-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, January 30, 2016

BIM Process စတင်တည်ဆောက်မှုအတွက် အပိုင်း (၁)




BIM Process ကို အသုံးပြုပြီး Construction Project တစ်ခုစတင်တည်ဆောက်တော့မယ်ဆိုလျှင် ပါဝင်တဲ့ သူတွေကတော့ Owner, Authority, Consultant with (Archi, Structure, M&E and Contractor) and Facility အပိုင်းတွေပါ ပါဝင်လာပါတယ်၊

Owner ရဲ့ လိုအပ်ချက်အရ အဆောက်အဦးတစ်ခုကို စတင်ဒီဇိုင်းလုပ်ဖို့အတွက် Archi တွေက အဓိကကျတဲ့အတွက် Owner ရဲ့ Require Building Type and Budget ကို တိုင်းတာပြီး သင့်တော် လှပတဲ့ ဒီဇိုင်းကို ရေးဆွဲပေးကြပါတယ် အဲသည်အပိုင်းမှာ Proposal and Estimate ကို တစ်ခါတည်း အပြီးသတ်ရေးဆွဲဖို့မလိုပဲ Massing Model or Sketch Up Model တည်ဆောက်ပြီး Site Location and Site Area ကို အခြေပြုပြီး Building Shade ကို စတင် Proposal ပြုလုပ်ပေးကြပါတယ် နောက်ပိုင်း Model တည်ဆောက်မှုအပိုင်းတွေကို LOD (Level Of Development) တွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်ဆောင်ရွက်သွားကြပါတယ်။
Massing Model တည်ဆောက်ပြီးလို့ ပထမ ပိုင်းမှာ ဖြစ်ပေါ်လာမယ့် Building Shape နဲ့ Owner Require ညီညွတ်မှုရှိခဲ့မယ်ဆိုလျှင် ခန့်မှန်းခြေကုန်ကျစရိတ်ကို ရှိနိုင်ဖို့အတွက် Massing Model ပေါ်မှာပဲ လိုအပ်တဲ့ အထပ်အရေအတွက်ကိုဖန်တီးပြီး PAE စနစ်ဖြင့် ထွက်လာတဲ့ ကုန်ကျစရိတ်နဲ့ Owner ရဲ့ Budget ကို ချိန်ကိုက်ရပါတယ် လိုတိုးပိုလျှော့လုပ်ရပါတယ်၊။
ထို့ Massing Model တည်ဆောက်တဲ့ အဆင့်မှာပဲ ကျွန်တော်တို့ သတိပြုရမယ့်အပိုင်းကတော့ Region Authority တွေဖြစ်တဲ့ ဠာနတွေရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိမရှိကိုပါ စစ်ဆေးပြီး အပြင် သတ်မှတ် ဇုံထဲမှာ ရှိတဲ့ အထပ်အမြင့်နဲ့ အဆောက်အဦးအမျိုးအစားကို လိုက်နာပြီး သေချာတဲ့ Massing Model မှ ရရှိလာတဲ့ PAE နှုန်းထားကိုမှ Owner Budget နဲ့ နှိုင်းယှဉ်လျှင်တော့ တိကျတဲ့ အဖြေတစ်ခုကို ရရှိပါလိမ့်မယ်။
အကျဉ်းချုပ်ပြောရမယ်ဆိုလျှင် BIM Process တစ်ခုအတွက် စတင်တဲ့အခါ Owner Requirement (Building Type), Budget, Local Authorize (YCDC, CQHP, FIRE), Budget, Site Location တွေ အားလုံးနဲ့ ကိုက်ညီမှုရှိလာတဲ့ အခါမှ ပြီးပြည်စုံတဲ့ BIM Process ကို စတင် Run လို့ရမှာဖြစ်ပါတယ်။
Reference; (1) BIM HAND BOOK
(2) BIM AND CONSTRUCTION MANAGEMENT
(3) BIM MANAGEMENT
(4) BIM PRESENTATION FROM KO MAUNG THANT
ZIN OO (SINGAPORE)
(5) CONSTRUCTION MANAGEMENT
CREDIT TO ==> Naing Naing Win

No comments:

Post a Comment