-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Tuesday, February 16, 2016

AC ပေါ် လမ်းလျှောက်ကြည့်မိသောအခါ (၁)


Asphalt concrete ( AC )

Aasphalt concrete ကို အမေရိကန်နိုင်ငံ Mississ State Highway မှ အင်ဂျင်နီယာတဦးဖြစ်သော Bruce Marshall မှ ဖော်ထုတ်ခဲ့သည် AC ဆိုသည်မှာ ကျောက်ဇကွဲ ကျောက်မှုန့် ထုံး သို့ ဘိလပ်မြေ သဲနှင့် ကတ္တရာတို့ကို လေဟာနယ် ( Air void 3-5 % ) အနည်းဆုံးဖြစ်အောင် အချိုးကျကျ ပေါင်းစပ်ထားသော အရောအနှောဖြစ်သည် အခြေခံအားဖြင့် ကျောက်ရွယ်စုံ Well graded ဖြစ်နေသော Aggregate mix ( VMA < 14 % ) အတွင်းသို့ အလောတော် ကတ္တရာ ဖြည့်ပေးခြင်းဖြင့် အကောင်းဆုံး AC mix ကို ရရှိနိုင်ပါသည်
ကတ္တရာ နှင့် Filler ခေါ်တဲ့ ထုံး သို့ ဘိလပ်မြေ သဲတွေရဲ့ စုစည်းမူ motar အပေါ်မှာ အနည်ငယ်မျှသာ တည်မှီနေပေမယ့် AC mix အတွင်း၌ ရှိတဲ့ အရွယ်စုံ ခွဲကျောက်၏ well graded ဖြစ်နေမူအပေါ်မှာသာ အင်အားရှိခြင်းနဲ့ မရှိနိုင်ခြင်းက အဓိကတည်မှီအဆုံးအဖြတ်ပေးမှာပါ

AC တခုဟာ ရေရှည်ခံနိုင်ဖို့ ဆိုတာ ရှိသင့်ရှိထိုက်တဲ့ စံချိန်စံညွန်းအပြင် အောက်ခံလမ်းလွာ၏ ကူညီဖေးမမူကလည်း အရေးပါအရာရောက်ပါတယ် ဒါကြောင့် ကျွန်တော်တို့ဟာ AC မခင်းမှီ လမ်းဟောင်း အောက်ခံလမ်းလွာ၏ လူပ်ရှားအား
ကို Deflection Test ဖြင့်စမ်းသပ်ပြီး အောက်ခံတို့၏ လူပ်ရှားအားကိုမူတည်ကာ သတ်မှတ် Design Life အတိုင်း ဦးစွာပုံစံထုတ်ပြီးမှတည်ဆောက်ရပါမည် အချို့နေရာ၌ စမ်းသပ်ရလဒ်အရ 2" သာ လိုအပ်ပေမယ့် အချို့နေရာများမှာ အထူပိုမိုလိုအပ်နိုင်ပါတယ် အောက်ခံလမ်းလွာက Deflection များနေမယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ပျက်စီးမူများဖြစ်ပေါ်နိုင်ပါတယ် ဒါကြောင့် လူပ်ရှားအားကိုမူတည်ကာ လိုအပ်ပါက ခွဲကျောက်ဖြင့် အောက်ခံလမ်းလွာကို အားဖြည့်မူ လုပ်ပြီမှ လိုအပ်သော AC တင်သင့်ပါသည် AC တင်မည်ဆိုရင်လည်း ကျောက်အရွယ်အစား ပုံသဏ္လန် အရည်အသွေးတိုဟာလည်း AC mix၏ ကောင်းခြင်း မကောင်းခြင်းကလည်း တည်မှီနေလို့ပါ ကျောက်တွေရဲ့ အရည်အသွေးညံရင် Loading ကြောင့် ပွပြီးနောင်ပေါာက်လာတတ်သလို ခံနိုင်ရည်အားလည်းကျဆုံးနိုင်ပါတယ် စကျင်ကျောက်ငယ်လေးတွေလို ပါဝင်နေမယ်ဆိုရင်တော့ ကတ္တရာရဲ့ တွယ်ကပ်မူအားနည်းကာ အပေါ်ယံမျက်နာပြင်၌ နောင်ကျောက်ပွင့်လေးတွေကိုတွေ့ရှိနိုင်ပါတယ် ဒါကြောင့်ညီငယ် ညီမငယ်များအနေဖြင့် ကျောက်စရစ်အလုံးများကိုလည်း တွယ်ကပ်မူကောင်းစေရန် ဂရုပြုဖယ်ရှားတည်ဆောက်သင့်သလို ကျောက်ဇကွဲများဟာ ကြမ်းတမ်းသောမျက်နာပြင် Cubical ရှိတဲ့အတွက် အတွင်းပွတ်ခံမူ Internal friction ကောင်းတဲ့အတွက် ရွေးချယ်အသုံးပြုတည်ဆောက်သင့်ပါတယ် ကျောက်များတွင်လည်း ဓါတ်ခွဲခန်း စမ်းသပ်ချက်များမှ ခွင့်ပြုထားသော Specification အတိုင်း အံဝင်ဖို့လည်းလိုအပ်ပါတယ်
Coarse Aggregate
Specific gravity 2.5 - 3.0 Silt & Clay Content NGT 1.0% Los Angeles Abrasion NGT 25.0% Crushing Value 25.0% Absorption NGT 2.0% Flakiness Index NGT 30.0 % NGT = Not Greater Than
Fine Aggregate တွေအဖြစ်အသုံးပြုတဲ့ သဲများ crushed rock များမှာလည်း < 2.36 mm အောက်ပါဝင်ရမည် ဖြစ်ပြီး သဲထဲတွင် ကျောက်စရစ်အလုံးများကို လည်းတတ်နိုင်သမျှ ဖယ်ထုတ် စုဆောင်းမူတွင်ဂရုပြုသင့်ပါသည် Fine Aggregate တွင် Filler ဟုခေါ်သော ဘိလပ်မြေ ထုံး ကျောက်မုန့်များသည် ရွံနှင့် နုံး 1.0% ထက်ပိုမများရန်လည်းလိုအပ်သလို < 0.075 mm အောက်တွင်လည်းပါဝင်ရန်လိုအပ်ပါသည်
Fine Aggregate များတွင်ပါဝင်သော သဲ သို့ ကျောက်ဇကွဲငယ်များသည်လည်း ဓာတ်ခွဲခန်း Specification အတိုင်းဝင်ရမည်ဖြစ်ပါသည်
Specific Gravity 2.6-2.8.. Absorption NGT 6.0% Organic lmpurities ppm 500 passing 200 sieve NGT 4.0% Fineness modulus 2.0-3.6
AC ဆိုတာ လွယ်မယောင်ယောင်နဲ့ခက် တိမ်မယောင်ယောင်နဲ့ နက်နဲပါတယ် AC လမ်းကိုခင်းလိုက်တာနဲ့ ပြီးပြီလို့မထင်လိုက်ပါနဲ့ သတ်မှတ်ချက်များဖြစ်တဲ့ Specification တွေလည်းလိုအပ်လှပါတယ်
သွားလာသောယာဉ်ပမာဏ Design အမျိုးအစား ပေါ်မူတည်ပြီး ထောင်းရမယ့်အချက်ရေများ ခံနိုင်ရည်အားများကွာခြားပါတယ် ကျွန်တော်တို့ဆီမှာအသုံးပြုနေတာကတော့
Stability lb = 1350 GTE ( Airfield = 1800) Flow (0.01") =8-16 Air voids % = 3-5 Degree of compaction % = 92- 96
အမှားပါကခွင့်ပြုပါ



No comments:

Post a Comment