-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Sunday, February 7, 2016

gravity load နှင့် lateral load



ကျွန်တော်တို့  အင်ဂျင်နီယာတွေ မကြာခဏ အပြောခံနေရတာ ရှိပါတယ်။ သံချောင်းတွေ တအားများတာပဲ၊ မလိုအပ်ပဲ သံချောင်းတွေ ထည့်တယ် တဲ့။ အဲဒါကို ပြောပြချင်လာတယ်။ ၂၀၀၅ လောက်က ...အိမ်ယာစီမံကိန်းတစ်ခု အနားက ဖြတ်သွားဖြတ်လာမှာ ဘာရယ်မဟုတ် လှမ်းလှမ်းကြည့်မိတယ်။ တိုင်တွေနှင့် ထုတ်တွေအားလုံး ကွန်ကရစ်လောင်းဖို့  ဆင်ထားတဲ့ သံချောင်းတွေက ၅မူး ၄လုံးပဲ။ stirrup နှင့် tie ကွင်းတွေက ၉လက်မခြားလောက် ဖြစ်မယ်။ ပြီးသွားတဲ့အခါ တွေ့ တာကတော့ ၂ထပ်လူနေအိမ်တွေ။ ၂ထပ်လူနေအိမ်တွေဆိုလို့  သေးသေးကွေးကွေးလေးတွေ မဟုတ်ဘူး။ ခန့် ခန့် ညားညား ဆိုတဲ့ထဲမှာ ပါတယ်။ အခုထိတော့ ဘာမှဖြစ်တာ မတွေ့ ရသေးဘူး။ အဲဒီလို အိမ်မျိုးတွေကို ကြည့်ပြီး ကျွန်တော်တို့  ထည့်တဲ့သံချောင်းတွေကို များတယ်လို့  ပြောတော့မှာပေါ့။
အဆောက်အအုံတစ်လုံးမှာ gravity load နှင့် lateral load ဆိုတာ ရှိပါတယ်။ gravity load ဆိုတာမှာ dead load နှင့် live load ရှိပါမယ်။ dead load ဆိုတာက အဆောက်အအုံမှာ တစ်ခါထဲ အသေတပ်ဆင် တည်ဆောက်ထားတဲ့ အရာတွေ အားလုံးကို dead load လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့် တိုင်၊ ထုတ်၊ ကြမ်းခင်း၊ ကြွေပြား၊ ကျောက်ပြား၊ နံရံ၊ လှေခါး၊ မျက်နှာကျက်၊ ခေါင်မိုး၊ ၀ရန်တာ စသဖြင့်ပေါ့။ live load ဆိုတာက အဆောက်အအုံမှာ နေထိုင်တဲ့ လူတွေ၊ နေရာချထားတဲ့ ပရိဘောဂ၊ လူသုံးကုန်ပစ္စည်းတွေရဲ့  အလေးချိန်တွေ ဖြစ်ပါတယ်။ အသေမဟုတ်ပဲ ရွေ့ ရှားနေလို့  temporary load သို့ မဟုတ် moving load လို့ လဲ ခေါ်တယ်။ ဒေါင်လိုက်ခံစားရလို့  vertical load လို့ လဲ ခေါ်ပါတယ်။ Lateral load ဆိုတာက wind and earthquake လေပြင်းတိုက်တာ ငလျင်လှုပ်ရာမှာ အဆောက်အအုံက ဘေးတိုက်ခံစားရတဲ့ အားတွေပါ။ အဆောက်အအုံတစ်ခုလုံးရဲ့  အလေးချိန်ကို ဘေးတိုက်အရှိန်တစ်ခုနှင့် လှုပ်ခါတဲ့အခါ ခံစားရတဲ့ အားမို့  gravity load တွေထက် များပါတယ်။ ဘေးတိုက်ခံစားရလို့  Lateral load ကို horizontal load လို့ လဲ ခေါ်ပါတယ်။
၅မူး၎လုံးနှင့် ၂ထပ်လူနေအိမ်အဆောက်အအုံဟာ ပုံမှန်အချိန်မှာ ဘာမှ မဖြစ်ပဲ ရပ်တည်နေနိုင်တာ ဆိုတာက gravity load ကို ခံနိုင်ရည် ရှိတယ်ဆိုတဲ့ သဘောပါပဲ။ earthquake ငလျင်လှုပ်တဲ့အချိန်မှာ ခံနိုင်ရည် ရှိမယ် မရှိဘူး ဆိုတာက အဆောက်အအုံဒီဇိုင်းတွက်ချက်ရာမှာ lateral load ကို ထည့်သွင်းတွက်ချက်ထား မထား အပေါ်မှာ မူတည်ပါမယ်။ အထူးသဖြင့် earthquake zone IV ထဲမှာ ကျနေတဲ့ မန္တလေးလိုနေရာမှာ lateral load တွေကို သေသေချာချာ ထည့်သွင်းစဉ်းစား မတွက်ချက်ထားရင် ငလျင်လှုပ်ခဲ့ပါက အတိုင်းအတာ တစ်ခုအထိ ပျက်စီးဆုံးရှုံးမှုတွေနှင့် ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ lateral load ကို ထည့်သွင်းစဉ်းစား တွက်ချက်ထားတယ် ဆိုရာမှာတောင် ရန်ကုန်နှင့် မန္တလေး သံချောင်း အရေအတွက် တူမှာ မဟုတ်ပါ။ Zone IIB မှာ ပါတဲ့ ရန်ကုန်ထက် Zone IV မှာပါတဲ့ မန္တလေးက အဆောက်အအုံတွေက သံချောင်း သိသိသာသာ များပါမယ်။ ကျွန်တော်တို့  ထည့်တဲ့ သံချောင်းတွေက Zone IV earthquake lateral load လာခဲ့သည်ရှိသော် အဆောက်အအုံက ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်မယ့် သံချောင်း အရေအတွက်တွေ ဆိုတာကို ပြောပြတာပါ။


U KYI THAR MYINT

No comments:

Post a Comment