြီးတယ်။ အဓိကအားဖြင့် temperature 85C (185F) ကနေ 163C (325F) ကြားမှာရှိတဲ့ temperature နဲ့ viscosity ရဲ့ ဆက်သွယ်မှုကို သိဖို့လိုတယ်။
AC binder ရဲ့ temperature ပြောင်းလဲမှုပေါ်မူတည်ပြီး viscosity ပြောင်းလဲမှုကို binder's temperature susceptible လို့သုံးတယ်။ High temperature susceptibility ရှိတဲ့ ကတ္တရာရည်ဟာဆိုရင် အပူချိန်နည်းနည်းပြောင်းတာနဲ့ viscosity ပြောင်းမှုနှုန်းများတယ်။ Penetrating grading system မှာ ကတ္တရာရဲ့ grade ကို သတ်မှတ်ရာမှာ အပူချိန် 25C မှာသာစမ်းသပ်ထားတာဖြစ်တယ်။ Penetrating grading system အရ grade ချင်းတူသော်လည်း temperature susceptibility characteristics ခြင်းမတူလျင် viscosity ပြောင်းလဲမှုနှုန်းမတူနိုင်ပေ။ အဲဒါကြောင့် mix ကို production လုပ်ရာမှာရော၊ placement လုပ်ရာမှာပါ temperature susceptibility characteristics ကို သိဖို့ အရေးကြီးတယ်။
Temperature susceptibility characteristics က compaction process အပေါ်မှာ လွှမ်းမိုးမှုရှိတယ်။ High temperature susceptibility ရှိတဲ့ binder ကိုသုံးထားတဲ့ mix က low temperature susceptibility ရှိတဲ့ binder ကို သုံးထားတဲ့ mix ထက် မြန်မြန် stiff ဖြစ်လေ့ မာလေ့ရှိတယ်။
အဓိက သတိထားရမှာက penetration grade ချင်းတူသော်လည်း ဝယ်ယူတဲ့ source ပေါ်မူတည်ပြီး temperature susceptibility characteristics မတူလျင် compaction procedure တွေ မတူဘူးဆိုတာ သတိထားစေချင်ပါတယ်။
မေးခွန်းကို ဖြေရရင် ၆၀/၇၀ ဂရိတ် လို့ ပြောတာနဲ့ ဘာတွေဆောင်သင့်တယ် ဘာတွေရှောင်သင့်တယ်ဆိုတာ ပြောရခက်ပါတယ်။ mix design နဲ့  job-mix formula တွေကိုလေ့လာဖို့  လိုပါလိမ့်မယ်။
နောက်တစ်ချက်က ဘာကြောင့် ၈၀/၁၀၀ ဂရိတ် ကနေ ၆၀/၇၀ ဂရိတ်ကိုပြောင်းရတာလဲ ဆိုတာ သိဖို့ လိုပါမယ်။ သိရသလောက်ကတော့ rutting တွေ bleeding တွေ ဖြစ်တာက မြန်မာနိုင်ငံရဲ့ ambient temperature ကမြင့်တော့ ၈၀/၁၀၀ ဂရိတ်က ပျော့တယ်။ သူ့ ထက်မာတဲ့ ၆၀/၇၀ ဂရိတ်ကိုပြောင်းသုံးသင့်တယ်၊ ambient temperature ချင်း မတိမ်းမယိမ်းရှိတဲ့ ထိုင်းနိုင်ငံမှာလည်း ၆၀/၇၀ အသုံးများတယ် ဆိုပြီး တာဝန်ရှိသူတချို့  ကောက်ချက်ဆွဲရာမှ စတယ်လို့ ကြားရတယ်။ Root cause analysis လုပ်ပြီး အဖြေရှာရာမှ ထွက်လာသော အဖြေဆိုပါက ၎င်းသို့ ပြောင်းလိုက်ခြင်းဖြင့် လိုချင်သော result ကိုရမည်ဖြစ်သော်လည်း အနာနှင့်ဆေး ကိုက်အောင် မပေးနိုင်ပါက မှန်ကန်သောအဖြေနှင့် ဝေးနေမည်ဖြစ်ပါကြောင်း။

 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment