-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Sunday, February 7, 2016

How will you put technology in Action?



ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

စာသင်ခန်းထဲမှာ ဘာကြောင့် ရှိနေရသလဲ။ ဒီဂရီဘွဲ့ရဖို့ လိုအပ်လို့ဖြစ်ကောင်းဖြစ်မယ်။ ကွန်ပျူ တာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်လို့လည်း ဖြစ်နိုင်တယ်။ နောက်ကို တစ်လှမ်းလောက်ဆုတ်လိုက်ရင် ပိုပြီး ကြီးကြီး မြင်ရတတ်တယ်။ တစ်လှမ်းလောက်ဆုတ်ပြီး မြင်ကြည့်လှည့်ပါ။

ဒီနေ့ခေတ် နည်းပညာဆိုတာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းမှု တိုးတက်အောင်မြင်ရုံ အတွက် သက်သက်မျှသာ မဟုတ်ဘူး။ လူမှု အဖွဲ့အစည်းမှာ အသက်ရှင် ရပ်တည်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု သက်သက်မျှသာ မဟုတ်ပါဘူး။ မိမိတို့ လူသားအဖွဲ့အစည်းရဲ့ လက်ရှိအခြေအနေထက် သာလွန်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အရာမျိုးလို့ ယူဆသင့်ပါတယ်။ရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြပါတယ်။ ကောင်လေး(သို့)ကောင်မလေးလို့ ကျွန်တော်တို့ အရှေ့မှာတွေ့နေရတဲ့ သူဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ လုပ်ပြီး အိပ်မက်လို့ ထင်ရတာတွေကို အကောင်အထည်ဖော်ပြတယ်။ Transformer တို့ Spider-Man တို့လို ရုပ်ရှင်တွေဆိုရင် လူတွေ အကြိုက်များကြတယ်။ မိမိကိုယ်တိုင် Hero တစ်ယောက် အဖြစ် ထင်ဟပ်ပါဝင်လာစေတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လူသားတွေရဲ့ ပင်ကို ဗီဇမှာ ကျွန်တော်တို့လုပ်တဲ့ အလုပ်၊ကျွန်တော်တို့ရဲ့ ရပ်တည်မှုဟာ တစ်စုံတစ်ခုအတွက် အဓိပ္ပာယ်ရှိနေတယ်။ လူအများအတွက် ကောင်းကျိုးဖြစ်စေတယ် ဆိုတာမျိုးကို လိုချင်နေတယ်။
နည်းပညာ ကျွမ်းကျင်မှုက ဒီလိုအလုပ်မျိုးတွေကို လုပ်ဖို့၊ ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် ပရောဂျက်မျိုးတွေမှာ ပါဝင်ကူညီဖို့ ဂိတ်တံခါးတစ်ခုပါပဲ။ဒီတော့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ သင့်ရဲ့ ပါရမီ၊ သင့်ရဲ့ နည်းပညာ ကျွမ်းကျင်မှုတွေက မိမိ တစ်ကိုယ်စာ အကျိုးအမြတ်ဖြစ်ထွန်းဖို့ထက် ပိုမို ကြီးမားကျယ်ပြန့်တဲ့ ပညာဖြန့်ဝေမှု ၊ပညာနဲ့ အများကောင်းကျိုးတွေဖြစ်ထွန်းစေဖို့ ဘယ်လိုလုပ်မလဲဆိုတာ တွေးဆကြည့်စေလိုပါတယ်။

Reference:
Technology in Action -12th Edition (Page:36)
Internet
MacMillan Dictionary


No comments:

Post a Comment