-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Tuesday, February 2, 2016

အုတ်များအကြောင်း

၁. အုတ်များ

အုတ်များသည် ကောင်းမွန်သော
အရည်အသွေးရှိရမည် ဖြစ်ပြီး ၀န်ထမ်းမည့် နံရံများ (load-bearing wall) အတွက်မူ အုတ်များတွင်
မျက်စိဖြင့် မြင်နိုင်သော အက်ရာလေးများ
(visible cracks) မရှိစေရပါ။
အုတ်ချပ် နှစ်ချပ်ကို အချင်းချင်းရိုက်ကြည့်ပါက
ကြည်လင်ပြတ်သားသော အသံ (a hard ringing sound) ထွက်ပေါ်လာရမည်ဖြစ်သည်။
ထိုသို့ထွက်ပေါ်လာသော အသံသည်
မီးကောင်းစွာကျက်ကြောင်းကို
ရည်ညွှန်းခြင်းပင်ဖြစ်သည်။

ယေဘုယျ အားဖြင့် အုတ်များသည် ဖြောင့်တန်းသော အနားစောင်းနှင့် ညီညာမှုရှိသော မျက်နှာပြင်များကို ပိုင်ဆိုင်ရမည်ဖြစ်ကာ ပုံသဏ္ဌာန် အရွယ်အစားအားဖြင့်လည်း မှန်ကန်မှုရှိသင့်သည်။
သို့မှသာ သရိုး/သရွတ် (mortar) များစွာမသုံးစွဲရဘဲ နေရာမှန်အတိုင်း အလွယ်တကူ ခင်းကျင်းစီရီနိုင်မည်ဖြစ်သည်။

အုတ်များ၏ အတွင်းပိုင်းသည် ယေဘုယျအားဖြင့်
မီးကောင်းစွာမကျက်ချေ။
သို့ဖြစ်၍ အလွယ်တကူ ကျိုးပဲ့ နိုင်ပြီး ပွပေါက်လည်း အင်မတန်များပြားလေသည်။
၎င်းအုတ်တို့သည် မာကြောမှုမရှိသလို၊
တာရှည်ခံခြင်းလည်း မရှိပေ။
သို့ဖြစ်၍ လေးလံသောဝန် (heavy loads) တို့ကိုလည်း ထမ်းဆောင်နိုင်ခြင်းမရှိချေ။
ယခုအခါတွင် ကမ္ဘာနှင့်အဝှမ်းသုံးစွဲနေသော အုတ်များသည် အကြမ်းအားဖြင့် အရွယ်နှင့် ပုံသဏ္ဌာန် တူညီသလောက်နီးပါးရှိကြ၏။
ထိုကဲ့သို့ ပုံစံပြုသုံးစွဲကြသော အရွယ်မှာ
၉" x ၄.၅" x ၃" ဖြစ်၏။
အုတ်များ အတို/အရှည်မညီခြင်း ၊ အရွယ်မညီခြင်း များရှိပါက ဆောက်လုပ်မှုနည်းစနစ်အရ နှာကြောင်း အနေအထားမှန်ရန်အတွက် လိုအပ်ချက်များကို မဆလာနှင့်သာ ဖြည့်၍ ပြင်ယူရမည်ဖြစ်သောကြောင့် မဆလာ ပိုကုန်မည်ဖြစ်သည်။
သို့သော် အုတ်များ အရွယ်ညီပါက အုတ်စီရာတွင် မဆလာဖြင့် အထူးတလည် ပြုပြင်ဖြည့် သွင်းပေးရန်မလိုအပ်ချေ။
၁.၁ အုတ်များကို အမျိုးအစား ခွဲခြားခြင်း

ဆွဲဆောင်မှုရှိသော ဥပဓိရုပ်သွင် (attractive appearance) ကို အထူးတလည်အားဖြင့် မလိုအပ်သော ပုံမှန်အဆောက်အဦတည်ဆောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် ၎င်းတို့သည် သင့်တော်မှုရှိကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
အိန္ဒိယနိုင်ငံ၌ ၎င်း၏ နေရာဒေသအများစုတွင် သုံးစွဲနေသော အုတ်အမျိုးအစားကို သာမန်အုတ်များ (common bricks) အဖြစ် အမျိုးအစားသတ်မှတ်ထားသည်။
၁.၁.၁ မျက်နှာစာမြင်ရသောအုတ်များ

၎င်းအုတ်တို့သည် ကောင်းစွာမီးကျက်နေရမည်ဖြစ်ပြီး အရောင်အသွေးသည်လည်း ညီညာနေရမည်
ဖြစ်သည်။
ထို့ပြင် ပြင်ညီ၍ လေးထောင့်ကျသော မျက်နှာပြင်
ရှိနေရမည်ဖြစ်ကာ ထောင့်စွန်းများသည်
ဖြောင့်တန်း၍ စောင်းထက်ရပေမည်။
၎င်းတို့ကို သရွတ်လိမ်းကျံရန်မလိုသော သို့မဟုတ် မျက်နှာပြင် အချောသတ်မှုမလိုသော
အုတ်စီလုပ်ငန်း၏ အပြင်မျက်နှာပြင်ဘက်
(ပြင်ပလေထုနှင့်တိုက်ရိုက်ထိတွေ့မည့် မျက်နှာပြင်) တို့တွင် အသုံးပြုကြသည်။
အုတ်များသည် မိုးရေနှင့် ရာသီဥတု
စိမ့်ဝင်တိုက်စားမှုတို့ကို လုံလောက်သော ခံနိုင်ရည်ရှိရမည်ဖြစ်သည်။
ယေဘုယျအားဖြင့် ၎င်းအုတ်တို့ကို ပုံထားသော(စီထားသော) အုတ်များစွာထဲမှ ရွေးချယ်ကောက်ယူရ၏။
၁.၁.၂ ထုပိတ်အုတ်များ

ထုပိတ်အုတ်ဆိုသည်မှာ အပေါက်မပါရှိသော သို့မဟုတ် အတန်းလိုက်ဖောက်ထားသော အခေါင်းပေါက်ကလေးများသည် အုတ်တစ်ချပ်လုံး၏ ထုထည်ထက် (၂၅%) ထက်မပိုသော အုတ်အမျိုးအစားဖြစ်သည်။
၎င်း၏ သရိုးဝတ် (frog) သည်လည်း
အုတ်ထုထည်တစ်ခုလုံး၏ (၂၀%) ထက်မပိုပေ။
[ သရိုးဝတ် (frog)။ ။၎င်းသည် အုတ်ခဲမျက်နှာပြင်တွင် ပါရှိတတ်သော အချိုင့်အခွက်လေးကို
ခေါ်ဆိုခြင်းဖြစ်သည်။ အင်္ဂတေ "သရိုး" မှ နေရာယူ "၀ပ်" နေတတ်သောနေရာဖြစ်သည့်အတွက်လည်း "သရိုးဝပ်" ဟု ခေါ်ဟန်ရှိသည်။ ]
၁.၁.၃ ခေါင်းပွအုတ်များ

ရွှံ့  ဖြင့်ပြုလုပ်ထားသော ကောင်းစွာမီးကျက်သည့် ခေါင်းပွဘလောက်တုံးကို လည်းကောင်း၊ အုတ်တွင်ပြုလုပ်ထားသော အပေါက်များ၏ အကျယ်သည် (၂၀) မီလီမီတာထက် ပိုကြီးသောအုတ်အမျိုးအစားကိုလည်းကောင်း ခေါင်းပွအုတ်များဟုခေါ်သည်။
၎င်း၏အပေါက်များမှာမူ
အုတ်ထုထည်တစ်ခုလုံး၏ (၂၀%) ထက်ပို၏။
၁.၁.၄ အသွင်ထူးခြားသောအုတ်

၎င်းတို့သည် ဆောက်လုပ်မှုဆိုင်ရာ
လုပ်ငန်းစိတ်အပေါ်မူတည်၍ သင့်တော်မှုရှိအောင် ပုံသွင်းထားသော ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့်
ထုပိတ်အုတ်များဖြစ်ကြသည်။
၁.၂ အုတ်အရည်အသွေး

ယေဘုယျအားဖြင့် သာမန်ရိုးရိုးအုတ်များ
(common bricks) ကို အတန်းအစား (၃) မျိုး
ခွဲခြား၍ အုပ်စုပြုထားသည်။
၁.၂.၁ AA အတန်းစားအုတ်

အုတ်၏ ကွဲကြေမှုဆိုင်ရာဒဏ်ခံနိုင်အား
(crushing strength) သည်
တစ်စတုရန်းစင်တီမီတာ တွင် (၁၄၀) ကီလိုဂရမ် ဖိအားထက် မနည်းပါက "AA" အတန်းဝင်အုတ်အဖြစ် အဆင့်သတ်မှတ်သည်။
၁.၂.၂ ရေစုပ်ယူသော အုတ်များ
ရေတွင်စိမ်သောအခါတွင် အုတ်၏ (အလေးချိန်၏) (၂၅%) ခန့် ရေစုပ်ယူပါက အုတ်၏ စွမ်းအား
ကျဆင်းသည်။
၁.၂.၃ ဖွဲ့စည်းပုံ

အုတ်သည် ကျိုးသွားသောအခါ မြင်တွေ့ရသောအုတ်၏ အတွင်းပိုင်းသည် ဖွဲ့စည်းပုံအားဖြင့် တသားတည်းဖြစ်နေသင့်သည်။
သိပ်သည်းမှုရှိသင့်သည်။ အပေါက်ငယ်လေးများ (holes) ၊ အက်ကြောင်းများ (cracks) ၊ ကျဉ်းမြောင်းရှည်လျားသော အက်ကြောင်းများ (fissures)၊ လေခိုပေါက်များ(air bubbles) ၊ ပုံသဏ္ဌာန်မမှန်သော အစိုင်အခဲ အတုံးလေးများ (lumps) ၊ ကျောက်စကျောက်နလေးများ (pebbles) ၊ ကျောက်တုံးလေးများ (stones) နှင့် ထုံးခဲ အမှုန်အမွှားများ (particles of lime) အစရှိသည်တို့မှ ကင်းရှင်းသင့်သည်။
၁.၂.၄ ပုံသဏ္ဌာန်နှင့် အရွယ်အစား
အုတ်သည် အနားစောင်းများထက်၍
ဖြောင့်တန်းကာ ထောင့်မှန်စတုဂံပုံစံကျသင့်သည်။
အားလုံးသော အုတ်ချပ်များသည် ညီတူဖြစ်သော အတိုင်းအတာများ ( the same dimensions ) ရှိသင့်ပြီး ထောင့်များ (corners) သို့မဟုတ်
အစွန်းများ (edges) သည် ကျိုးပဲ့နေခြင်းမျိုး
မဖြစ်သင့်ပါ။
အိန္ဒိယနိုင်ငံတွင် အုတ်များ၏ အရွယ်မှာ ဒေသကို လိုက်၍ ပြောင်းလဲနေသည်။ သို့သော် စံထားရှိသော အရွယ် (standard size) မှာ (၂၃၀ x ၁၁၅ x ၇၀) မီလီမီတာ { ( ၉ x ၄.၅ x ၂.၇၅ လက်မ ) } ဖြစ်သည်။
ပထမတန်းစားအုတ် (class one brick) ၏
အတိုင်းအတာအား စံထားရှိသည့် အရွယ်အစား (standard size) မှ (၃)မီလီမီတာထက်ပိုသော
အတိုးအလျှော့အတိုင်းအတာထက်ပို၍
ခွင့်ပြုမထားပေ။
[ မြန်မာနိုင်ငံတွင်လည်း ဒေသအလိုက် အုတ်ဖိုများ၊ အုတ်ကွင်းများကို လိုက်၍ အုတ်အရွယ်အစားပြောင်းလဲမှုရှိသည်။ ]
၁.၂.၅ အသံကြည်လင်မှု
အုတ်နှစ်ချပ်ကို ယှဉ်၍ ရိုက်ကြည့်သောအခါ
ကြည်လင်ပြတ်သားသော အသံထွက်ပေါ်လာပါက အဆိုပါအုတ်များသည် အရည်အသွေးကောင်းသော အုတ်များဖြစ်ကြသည်။
၁.၂.၆ လွှတ်ချ၍ စမ်းသပ်ခြင်း
အုတ်တစ်လုံးသည် အမြင့် (၁) မီတာခန့်မှ မြေမာပေါ်သို့ အပြားလိုက် လွှတ်ချလျှင် မကျိုးသင့် မကွဲသင့်ပေ။
၁.၂.၇ ခြစ်၍ စမ်းသပ်ခြင်း
မီးကောင်းစွာကျက်သော အုတ်တစ်လုံး၏ မျက်နှာပြင်သည် အလွန်မာကြောသောကြောင့် လက်သည်း (the fingernail) ဖြင့် ကုပ်ခြစ်၍ မရနိုင်ပေ။
~~~~~~~~~~~~~~~~~~~~~~~~~
Kyaw Zin Hein


Reference : Basic Construction Training Manual for Trainers_ Heini Müller
Photo : Internet



No comments:

Post a Comment