-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Thursday, January 28, 2016

လူငယ်တွေအတွက် ပုံပြင်လက်ဆောင်

တခါတုန်းက မုဆိုးမကြီးတစ်ယောက်မှာ စိတ်ထားမကောင်းတဲ့ သမီးတစ်ယောက်နဲ့... စိတ်ကောင်းရှိတဲ့ လင်ပါသမီး တစ်ယောက် ရှိပါတယ်။ စိတ်ကောင်းရှိတဲ့ ကလေးဟာ ဖြူစင်ရိုးသားပြီး ချိုသာသော နှုတ်ထွက်စကားကိုသာ ဆိုလေ့ရှိပေမယ့်.. စိတ်ထားမကောင်းတဲ့ သမီးအရင်းကတော့.. နေ့စဉ်နေ့တိုင်း အော်ဟစ် ဆဲဆို လို့နေပါတယ်..။ တစ်နေ့တော့ တောစပ်က ချောင်းထဲမှာ ရေခပ်ဆင်းရင်း အဖွားအိုတစ်ဦးလဲကျနေတာကို တွေ့လိုက်ကြရတယ်..။ စိတ်ထားကောင်းတဲ့ မိန်းကလေးက အဖွားအိုကို ပြုစုပေးပြီး ပါလာတဲ့ရေကိုလည်း တိုက်ကျွေးခဲ့ပါတယ်။ ချိုသာတဲ့ စကားလေးတွေ ဆိုတတ်တဲ့ မိန်းကလေးကို အဖွားအိုက ဆုတစ်ခုပေးခဲ့တယ်..။ စကားပြောတဲ့အခါတိုင်းမှာ "ပန်းလေးတွေ.. စိန်ပွင့်လေးတွေ ထွက်လာပါစေ.." တဲ့လေ..။ တကယ်တော့ အဖွားအိုဟာ နတ်သမီးတစ်ပါးသာဖြစ်ပြီး ဆုတောင်းပေးလိုက်တဲ့အတိုင်း မိန်းကလေးဟာ ချိုသာတဲ့ စကားပြောတိုင်း ပန်းပွင့်လေးတွေ စိန်ပွင့် လေးတွေ ပါးစပ်ထဲက ထွက်လာပါသတဲ့..။ သူ့မအကြောင်းကို သိရှိသွားကြတဲ့သူတွေကလည်း ကောင်းချီးသြဘာ ပေးကြပြီး သူရရှိတဲ့ စိန်ပွင့်လေးတွေကို ရောင်းချပြီး မိခင် (မိထွေး) ဖြစ်သူကို ပေးရှာသတဲ့..။ ဒီအကြောင်းကို သိသွားတဲ့ စိတ်ပုပ်တဲ့ မိန်းကလေးကတော့ နောက်တခေါက် နတ်သမီး အဖွားအိုကို ရှာဖို့ ရေခရားထဲမှာ ရေအပြည့်ထည့်ပြီး တောထဲပြန်သွားခဲ့တယ်..။ တောထဲမှာ လမ်းပျောက်နေတဲ့ အမျိုးသမီးတစ်ဦးက "ကျမတောထဲမှာ လမ်းပျောက်နေပြီး ရေမသောက်ရတာလည်း ကြာနေပါပြီ.. ရေလေးတိုက်ပါ" ဆိုတော့.. ထိုမိန်းကလေးက "ဒီမှာ.. ဒါ ညည်းကို အားအားယားယား တိုက်ဖို့ ယူလာတာ မဟုတ်ဘူး..။ #$%@" စသဖြင့် ဆဲရေး တိုင်းထွာပြီး အော်လွှတ်လိုက်ပါတယ်..။ ထိုလမ်းပျောက်နေတဲ့အမျိုးသမီးဟာ နတ်သမီးဖန်ဆင်းထားခြင်းဖြစ်ပြီး စိတ်ကောင်းမရှိတဲ့.. ဆဲရေးတတ်တဲ့ မိန်းကလေးကို "စကားပြောတဲ့အခါတိုင်း ဖားတွေ.. မြွေတွေ ထွက်လာပါစေ.." လို့ ဆုတောင်းပေးလိုက်တယ်..။ ဆဲရေးတတ်တဲ့ မိန်းကလေးဟာ စကားပြောလိုက်တိုင်း ပါးစပ်ထဲက ဖားတွေ..မြွေတွေ ထွက်လာတတ်တဲ့အတွက်.. ဘယ်သူမှ သူ့အနားကို မကပ်ရဲကြတော့ပဲ... တစ်ယောက်တည်း အထီးကျန်စွာနဲ့ ဘဝကို ဖြတ်သန်းရပါတော့တယ်..။ ......................................................... ကျနော် ငယ်စဉ်အခါက အမေပြောဖူးသော ပုံပြင်လေးဖြစ်ပါတယ်။ ဆဲရေးတိုင်းထွာခြင်းဟာ ပါးစပ်မှ ဖားတွေ မြွေတွေ ထွက်လာသလိုပါပဲ..။ ဘယ်သူမှလည်း မနှစ်သက်သလို.. မိတ်ဆွေအပေါင်းအသင်းများရဲ့ စွန့်ခွာခြင်းကို ခံရပါတယ်..။ နှုတ်ထွက်စကား ချိုသာခြင်းဟာ ပန်းပွင့်လေးတွေ စိန်ပွင့်လေးတွေ ထွက်ကျလာသလို.. လူအများရဲ့ ချစ်ခင်နှစ်သက်ခြင်း၊ တန်ဖိုးထားခြင်းကို ခံရမှာ ဖြစ်ပါတယ်..။ အနာဂတ်လူငယ်လေးများ.. နှုတ်ထွက်စကားတွေ ချိုမြိန်စေဖို့... သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment