-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, January 27, 2016

Hot Weather Concreting (ရာသီဥတုပူပြင်းချိန်တွင် ကွန်ကရိသွန်းလောင်းခြင်း)

Hot Weather Concreting (ရာသီဥတုပူပြင်းချိန်တွင် ကွန်ကရိသွန်းလောင်းခြင်း) Rev.1



Hot Weather Concreting (ရာသီဥတုပူပြင်းချိန်တွင်ကွန်ကရိသွန်းလောင်းခြင်း) Rev. 1 (14/07/15)

ယခုလိုပူပြင်းတဲ့ ရာသီဥတုမှာ ကွန်ကရိလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေအတွက် နေ့စဉ်လိုလို ရင်ဆိုင်နေရတဲ့ ပြဿ
နာ ကတော့ ကွန်ကရိတွေ မာသွား၊ ခဲသွားလို့  AG truck ထဲကထုတ်မရတာ၊ ဆက်ပြီး သွန်းလောင်းဖို့  ခက်ခဲတာ စသည်တို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ပူပြင်းတဲ့ ရာသီဥတုမှာ ကွန်ကရိလုပ်ငန်းလုပ်ကိုင်ရာမှာ ဆောင်ရန် ရှောင်ရန် တွေကို ဆွေးနွေးတင်ပြထားပါတယ်။

*****************************************************************************
၁- ဘယ်အပူချိန်ကို Hot Weather Concreting လို့ သတ်မှတ်သလဲ
၂-ကွန်ကရိသွန်းလောင်းရန်ခွင့်ပြုထားတဲ့ အမြင့်ဆုံး ပါတ်ဝန်းကျင်အပူချိန်
၃- Hot Weather မှာကွန်ကရိလောင်းလျှင် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ
၎- ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်သလဲ (The Precautions)
၅- ကွန်ကရိလောင်းပြီး အရည်အသွေး (Quality) မကျအောင် ဘာတွေဆက်လုပ်သင့်သလဲ

*****************************************************************************
၁. ဘယ်အပူချိန်ကို Hot Weather Concreting လို့ သတ်မှတ်သလဲ
ဒေသအားလုံးအတွက် အပူချိန်ကို တစ်သမတ်တည်း သတ်မှတ်ဖို့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး၊ ACI code Section 1.3 and 2.2.1 မှာတော့ အပူချိန်  75-100 ºF (24-38 ºC) အတွင်းမှာ ကွန်ကရိသွန်းလောင်းလျှင် ရလာဒ်အကောင်းဆုံး ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဆိုလိုချင်တာက 38ºC အထက်ရောက်လျှင် ကွန်ကရိ အပေါ်မှာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့  ယူဆရမှာပါ။
 
Section 5.13 of ACI 318-02, Building Code Requirements for Structural Concrete  မှာတော့-

Hot Weather အချိန်တွင် ကွန်ကရိသွန်းလောင်းပါက  အပူချိန်လွန်ကဲမှု နှင့် ရေငွေ့ ပျံမှုတို့ ကြောင့် ကွန်ကရိခံနိုင်အားပေါ် မလိုလားအပ်သည့် အကျိုး သက်ရောက်မြှုဖစ်ပေါ်သည့်အတွက် အဆောက်အဦခိုင်ခံ့မှုကို မထိခိုက်စေရန် ပါဝင်သည့်ရောစာများ (ingredients)၊ ရောစပ်ပုံနည်းစံနစ် (production methods) ၊ သယ်ဆောင်ခြင်း( handling) ၊ သွန်းလောင်းခြင်း (placing) ၊ အကာအကွယ်ပေးခြင်း( protection) နှင့် အသားသေအောင်ပြုလုပ်ခြင်း (curing) တို့ ကို သင့်လျှော်သောနည်းများဖြင့် ဆောင်ရွက်သင့်သည် ဟုဆိုပါသည်။
သက်ဆိုင်ရာ စီမံကိန်းရဲ့ Technical Specifications တွေမှာတော့ ကွန်ကရိရဲ့  အများဆုံးခွင့်ပြုအပူချိန်ကို သတ်မှတ်ထားလေ့ရှိပါတယ်။

The Florida Department of Transportation ကတော့ hot weather အတွက် အထူးသီးသန့် ပြုလုပ်ထားတဲ့ Mix Design ကိုသုံးမယ်ဆိုလျင် (38 ºC) အထိခွင့်ပြုထားပြီး ၄င်းသတ်မှတ်ချက်သည် ထိုဒေသအတွက် ကောင်းမွန်ကြောင်း တွေ့ ရှိရတယ်လို့ ဆိုပါတယ်။

ကျွန်တော့်အတွေ့ အကြုံ အရ Singapore Land and Transport Authority (LTA) project တွေမှာသုံးတဲ့ Materials & Workmanship Specification မှာတော့ (32 ºC) ကျော်လျှင် သီးခြားခွင့်ပြုချက် ထပ်ယူရမယ်လို့  ဆိုထားပါတယ်။ Singapore မှာဘဲ သုံးတဲ့ CP-65: Part 1: 1999 မှာတော့ point of delivery မှာ 37ºC (သို့) နေရိပ်ထဲမှာ ရှိတဲ့အပူချိန်+6ºC (နည်းတာကိုယူရမည်) လို့သတ်မှတ်ထားပြန်ပါတယ်။

အာဆီယံ နိုင်ငံများမှာ အသုံးပြုလေ့ရှိတဲ့ ဂျပန်စီမံကိန်းသုံး Specification တွေမှာတော့ (34-35ºC) အထိခွင့်ပြုထားပါတယ်။

ဒီအချက်တွေ ကြည့်ခြင်းအားဖြင့် ဒေသအားလုံးအတွက် အပူချိန်ကို တစ်သမတ်တည်း သတ်မှတ်ဖို့ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။

ကျွန်တော့ အယူအဆအရဆိုရင်တော့ မြန်မာပြည်မှာ ကွန်ကရိအပူချိန်ကို 93ºF (34ºC) ကိုအမြင့်ဆုံး ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာစီမံကိန်း (သို့မဟုတ်) ဒေသိုင်ရာ သတ်မှတ်ချက်ရှိလျှင်တော့ ထိုသတ်မှတ်ချက်ကို လိုက်နာဖို့  လိုအပ်ပါမယ်။

၂-ကွန်ကရိသွန်းလောင်းရန်ခွင့်ပြုထားတဲ့ အမြင့်ဆုံး ပါတ်ဝန်းကျင်အပူချိန်
  စင်ကာပူမှာ လက်ရှိအသုံးပြုနေတဲ့ Land Transport Authority ထုတ် Material & Workmanship Specification မှာတော့ Formwork (သို့) သံချောင်းအပူချိန် 40ºC ကျော်လျှင် ကွန်ကရိမလောင်းရလို့  တားမြစ်ထားပါတယ်။

၃- Hot Weather မှာကွန်ကရိလောင်းလျှင် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ
  • အပူချိန်လွန်ကဲမှု နှင့် ရေငွေ့ ပျံနှုန်းမြန်မှုတို့ ကြောင့် slump loss မြန်မည်၊ များမည်၊
  • ရေငွေ့ ပျံနှုန်းမြန်မှုကြောင့် မြန်မြန် setting ဖြစ်ပြီး long-term strength လျော့မည်၊
  • ရေငွေ့ ပျံနှုန်းမြန်မှုကြောင့် plastic shrinkage crack ဖြစ်မည်၊
  • အပူချိန်များသည့်အတွက် ရေပိုလိုအပ်ခြင်းကြောင့် water-cement ratio ပိုများမည်၊ ထို့ ကြောင့် ခံနိုင်အား လျော့မည်။

၎- ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်သလဲ (The Precautions)
  • Mix Designတွင် ဘိလပ်မြေပါဝင်မှုကို နည်းနိုင်သမျှနည်းအောင်လုပ်ပါ၊ ဘိလပ်မြေများလျင် hydration ကြောင့် အပူထွက်မည်၊
  • Retarders, pozzolanic materials, slags စသည်တို့ ကို Mix Designတွင်ထည့်သွင်းစဉ်းစားပါ၊
  • ကွန်ကရိတွင်ပါဝင်မည့်ရောစာများ၏အပူချိန်ကို နည်းနိုင်သမျှနည်းအောင်လုပ်ပါ-ဥမမာ ကျောက်စရစ်နှင့်သဲများပေါ်တွင် အရိပ်လုပ်ပေးခြင်း၊ evaporation ကြောင့် ကျောက်အပူချိန်လျှော့ကျစေရန် (heat loss due to evaporation) ကျောက်ပေါ်တွင် ရေပါးပါးဖြန်းပေးပါ (ရေမလောင်းပါနှင့်- free water က W/C ကိုများစေနိုင်သည်)၊
  • ရေလှောင်ကန်ထဲတွင် ရေခဲတုံးထဲ့ပေးပါ၊ ရေလှောင်ကန်နှင့် ရေသွယ်ပိုက်များကို အရိပ်လုပ်ပေးခြင်း၊ အပူပြန်စေသည့် အဖြူရောင်ဆေးသုတ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးပါ၊
  • Formwork, reinforcement, အောက်ခံလွှာတို ကိုကွန်ကရိမလောင်းမီ ရေဖြန်းပါ၊
  • ကွန်ကရိသွန်းလောင်းချိန်ကို နေ့ တစ်နေ့၏အအေးဆုံးအချိန်ကို(ဖြစ်နိုင်သမျှ) ရွေးချယ်ပါ။ ဥပမာ-နံက်အစော (သို့ ) ညနေပိုင်း
  • Agigator Truck, Mixing Drum စသည်တို့ ကို ရေမကြာမကြာဖျန်းပေးပါ၊ (တိုးတက်သောနိုင်ငံများတွင် Liquid Nitrogen ကိုသုံးပြီး Concrete Mixer ကို အအေးခံပါသည်၊ ပုံတွင်ကြည့်ပါ)
အကြမ်းဖျင်းအားဖြင့် -[ Ref.3]
  • ဘိလပ်မြေ အပူချိန် ±8 ºC ပြောင်းတိုင်း ကွန်ကရိ အပူချိန် ±1 ºC ပြောင်းသည်။
  • ရေ အပူချိန် ±4 ºC ပြောင်းတိုင်း ကွန်ကရိ အပူချိန် ±1 ºC ပြောင်းသည်။
  • သဲနှင့်ကျောက် အပူချိန် ±2 ºC ပြောင်းတိုင်း ကွန်ကရိ အပူချိန် ±1 ºC ပြောင်းသည်။
ထို့ ကြောင့် သဲနှင့်ကျောက်အပူချိန်သည် ကွန်ကရိ အပူချိန်ကို များစွာ အကျိုးသက်ရောက်မှု ရှိကြောင်းသိနိုင်ပါသည်။
    ကွန်ကရိတွင်ပါဝင်မည့်ရောစာများ၏အပူချိန်နှင့် ဖျော်စပ်ပြီးကွန်ကရိ အပူချိန်ဆက်စပ်မှုကို အောက်ပါ formula ဖြင့်တွက်ချက်နိုင်ပါသည်။ [Ref. 2]

Concrete Temp. formulaConcrete Temp. formula

Where;
T          : Temperature in °C or °F,
W         : The mass of ingredient per unit volume of concrete, and
a, c, w :  aggregate, cement, and water (both added and in aggregate) respectively.
0.22     : the approximate ratio of the specific heat of the dry ingredients to that of water, and is applicable to both SI and Imperial (American) systems of units

အပူချိန်ကြောင့်  Ready Mixed Concrete (RMC) မာပြီး Site တွင်လောင်းရန် မကြာခဏ အခက်အခဲဖြစ်လေ့ရှိပါသည် ၊ ထိုအခါမျိုးတွင် Site engineer က မိမိသဘောအလျှောက် ရေရောလျှင် water-cement ratio (W/C) ပိုများပြီး ကွန်ကရိခံနိုင်အားကျနိုင်သည့်အတွက် ကျွန်တော့်အနေဖြင့် အားမပေးပါ။ သို့သော် မိတ်ဆွေဆရာများ၏ အောက်ပါအကြံပြဲချက်များကို လေ့လာနိုင်ရန် ထည့်သွင်းဆွေးနွေးထားပါသည်။

အကြံပြုချက် (၁) NRMCA, CIP-12 [see ref.2] မှာတော့ job site ကိုရောက် လျှ င်ရောက်ခြင်း slump ကိုထိန်းညှိရန်အတွက် 2 to 2.5 gal/ft³ (သို့) 10 to 12 lit/m³ ထက်မပိုသောရေကို ထပ်ရောခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ကွန်ကရိကဖျော်ပြီး 1.5 နာရီထက်ပိုကြာ့ပီဆိုရင်တော့ ရေထပ်ရောခွင့်မပေးတော့ပါ။

အကြံပြုချက် (၂) water-cement ratio မပြောင်းလဲစေရန် ထပ်ရောသည့်ရေ၏အချိုးကျ ဘိလပ်မြေကို ထပ်ရောခြင်းဖြင့် W/C ကိုမပြောင်းလည်းစေဘဲ ကွန်ကရိခံနိုင်အားကို ထိန်းထားရန်အကြံပြုထားပါသည်။ [Credit ဆရာ Bo Bo Kyaw]

Comment- တစ်ခုသတိပြုသင့်သည်မှာ ဘိလပ်မြေကို ရေနှင့်အချိုးကျထပ်ရောခြင်းကြောင့် ဘိလပ်မြေပါဝင်မှု (unit cement content) ပိုများပါမည်။ အကျိုးဆက်အဖြစ် hydration ကြောင့်ထွက်သည့် အပူချိန်တက်လာပါမည်။


အကြံပြုချက် (၃)  Hydration ကြောင့် ဖြစ်တဲ့ Slump Loss ကိုရေထပ်ရောခွင့် မပေးသော်လည်း အခြားအကြောင်း ကြောင့် လျော့သွားတဲ့ရေ ကို ပြန်ဖြည့်ခွင့်ရှိတယ်။ [Credit - ဆရာ ရကောက်]

Comment ၃-၁ : သီအိုရီအရ့ hydration ကြောင့် လျော့သွားတဲ့ရေ မှအပ အခြားအကြောင်း ကြောင့် လျော့သွားတဲ့ရေကို ပြန်ဖြည့်ခွင့်ရှိတယ် ဆိုတာကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့  လက်တွေ့ မှာ ဘယ်လို သက်သေပြမလဲ- လုပ်ငန်းခွင်မှာ အငြင်းပွားစရာပါ။


Comment ၃-၂ : လုပ်ငန်းခွင်မှာ ရေထပ်ရောလို့  Design Strength အောက် ကျ၊ မကျ သိနိုင်ဘို့  အနည်းဆုံး ၇ ရက်လောက်စောင့်ရပါမယ်။ အဲဒီအချိန် structure ရဲ့ နောက် တဆင့်က ဆောက်ပြီး (သို့ ) ဆောက်နေဆဲ ဖြစ်နေပါပြီ။ အဲဒီအချိန်ရောက်မှ Design Strength မရရင် ပြဿနာက ဖြေရှင်းဘို့  ပိုပြီးခက်ပါလိမ့်မယ်။

အကြံပြုချက် (၄) - ကျွန်တော့ လုပ်ငန်းခွင် အတွေ့ အကြုံအရ-superplastisizer အမျိုးအစား admixture 300 – 500 မိလီလီတာ (ကိုကာကိုလာ သံဗူးတစ်ဗူးစာ) ကို ရေ ၂ လီတာ (ရေသန့် ဗူးကြီးနှစ်ဗူးစာ) ခန့်နှင့် သမအောင် ရောပြီး Mixer truck (5m³ ခန့် ) ထဲသို့ ထည့်မွှေခြင်းဖြင့်  W/C ကိုမထိခိုက်ပဲ ကွန်ကရိသွန်းလောင်းရန် လွယ်ကူစေပါသည်။ မည်သို့ဆိုစေ mix designer ၊ admixture ထုတ်လုပ်သူတို့ နှင့်ကြိုတင်တိုင်ပင် အကြံဥာဏ် ရယူရန်လိုအပ်ပါမည်။

၅- ကွန်ကရိလောင်းပြီး အရည်အသွေး (Quality) မကျအောင် ဘာတွေဆက်လုပ်သင့်သလဲ
  • အက်ရာများဖြစ်ပေါ်လျှင် မျက်နှာပြင်မခြောက်မီ သစ်သားလက်ပွတ်စသည်ဖြင့် အက်ရာများကို (အသာအယာ)ထု၍ ပြင်ပါ၊
  • ကွန်ကရိမျက်နှာပြင် တင်းလျှင်တင်းခြင်း ရေမခြောက်မီ Curing လုပ်ပါ၊
  • ကွန်ကရိလောင်းပြီး မျက်နှာပြင်ကို အနည်းဆုံး ၂၄နာရီ အစိုဓါတ်ပေးထားပြီး Curing ကို အနည်းဆုံး ၅ ရက်ဆက်တိုက်လုပ်ပါ၊ (CQHP Guide မှာတော့ ၃ ရက် အနည်းဆုံး သတ်မှတ်ထားပါတယ်)

How to Keep it Cool: Hot Weather Placement Tips ကို Youtube မှာကြည့်နိုင်ပါတယ်။
https://youtu.be/7Sxjrw0hubE

Liquid Nitrogen ကိုသုံးပြီး Concrete Mixer ကို အအေးခံနေပုံ ကို ဗဟုသုတအဖြစ် ထဲ့ပေးလိုက်ပါတယ်။
 Concrete Mixer Truck Cooling by Liquid NitrogenConcrete Mixer Truck Cooling by Liquid Nitrogen

San Nwe – 16/05/2015

References :
1) Essentials of Concrete Inspection, Mix Designs and Quality Control, U Nyi Hla Nge
2) CIP-12 Hot Weather Concreting – National Ready Mixed Concrete Association, USA
3) Properties of Concrete, 5th Ed., A.M. Neville
4) Standard Specification for Design & Construction of Concrete Structures, Part-2 1986, Japan Society of Civil Engineers
5) ACI website FAQs- http://www.concrete.org
6) Materials and Workmanship Specification for Civil and Structural Works, May 2008, Land Transport Authority, Singapore
7) လုပ်ငန်းခွင်မှတ်တမ်းများ

No comments:

Post a Comment