-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Friday, January 15, 2016

ရေကြီးရေလျှံခြင်း


ရေကြီးရေလျှံခြင်းဆိုသည်မှာ ပုံစံမျိုးစုံနှင့် တွေ့ရတတ်တဲ့ သဘာဝဖြစ်စဉ်တခုပါ။ တခါတလေ ကြီးမားကျယ်ပြန့်သော ရေ၀ပ်ဧရိယာကြီးဖြစ်နေစေတဲ့ ကာလကြာ ရေကြီးရေလျှံခြင်း၊ ခဏတာတောင်ပေါ်ရေကျ ဆက်ဆင်းသွားတဲ့ ရေကြီးရေလျှံခြင်း၊ ကမ်းရိုးတမ်းရေကြီးရေလျှံခြင်း စသည်ဖြင့် တွေ့နိုင်ပါတယ်။
သဘာဝဖြစ်စဉ်တခုဖြစ်တဲ့ ရေကြီးရေလျှံခြင်းကို ပြဿနာတရပ်အနေဖြင့် လူဦးရေတိုးပွားလာပြီး ရေကြီးရေလျှံနိုင်ဖွယ်ရှိသော ဒေသများသို့ လူအများတိုးချဲ့နေထိုင်လာတဲ့အခါမျိုးမှာ ယူဆလာကြပါတယ်။
လူဦးရေနှင့်အတူ မြို့ရွာများတိုးချဲ့လာနေခြင်းဟာ လူတွေ၏ဘ၀နေထိုင်မှုပုံစံနှင့် ပစ္စည်းဥစ္စာများ ကို အန္တရာယ်ရှိမှန်းသိပင်သိသော်ငြားလည်း အဆိုပါ ဒေသများသို့ နေထိုင်စေခဲ့ပါတယ်။ ဒီလိုတိုးချဲ့နေထိုင်တည်ထောင်ကြခြင်းဖြင့် သဘာဝရေစီးနေကျလမ်းကြောင်း (ပုံမှန်ရေလွှမ်းဧရိယာ)များ၏ ရေစီးဆင်းမှုပုံစံကို ပျက်ယွင်းစေခဲ့ပါတယ်။ ဥပမာ ရေစီးလမ်းကြောင်းမြေလွင်ပြင်ကို ခိုင်ခန့်အောင်လုပ်ပြီး မြို့ရွာတည်ထောင် သို့ စက်မှုဇုန်များတည်ထောင်တဲ့အခါ ပုံမှန်အဲ့သည်ပေါ်ဖြတ်စီးနေကျရေတွေဟာ ဖြည်းဖြည်းချင်းစီး အနည်ထိုင် ကော၊ မြေကြီးထဲစိမ့်ဝင်နဲ့ သူတို့ရဲ့ ပုံစံကို ပျက်ယွင်းစေခဲ့ပါတယ်။
ရေကြီးရေလျှံခြင်း ဖြစ်ပွားကြိမ်နှုန်း၊ ပမာဏအနည်းအများနှင့် ယင်း၏အကြောင်းဆက် ပျက်ဆီးဆုံးရှုံးမှုများကို ဖြစ်ပေါ်သက်ရောက်စေနိုင်သော အချက်များမှာ
၁။ ရေစီးလမ်းကြောင်းပိတ်ဆို့မှုအား သစ်ပင်လဲကျခြင်း၊ အမှိုက်များ စုပုံနေခြင်း၊ အေးသောဒေသများတွင်ရေခဲနေခြင်း များဖြင့် ဖြစ်ပေါ်စေခြင်း
၂။ ရေစီးလမ်းကြောင်းပိတ်ဆို့မှုအား ကား၊ရထားလမ်း ဆုံရာနေရာများတွင် တံတားသို့မဟုတ် မြေအောက်ရေပိုက်များတွင် ပမာဏများသော ရေစီးဆင်းမှုအတွက် လုံလောက်သော ပိုက်ဝအချင်းမရှိခြင့်းဖြင့် ဖြစ်ပေါ်စေခြင်း 
၃။မြစ် ချောင်း ကမ်းနားနံဘေး အနားသတ်လိုင်းများနှင့် ကမ်းပါးနံရံများ တိုက်စားရာမှ ကြီးမားသော မြေစိုင်မြေခဲများ ပြိုကျမျောပါလာခြင်း
၎။ အနည်ကျမှုကြောင့် မြစ်ချောင်းဧရိယာ ကျဉ်းပြီး ရေများ ဘေး ကုန်းမြေများသို့ ဖြတ်ကျော်စီးဝင်လာခြင်း
၅။ သဘာဝရေစီးလမ်းကြောင်းများနေရာတွင် လူလုပ်ရေနုတ်မြောင်းများ အစားထိုးဝင်ရောက်လာမှုကြောင့် ပုံမှန် သဘာဝမြေပြင်ကဲ့သို့ ရေကို စုပ်ယူထားနိုင်စွမ်းရှိသော ဧရိယာများ မရှိတော့ဘဲ မြို့တမြို့ဖြတ်ပြီးတိုင်း ကြီးသထက်ကြီးလာသော ရေထုထည်ကြီး ဖြစ်ပေါ်လာစေခြင်း
၆။ တခါတလေ အဆောက်အဦဆောက်ဖို့ မြေဖို့ခြင်းဟာလည်း ရေကြီးရေလျှံခြင်းပမာဏကို မြင့်စေပါတယ်။
၇။ ငလျင်ဒဏ်များ၊ မုန်တိုင်းဒဏ်များ၊ ပြင်ဆင်ထိန်းသိမ်းခြင်းမရှိသော ရေထိန်းအဆောက်အဦများ၊ ဒီဇိုင်းလိုအပ်ချက်ကြောင့် ပိုလာသောရေစီးထုထည်များ၊ ပတ်ဝန်းကျင် ရိုက်ခတ်မှုများကြောင့် တမံများ၊ ကန်များ၊ ပင်လယ်ရေကာနံရံကြီးများ၊ ကမ်းရိုးတန်းရေကာအဆောက်အဦများ ပြိုကျခြင်း ဖြစ်ပေါ်လျှင်လည်း ကြီးမားသော ရေထုထည် ရေကြီးရေလျှံကို ရုတ်တရတ်ရင်ဆိုင်ရနိုင်ခြင်း 
စသည်တို့ဖြစ်ပါတယ်။
မြစ်ချောင်းများမှ ရေကြီးရေလျှံခြင်း (Riverine flooding) ဟာ ကာလရှည် မရပ်မနား မိုးများခြင်း သို့မဟုတ် ရေခဲတောင်အရည်ပျော်ခြင်းတို့မှ ဖြစ်တတ်ပါတယ်။ ဒီလိုသာမာန်ထက်ပိုမှာ သေချာတဲ့ ရေထုထည်စီးဆင်းမှုအတွက် လုံလောက်တဲ့ ရေစီးလမ်းကြောင်းတွေမရှိတဲ့အခါ ဘေး ကုန်းတွင်းပိုင်းမြေတွေအပေါ် ဖြတ်ကျော်ဝင်ရောက်စီးဆင်းလာတဲ့အခါမျိုးကို ဆိုလိုပါတယ်။ Riverine flood ဟာကမ္ဘာကြီးရဲ့ ဆွဲငင်အားနိယာမအရ မြစ်အောက်ဘက်ကို စီးဆင်းပါတယ်။ ဒီရေကြီးရေလျှံခြင်းရဲ့ ရေထုထည် အနက်၊ ကာလ၊ ရေထုထည်စီးဆင်းနှုန်းအား(အနှေး၊ အမြန်၊ အားပါ၊ မပါ) ဟာဆိုရင် သူဖြတ်သန်းစီးဆင်းတဲ့ ရေ၀င်ရေလဲဧရိယာ(Downstream watershed) ရဲ့ အရွယ်အစား နဲ့ လျောစောက် မတ်စောက်ပြေပြစ်ခြင်း၊ ရေများစုဝေးလာရာ ရေစီးလမ်းကြောင်းတလျှောက် ရှိမြို့ရွာသစ်တော စသည်ဖွံ့ဖြိုးမှုအခြေအနေ (upstream development) ၊ အဆိုပါလမ်းကြောင်းတလျှောက်ရှိ နေ့စဉ်ပျမ်းမျှမိုးရေချိန်၊ မြေကြီးအမျိုးအစား (ရေစိမ့်နိုင်သည်၊ ကျောက်မြေဖြစ်သည်) ၊ မြေယာအသုံးပြုမှုပုံစံ၊ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်၊ နှင့် မုန်တိုင်းရှိလျင်ပမာဏအနည်းအများ(လေတိုက်ခတ်နှုန်း၊ ရေခဲ အရည်ပျော်နှုန်း) စသည်များအပေါ် မူတည်ပါတယ်။ 
ရေကြီးရေလျှံခြင်းပမာဏအတိုင်းအတာကို ဆုံးဖြတ်ပေးတဲ့ လက္ခဏာတွေမှာ ရေကြီးအနက်၊ ရေကြီးရေလျှံကာလ၊ ရေကြီးစဉ် စီးဆင်းနှုန်းအလျဉ်၊ ရေကြီးစဉ်ဖြစ်ပေါ်သော လှိုင်းများ၏ ရွေ့လျားမှုပုံသ္ဌန်၊ ရေစီးလမ်းကြောင်းထဲပါဝင်လာနိုင်သော အမှိုက်များ အရွယ်အစားအမျိုးအစား၊ ရေကြီးခြင်းကြောင့်ဖြစ်ပေါ်လာသော မြစ်ကမ်းပါးနံရံများတိုက်စားခံရမှုနှင့် မြစ်ကြမ်းပြင် ချိုင့်လှိုက်စားခံရမှု တို့ပဲဖြစ်ပါတယ်။
ကိုယ်ပိုင်ရေးတာမဟုတ်ပါ။ အင်တာနက်မှ ဒေါင်းသောစာအုပ်များမှ သက်ဆိုင်သင့်လျော်ရာစာများ ပုံများကို ကူးပြီးဘာသာပြန်ထားခြင်းသာဖြစ်ပါတယ်။
Credit to>> Htoo Htoo Shwe

No comments:

Post a Comment