-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Monday, February 8, 2016

All ကိုကြိယာတွေနဲ့ တွဲရေးတဲ့အခါ သတိထားပါ


 
ကျနော့်ကိုယ်ပိုင် အမှားတွေကို ပြောပြရလျင်တော့ .. ကျနော်လေ တော်တော်တန်တန် အင်္ဂလိပ်စာကို လေ့လာမိသည်ထိ all ကိုသုံးစွဲပုံ မကြာခဏ မှားနေဆဲပါ ၊ ခုကျ.. ကျနော်မှားခဲ့သလို ကျနော့်သူငယ်ချင်း မိတ်ဆွေတွေကို မမှားစေချင်တော့ဘူး အဲဒါကြောင့်ပဲ မမှားအောင် မှတ်တဲ့နည်းကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ် ၊
အဲလိုဆိုတော့လည်း ကျနော်က ချစ်ဖို့ ကောင်းသွားရော မဟုတ်ပါလားဗျာ..
 နမူနာဝါကျ တိုတိုလေးတစ်ကြောင်းလောက် ရေးကြည့်ပြီး ပြောမှ ပိုပြီး ဟန်ကျမယ်လို့ ထင်တယ်..
“ကျနော်တို့အားလုံး လေ့လာသူတွေပါ” .. ဒီစာကြောင်းလေးကို အင်္ဂလိပ်လိုရေးကြည့်မယ်ဆိုလျင်
We all are learners. လို့ ဖြစ်မယ် ဆိုပါစို့ .. ဒီဝါကျ မှန်ပါ့မလား
မှန်တယ်လို့ထင်လျင် မှားပါတယ် ၊ မှားတယ်လို့ ထင်လျင် မှန်ပါတယ် ခင်ဗျာ
အကြောင်းကတော့ all သုံးစွဲပုံ နေရာလွဲနေတဲ့အတွက် ဒီဝါကျဟာ မှားပါတယ် ၊ ဒီလိုမျိုး ခင်ဆင်ဆင် မှားနည်းမျိုးတွေနဲ့ ကျနော်တို့ တော်တော်ပဲ မှားတတ်ကြပါတယ် .. အဲဒါကို လွယ်လွယ်လေးနဲ့ မမှားအောင်သုံးနိုင်ဖို့ မှတ်လိုက်ပါ ၊ အချက်တစ်ခုတည်းပဲ စူးစိုက်ပြီး မှတ်ရမှာပါ
.
** All ကို Subject ကိုယ်စားပြုဖို့အတွက် သုံးတဲ့အခါ verb တွေနဲ့ ယှဉ်တွဲပြီး သုံးရတတ်ပါတယ် ..
…………………………………………………..
(1) ယှဉ်တွဲရတဲ့ Helping verb (Auxiliary verb) အကူကြိယာတွေနဲ့ တွဲတဲ့အခါ all ဟာ နောက်ကလိုက်ရပါတယ် (အရေးကြီးပါတယ်)
……………………………………………………
Helping verb တွေကတော့
.
(1.1) Verb to be >> is, am, are, was, were, be, being, been
(1.2) Verb to do >> do, does, did
(1.3) Verb to have >> has, have, had
(1.4) Model verbs >> can, could, will, would, shall, should, may, might, must
.
တို့ ဖြစ်ပါတယ် ၊ စုစုပေါင်း ၂၃ လုံးရှိပါတယ် ၊ ဥပမာတွေ ကြည့်လိုက်ပါ ရှင်းသွားမှာပါ
.
Eg (1) : We /are/ all/ learners. (are ရဲ့နောက်က)
ကျနော်တို့အားလုံး လေ့လာသူတွေပါ (အထက်က နမူနာဝါကျ ဒီမှာ မှန်သွားပြီ)
.
Eg (2) : we /do/ all/ come from the same mother Eve. ( do ရဲ့နောက်က)
ကျနော်တို့အားလုံးဟာ အမေ ဧ၀ တစ်ယောက်တည်း ကနေ ဆင်းသက်လာကြတာပါ ..
( do က come ကို လေးနက်အောင် အသေအချာလာတယ် ဆိုတဲ့သဘောဖြစ်စေဖို့ ဖြည့်ထားတာပါ)
.
Eg (3) : We /have/ all/ finished our work. (have ရဲ့နောက်က)
ကျနော်တို့ အားလုံး အလုပ်တွေပြီးကြပါပြီ
.
Eg (4): We /can/ all/ swim. (can ရဲ့နောက်က)
ကျနော်တို့ အားလုံး ရေကူးတတ်တယ်
…………………
(2) Go, eat, come,.. စတဲ့ ရိုးရိုးကြိယာတွေနဲ့ တွဲတဲ့ အခါမှာတော့ all ဟာ ရှေ့ကသွားပါတယ် ၊ ဒါကတော့ ပုံမှန်ဖြစ်ပြီး မှားလေ့မရှိပါဘူး
.
They /all/ came/ here. (came ရဲ့ရှေ့က)
သူတို့အားလုံးဒီကိုလာခဲ့ကြပါတယ် ..
………………………
အနှစ်ချုပ်လေးမှတ်မယ်ဆိုလျှင် “all ဟာ အကူကြိယာများရဲ့ နောက်ကလိုက်ပြီး ၊ ပုံမှန်ကြိယာများရဲ့ ရှေ့ကသွားပါတယ်” .. လို့ မှတ်လိုက်ပါ
..
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ မှားတတ်ကြတာကိုတွေ့ပါလိမ့်မယ် ၊ တချို့က မှားနေတာကိုတောင် မသိပါဘူး ၊ ကျနော်တို့ မမှားတော့ဘူးဆိုလျင် ကျေနပ်ပျော်ရွှင်လိုက်ပါ ..
.
မေတ္တာဖြင့်


No comments:

Post a Comment