-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Tuesday, January 12, 2016

ကျောင်းသားအများစုတို့ Essay စာစီစာကုံး ကို မိမိ တို့ကိုယ်တိုင် အလွတ် ရေးတတ်စေရန်



* အကောင်းဆုံးနည်း လမ်းမှာ ၊ သူများရေးထားသည့် စာအများအပြား ကို ထပ်ထပ် ခါ ခါ အကြိမ်များစွာ ဖတ်ပါ ၊ စကားလုံးးအသစ် များ တွေ့လျှင် အရကျက်ပါ ၊ကိုယ်တိုင်ကူးရေးပါ ၊ လေ့ကျင့်ပါ ၊ မိမိ ဖာသာအလွတ်ရေးတတ်အောင် ချရေးပါ ၊ထပ်ခါ ထပ်ခါ လေ့ကျင့်ပါ ၊ မည်သည့်ကိစ္စ မဆို ထပ်ခါ ထပ်ခါ ပြုလုပ် လျှင် ကျွမ်းကျင် လာမည် ဖြစ်ပါသည် ၊ ကျွမ်းကျင်လာလျှင် မိမိ ကိုယ်ပိုင် ရေးဖွဲ့ သီကုံး လာနိုင်မည် ဖြစ် သည် ၊ထို့ကြောင့် အောက်ပါ ဆောင်ပိုဒ် လေးကို ရေးပြချင်ပါသည် ။
ရင် တွင်းဖြစ် Essay အစ ၊ ဖတ်မှတ်လေ့လာ ကူး ရေး ချ ၊
ကိုယ် တိုင် ချရေး သည် Essay ၊ ကဗျာ လေး နဲ့ တွေး၊
အတွေးသီကုံး ပုလဲ လုံး ၊ Usage အသုံးအနှုန်း လေ့လာဦး ၊
အဆုံး အစ အလယ် တို့ ညီညွတ်မှ ၊ Essay ကောင်းကို ရ ၊
လှ ပ ထိမိ ဖန်တီး ဖို့ ၊ ကိုယ်ပိုင် Essay ရေးကြစို့ ။
My Best Friend ကျွန်ပ်၏အချစ်ဆုံး သူငယ်ချင်း ကဗျာ
1/ ကျွန်ပ် မှာ စာသင်သား၊ သူငယ်ချင်းတွေ များ၊
2/ အများ ကြားမှာ အချစ်ဆုံး ၊ နာမည် ရေးလိုက်ဦး ၊
3/ မွေးရပ် -မိဘ - သက် -ရပ် - ၀ ၊ ဖြူ-ကောင်း -နေရပ် ရေးပါကြ၊
4/ ကျောင်း -တန်း -ဆရာ -အတန်းပိုင် ပါ ၊ ညီ ညီမတွေ ရေးစမ်းပါ ၊
5/ အိမ်မှာ အိမ်သား ဘယ်လောက် ရှိ ၊ ဖေ မေ အလုပ် ကို ရေးပါဘိ ၊
6/ သူ၏ ၀ါသနာ ရည် မှန်းချက် ဘယ် ဘာသာကို သူနှစ်သက် ၊
7/ စာတွေ ကျက် လို့ မိဘ ကူ၊ အမိန့် နာခံ သူ ၊
8/ ဖြူ စင် စိတ်ထား အကြင်နာတရား ၊ ကျွန်ပ် ကိုလေ ကူညီထား၊
9/ ကျောင်းသွား ကျောင်းပြန် အတူတူ ၊ စာကြိုးစားးတဲ့သူ၊
10/ သူ နဲ့လေ ခင်မင် ရ ၊ ခုနှစ် ပြောကာပြ ၊
11/ ပထမ လည်း အမြဲ ယူ ၊ ဥာဏ်သိပ်ကောင်းတဲ့ သူ၊
14/ ကူညီတတ်သူ သူငယ်ချင်း ၊ ချစ်ရပါ ဘိခြင်း ။
"My Best Friend"
1 I have been a student for many years . ကျွန်ပ် ကျောင်းသား ဖြစ်တာ ကြာပါပြီ ၊
2. I have many friends. သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။
3. Among them ,the name of my best friend is _____ .
သူငယ်ချင်းအများကြီးကြားမှာ အချစ်ဆုံးကတော့ -----ပါ ။
4. He / She was born in ___( မြို့ ). မွေးရပ်ဇာတိရေးပါ
5. His / Her parents are U___ and Daw____ . မိဘ အမည်
6 He / She is ___ years old. အသက်
7. He / She is ___ feet and ___ inches tall. အရပ်အမြင့်
8. He/ She is neither tall nor short. မပု မရှည်
9. He /She is neither fat nor thin. မပိန် မဝ
10 He / She has a fair /brown /black complexion. အသားအရေ
11. He / She is good looking . ကြည့်ကောင်းသည်
He is handsome. (or ) She is pretty / beautiful . ရုပ်ဖြောင့်သည်။ လှပသည်။
He / She has a fine build . ခန္ဓာကိုယ်တည်ဆောက်မှု ကောင်း သည် ၊
12. He / She lives in at No,___, ____ Street ,___ Township, Yangon.နေရပ် လိပ်စာ
13. The name of his / her school is No.___ ,Basic Edaucation High School, Botahtaung.ကျောင်းအမည်
14. He / She is in Grade ___,Section ___ အတန်း တန်းခွဲ
15. His / Her classteacher is Daw____ . အတန်းပိုင်ဆရာ မအမည်
16 We are in the same class.We are classmates . အတန်းတူ - အတန်းဖော်သူငယ်ချင်း
17 He /She is the only son of his parents. တစ်ဦးတည်းသော သား- သမီး
(or) He / She is the eldest son of his parents . အကြီးဆုံး - သား သမီး
( or) He / She has __brothers and ___ sisters. မောင်နှမ အရေအတွက်
( or ) He / She is the second child of his parents . ဒုတိယမြောက်သား သမီး
18. There are ___ people in his/ her family. အိမ်သား ဦးရေ
19. His / Her father is a ___ and his / her mother is a _ .သူ၏ ဖခင်အလုပ်အကိုင်- သူ့မိခင်အလုပ်
20 His / Her hobby is ____ . ၀ါသနာ
21. His/ Her ambition is to become a ___ .
He / She hopes to be a ___ one day. ရည်မှန်းချက်
22. His / Her favourite subject is ____ . အနှစ်သက်ဆုံး ဘာသာရပ်
21. His/ Her favourite colour is ___ . သူအကြိုက်ဆုံး အရောင်
22 He / She is clever. လိမ္မာရေးခြားရှိ - စာတော်
23. He / She is good at all subjects.(or ) He/ She is strong in all subjects. ဘာသာတိုင်းတော်သည် ။
24 He / She goes to school regularly. ကျောင်းအချိန်မှန်သွားသည်
25 He /She does his homework regularly. အိမ်စာ မှန်မှန်လုပ်သည်
26 He / She learns his lessons well. သင်ခန်းစာတွေကိုကောင်းစွာ သင်ယူသည်
27 He / She studies his / her lessons from 8:00 pm to 10 :00 pm every day.
နေ့စဉ် ညတိုင်း စာကျက်ချိန်ရေးပါ
28. He/ She has two study hours a day. တစ်နေ့ မှာ စာကျက်ချိန်ဘယ်နှစ်နာရီရှိလဲ ၊
29 On holidays ,he / she helps his / her parents. ကျောင်းအားရက် မှာ မိဘကူညီ
30. He /She obeys his / her parents and his / her teachers.
မိဘ ဆရာသမား များစကားကို နားထောင်သည်။
31. He /She is kind and good -natured. ဖြူစင်စိတ်ထားရှိသည်၊ ကြင်နာတတ်သည်၊
32. He / She helps me with my study . ကျွန်ပ်စာကျက်ရာမှာ ကူညီသည်
33. We go to school together and come back home together.ကျောင်းသွား ကျောင်းပြန် အတူတူပါ၊
34. We have luch together and study together. နေ့လည်စားလဲ အတူတူ၊
35. We also have the same hobby. ၀ါသနာ ချင်းလည်းတူ၊
36. He /She is hardworking and I am hardworking too. သူလည်း စာကြိုးစား- ကိုယ်လည်းစာကြိုးစား
37 We became friends when we were in the Grade two .
(or ) We became friends in 2002. သူနဲ့ ခင်လာတာ ----ကတည်းကပါ ။
38. He / She always stands first in the class. အတန်းထဲ မှာ အမြဲ ပထမ ရတတ်သည်။
39. He / She is a bright student . ဥာဏ်ကောင်းသောကျောင်းသားဖြစ်သည်။
40 He /She is helpful. ကူညီတတ်သူလည်းဖြစ်သည်။
41. He /She is a good friend . သူငယ်ချင်းကောင်းတစ်ယောက်ပါ ။
42 All my friends are good -natured and helpful. ကျွန်ပ်၏သူငယ်ချင်းအားလုံးကောင်းကြပါသည်။
43. I love all my friends but I like him / her best. သူငယ်ချင်းအားလုံး ကိုချစ်ခင်ပါသည်၊ သို့သော် သူ့ကိုအခင်ဆုံးပါ ၊
44 I am very lucky to have many good friends.
ကျွန်ပ်တွင် သူငယ်ချင်းကောင်း များများရှိခြင်းသည် ကျွန်ပ်အတွက် ကံကောင်းပါသည်။
45. He /She is my best friend because he / she loves and helps me forever.
သူ့ကို အခင်ဆုံးဖြစ်ရတာကတော့ သူက လည်းကျွန်ပ်ကိုအမြဲတမ်းချစ်ပြီး ကူညီတတ်လို့ပါ။
ကလေးများအတွက် မေတ္တာ များစွာဖြင့်
Primary English : { 16 } Grammar & Poem for Kids
ကလေးများအတွက် ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
ကျွန်ပ်၏ မိခင် My Mother ကဗျာ
1/ မည် -သက် - ပု -ရှည် -၀ -ပိန်-ဖြူ ၊ အလွန်လှတဲ့သူ၊
2/ ဖြူစင် စိတ်ထား အကြင်နာတရား ၊ ဘာသာ ရေးကို လေးလေးစား၊
3/ မိဘ မောင် နှမ အိမ်လိပ်စာ ၊ ခင်ပွန်း ကလေး ရေးလိုက်ပါ ၊
4/ ချိုသာ ရွှင်ပြ စောစော ထ၊ ဈေးသွား ချက်ပြုတ်ရ ၊
5/ ၀င်ငွေ အလုပ် မရှိပါ ၊ အိမ်ရှင်မကြီးပါ ၊
6/ ချက် ကာလျှော်ကာ မီးပူတိုက် ၊ သန့်ရှင်းမှု ကိုကြိုက် ၊
7/ ကြိုက်နှစ်သက်တဲ့ ၀ါ သနာ ၊ shopping ထွက်ခြင်းပါ ၊
8/ အစဉ် သာလေ အလုပ်များ ၊ ပျော် ပုံ ရတယ်တအား၊
9/ သားသမီးအတွက် တာဝန်ကျေ ၊ model စံပြပေ ။
10/ စိတ် ရှည် ကာလေ နူးညံ့ဘိ ၊ သိပ် ချစ်ရပါ၏ ။
အထက်ပါ ကဗျာ ၏အဓိပ္ပါယ် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကဗျာ ကိုသီဆို နေရင်းမှ အတွေး ideas များ ရအောင် စီကုံး ဖွဲ့ဆို ထားပါသည်၊ ဤ စာစီကုံး များသည် ကလေးအတွေး ကလေး အဆင့် ဖြစ်ပါသည်၊ ကလေးအတွေး ကလေးအဆင့် ဆိုသော်လည်း အခြေခံ ရှိဖို့ လိုအပ်ပါသည် ၊ My Mother (2 ) နောက်ဆက်တွဲ ကို ထပ်မံ ဖော်ပြထားပါသေးသည်၊ သို့သော် ပထမ အခြေခံကို အရင်လေ့လာပါဦး၊
အောက်ပါတို့သည် ကဗျာ မှပေးသော အတွေးအခေါ် အချက်အလက် များဖြစ်ကြပါသည်။ ကျက်မှတ် လေ့လာ လေ့ကျင့်ပါ ၊
1. My mother is Daw ------. (or) အမေ့အမည်
The name of my mother is Daw ------- .
2. She is about forty years old. အသက်
3. She is neither tall nor short. အရပ်ပုလား - ရှည်လား
4. She is neither fat nor thin. ပိန်လား - ၀လား
5. She has a fair complexion.အသားအရေ
6. (Her skin is smooth.) အသားအရေ ကနူးညံ့ချော မွတ်နေသည် ။
7. (Her face is round and full.) မျက် နှာ ၀ိုင်းဝိုင်း ပြည့် ပြည့်
8. (Her eyes are bright.) မျက်လုံးလေးတွေ တောက်ပ ရွှန်းစိုနေသည်။
9. (Her hair is dark and soft.) ဆံပင်က နူးညံ့ နက်မှောင်နေသည်။
10. She is very beautiful. သိပ်လှသည်။
11. She is kind and good -natured. ကြင်နာတတ် ပြီး သဘောကောင်းသူ
12. She is religious/ pious. ဘာသာရေး လေးစားသူ
13. Her parents are U ----- and Daw -------. မိဘ အမည်
14. She has one brother and one sister . ညီအစ်ကိုမောင်နှမ ဘယ်လောက်ရှိ
15. She lives at No.1, -----Street / Road , Botahtaung/ Pazundaung / Yegyaw/ Tamwe /
Bahan/Mingalartaungnyunt/ Township, Yangon. နေရပ် လိပ်စာ
Her husband is U ------- . ခင်ပွန်းအမည် He is a --------- . (ခင်ပွန်း၏ အလုပ်အကိုင် )
17. She has ----- children. ကလေး ဘယ်နှစ်ယောက် ရှိ
18. She always smiles sweetly . အမြဲ တမ်း ပြုံးရွှင်နေတတ်သူ
19. She always wakes up early. အိပ် ရာစောစောထသူ
20. She goes to market every morning. နေ့တိုင်းဈေးသွား
21. She cooks meals for us. ကျွန်ပ်တို့အတွက် ချက်ရပြုတ်ရ ၊
22. She does not have a paying job. ၀င်ငွေ အလုပ် မရှိပါ
( or )
(အလုပ် ရှိရင်လည်း ရှိတယ်ရေး )She has a paying job.
(She is a teacher / doctor / nurse / hair -dresser / clothier / grocer )
23. She is a good house wife. အိမ်ရှင်မကောင်း တစ်ယောက်
24. She has to cook for us ,wash and iron our clothes and clean the house.
ချက်- လျှော် -တိုက် - သန့်ရှင်းရေးလုပ် ( ထမင်းချက် -အ၀တ်လျှော် - မီးပူတိုက် -အိမ်သန့်ရှင်းရေးလုပ် )
25. Her hobby is shopping. အမေ့ ၀ါသနာကိုရေးပါ ။
( ကဗျာမှာ ကာရံလိုက်အောင်shopping လို့ ရေးလိုက်တာပါ ။ အမေ့ ၀ါသနာ အမှန်ကိုရေးပါ )
26. She is always busy but she seems to be happy. (with her house hold chores.)
အစဉ်သာ အလုပ် များနေပေမယ့် အမေ့ကို ကြည့်ရတာ အိမ်မှု ကိစ္စတွေ လုပ်ရတာ ပျော်နေပုံ ရပါတယ်၊
27. She is a dutiful mother for us. ကျွန်ပ် တို့အတွက် တာဝန်ကျေ တဲ့ အမေတစ်ယောက်ပါ ၊
28. (She always helps us with our study.) ကျွန်ပ်တို့ကို စာကျက်ရာမှာလည်း အကူအညီပေးတတ်သည်။
29. (She tells us fairy tales/ stories every night.)ည တိုင်း ပုံပြောပြလေ့ ရှိသည်။
30. She is a model mother and house wife. စံပြုထိုက်တဲ့ မိခင်ကောင်းတစ်ယောက်ပါ ၊
31. She is more patient than my father. အဖေ့ ထက် စိတ်ပိုရှည် ပါသည်၊
32. She always speaks politely and softly.စကားပြောရင်လည်း နူးညံ့ချိုသာ ယဉ်ကျေးစွာပြောတတ်သည်၊
33. So,we love our mother very much. ဒါကြောင့် အမေ့ကို သိပ်ချစ်ပါတယ်၊
My Mother ( 2 ) ကဗျာ
အမေဆိုတာ အံ့ဘွယ် အထူး ၊ the most wonderful ,
ထူးထူးခြားခြား မိန်းမသား၊ ကမ္ဘာပေါ် မှာ ရှား၊
သားသမီးအတွက် အချစ်ပုံ ၊ ခွန် အားအစွမ်းကုန် ၊
ကြုံလာ အန္တရာယ် ကာကွယ် ပေး၊ အရာရာကို သင်ကြားသေး၊
ဘ၀ပေးပြီး ချစ်သူဟာ ၊ သားသမီးတို့ ရဲ့ မေမေပါ ၊
အမည် ဘာလဲ ရေးလိုက်ဘိ ၊ မွေးရပ် သူ့ဇာတိ၊
လက် ရှိအသက်ထက် ပိုနုနယ် ၊ ပိန် -ရှည် - ပု-၀ -ရေးလိုက်ကွယ် ၊
အသားရယ် ဖြူကာဖွေး ၊ မျက်နှာ ၀ိုင်းပြည့်လေး၊
မျက်လုံးလေးက မိုးသောက်ကြယ် ၊ အမြဲ ပြုံးနေတယ်၊
သွားတွေရယ် ဖြူဖြူဖွေး ၊ ပုလဲ အရောင်သွေး ၊
ဆံရှည်လေးက မည်းကာနက်၊ နူးညံ့ အသံထွက် ၊
ကျက်သရေ ရှိရှိ လှလှပ ၊ မင်းသမီး နဲ့ တူတယ် ဗျ ၊
ညီအစ်မ လို့ထင်ကာပင် ၊ ပတ်ဝန်းကျင်အမြင် ၊
ရင် မှာလေးနက် ဘာသာရေး၊ ဥပုသ် စောင့်တည်သေး၊
ကလေး -ခင်ပွန်း အိမ်လိပ် စာ၊ မိဘ မောင် နှမ ရေးလိုက်ပါ ၊
ချိုသာရွှင် ပြ စောစောထ ၊ ဈေးသွား ချက်ပြုတ်ရ ၊
ချစ်ရအဖေ သားသမီးတွေ ၊ အငယ်ဆုံးတော့ ပိုချစ်ပေ၊
ငွေ ၀င်အလုပ် မရှိငြား ၊ ဖေဖေ့ ၀င်ငွေ စီမံထား။
သဘောထားကောင်း ကြင်ကြင်နာ ၊ ပတ်ဝန်းကျင်နဲ့ သင့်မြတ်စွာ ၊
ရက်ရောစွာ ကူညီပေး ရင်းနှီးဖော်ရွေသေး၊
Always , busy , look after , အိမ် ရှင် မကြီးပါ ၊
ချက် ကာ လျှော်ကာ မီးပူတိုက် ၊ သန့်ရှင်းမှု ကို ကြိုက် ၊
Tidy သပ်ရပ် အမြဲနေ၊ အားလပ်ချိန်မှာ စာဖတ်ပေ ၊
ဝါသနာတွေ ရေးပါလား၊ သားသမီး ကို ပျော်အောင်ထား။
Model အလား စံပြပေ ၊ သားသမီး အတွက် တာဝန်ကျေ ၊
စိတ်ရှည် ကာလေ နူးညံ့ဘိ ၊ သိပ်ချစ် ရပါ ၏ ၊
မိခင် ဆိုတာ protector ၊ လမ်းပြ မိတ်ဆွေ အဖော်မွန်ပါ ၊
ကမ္ဘာပေါ် မှာ လေးလေးစား၊ မိခင်ကိုလေ အလေးထား ။
My Mother ( 2 )
1. အမေ ဆိုတာ ကမ္ဘာပေါ် မှာ အံ့ဖွယ် အထူးကောင်းသော အမျိုးသမီး တစ်ယောက်ဖြစ်ပါသည်။
Mother is the most wonderful woman in the world.
2. ဘ၀ ကိုပေးသည်။
She gives us life.
3. အချစ် ပုံပေးသည် ၊
She gives us love.
4. ခွန်အားအစွမ်းကုန် ပေးသည် ၊
She gives us strength.
5. ကြုံလာသော အန္တရာယ် ကို ကာကွယ်ပေးသည်၊
She protects us from the danger.
6. အရာ ရာကို သင်ကြားပေးသည် ၊
She teaches us everything.
7. ကျွန်ပ် အလေးစားဆုံး ပုဂ္ဂိုလ် မှာ ကျွန်ပ် ၏ အမေ ဖြစ်သည် ၊
The people I admire most is my mother.
8. အမည်
The name of my mother is Daw___ .
9. မွေးရပ် ဇာတိ
She was born in ___ .Her native town is ___ .
10. လက်ရှိ အသက်ထက် ပိုနုနယ်သည် ၊
She is over forty years old.But she looks youthful .
11. အရပ် မပု -မရှည်
She is neither tall nor short.
12. မပိန် မဝ
She is neither fat nor thin.
13. အသားဖြူသည်
Her complexion is fair.
14. မျက်နှာ ၀ိုင်းသည် ၊
Her face is round and full.
15. မျက်လုံးအိမ်ကျယ် ၍ ပြုံးနေသည် ၊
Her eyes are large and smiling.
16. မျက်လုံးလေး များသည် မိုးသောက်ကြယ် ကဲ့သို့ တောက်ပ နေသည် ၊
Her eyes are as sparkling as stars.
17. သူမ၏ သွားလေးများသည် ပုလဲ ကဲ့သို့  ဖြူဖွေးနေသည် ၊
Her teeth are as white as pearls.
18. သူမ၏ ဆံပင် သည် မည်းနက် ရှည် လျှားသည် ၊
Her hair is long and dark.
19. သူမ၏အသံသည် ယဉ်ကျေး သည် ငြင်သာသည်၊
Her voice is polite and gentle.
20. အမြဲတမ်း နူးညံ့စွာ စကားပြောတတ်သည်၊
She always speaks in a soft voice.
21. လှပ ၍ ကျက်သရေ ရှိသည်၊
She is beautiful and graceful.
22. ရုပ်ရှင်မင်းသမီး နှင့် တူသည် ၊
She looks a bit like actres ------May Thinza Oo ----- .
23. ကျွန်ပ်သည် အသက် -----နှစ် ရှိသော်လည်း အမေ နှင့် ညီအစ်မ ဟု ပတ်ဝန်းကျင် က ထင်မြင်ကြသည်၊
( သင်သည်ယောက်ျားလေး ဖြစ်လျှင် ဤ စာကြောင်းကို ရေးရန်မလိုပါ ၊ )
Though I am fourteen years old, people say we are like sisters.
24. ဘာသာရေးကို လေးလေးနက်နက် ကိုင်းရှိုင်းသည်၊
She is deeply religious . She is religious / pious .
25. ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည် ။
She is a buddhist.
( အကယ်၍ အခြားဘာသာဝင် များဖြစ်လျှင်
Islam =အစၥလာမ္ဘာသာ / Christian = ခရစ္ယာန္ဘာသာ / Hindu = ဟိႏၵဴဘာသာ /)
26. ၀ါတွင်းကာလတွင် တစ်ပတ်တစ်ခါ ဥပုသ် သီလ စောင့်တည်သည်။
She keeps Sabbath once a week during the Buddhist Lent .
သူမသည် အိမ် ဘုရားတွင် နေ့စဉ် ပန်း ရေချမ်း ဆီမီး များ ကပ်လှူသည် ၊
She offers alms food , flowers , light and pure drinking water at the family altar every day.
သူမသည် အပေးအကမ်းရက်ရောပါသည်။She is very generous.ဆင်းရဲသားများနှင့် ချို့တဲ့နွမ်းပါး သူများကို ကူညီဖို့ နှစ်သက်ပါသည် ။She likes to help the poor and needy.ဆင်းရဲသူများနှင့် တောင်းစားသူများကို ပိုက်ဆံ အစားအစာ နှင့် အခြား ပစ္စည်း များ ပေးလေ့ရှိပါသည်။She is used to give the poor and baggars money, food and other things.သူမသည် ကပ်စေးမနည်းတတ်ပါ။She is not stingy.
27. အမေ့ မှာ ကလေး ------ယောက်ရှိသည် ၊
She has two / three children .
28. သူမ၏ခင်ပွန်း မှာ ------ ( သူမခင်ပွန်း အလုပ်အကိုင်)
Her husband is U ___ .He is a doctor/ officer/ ___ etc.
29. နေရပ် လိပ်စာ
She lives at No.__, ___street, ___township ,Yangon.
30. အမေ့ မိဘ များ၏အမည်
The name of her parents are U___and Daw ___ .
31. အကြီးဆုံးသမီးလား - ဘာလား - ညာလား - ညီအစ်ကို မောင်နှမ အရေအတွက်
She is the eldest daughter of her parents.
She has __ brothers and ___sisters. (or)
She is the youngest daughter of her parents .(or )
She is the only daughter of her parents
32. အမြဲပြုံးနေတတ်သည်၊
She always smiles sweetly.
33. အိပ် ရာမှ စောစော ထသည် ၊
She always wakes up early .
34. မနက်တိုင်းဈေးသွားသည် ၊
She goes to market every morning.
35. ကျွန်ပ် တို့အတွက် ချက်ပြုတ်သည် ၊
She cooks meals for us .
36. အမေသည် အဖေ့ကိုလည်း ချစ် ၊ သားသမီးတွေကို လည်း ချစ်သည်၊
She loves father very much and she loves her children too.
37. အငယ်ဆုံးကိုတော့ ပိုချစ်ပါသည် ၊
She loves the youngest son best.
38. အမေ့မှာ ငွေဝင် အလုပ် မရှိပါ ၊
She does not have a paying job.
39. ဖေဖေ့ ၀င်ငွေ နှင့် လောက် င အောင် လုံလောက်အောင် စီမံ နိုင်ပါသည်။
She can manage to make ends meet on my father's imcome.
40. ကြင်နာ၍ သဘောကောင်းပါသည်။
She is very kind and good-natured .
41. အိမ်နီးနားချင်းများ နှင့် သင့်မြတ်သည် ၊
She is on good terms with her neighbours .
42. အပေးအကမ်းရက်ရော ၍ ကူညီတတ်သည် ၊
She is generous and helpful to other.
43. လူတိုင်းနှင့် ရင်းနှီးဖော်ရွေသည် ၊
She is friendly with everyone.
44. သူမသည် အိမ်မှု ကိစ္စ ဗာဟီရ များကို ထိန်းသိမ်းရင်း အလုပ်ရှုပ်နေတတ်သည် ၊
She is always busy looking after household chores.
45. အိမ်ထောင် ရှင်မကောင်းတစ်ယောက် ဖြစ်သည်၊
She is a good house wife.
46. အမေသည် ကျွန်ပ်တို့အတွက် ချက်ရသည် လျှော် ရသည် ၊ မီးပူတိုက် ရသည် ၊အိမ်သန့်ရှင်းမှုကို လုပ်ရပါသည်။
She has to cook for us ,wash and iron our clothes and clean the house.
46. သပ်သပ်ရပ်ရပ် အမြဲ နေတတ်ပါသည်။
She is always neat and tidy.
47. အားလပ်ချိန်မှာ စာဖတ်သည် ၊
She reads when she is free.
စာဖတ်ဝါသနာ အိုးတစ်ယောက် ဖြစ်သည် ၊
She is a great reader.
စာအုပ် မျိုးစုံဖတ်သည် ၊
She reads all kinds of books .
48. သူမ၏ ၀ါသနာများကိုရေးပါ ၊
Her hobbies are cooking ,reading , gardening and shopping.
49. ကလေးများကို မည်ကဲ့သို့ ပျော်အောင် လုပ်ရမည်ကို အမေသိပါသည်၊
She knows how to make her children happy.
50. တစ်ခါ တစ်ရံ ရွှေတိဂုံ ဘုရားသို့ ခေါ်သွားတတ်ပါသည်၊
She sometimes takes us to the Shwedagon Pagoda .
51. ကျွန်ပ်တို့ အရွယ်ရောက်လာလျှင် လူကောင်းလူမွန်များ ဖြစ်လာစေချင်သည်၊
She wants us to be good men and good women when we grow up.
52. ကျွန်ပ်တို့၏ လိုအင်ဆန္ဒ များကို အမြဲဖြည့်ဆည်းပေးသည် ၊ ချစ်ခြင်း နှင့် ဂရုစိုက် မှုကိုပေးသည်၊
She always fulfills our wish and gives us love and care.
53. အမြဲ အလုပ် များသော်လည်း အိမ်မှု ကိစ္စ များနှင့်ပျော်နေပုံ ရသည်၊
She is always busy but she seems to be happy with her household chores.
54. ကျွန်ပ်တို့ စာကျက်ရာမှာ မေမေက ကူညီပါသည်။
She always helps with our study.
55. ညတိုင်း ပုံပြောပြောပြသည်၊
She tells us stories every night.
56. ကျွန်ပ် တို့အတွက် စံပြ အမေ ဖြစ်သည်၊
She is a model mother for us.
57. တာဝန်ကျေသော အမေ ဖြစ်သည်၊
She is a dutiful mother for us.
58. အဖေ့ ထက် စိတ်ပိုရှည်သည်၊
She is more patient than my father .
59. စကားကို ယဉ်ကျေးစွာ နူးညံ့စွာ ပြောတတ်သည်၊
She always speaks politely and softly.
60. ကျွန်ပ်တို့ က အမေကို အလွန်ချစ်ပါသည်၊
We love our mother very much.
61. ကျွန်ပ်တို့ အတွက် တော့ မိခင် ဆိုတာ ကာကွယ်စောင့်ရှောက်သူ ၊ လမ်းပြ ၊ မိတ်ဆွေ ၊ အဖော်မွန် ဖြစ်ပါသည်၊
To us, my mother is a protector ,guide , friend and companion.
62. ထို့ကြောင့် ကျွန်ပ်သည် ကျွန်ပ်၏မိခင် ကို ကမ္ဘာပေါ်မှာရှိလူများ အားလုံးထက်ပို၍ အလေးထားကာ လေးစားပါသည်၊
So I admire my mother more than any other person in the world.
sayaraungnaingsoe.blogspot.com
မှ ပြန်လည်ဝေမျှသည်။

No comments:

Post a Comment