-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁၁)


Rolling Patterns
Rolling patterns ဆိုသည်မှာ နိုင်လွန်ကတ္တရာလမ်းကို လမ်းကြိတ်စက်ဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်၍ကြိတ်ရာတွင် အသုံးပြုရမည့် ပုံစံများဖြစ်သည်။ Rolling patterns များဆွဲရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နိုင်လွန်ကတ္တရာအလွှာ တပြင်လုံးတွင် နေရာလပ်မကျန် တူညီသော density ရစေရန်ဖြစ်သည်။ Rolling patterns ဆွဲရာတွင် rolling pattern အသုံးပြု၍ကြိတ်မည့် ကတ္တရာသား၏အထူသည် တသမတ်တည်းနီးပါးရှိဖို့လိုသလို ၎င်းတို့၏အပူချိန်သည်လည်း consistent ဖြစ်နေဖို့လိုတယ်။ သို့မှသာ consistent number of passes, consistent working speed နဲ့ consistent compaction forces တွေအသုံးပြုပြီး ဆွဲထားသော rolling pattern အတိုင်း လမ်းကြိတ်ခြင်းဖြင့် ကတ္တရာအလွှာတပြင်လုံး၌ တူညီသော density ကို ရရှိစေမည်ဖြစ်သည်။ Pass ဆိုသည့်အသုံးအနှုန်းသည် compactor ကြိတ်ရာ direction တစ်ခုအတွက် လမ်းစကြိတ်ရာအမှတ်မှ rolling pattern အဆုံး လမ်းကြိတ်စက်ခေတ္တရပ်ရာ နေရာအထိ တစ်ကြောင်းကို ဆိုလိုတယ်။ ဥပမာအားဖြင့် Rolling pattern စရာနေရာ တနည်းအားဖြင့် လမ်းကြိတ်စက်စကြိတ်ရာနေရာမှ rolling pattern အဆုံး လမ်းကြိတ်စက်ရပ်ရာနေရာအထိကို one pass ဟုခေါ်ပြီး ၎င်းအဆုံးနေရာမှ reverse direction ဖြင့် ပထမလမ်းကြောင်းကြိတ်ရာအတိုင်း ပြန်ကြိတ်ပြီး စတင်ကြိတ်ခဲ့ရာနေရာသို့ ပြန်ရောက်လျင် second pass ဟုသုံးသည်။ Rolling pattern ဆွဲပြီးပါက ၎င်းrolling pattern အတိုင်းအတိအကျ လိုက်နာသင့်ပြီး mix design ပြောင်းခြင်း သို့မဟုတ် ရာသီဥတုအခြေအနေပြောင်းခြင်း မှတပါး rolling pattern မှ သွေဖယ်ခြင်း မလုပ်သင့်ပေ။

အခြေခံ rollng pattern အနေနဲ့ ကတ္တရာအလွှာ၏ ဘေးနှစ်ဘက်စလုံး ဘောင်အတားအဆီးမရှိသော ရေပြင်ညီမျက်နှာပြင်၌ ခင်းထားသော နိုင်လွန်ကတ္တရာလမ်းကို လမ်းကြိတ်ရာတွင်သုံးသင့်သည့် rolling pattern မှာ အောက်ပါအတိုင်းဖြစ်သည်။ ပထမနှစ်ကြောင်းကို လမ်း၏အစွန်းဘက် တစ်ဖက်မှ စတင်ကြိတ်ရမည်။ ပထမတစ်ကြောင်း ကြိတ်ရာအဆုံး၌ လမ်းကြိတ်စက်ကို လမ်း၏အလယ်ဘက်သို့ ၃၀ ဒီဂရီခန့် ချိုး၍ ဖြည်းညင်းစွာ ရပ်ရမည်။ ၎င်းနေရာမှ ပထမကြိတ်လာခဲ့သော လမ်းကြောင်းအတိုင်း reverse direction ဖြင့် ဒုတိယတစ်ကြောင်းကို ကြိတ်ရမည်။ တတိယတစ်ကြောင်းအတွက် လမ်းကြိတ်စက်ကို လမ်းရဲ့အလယ်ဘက်မှာနေရာယူပြီး လမ်းကြိတ်စက်၏ drum ကို ပထမနှစ်ကြောင်းကြိတ်ပြီးသားအလွှာပေါ်သို့ ၆-လက်မခန့် overlap လုပ်ပြီး forward direction အတိုင်းကြိတ်ရမည်။ တတိယတစ်ကြောင်းကြိတ်ရာမှာ ပထမတစ်ကြောင်းထက်ပို၍ ရှည်ရှည်ဆွဲကြိတ်ခြင်းဖြင့် ပထမတစ်ကြောင်းက ကျန်ခဲ့သော drum ၏ ချိုးကွေ့ထားသော အရာများကို ဖျောက်ပေးနိုင်မည်ဖြစ်ပြီး paver နဲ့လည်း မကွာအောင် လိုက်နိုင်ပေမည်။ တတိယတစ်ကြောင်းအဆုံးမှာ ပထမတစ်ကြောင်းကဲ့သို့ drum ကို မကြိတ်ရသေးသောဘက်သို့ ၃၀-ဒီဂရီခန့်စောင်း၍ ဖြည်းညင်းစွာ ရပ်ပေးပြီး စတုတ္တတစ်ကြောင်းကို တတိယတစ်ကြောင်းကြိတ်ရာ လမ်းကြောင်းအတိုင်း reverse direction ဖြင့်ကြိတ်ရမည်။ Pass 5 ကို စရန်အတွက် လမ်းကြိတ်စက်ကို မကြိတ်ရသေးသော လမ်းအစွန်းဘက်သို့ရွှေ့ပြီး တတိယအကြောင်းနှင့် ၆-လက်မခန့် overlap လုပ်ပြီး ကြိတ်ရမည်။ ကြိတ်ကြောင်းရှည်ရှည်ကြိတ်ခြင်းဖြင့် pass 3 က ကျန်ခဲ့သော drum အရာကို ဖြတ်ကြိတ်သွားပြီး drum အရာတွေကို ပျောက်စေမည်။ Pass 5 ၏အဆုံးမှာ drum ကို လမ်း၏အလယ်ဘက်သို့ ၃၀-ဒီဂရီ ခန့်ချိုးကွေ့ရပ်ရမည်။ Pass 6 ကို pass 5 ကြိတ်လာခဲ့ရာ လမ်းကြောင်းအတိုင်း reverse direction ဖြင့် ကြိတ်ရမည်။ Pass 7 ကတော့ နောက်ထပ် pattern ပြန်စရန်အတွက် နေရာပြန်ယူရတဲ့ pass ဖြစ်တယ်။ အထက်ပါ patterns မျိုးကို seven-pass pattern လို့ခေါ်လေ့ရှိတယ်။
အကယ်၍ တာယာရိုလာကို အသုံးပြုခဲ့ပါက pass များ၏အဆုံးများတွင် တာယာများကို မချိုးကွေ့ဘဲ အဖြောင့်အတိုင်း ဖြေးညင်းစွာ ရပ်ရမည်။ တာယာများကို steel drum အသုံးပြုသကဲ့သို့ စောင်း၍ရပ်ပါက ကတ္တရာအလွှာ စုတ်ပြဲခြင်းဖြစ်နိုင်တယ်။ တာယာရဲ့ ကျန်ခဲ့တဲ့ အရာတွေကိုတော့ finish rolling မှာ steel drum တွေက ဖျောက်ပေးနိုင်တယ်။
နောက်ထပ် pattern တစ်ခုအနေနဲ့ ကတ္တရာအလွှာ၏ ဘေးနှစ်ဘက်စလုံး ဘောင်အတားအဆီးမရှိ၊ 2% slope အတိုင်းစောင်းထားသော နိုင်လွန်ကတ္တရာလမ်းကို လမ်းကြိတ်ရာတွင်သုံးသင့်သည့် rolling pattern မှာ ကြည့်ရအောင်။ တစ်ဖက်အစွန်းက (ဘယ်ဘက်က) လမ်းရဲ့အလယ်ဖြစ်ပြီး ညာဘက်အစွန်းက လမ်းအောက်ဖက်အစွန်းဖြစ်တယ်ဆိုပါစို့။ ၎င်းအနေအထားအတွက်ဆိုရင် pass 1 နဲ့ pass 2 တွေကို လမ်းရဲ့ အောက်ဖက်အစွန်ဆုံးက စကြိတ်ရမည်။ Pass 3 နဲ့ pass4 ကို လမ်းရဲ့အလယ် pass 5 နဲ့ pass 6 တွေကို လမ်းရဲ့ အပေါ်ဆုံး အစွန်းဘက်တွေကို ကြိတ်ရမယ်။ အောက်ဆုံးဖက် အစွန်းကိုစတင်ကြိတ်ခြင်းဖြင့် mat deformation ဖြစ်ခြင်းကို သက်သာစေတယ်။ ယေဘူယျအားဖြင့် first pass မှာ drum ရဲ့အစွန်းကို အောက်ဆုံးဖက်ကတ္တရာအလွှာအစွန်းမှ အတွင်းဘက်သို့ ၆-လက်မခန့်ခွာ၍ ကြိတ်သင့်ပြီး second pass ကိုတော့ drum ကို ကတ္တရာအလွှာအစွန်းကို အနည်းငယ်ခန့် overlap လုပ်ကြိတ်သင့်တယ်။ ၎င်းသို့ကြိတ်ခြင်းဖြင့် ကတ္တရာစောင်းများပဲ့ကျခြင်းကို နည်းပါးစေတယ်။ တာယာရိုလာ အသုံးပြုလျင် အောက်ဆုံးဖက်ကတ္တရာအလွှာအစွန်းမှ အတွင်းဘက်သို့ ၆-လက်မခန့်ခွာ၍ ကြိတ်ခြင်းဖြင့် mat deformation ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။
တတိယ pattern တစ်ခုအနေနဲ့ ဒုတိယ pattern ကဲ့သို့ဖြစ်ပြီး အပေါ်ဘက်အစွန်းကို ယခင်ရှိပြီးသော ကတ္တရာအလွှာအဟောင်းနှင့် ချိတ်ဆက်ရမည့် အနေအထားမှာ သုံးသင့်သည့် rolling pattern ကိုကြည့်ရအောင်။ ၎င်းကဲ့သို့ အခြေအနေမှာ သုံးနိုင်တဲ့ pattern နှစ်မျိုးရှိတယ်။ Longitudinal joint ဆက်တဲ့နေရာမှာ joint density specifications ပေးမထားရင် pass 1 ကနေ pass 4 အထိ အပေါ်မှာပြထားတဲ့ ဒုတိယ pattern အတိုင်းကြိတ်နိုင်တယ်။ Pass 5 မှာ joint ကနေ အတွင်းဘက်သို့ အနည်းငယ်ခန့်ခွာပြီး ကြိတ်သင့်ပြီး Pass 6 မှာ joint ကို overlap လုပ်ပြီး ကြိတ်ရမယ်။ အကယ်၍ joint density specification ပေးထားရင် mat temperature အပူဆုံးအချိန်မှာ joint နဲ့ အနီးဆုံးအစွန်းဘက်မှ စတင်ကြိတ်ခြင်းဖြင့် မြင့်မားတဲ့ joint density ကို ရနိုင်တယ်။ First pass အနေနဲ့ hot mat အပေါ်မှာ cold mat နဲ့ ၆-လက်မခန့် ခွာပြီးကြိတ်ရမယ်။ Second pass မှာ cold mat ပေါ်သို့ ၆-လက်မခန့် overlap လုပ်၍ကြိတ်ခြင်းဖြင့် longitudinal joint ကို sealing လုပ်ပေးနိုင်တယ်။ Pass 3 နဲ့ pass 4 ကို လမ်းရဲ့အောက်ဖက် အနိမ့်ဆုံးအစွန်းမှာ ကြိတ်ရမယ်။ Pass 5 နဲ့ pass 6 ကို လမ်းရဲ့အလယ်ကိုကြိတ်ပေးရမယ်။
အထက်ပါဖော်ပြခဲ့သော patterns များသည် အခြေခံ patterns များသာဖြစ်ပြီး လမ်းကြိတ်စက် တစ်စီးအတွက် pattern များသာဖြစ်တယ်။ echolon paving/staggered paving စသော pavers များ နှစ်စီး၊ သုံးစီး တပြိုင်တည်း ခင်းသော လမ်းမှာ လမ်းကြိတ်စက် နှစ်စီး၊သုံးစီး တပြိုင်တည်းကြိတ်သော patterns များမှာ အနည်းငယ် ပို၍ရှုပ်ထွေးတယ်။





 ဝိုင်ကေတီ (စက်မှု)


No comments:

Post a Comment