-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, February 1, 2016

Dynamo အကြောင်းကို မိတ်ဆက်ခြင်း






Dynamo ဖြစ်ပေါ်လာခြင်း….
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Dynamo ဟာ Revit ရဲ့ အားနည်းချက် Autodesk ရဲ့ အားနည်းချက်ကို ဖြည့်စည်းဖို့ အတွက် Autodesk က ဖန်တီးထားတဲ့ Programming ဖြစ်တယ်လို့မြင်ပါတယ်။ အဲလိုပြောရင် Revit မှာဘာတွေ အားနည်းချက်ရှိလို့လဲလို့ အများကပြောကြပါလိမ့်မယ်။ Revit နဲ့ဖန်တီးလို့ မရတဲ့ Design တွေအများကြီးပါ။ ဒါကို ကျွန်တော်ကိုယ်တိုင် 2008 ကတည်ဆောက်ခဲ့တဲ့ Star Building (CCRC) မှာစတင် သတိပြုမိခဲ့ပါတယ်။ Star Building ရဲ့ Façade ကို Revit လိုအပ်တဲ့ Data, Information က မထုတ်ပေးနိုင်ခဲ့ပါဘူး။
ဒါကြောင့် BIM လောကမှ နာမည်ကြီး အမေရိကန် ဆရာတစ်ယောက်က Rhinoceros Software နှင့် Rhino မှာ Run လို့ရတဲ့ Opening Source တစ်ခုဖြစ်တဲ့ Grasshopper ကို အသုံးပြုပြီး အဲဒီ Façade Fabrication အတွက် Nodes နှင့် Coordinate တွေကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ Rhinoceros က Dome တွေ Fancy Shape ဒီဇိုင်းတွေကို ဖန်တီးရာမှာ နာမည်ကြီးတဲ့ ဆော့ဝဲလ် တစ်ခုဖြစ်ပါတယ်။
Star Building Project ပြီးခါနီး World Wide Company တစ်ခုကို အလုပ်ပြောင်းတဲ့အခါ Company က BIM Fundamental ကို Gehry Technologies လို့ အမည်ရတဲ့ ကမ္ဘာနံပါတ် ရှေ့ဆုံးမှာရှိတဲ့ BIM Consultant မှာ သင်တန်းပေးတက်ခဲ့ပါတယ်။
Gehry Technologies BIM Consultant ကိုတည်ထောင်ထားသူကတော့ နာမည်ကြီး ကမ္ဘာကျော် အာခီတက် Frank Gehry ပဲဖြစ်ပါတယ်။ သူရဲ့ကိုယ်ပိုင် BIM Software တစ်ခုဖြစ်တဲ့ Digital Project ဆော့ဝဲလ်က အရမ်းကို Flexible ဖြစ်ပြီး ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းကို ဖန်တီးလို့ရပါတယ်။ အခုခေတ် ဒီဇိုင်းအဆန်းများဖြစ်တဲ့ ဘောလုံးကွင်း Stadium ရဲ့ အမိုးများကို တည်ဆောက်ရာမှာ Digital Project Software ကိုအများဆုံးအသုံးပြုကြပါတယ်။ ကျွန်တော်ကို BIM သင်ပေးတဲ့ ကိုရီးယား ဆရာရှင်းပြတာကတော့ Digital Project Software က လေယာဉ်တွေကို တည်ဆောက်ရာမှာ အသုံးပြုတဲ့ ဆော့ဝဲလ်ကို အခြေခံတည်ဆောက်ထားတယ်လို့ ရှင်းပြခဲ့ဖူးပါတယ်။ ဒါကြောင့် ကမ္ဘာကျော် Architect ဖြစ်တဲ့ Frank Gehry ရဲ့ Design တွေကဟာ Wave တွေ Curve တွေဟာ မပါမဖြစ်တဲ့ အမှတ်အသားများဖြစ်ပါတယ်။ သိရသလောက်တော့ Software License က စံချိန်တင်လောက်အောင် ဈေးကြီးပြီး အသုံးပြုရတာ ခက်ခဲပါတယ်။ သုံးတတ်ရင်လည်း Gehry Technologies မှာကို အလုပ်ပြန်ပေးပါတယ်လို့သိရပါတယ်။
Revit Software က Line Based ပုံစံမျိုးဖြစ်တာကြောင့် Point တွေနဲ့ တည်ဆောက်ရတဲ့ Geometry တွေ Carve တွေ Direction တွေ Planes တွေအများကြီးပါဝင်ရမယ့် Geometry တွေကို မဖန်တီးနိုင်ပါဘူး။ အနီးစပ်ဆုံး Massing နှင့် ဖန်တီးဖို့လုပ်ပါတယ်။ Massing ကလည်း Limitation ရှိပါတယ် ဒါကြောင့် မကြာသေးခင်က ထပ်ပေါ်လာတာကတော့ Point ကိုအခြေခံထားပြီး Geometry တည်ဆောက်တဲ့ Adoptive Component မိတ်ဆက်ခဲ့ပြန်တယ်။
တကယ်တော့ Autodesk က Revit ရဲ့အားနည်းချက်တွေကို တတ်နိုင်သမျှ နည်းမျိုးစုံနဲ့ ပြန်လည်ဖါထေးနေခြင်းပဲဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် နောက်ဆုံး Dynamo လို့ အမည်ရတဲ့ Open Source Programming ကိုဖန်တီးလိုက်ခြင်းလို့ ခန့်မှန်းရပါတယ်။
ကဲ Dynamo အကြောင်းလေ့လာရအောင်။
What is Dynamo ဆိုတဲ့ မေးခွန်းကို နားလည်အောင်ဖြေဖို့ ခက်ခဲပါတယ် ဘာကြောင့်လဲဆိုတော့ Dynamo နဲ့ ပြုလုပ်နိုင်တွေက အများကြီးမို့ပါ။
Dynamo အကြောင်း ပထမဆုံးပြောရမယ်ဆိုရင်တော့ Autodesk က ဖန်တီးထားတဲ့ မည်သူမဆို လွတ်လတ်စွာ အခမဲ့ အသုံးပြုခွင့်ပေးထားတဲ့ Opening Source Free Program တစ်ခုဖြစ်ပါတယ်။ နောက်ပြီး တခြား Programing Language တွေနဲ့မတူဘဲ Visual Program ဖြစ်ပါတယ်။ Visual Programing ဆိုတာက အခြား Programming တွေလို Code လို့ခေါ်တဲ့ Text တွေအစား Notes တွေ Connectors ကိုအသုံးပြုပြီး Programming ရေးတာကြောင့် Visual Programming လို့ ခေါ်တွင်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် Revit User တွေဟာ ခက်ခဲတဲ့ Programming ဖြစ်သော .Net Language ကို သိစရာမလိုဘဲ Revit မှာ ကိုလိုသလို API ကို ဖန်တီးလို့ရပါတယ်။ API ဆိုတာကတော့ Application Program Interface ဖြစ်ပြီး Programming ကို graphical user interface (GUI) components နှင့် ဖန်တီးခြင်းဖြစ်ပါတယ်။ ဥပမာ Software မှာ Icon လေးတွေကို နှိပ်ခြင်းဖြင့် ကိုယ်လိုသလို လုပ်ချင်တဲ့ လုပ်ငန်းများကို ဖြစ်စေတာကိုခေါ်ပါတယ်။
Dynamo ဟာ Stand-alone လို့ခေါ်တဲ့ သီးသန့် Run လို့လည်းရသလို၊ Revit မှာ Run လို့လည်းရပါတယ်။ Dynamo Stand-alone ကတော့ အလကားမရဘဲ လိုင်စင်ကို ၀ယ်ယူရမှာဖြစ်ပြီး Revit မှာ Run လို့ ရတဲ့ Open Source program ကတော့ Autodesk က လောလောဆယ်အထိ အလကားပေးသုံးထားပါတယ်။
Dynamo Stand-alone ကို ၀ယ်ယူပြီး လေ့လာအသုံးပြုမယ်ဆိုရင်တော့ အောက်ကလင့်မှာ ကြည့်လို့ရပြီး documentation, fabrication, coordination, simulation, and analysis မှာအသုံးပြုပါတယ်လို့ပြောထားပါတယ်။ (Stand-alone Version) ကို ၀ယ်သုံးမှ ရမှာဆိုတော့ မသုံးကြည့်ဖူးဘူး။
Stand-alone Version ဆိုတာကတော့ Revit ရှိစရာမလိုဘဲ Dynamo ချည်းသက်သက်ဖြင့် အသုံးပြုနိုင်တဲ့ Version ဖြစ်ပါတယ်။
http://www.autodesk.com/products/dynamo-studio/overview
အလကားသုံးခွင့်ပြုထားတဲ့ Dynamo ကိုတော့ အောက်ကလင့်မှ Download ယူ Install လုပ်လို့ရပါတယ်။
ကိုယ်တွေက အလကားပေးသုံးတဲ့ Dynamo ကိုသာ သုံးဖူးတာဖြစ်ပြီး သူ့အကြောင်းပဲပြောကြတာပေါ့။
Dynamo ကို Revit API ကို Assess လုပ်လို့ရတဲ့ Revit Add-on အဖြစ်အသုံးပြုနိုင်ပါတယ်။
Dynamo က အဓိက အလုပ်၂ ခုကို လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ပထမတစ်ခုကတော့ Dynamo သည် Own Geometry ကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ ပြီးတော့ အဲဒီ Parametric Relationships က Read& Write လုပ်လို့ရတဲ့ External Database ပုံစံ မျိုးဖြစ်ပါတယ်။ Data တွေကတော့ Parameter values, family geometry, and family placement စတဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်။ ဒါအပြင် Dynamo ဟာ Own Geometry အပြင် Revit ရဲ့ Geometry တွေရဲ့ Parameter ကို တိုက်ရိုက် Parameter တွေကို Set လုပ်နိုင်ပါတယ်။
ဒါကြောင့် Dynamo ဟာ ကိုယ်ပိုင် Geometry ကို ဖန်တီးနိုင်ရုံသာမက အဲဒီ Geometry ကို External Databases ဖြင့် Read/ Write လုပ်နိုင်သောကြောင့် Revit က ပြီးပြည့်စုံတဲ့ Software တစ်ခုဖြစ်လာပါတယ်။
Dynamo ကိုလေ့လာမယ်ဆိုရင်တော့ www.dyanmoBIM.org ကိုသွားပြီး Download လုပ် လုပ်ယူပြီး စတင်လေ့လာကြရအောင်….. Dynamo ဟာ နှစ်ပါတ်လျှင် တစ်ကြိမ် Develop ဖြစ်တဲ့ အတွက် Dynamo ရဲ့ Developing ဟာ အလွန် မြန်လှပါတယ်။ ဒါအပြင် ၂ လ လျှင်တစ်ကြိမ် Version အသစ်ထွက်တတ်ပါတယ်။
Programming ကို မြန်မာလို ရေးရတာ အလွန် လက်ဝင်လှပါတယ်ဗျာ။ ဒါကြောင့် စကာင်္ပူဓါတ်တော်တိုက် ဘုန်းကြီးကျောင်းမှာ Adoptive Component နှင့် Dynamo သင်တန်းကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ ပြင်ဆင်နေရင်း တစ်ဆက်ထဲမှာပဲ ကျွန်တော်အားလျှင် စာမေးပွဲ မရှိရင်တော့ ဆက်လက်ရေးသားသွားမှာဖြစ်ပါတယ်ဆိုတာ ကြိုတင် အသိပေးပါရစေ။
ကျေးဇူးတင်ပါတယ်
 BIM MYANMAR


No comments:

Post a Comment