-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Tuesday, February 16, 2016

AC ပေါ် လမ်းလျှောက်ကြည့်မိသောအခါ (၂)


AC ဆိုတာအပြင်ဗန်းကြည့်ရင် လွယ်တယ်လို့ထင်ရပေမယ့် AC အတွင်း လေခိုပေါက်များနဲ့ ဖျော်စပ်ရမဲ့ ခွဲကျောက်အတွင်းရှိ လေခို ပေါက်များ ကိုအံဝင်အောင်ချိန်ထည့်ရန်မှာ အနည်းငယ်တော့ခက်ခဲပါတယ် Pen Mac ထက်အင်အား ၁ဆခွဲမှ၂ဆခွဲအထိရှိကြပါတယ် ယာဉ်သွားလာမူပမာဏနဲ့အလေးချိန်များသော လမ်းများမှာ အသုံးပြုတည်ဆောက်ကြပါတယ် AC ဟာ စုစုပေါင်းအလေးချိန်ရဲ့ 5.0%မှ 7.5% ကြားမှာရှိပါတယ် ဒါပေမယ့် AC ဆိုတာ မိမိ အသုံးပြုတည်ဆောက်တဲ့ လမ်းခင်းပစ္စည်းများရဲ့ Optimum bitumen content % ပဲ ဖြစ်ပါတယ် AC ကို ဓါတ်ခွဲခန်းမှာ ပေးပို့လာသောနမူနာအပေါ်မှာမူတည်ပြီး ပုံစံထုတ်ကြပါတယ် တခါတရံ ပေးပို့လာတဲ့ နမူနာ နဲ့ ဖျော်စပ်တဲ့နမူနာမှာ Grading များ SG များ
ကွဲလွဲပါက ခံနိုင်ရည်အားများ နဲ့ အခြားသောသတ်မှတ်ထားတဲ့စံချိန် စံညွန်းများ အံဝင်မူမရှိနိုင်သဖြင့် ကွင်းအတွင်းရောက်ရှိပါက Grading များ Specific gravity များကိုပြန်လည်စစ်ဆေးသင့်ပါတယ် တခါတရံ ဓါတ်ခွဲခန်းက အချိုးအတိုင်းဖျော်တာပဲ ပြောကြပါတယ် ဒါပေမယ့် ကျောက်ခွဲစက်မျိုးစုံကထွက်လာကြတာဖြစ်ပါတယ် အမြဲတမ်း အရွယ်အစားကပြောင်းလဲနေတာဖြစ်တဲ့အတွက် Job mix ပြန်လည်လုပ်ဆောင်စမ်းသပ်သင့်ပါတယ် ကျောက်များကို စုပုံရာမှာလည်း Grading များမှန်ကန်စေရန်အတွက် Loader ဖြင့်အမျိုးအစားအလိုက်ကြိုတင်ရောမွှေထားသင့်ပါသည် အဓိက ကတော့ Plant တွေမှာ ရောစပ်တဲ့အချိန် Wt ကတော့မှန်ကန်ပေမယ့် Grading လည်း မှန်ကန်ဖို့ လိုအပ်လို့ပါပဲ တခါတရံ QC က ကျောက်မူန်လေးတိုးပါဦး 1/2" လေးတိုးပါဆိုရင် Design အတိုင်းဖျော်တာပါလို့ပြောကြပါတယ် တကယ်တော့လာပို့တဲ့ ကျောက်တွေမှာ Grading ကွဲပြာမူကိုတွေ့နေရလို့ပါပဲ ACမှာ အဓိက ကတော့ လေခိုပေါက်များလေ Marshall Stability ကျလေပါပဲ လေခိုပေါက် 3-5% နဲ့ ကတ္တရာကလည်းကွက်တိ ဆိုရင် Marshall ကတက်လာတာပါပဲ ဒါပေမယ့် Fine များပြီး Air void ပိတ်ခဲ့မယ်ဆိုရင် Bleeding ဖြစ်ပေါ်လာပါက အဆိုပါလေခိုပေါက်အတွင်း ဝင်ရောက်လို့မရတဲ့အတွက် Bleedingကို မကာကွယ်နိုင်ပါဘူး ဒါကြောင့်ရှိသင့်ရှိထိုက်တဲ့လေခိုပေါက် 3-5% ကတော့ ACမှာ ချန်ထားရပါမယ် တခါတရံ Fine Aggregate များလွန်းရင်လည်း ဖျော်စပ်နေတဲ့အချိန်မှာ ကတ္တရာနည်းတယ်လို့ထင်ကြပါတယ် Fine နဲ့ သဲတွေဟာ ကတ္တရာကိုစုပ်ထားတဲ့အတွက် ပျောက်နေတတ်ပါတယ် နည်းတယ်ထင်ပြီးတိုးလို့ကတော့ Loading နဲ့လည်းတွေ့ရော လိုင်း တွေတွန့်ခေါက်လာပါလိမ့်မယ် ဒါကြောင့် Loading ကိုထမ်းနိုင်တဲ့ Coarse Aggregate လည်းသတ်မှတ်ချက်အတိုင်းပါဝင်ကြရပါမယ် အဓိကပြဿနာက 1/2" တို့ 3/8" တို့အထဲမှာ ကျောက်မူန့်တွေရောပါလာရင်လည်း ကျောက်မူန့်များကိုမူလ အချိုးမှလျောချရပါမယ် VMA ကျရင်တော့ Air void နည်းပြီး VMA များရင်တော့ Stability ကျဆင်းစေပါတယ် AC ခင်းရာတွင် ကတ္တရာလမ်းလွာပေါ်တည်ဆောက်ပါက Tack Coat နုန်းဖြင့် ဖြန်း၍တည်ဆောက်ရမည်ဖြစ်ပြီး အခြေခံလွာပေါ်တည်ဆောက်ပါက Prime coat နုန်း ဖြင့်ဖြန်း ၍တည်ဆောက်ရပါမည် အပူခင်းကတ္တရာအသုံးမပြုပဲ ရေရောကတ္တရာကို TC နဲ့ PC မှာသုံးမယ်ဆိုရင် Rate ပိုလောင်းရပါမယ် အဓိကက ရေငွေ့ပျံလို့ ကတ္တရာအချင်းချင်းပေါင်းစပ်တဲ့အချိန်မှာ လိုအပ်တဲ့ နုန်းရဖို့ပါပဲ
AC ဖျော်စပ်ချိန်မှာ သတ်မှတ်ထားတဲ့အပူချိန် ထက် ခရီးဝေးကိုသယ်ဆောင်ရလျင်ဖြစ်စေ ပိုပြီးအပူမပေးသင့်ပါဘူး ကတ္တရာ အပူချိန် 160'C ကျောက်များ 150-160 'C နဲ့ ၂ခုပေါင်းအပူချိန် 160'C များလိုအပ်ပါတယ်
ကတ္တရာအပူချိန် နည်းတဲ့အချိန် ဖျော်စပ်ရင် ၂ခုပေါင်းခြင်းမှာ သတ်မှတ်အပူချိန်ရသည့်တိုင် အပူချိန်ကျလွယ်ပါတယ် Paving Temperature မကောင်းရင် Paving Texture မကောင်းနိုင်ပါဘူး အပူချိန်အတိုင်း သိပ်သည်းမူပေးရန်လည်း အခက်တွေ့စေပါတယ် ကျောက်များ ကို အပူပေးရင်လည်းမီးနာပါက ကွဲကြေမူများဖြစ်စေနိုင်ပါသည် AC plant ကစထွက်ထွက်ခြင်း Ratio မမှန်ကန်နိုင်ပါဘူး ၂စီးသို့ ၃စီး ရောက်မှ စပြီး ဖျော်စက် Centrifuge ဖြင့်စစ်ဆေးမူ့ပြုရပါမယ် ဖျော်စပ်ဖြင့် Bitumen ပါဝင်သော % နှင့် Grading များကိုတွက်ချက် Graph ဆွဲကာ လိုအပ်သောကျောက်အရွယ်အစားများချက်ချင်း ဖြည့်တင်းကာ Marshall Stability ကောင်းရန် တည်ဆောက်သင့်ပါသည့် အနည်းငယ်သောလေ့လာတွေ့ရှိချက်များကို တင်ပြရင်း ညီငယ် ညီမငယ်များ AC ဆိုတဲ့လမ်းကို စံချိန်စံညွန်းအတိုင်းတည်ဆောက်နိုင်ပါစေ ။
အမှားပါကခွင့်ပြုပါ 

Thant Zin

No comments:

Post a Comment