-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၄)



- Compactor တွေ ဝယ်ယူရာမှာ Centrifugal force ဆိုတာ specifications တွေအထဲမှာ တစ်ခုအနေနဲ့ပါတာကိုတွေ့ရတယ်။ အဲဒီ centrifugal force က ဘာကိုပြောတာလဲ၊ operators တွေရောသိဖို့လိုသလား။
ဟုတ်တယ်။ centrifugal force တန်ဖိုးတွေကို specifications catalog လို့ခေါ်တဲ့ specalog တွေမှာထည့်ပေးလေ့ရှိသော်လည်း operators တွေ quality control personnel တွေ အတွက်တော့ လက်တွေ့အသုံးမဝင်ပါဘူး။ Centrifugal force တန်ဖိုးက compactor deisgn engineers တွေအနေနဲ့ compactor ကို deisgn လုပ်ရာမှာ drum ရဲ့ weight ရယ်၊ eccentric weight ရဲ့ mass ရယ်၊ speed of rotation of eccentric weight ရယ်၊ အဲဒါတွေကို balance ဖြစ်အောင်တွက်ချက်ရာမှာ အဓိကသုံးတာပါ။

တော်တော်များများ စက်ရောင်းသူတွေရော၊ ဝယ်ယူသူတွေရောကပါ centrifugal force များရင် compaction energy များတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ အဲဒီအယူအဆက မမှန်ပါဘူး။ အောက်က centrifugal force တွက်တဲ့ formula ကို ကြည့်လိုက်ရင် ပိုပြီးရှင်းပါလိမ့်မယ်။
F = m ω2 r
m = mass of eccentric weight
ω = speed of rotation
r = radius of eccentric weight rotation
ဒီ equation မှာ အဓိကကျတာက speed of rotation တနည်းအားဖြင့် frequency ဘဲ။ Frequency များရင် centrifugal force သိသိသာသာများလာမယ်။ Compactor တွေမှာ high frequency သုံးမည်ဆိုရင် low amplitude ဘဲသုံးလို့ရတယ်။ High amplitude သုံးမည်ဆိုရင် low frequency ဘဲသုံးလို့ရတယ်။ ပြီးခဲ့တဲ့အပိုင်း(၃) မှာ ဆွေးနွေးခဲ့တာကိုပြန်ကြည့်ရင် High amplitude က high compaction energy ဘဲ။
အဲဒါအပြင် Centrifugal force ကြောင့် drum အထက်အောက်ရွေ့ရှားမှုဖြစ်စေတယ်။ Drum weight များရင် up and down movement နည်းပြီး၊ drum weight နည်းရင် up and down movement များမယ်။ အဲဒါကြောင့် drum နဲ့ york တို့ရဲ့ weight တွေကလည်း amplitude ကိုဆုံးဖြတ်ရာမှာ အရေးပါတယ်။
အဲဒါကြောင့် စက်ဝယ်ယူသူတွေအနေနဲ့ စက်ရဲ့ compaction performance တွေက centrifugal force တစ်ခုတည်းပေါ်မူတည်နေတာမဟုတ်ဘဲ အခြားသော characterisitcs တွေဖြစ်တဲ့ amplitude, frequency, drum weight, york weight စတာတွေပေါ်မှာပါမူတည်နေတာ ကိုသိဖို့လိုပါတယ်။
- High amplitude မှာဘာကြောင့် low frequency ဘဲသုံးလို့ရတာလဲ။
Compactor တွေမှာ high amplitude က eccentric weight အများဆုံးအခြေအနေမှာဖြစ်တာ။ Eccentric weight များလေလေ ၎င်း eccentric weight တပ်ထားတဲ့ shaft မှာသက်ရောက်တဲ့ load များလေလေဖြစ်ပြီး အဲဒီဝင်ရိုးကို speed များများနဲ့လည်ခိုင်းရင် ဝင်ရိုးနဲ့ bearings များပွန်းစားမှုမြန်ခြင်း၊ overheat ဖြစ်ခြင်းတို့ဖြစ်နိုင်တဲ့အတွက်ကြောင့် high amplitude မှာ low frequency ဘဲ သုံးလို့ရအောင် ဒီဇိုင်းပြုလုပ်ထားတာဖြစ်တယ်။
Low amplitude မှာကျတော့ eccentric weight နည်းတဲ့အတွက် shaft နဲ့ bearings ပေါ်သက်ရောက်တဲ့ load နည်းတဲ့ အတွက် shaft ကိုမြန်မြန်လည်ခိုင်းခွင့်ပြုနိုင်တယ်။ အဲဒါကြောင့် low amplitude မှာ high frequency သုံးလို့ရတယ်။
- အဲဒါဆို eceentric weight ရဲ့ shaft ကို lubrication ကောင်းကောင်းပေးဖို့လိုတာပေါ့။
ဟုတ်ပါတယ်။ compactor တွေမှာ များသောအားဖြင့် စက်ရွေ့ရှားနေစဉ်တိုင်း eccentric weight shaft ကို အလိုအလျောက် lubricate လုပ်ပေးပါတယ်။ စက်ရပ်လိုက်ရင် lubrication လုပ်နေတာလည်းရပ်သွားပါတယ်။ Vibration သုံးနေစဉ်တိုင်းမှာ lubrication မပြတ်ဖို့လိုပါတယ်။ အဲဒါကြောင့် စက်ထုတ်လုပ်သူတိုင်းက စက်မရွေ့သေးတဲ့အချိန်မှာ vibration မသုံးဖို့ recommend လုပ်ထားပါတယ်။ နောက်ပိုင်း ခေတ်ပေါ်စက်များမှာတော့ စက်ရပ်နေချိန်တွင် vibration အသုံးပြုလို့မရအောင် electronically limit လုပ်ထားပါတယ်။
- Oscillation force အကြောင်း ပြောပြပါဦး။
Oscillation force ကလည်း manipulation force တစ်မျိုးဖြစ်ပြီး အားမပြင်းတဲ့အမျိုးအစားဖြစ်တယ်။ Vibration force တွေက drum နဲ့ ကတ္တရာမျက်နှာပြင်ထိတွေ့နေတဲ့ contact area ပေါ်လိုက်ပြီး အားတွေသက်ရောက်ပေမဲ့ ကတ္တရာမျက်နှာပြင်ပေါ်သို့ထောင့်မှန်ကျ သက်ရောက်တဲ့ အားကပိုပြီးပြင်းထန်တယ်။ အဲဒါကြောင့် တော်တော်များများက အလွယ်တကူအနေနဲ့ vibration force တွေက ကတ္တရာမျက်နှာပြင်ပေါ်ကို ထောင့်မှန်ကျ သက်ရောက်တယ်လို့ဘဲ ပြောကြလေ့ရှိတယ်။
Oscillation force တွေကတော့ ကတ္တရာရဲ့မျက်နှာပြင်ပေါ်ကို drum ရဲ့အတွင်းမှာရှိတဲ့ oscillation mechanism မှတဆင့် tangential သက်ရောက်စေတယ်။ Oscillation သုံးတဲ့ compactor တွေမှာ oscillation အပြင် vibration ကိုပါတွဲသုံးလေ့ရှိတယ်။ ဥပမာ HAMM compactors တွေမှာ oscillation drum ကို စက်ရဲ့နောက်မှာတပ်ပြီး vibration drum ကို စက်ရဲ့ အရှေ့မှာတပ်သုံးတယ်။ Sakai compactors တွေမှာဆိုရင် အရှေ့ရော အနောက်မှာပါ oscillation ရော vibration ပါ ရွေးချယ်ပြီးသုံးလို့ရတဲ့ drum တွေတပ်ထားတယ်။
- Oscillation ရဲ့ အားသာချက်ကဘာလဲ။
Oscillation force တွေက vibration force တွေလောက် မပြင်းထန်ခြင်း၊ စက်သံဆိတ်ငြိမ်ခြင်း စတာတွေကြောင့် အဆောက်အဦးတွေနဲ့ နီးကပ်တဲ့နေရာမှာ လမ်းကြိတ်ခြင်း၊ တံတားတွေပေါ်မှာ လမ်းကြိတ်ခြင်းတို့မှာ အသုံးပြုလေ့ရှိတယ်။ ကတ္တရာသိပ်မထူသောအလွှာများ နဲ့ tender mixes တွေမှာ အသုံးပြုနိုင်တယ်။ Oscillation စက်ထုတ်လုပ်သူတွေရဲ့အဆိုအရ vibration compactor တွေထက် overall compaction value ပိုကောင်းတယ်လို့ဆိုတယ်။ သို့သော် အဲလို compaction value ကောင်းကောင်းရဖို့အတွက် အကြိမ်ရေပိုပြီးကြိတ်ဖို့လိုတယ်လို့ အသုံးပြုသူများကဆိုကြတယ်။
- Oscillation ရဲ့ အားနည်းချက်တွေကရော။
Oscillation compactor တွေမှာ oscillation ရဲ့ frequency နည်းတဲ့အတွက် optimum compaction performance ရဖို့ဆိုရင် compaction speed များများမောင်းဖို့ မသင့်ဘူး။ Oscillation machine တွေမှာ စက်မောင်းတဲ့ speed များရင် drum ကပေးတဲ့ tangential force တွေရဲ့ effect ကြောင့် ကတ္တရာမျက်နှာပြင်ကိုတွန်းထုတ်သွားတတ်ပြီး ripples လို့ခေါ်တဲ့ လှိုင်းတွန့်ထခြင်း၊ ကတ္တရာမျက်နှာပြင်များပေါက်ပြဲခြင်းတို့ ဖြစ်နိုင်တယ်။
Compaction speed နှေးတဲ့အတွက် paving train တစ်ခုလုံး လိုက်နှေးပေးရတဲ့အတွက် production rate ကျနိုင်တယ်။
Drum ရဲ့ ပွန်းစားမှုနှုန်းများတယ်။
Oscillation force က low force ဖြစ်တဲ့အတွက် ကတ္တရာသားအပါးလွှာအတွက်သာ အသုံးပြုနိုင်ပြီး ကတ္တရာသားထူပါက အကျိုးသက်ရောက်မှုနည်းတယ်။
Oscillation ဖြစ်အောင် ဖန်တီးပေးတဲ့ drum အတွင်းရှိ mechanical system တွေကရှုပ်ထွေးပြီး service ပြုလုပ်ရန် ခက်ခဲပြီး အချိန်ကြာနိုင်တဲ့အတွက် downtime များနိုင်တယ်။
- Compactor တွေမှာရှိတဲ့ forces တွေ၊ သူတို့ရဲ့ characteristics တွေနဲ့ အသုံးပြုပုံတွေတော့ အကြမ်းဖြင်း သိရပါပြီ။ အဲဒီစက်တွေသုံးပြီး နိုင်လွန်ကတ္တရာပေါ်မှာ လိုအပ်တဲ့ density ရအောင် ဘယ်လိုကြိတ်သင့်တယ်၊ ဘာတွေသတိထားသင့်တယ် ဆိုတာလေးတွေပြောပါဦး။
နောက်ရက်မှ ဆက်ကြတာပေါ့


 ဝိုင်ကေတီ (စက်မှု)

No comments:

Post a Comment