-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၉)


Amplitude Checklist
ပြီးခဲ့တဲ့အပိုင်းတွေမှာ ဖေါ်ပြခဲ့တဲ့ compaction factors တွေကို စုပေါင်းပြီးတော့ compaction checklist လေးဆွဲကြည့်ရင် အောက်ပါအတိုင်းရပါမည်။
အဲဒီ checklist ကို အသုံးပြု၍ လမ်းကြိတ်ရာမှာ အသုံးပြုသင့်သည့် amplitude ကိုအလွယ်တကူ ရွေးချယ်နိုင်ပါသည်။ ရှေ့မှာ ပြောခဲ့တဲ့ နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ ထည့်သွင်းစဉ်းစားရမည့်အချက်များကို အနှစ်ချုပ်အနေနဲ့ ပြန်ကြည့်ပါက
- ကတ္တရာအလွှာ 2-in (50-mm) ထက်နည်းရင် high compaction energy ကို ကတ္တရာအလွှာက မခံနိုင်ပါ။ ထို့ကြောင့် ၎င်းကဲ့သို့အလွှာပါးကို လမ်းကြိတ်ရာမှာ 0.25-mm မှ 0.6-mm ကြား (0.01-in မှ 0.025-in ကြား) ရှိသော amplitude ကိုသာ ရွေးချယ် အသုံးပြုသင့်သည်။

- ကတ္တရာအလွှာ 2-in (50-mm) ထက်ပိုထူရင် high compaction energy ကို ကတ္တရာအလွှာက လက်ခံနိုင်ပြီး 0.6-mm (0.025-in) နှင့်အထက်ရှိသော high amplitude ကို သုံးနိုင်ပါသည်။
- အောက်ခံအလွှာသည် မာသော rigid အလွှာ (ဥပမာ- milling machine ဖြင့် ခုတ်စားထားသော မျက်နှာပြင် သို့မဟုတ် လက်ရှိ ကွန်ကရိ သို့မဟုတ် ကတ္တရာအလွှာပေါ်တွင် ထပ်ပိုးလွှာခင်းခြင်း) ဖြစ်နေလျင် high compaction energy သုံးပါက drum bouncing လို့ခေါ်တဲ့ drum လေထဲသို့ ခုန်ခြင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းအပေါ်မှာ ခင်းမည့်ကတ္တရာအလွှာကို ကြိတ်ပါက low amplitude ကိုသုံး၍ ကြိတ်ရမည်။
- အကယ်၍ granular base သို့မဟုတ် stabilized subgrade မြေသားပေါ်တွင် ခင်းမည်ဆိုပါက အောက်ခံအလွှာကို အပျော့အဖြစ်သတ်မှတ်သည်။ ၎င်း flexible base တွေအပေါ်မှာ ခင်းမည့် နိုင်လွန်ကတ္တရာကို ကြိတ်ရာမှာ high amplitude ကို သုံးသင့်သည်။
- နိုင်လွန်ကတ္တရာအရော (HMA-Hot Mix Asphalt) မှာ သုံးတဲ့ ကတ္တရာရည်သည် ဖိုင်ဘာ၊ ရာဘာ၊ သို့မဟုတ် ပိုလီမာတွေနဲ့ ရောစပ် ပြုပြင်ပြောင်းလဲထားသော modified asphalt binder ဖြစ်ပါက ကတ္တရာရည်၏ စေးပျစ်မှုပိုများပြီး ပို၍မာတောင့်သည့်အတွက် ၎င်းကတ္တရာအမျိုးအစားကို ကြိတ်ရာမှာ high amplitude ကိုရွေးရမည်။
-ပြုပြင်ပြောင်းလဲခြင်းပြုလုပ်မထားသောသာမန်ကတ္တရာရည်သည် စေးပျစ်မှုနှုန်းနည်းသည့်အတွက် ၎င်းကတ္တရာအမျိုးအစားကို ကြိတ်ရာမှာ low amplitude ကိုရွေးရမည်။
- နိုင်လွန်ကတ္တရာမှာသုံးသော aggregates ကျောက်များသည် angular aggregates များဖြစ်ပြီး fractured faces များ များပါက နိုင်လွန်ကတ္တရာအတွင်းမှာ internal friction များတဲ့အတွက် ၎င်း aggregates များ နေရာရွေ့ရှားနိုင်ရန်အတွက် high amplitude ကိုသုံးရမည်။
- Rounded aggregates များသုံးသော နိုင်လွန်ကတ္တရာကို လမ်းကြိတ်ရာတွင် aggregates ရွေ့ရှားမှုလွယ်သည့်အတွက် low amplitude ကို သုံးသင့်သည်။
- ပြင်ပရာသီဥတုပူပြီး နေသာသောအချိန်မှာ နိုင်လွန်ကတ္တရာရဲ့ အပူကို ကြာကြာထိန်းထားနိုင်တဲ့ အတွက် လမ်းကြိတ်ချိန် ပိုရမယ်။ Low amplitide ကို ရွေးချယ်သုံးနိုင်သည်။
- ပြင်ပရာသီဥတုအေးပြီး လေတိုက်နှုန်းများနေရင် ကတ္တရာအလွှာ အအေးမြန်တဲ့ အတွက် ကြိတ်ချိန် နည်းသွားမည်။ လိုအပ်တဲ့ density ရဖို့အတွက် high amplitude သုံးပြီး ကြိတ်သင့်သည်။
ဥပမာနှစ်ခုကိုကြည့်ပြီး ရွေးချယ်သင့်တဲ့ amplitude ကိုရွေးကြည့်ကြရအောင်။
ပထမ project မှာ milling machine နဲ့ ခုတ်စားထားတဲ့ မျက်နှာပြင်ပေါ်မှာ 40-mm (1.6-in) အထူ dense-graded mix ကို ခင်းရမယ်။ ၎င်းနိုင်လွန်ကတ္တရာထဲမှာ polymer modified asphalt cement binder ကိုသုံးထားတယ်။ Fractured faces တွေများတဲ့ crushed aggregates တွေသုံးထားပြီး အကြီးဆုံးကျောက်အရွယ်က 12.5-mm (0.5-in) ဖြစ်တယ်။ ပြင်ပ အပူချိန်က 20C ဘဲရှိတယ်။ အဲဒီရရှိထားတဲ့အချက်အလက်တွေကို amplitude checklist ထဲမှာ ထည့်ကြည့်လိုက်လျင် low force ရွေးသင့်တဲ့အကြောင်းနှစ်ချက်ရှိပြီး high force ရွေးသင့်တဲ့အကြောင်းဘက်မှာ သုံးချက်တွေ့ရမည်။ ၎င်း project အတွက် မည်သည့် amplitude ကို ရွေးသင့်သနည်း။
အချက်သုံးချက်က high force ဘက်မှာရှိသော်လည်း ၎င်း project အတွက် low amplitude သို့မဟုတ် medium amplitude ကို ရွေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် အောက်ခံအလွှာက အမာအမျိုးအစားဖြစ်နေပြီး ကတ္တရာအလွှာပါးတဲ့အတွက် high amplitude သုံးရင် ကျောက်ကျိုးကြေခြင်း သို့မဟုတ် drum bouncing ဖြစ်ခြင်းတို့ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သုံးသင့်တဲ့ မှန်ကန်တဲ့ amplitude ကို ရွေးချယ်ဖို့ရာ အမြဲတမ်းတော့ မလွယ်ကူပါဘူး။ အခြေခံဥပဒေသ အနေနဲ့ drum bouncing မဖြစ်စေဘဲ သို့မဟုတ် ကတ္တရာအလွှာကိုမပျက်စီးစေဘဲ ကတ္တရာအလွှာက အမြင့်ဆုံးလက်ခံနိုင်သော amplitude ကို ရွေးဖို့လိုပါတယ်။
နောက် project တစ်ခုက granular base ပေါ်မှာ modified dense-graded mix ကို သုံးပြီး 75-mm (3-in) အထူကိုခင်းမယ်။ mix ထဲမှာ fractured faces တွေများတဲ့ crushed aggregates တွေကိုသုံးထားပြီး အကြီးဆုံးကျောက်အရွယ်က 19-mm (0.75-in) အရွယ်ရှိတယ်။ ပြင်ပအပူချိန်က 32C ရှိပြီး လေငြိမ်တယ်။ ဒီ project က အချက်အလက်တွေကို checklist ထဲထည့်ကြည့်လိုက်လျင် high force ရွေးသင့်တဲ့ဘက်မှာ အချက်လေးချက်ရှိပြီး တစ်ချက်သာ low force ဘက်မှာရှိတယ်။ ဒီ project မှာတော့ high amplitude ကို ရွေးရမယ်ဆိုတာ သိသာပါတယ်။ ကတ္တရာအလွှာကလည်းထူတယ်။ ကတ္တရာအလွှာထု နဲ့ အကြီးဆုံးကျောက်ရဲ့ အချိုးကလည်း မြင့်တယ်။ အောက်ခံအလွှာကလည်း flexible base အမျိုးအစားဖြစ်တယ်။ ၎င်းအချက်တွေအရ high amplitude ကို ချွင်းချက်မရှိ ရွေးနိုင်တယ်။
အနှစ်ချုပ်အနေနဲ့ လမ်းကြိတ်စက်မောင်းသူတွေ၊ Quality Control technicians တွေ၊ supervisors တွေအနေနဲ့ နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ ထည့်သွင်းတွက်ချက်ရမည့် အချက်အလက်တွေကို သိနားလည်ဖို့ အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ လိုအပ်တဲ့အချက်အလက်တွေဖြစ်တဲ့ mix design နဲ့ ပတ်သက်တဲ့ အချက်တွေကို asphalt plant ကနေ job-mix formula ကို တောင်းပြီး သိနိုင်တယ်။ ခင်းရမည့်ကတ္တရာအလွှာရဲ့အထူနဲ့ အောက်ခံအလွှာအမျိုးအစားတွေကို cross-section plan drawings တွေကတဆင့် သိနိုင်တယ်။ ပြင်ပရာသီဥတု အခြေအနေကလည်း အလွယ်တကူ သိနိုင်တယ်။ ရရှိလာသော အချက်အလက်များပေါ်မူတည်ပြီး မိမိတို့၏ project အတွက် ရွေးသင့်သော compaction process ကို ရွေးချယ်နိုင်ပါတယ်။
နိုင်လွန်ကတ္တရာ mix design ဆွဲခြင်း၊ ရောစပ်ကြိုချက်ခြင်း၊ ခင်းခြင်း၊ ကြိတ်ခြင်း စသော လုပ်ငန်းစဉ်များသည် knowledge မရှိသော experience တစ်ခုတည်းဖြင့် ရပ်တည်လုပ်ဆောင်၍ မရဘဲ knowledge ဦးစီးသော လုပ်ငန်းစဉ်များ ဖြစ်ကြောင်းသိဖို့လိုပါတယ်။ Project တစ်ခုတည်း မှာပင် အချက်အလက် တစ်မျိုးမျိုး ပြောင်းလဲသွားပါက process အားလုံးတွင် လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်မည့် အသိဉာဏ်ပညာဦးစီးသော အတွေ့အကြုံရှိဖို့လိုပါတယ်။
ယခုအထိဆွေးနွေးခဲ့တာတွေဟာ compaction energy ရွေးချယ်ခြင်းတစ်ခုသာ ရှိပါသေးတယ်။
နောက်အပိုင်းများမှာ compaction phases တွေအကြောင်း နဲ့ basic rolling patterns များအကြောင်း ဆွေးနွေးပါဦးမယ်။
ဆက်ရန်



 ဝိုင်ကေတီ (စက်မှု)


No comments:

Post a Comment