-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, May 25, 2016

Construction Safety


လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ R2


မိုးရာသီတွင် ကွန်ကရိသွန်းလောင်းခြင်း


မိုးရေဟာ လတ်လတ်ဆတ်ဆတ်သွန်းလောင်းထားတဲ့ ကွန်ကရိမျက်နှာပြင်ကို ပျော့ညံ့နေစေပါတယ်။ ဒီလို ပျော့ည့...ံမှုဟာ ကွန်ကရိရဲ့ မျက်နှာပြင် အပွန်းအစားခံနိုင်ရည်ကို ယုတ်လျော့စေပါတယ်။ တစ်ဖန် ကြံ့ခိုင်တောင့်တင်းမှုအရာမှာလည်း အားနည်းစေပြန်ပါတယ်။ ဆင့်ကဲ, ဖြစ်စဉ်အားဖြင့် ကွန်ကရိတာရှည်ခံနိုင်မှုသက်တမ်းကိုလည်း ကျဆင်းစေပြန်ပါတယ်။
သို့ဖြစ်၍ မိုးတွင်းကာလ ကွန်ကရိသွန်းလောင်းခြင်းကို ဂရုစိုက်ပြုပြီး လုပ်ဆောင်သင့်ပါတယ်။
မိုးကာလ ကွန်ကရိလုပ်ငန်းများ လုပ်ဆောင်ဖို့ရှိပါက လိုအပ်တဲ့ အကာအကွယ်ပစ္စည်းများ ကြိုတင်စုဆောင်းထားခြင်း၊ လုပ်ငန်းခွင် အမိုးအကာ အစီအမံများကို ကြိုတင်စီမံထားခြင်းအားပြုသင့်ပါသည်။
အစီအစဉ်ရေးဆွဲထားပြီးမှသာလျှင် ကွန်ကရိသွန်းလောင်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။
အကယ်၍ အခက်အခဲတစ်စုံတစ်ရာကြောင့် ကွန်ကရိသားကို အကာအကွယ်ပေးဖုံးအုပ်ထားရန် တာပေါ်လင် (TARPAULINS) နှင့် ပလက်စတစ်စ (PLASTICS SHEERTS) ကို ရရှိခြင်း မရှိသေးပါက မိုးရွာပြီးသည်အထိ စောင့်စားပြီးမှသာလျှင် ကွန်ကရိလုပ်ငန်းကို စတင်သင့်ပါတယ်။
DESIGN AND CONTROL OF CONCRETE MIXING_14TH EDITION_PAGE-200 မှာလည်း အောက်ပါအတိုင်းဖော်ပြထားပါတယ်။
“When rain occurs, all batching and placing operations should stop and the fresh concrete should be covered to the extent that the rain does not indent the surface of the concrete or wash away the cement paste.”
ဆိုလိုတာက မိုးရွာစဉ်မှာ ကွန်ကရိအစပ်အဟပ်ပြုဖို့ ချင်တွယ်ခြင်း၊ သွန်းလောင်းခြင်းတွေကို ရပ်ဆိုင်းသင့်ပြီး လတ်လတ်ဆတ်ဆတ်သွန်းလောင်းပြီးတဲ့ ကွန်ကရိကိုလည်း မိုးဒဏ်ကနေ ကာကွယ်ပေးထားရပါမယ်။ ဒါမှ ကွန်ကရိမျက်နှာပြင်မှာ မိုးစက် မိုးပေါက် အရာ (ချိုင့်ခွက်ငယ်လေးများ) မဖြစ်ပွားစေမှာပါ။ သို့မဟုတ် ဘိလပ်မြေအနှစ်များ စီးထွက်မသွားစေမှာပါ။
အကယ်၍ ကျွန်တော်တို့က အစီအမံ ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုရင် မိုးစက် မိုးပေါက်ကျတာ၊ မိုးရေစီးဆင်းတာကို မတားနိုင်ခဲ့ဘူးဆိုရင် ကောင်းကင်ကနေ အရှိန်နဲ့ ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တို့ရဲ့ ရေစူးအားကြောင့် လတ်လတ်ဆတ်ဆတ်သွန်းလောင်းထားတဲ့ ကွန်ကရိသားပျော့ပျော့မှာ ကျောက်လုံးစေ့လေးတွေပေါ်လာပြီး ဗြုတ်စဗျင်းတောင်း ကျောက်သားပြင်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ကွန်ကရိမျက်နှာပြင် ကြမ်းကြမ်းတမ်းတမ်းဖြစ်သွားတတ်ပါတယ်။
ဘိလပ်မြေအနှစ်ပျော့တွေကတော့ မိုးရေရဲ့တိုက်စားမှုကြောင့် မိုးရေနဲ့အတူ စီးဆင်းသွားတယ်။
(ဒီလိုပြဿနာမျိုးကတော့ ပြန်ပြင်ယူလို့ရပါတယ်။ မိုးရွာပြီးသွားတာနဲ့ တံမြက်စည်းကြမ်းနဲ့ ခြစ်ထုတ်တာတို့၊ ကျောက်စကျောက်နတွေ ဖယ်ရှားတာတို့ လုပ်ပြီး အပျက်အစီးဖြစ်တဲ့နေရာကို မဆလာနဲ့ ပြန်ဖာတာတို့လုပ်ပေးရင် OK ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ topping layer လောင်းပေးရမယ့် လုပ်ငန်းစိတ်တွေရှိရင်လည်း အလွှာပြည့်ထပ်ပိုးလွှာတင်လိုက်သလိုဖြစ်လို့ ဒီပြဿနာဟာ အဆင်ပြေသွားမှာပါ။)
မိုးရွာနေတာကို အချိန်မီကာကွယ်ခြင်းမရှိဘဲ မိုးရွာနေဆဲလောင်းရင်လည်း water/cement ratio များလာမှာပါ။ Design Strength မရတော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် နဂိုကတည်းက ဖျော်စပ်ရာမှာ ရေလျှော့ထည့်ပြီး Required Slump ထက် နည်းအောင် ဖျော်စပ်ခဲ့သင့်ပါတယ်။
ပြီးတော့ မိုးရွာနေဆဲ အကာအကွယ်မရှိဘဲ vibrator ကို ထိုးနေပြီး compacting လုပ်ခဲ့မယ်ဆိုရင် Segregation သဘောအရ အပျော့လွန်နေတဲ့ကွန်ကရိမှာ Specific Gravity များတဲ့ ရောစာကြီးတွေက အနည်ထိုင်ပြီး အနှစ်ပျော့တွေချည်း အပေါ်တက်လာတတ်ပါတယ်။ ဒီလို အပေါ်တက်လာတဲ့ အနှစ်တွေဟာ မိုးရေနဲ့အတူ စီးထွက်သွားနိုင်ပါတယ်။ ဒါဟာ သတိပြုသင့်တဲ့ အချက်တစ်ခုပါ။
မိုးရွာနေတုန်းမှာ ကွန်ကရိမျက်နှာပြင်မှာ သာမန်အခြေအနေတွေထက် ရေပိုတွေရှိနေပါတယ်။ ဒီအချိန်မှာ ရေပိုတွေကို မဖယ်ဘဲ မျဉ်းရိုက် စတုတ်တိုက်ရင် ကွန်ကရိထုရဲ့ အပေါ်ယံထုထဲကို ရေတွေ ရိုက်ထည့်နေသလိုဖြစ်သွားပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ BLEEDING EFFECT လိုပဲ အပေါ်ယံ မျက်နှာပြင်လွှာ အားနည်းတတ်ပါတယ်။ အပွန်းအစားခံ မျက်နှာပြင်မဟုတ်တော့ဘဲ အပွန်းခံလွယ်တဲ့ မျက်နှာပြင်ဖြစ်လာပါလိမ့်မယ်။
အပေါ်ယံအလွှာ အချပ်လိုက် ကွာတာမျိုးဖြစ်တတ်ပါတယ်။

အဆောက်အဦမီးဘေးလုံခြုံရေး(Fire Safety)


အထပ်မြင့်အဆောက်အဦးတစ်လုံးဆောက်ဖို့  အိမ်ဆောက်မိန့် တင်ရာမှာ မီးသတ်ဦးစီးဌာနရဲ့  ခွင့်ပြုချက် လိုပါတယ်။ အဲဒီအတွက် drawing တွေဆွဲပြီး တင်ပြရတယ်။ ခေါ်ယူတွေ့ ဆုံတဲ့... အစည်းအဝေးမှာ ရှင်းပြရပါတယ်။ မီးသတ်ဦးစီးဌာနက အဆောက်အဦမီးဘေးလုံခြုံရေး(Fire Safety) အတွက်စစ်ဆေးပြီး မကိုက်ညီတဲ့ အချက်တွေရှိပါက ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြရပါတယ်။ အဲဒီအခါကျမှ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ ညွှန်ကြားချက်တွေနှင့်အတူ ကန့် ကွက်ရန်မရှိကြောင်း ဆိုပြီး စာပြန်ပါတယ်။ အဆောက်အဦပြီးဆုံးချိန်မှာ မီးသတ်ဦးစီးဌာနက စစ်ဆေးပြီး မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ အချက်တွေကို ကြိုသိခဲ့ရင် မကိုက်ညီလို့  ပြန်လည်ပြင်ဆင်ရေးဆွဲတင်ပြရတာမျိုးတွေ နည်းသွားမယ်။ အဲဒါကြောင့် မီးသတ်ဦးစီးဌာနက ပေးပို့ လာတဲ့ ညွှန်ကြားချက်တွေကို အင်ဂျင်နီယာမိတ်ဆွေများသိအောင် ပြောပြချင်လာတယ်။ ညွှန်ကြားချက်တွေကတော့ .....

ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်


လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ...်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။
အပေါ်ယံလေ့လာသင်ယူခြင်း
ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။
အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။
ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။
အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။
နက်ရှိုင်းစွာလေ့လာသင်ယူခြင်း
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

Wednesday, February 17, 2016

Gravitational Waves ခေါ် ဒြပ်ဆွဲမှု အကျိုးရလဒ် လှိုင်းများအကြောင်း တစေ့တစောင်း


သိပ္ပံချစ်သူ ညီအကိုမောင်နှမတွေအကုန်လုံး Gravitational Waves တွေ အကြောင်းကို ဒီရက်ပိုင်း သတင်းမှာ ခဏခဏ ကြားနေရမှာပေါ့ ။ တော်တော်ကို နာမည်ကြီးပြီး ၂၁ ရာစု ရဲ့ အကြီးမားဆုံး တွေ့ ရှိ ချက်တွေ ထဲက တစ်ခုဖြစ်တယ်လို့လဲ ဆိုရမှာပါ ။ ဒီဟာကို ကျွန်တော်တို့ ဘာတွေလဲ ဆိုတာ ကြည့်ရ အောင်လား ။ ဒြပ်ဆွဲမှု အကျိုးရလဒ် လှိုင်းများ လို့ခေါ်တာ အကြောင်းရှိပါတယ်။

Sunday, February 7, 2016

How will you put technology in Action?



ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

စာသင်ခန်းထဲမှာ ဘာကြောင့် ရှိနေရသလဲ။ ဒီဂရီဘွဲ့ရဖို့ လိုအပ်လို့ဖြစ်ကောင်းဖြစ်မယ်။ ကွန်ပျူ တာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ချင်လို့လည်း ဖြစ်နိုင်တယ်။ နောက်ကို တစ်လှမ်းလောက်ဆုတ်လိုက်ရင် ပိုပြီး ကြီးကြီး မြင်ရတတ်တယ်။ တစ်လှမ်းလောက်ဆုတ်ပြီး မြင်ကြည့်လှည့်ပါ။

Saturday, January 30, 2016

BIM အကြောင်း သိကောင်းစရာ




BIM ဆိုတာ Building Information Modeling ပါ
BIM က Technology တစ်ခုတည်းမဟုတ်သလို Software တစ်ခုတည်းနဲ့ ရပ်တည်တာလဲမဟုတ်ပါဘူး၊ BIM က Process တစ်ခုပါပဲ အဲသည် Process ကို Technology, Technical, Knowledge, Management and Experience တွေကိုပေါင်းစပ်ပြီး Construction Industrial ရဲ့ Sequences တွေကို ဘက်ပေါင်းစုံ ထောက်ကူပြီး တည်ဆောက်ထားတဲ့ Digital Model တစ်ခုပါ အားလုံးကို အဓိက ဦးဆောင်သွားတာကတော့ Design & Construction Sequence တွေပါပဲ၊ Construction Sequences တွေကလဲ Construction Type တွေအပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။

BIM Diploma သင်တန်းတက်နေတဲ့သူများ Project Presentation Reference

BIM Diploma သင်တန်းတက်နေတဲ့သူများ Project Presentation Ref လုပ်ရန် Request လုပ်လို့ Share လိုက်ပါတယ်။ တိုက်ရိုက်တော့ မကူးလေနဲ့ အဲဒီက ဆရာသများတွေအားလုံး နီးပါးက ဒီဖေ့ဘွတ်မှာ ရှိတယ် ကိုယ့်ဟာကိုယ်သာ ဥာဏ်ရှိသလိုသုံးပါ။

BIM အကြောင်း သိကောင်းစရာ (၄)


Benefit of BIM for Structure Designers
- Structure Analysis and Design တွက်ချက်မှုပြီးနောက် ရရှိလာတဲ့ Result အပေါ်မူတည်ပြီး BIM Process အကူအညီဖြင့် Detail Drawing များကို လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်သည့်အပြင် Bill Of Quantity ကိုလဲ Local Authority Requirement နှင့် BIM Process Requirement အရ BIM Process မှ Data Extraction Method ဖြင့်သော်လည်းကောင်း တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း အလွယ်တကူ ထုတ်ယူနိုင်ပါတယ်၊
...
- BIM Process ဖြင့် ရှုပ်ထွေးနေသည့် Project Life Cycle အတွင်းမှာပင် Structure Designer များအနေဖြင့် အနှောက်အယှက်များဖြစ်စေသည့် Beam, M&E Elements(Pipe, ACMV and Electrical Systems), Gas, Fire Protection , Communication စသည့် စနစ်များကိုထိခိုက်မှုမှ ရှောင်လွဲနိုင်ရန်အတွက် Coordination Method ကိုအသုံးပြုပြီး Under Construction မတိုင်ခင်မှာပဲ ဖြစ်လာနိုင်မည့် ပြသနာများ (Clash Detect) ကို နည်းလမ်းမှန်ကန်သည့် Process ဖြင့် ကြိုတင်ဖြေရှင်းထားနိုင်ပါသည်။
-Structure Design ပြုလုပ်ရာတွင်လည်းကောင်း Detail Drawing ထုတ်ယူမှုတွင်သော်လည်းကောင်း BQ ထုတ်ယူရာတွင်သော်လည်းကောင်း သက်ဆိုင်ရာ အပိုင်းအလိုက်ကို BIM Process က များစွာ အထောက်အကူပေးနိုင်ပါတယ်။
- Physical Model ကနေပြီး Analysis and Design အထိကိုပဲ လုံးဝ ကွဲပြားမှုမရှိအောင်ကိုပဲ အချိန်တိုအတွင်း အကျိုးသက်ရောက်မှုများ ရနိုင်ပါတယ်။
- BIM Process ဖြင့် တည်ဆောက်ထားသည့် Structural Model ဖြင့် Archi and M&E designer များနျှင့်အတူတကွ အကောင်းဆုံး ညှိုနှိုင်းဆောင်ရွက်နိုင်ပြီး Construction Drawing များကို လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ပါတယ်။
ဆွေးနွေးမှုများကို နွေးထွေးစွာကြိုဆိုပါတယ်
CREDIT TO ==> Naing Naing Win
09425268147
Integrated Design Group

BIM အကြောင်းသိကောင်းစရာ (၃)


BIM For Architects
- Architect များအနေဖြင့် ရှုပ်တွေးနေတဲ့ Design Process အတွင်းမှာပင် Massing Model ဖြင့် လွယ်ကူရှင်းလင်းတဲ့ Building Shade, Stories တွေကို အလျင်အမြန် လေ့လာဖန်တီးနိုင်သည့်အပြင် အဆောက်အဦးအတွက် လိုအပ်တဲ့ Plint Area Estimate ကို လွယ်ကူစွာ ရယူနိုင်ပါတယ်။

BIM အကြောင်း သိကောင်းစရာ (၂)


ရှေ့က ကျွန်တော် ရေးသားခဲ့တဲ့ BIM PROCESS တစ်ခုအတွက် Model တည်ဆောက်မှုအတွက် လိုအပ်ချက်နဲ့ လိုက်နာရမည့်အချက်တွေ ပြီးတဲ့နောက်မှာ BIM ကိုအသုံးပြုခြင်းအားဖြင့် Project တစ်ခုချင်းတွင်မကပဲ သက်ဆိုင်ရာ အပိုင်းလိုက် အကျိုးကျေးဇူးများ ရရှိနိုင်ပါသေးတယ်
* Benefit Of BIM For Owners
...
- Project ပိုင်ဆိုင်သူတစ်ယောက်အတွက် ဖက်ပေါင်းစုံကနေပြီး Project များစွာရဲ့ အောင်မြင်စွာဆောင်ရွက် နိုင်မှု အကျိုးကျေးဇူးကို ရှိနိုင်ပါတယ်။

BIM Process စတင်တည်ဆောက်မှုအတွက် အပိုင်း (၁)




BIM Process ကို အသုံးပြုပြီး Construction Project တစ်ခုစတင်တည်ဆောက်တော့မယ်ဆိုလျှင် ပါဝင်တဲ့ သူတွေကတော့ Owner, Authority, Consultant with (Archi, Structure, M&E and Contractor) and Facility အပိုင်းတွေပါ ပါဝင်လာပါတယ်၊

Thursday, January 28, 2016

‎လိုရာသုံးဗဟုသုတခုနှစ်ခု‬

(1)----ရေ၀င်ဆန့်တွက်နည်း
(2)----သစ်တွက်နည်း...
(3)----မြေတွက်နည်း
(4)----ဘိလပ်မြေတွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်

လူငယ်တွေအတွက် ပုံပြင်လက်ဆောင်

တခါတုန်းက မုဆိုးမကြီးတစ်ယောက်မှာ စိတ်ထားမကောင်းတဲ့ သမီးတစ်ယောက်နဲ့... စိတ်ကောင်းရှိတဲ့ လင်ပါသမီး တစ်ယောက် ရှိပါတယ်။ စိတ်ကောင်းရှိတဲ့ ကလေးဟာ ဖြူစင်ရိုးသားပြီး ချိုသာသော နှုတ်ထွက်စကားကိုသာ ဆိုလေ့ရှိပေမယ့်.. စိတ်ထားမကောင်းတဲ့ သမီးအရင်းကတော့.. နေ့စဉ်နေ့တိုင်း အော်ဟစ် ဆဲဆို လို့နေပါတယ်..။ တစ်နေ့တော့ တောစပ်က ချောင်းထဲမှာ ရေခပ်ဆင်းရင်း အဖွားအိုတစ်ဦးလဲကျနေတာကို တွေ့လိုက်ကြရတယ်..။ စိတ်ထားကောင်းတဲ့ မိန်းကလေးက အဖွားအိုကို ပြုစုပေးပြီး ပါလာတဲ့ရေကိုလည်း တိုက်ကျွေးခဲ့ပါတယ်။ ချိုသာတဲ့ စကားလေးတွေ ဆိုတတ်တဲ့ မိန်းကလေးကို အဖွားအိုက ဆုတစ်ခုပေးခဲ့တယ်..။ စကားပြောတဲ့အခါတိုင်းမှာ "ပန်းလေးတွေ.. စိန်ပွင့်လေးတွေ ထွက်လာပါစေ.." တဲ့လေ..။ တကယ်တော့ အဖွားအိုဟာ နတ်သမီးတစ်ပါးသာဖြစ်ပြီး ဆုတောင်းပေးလိုက်တဲ့အတိုင်း မိန်းကလေးဟာ ချိုသာတဲ့ စကားပြောတိုင်း ပန်းပွင့်လေးတွေ စိန်ပွင့် လေးတွေ ပါးစပ်ထဲက ထွက်လာပါသတဲ့..။ သူ့မအကြောင်းကို သိရှိသွားကြတဲ့သူတွေကလည်း ကောင်းချီးသြဘာ ပေးကြပြီး သူရရှိတဲ့ စိန်ပွင့်လေးတွေကို ရောင်းချပြီး မိခင် (မိထွေး) ဖြစ်သူကို ပေးရှာသတဲ့..။ ဒီအကြောင်းကို သိသွားတဲ့ စိတ်ပုပ်တဲ့ မိန်းကလေးကတော့ နောက်တခေါက် နတ်သမီး အဖွားအိုကို ရှာဖို့ ရေခရားထဲမှာ ရေအပြည့်ထည့်ပြီး တောထဲပြန်သွားခဲ့တယ်..။

Soil Nailing

Run Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေ



IT သမားတွေအတွက် တစ်ကယ်အသုံးဝင်နိုင်ပါတယ်။ Run Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေပါ..
မိုက္ကရိုဆော့ဖ်ဝင်းဒိုးမှာ Environment Variables လို့လည်း ခေါ်ပါတယ်...။
* %allusersprofile%
* ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
* %appdata%
* အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
* %comspec%
* Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။

Wednesday, January 27, 2016

websites blogger တွေအတွက် ကောင်းနိုးရာရာ ကုတ်လေးများ



ဒါကတော့ နောက်ခံဘက်ဂရောင်း အတွက် ကုတ်လေးပါ..။


<style type="text/css">
body {
background-image: url(ဒီနေရာမှာ ဘက်ဂရောင်းလင့်လေးထည့်ပါ) ;
background-attachment:
fixed;
background-repeat:
no-repeat;
background-position:
Bottom; }</style>


အနီရောင်လေးတွေနေရာမှာ စိတ်ကြိုက်ပြောင်းလို့ရပါတယ်...။

................................................................

Radio FM ကို ဘလော့မှာထည့်မယ်

   အရင်ဆုံး အောက်က code လေးတွေ ကူးလိုက်ပါ။

   

http://174.37.16.73:4120/live  နေရာမှာ အောက်က မိမိကြိုက်နှစ်သက်ရာ FM station link ကိုထည့်ပေးပါ။ Padamyar FM နေရာမှာ FM Name ထည့်ပေးပါ။ Add a gadget>>Add HTML/java script>>paste

RFA မြန်မာ    mms://a652.l2130856651.c21308.g.lm.akamaistream.net/D/652/21308/v0001/reflector:56651

VOAမြန်မာ   http://www.voanews.com/wm/live/live-burmese-a.asx