-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, January 27, 2016

Sea-sand ကို ကွန်ကရိဖျော်ရာမှာ အသုံးပြု ခြင်း

#Sea-sand ကို ကွန်ကရိဖျော်ရာမှာ အသုံးပြု ခြင်း
************************************************************************
ပင်လယ်ထဲကရတဲ့သဲ (sea sand) ကို ကွန်ကရိဖျော်ရာမှာ သုံးကြပါသလား။ သုံးတယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်သလဲ။ ဘယ်လို အရည်အသွေးတွေ ရှိဖို့လိုသလဲ။ အတွေ့အကြုံရှိသူများဆွေးနွေးပေးကြပါဦး ဆိုပြီး မနေ့က post တင်ခဲ့ပါတယ်၊
ပါဝင်ဆွေးနွေးပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်၊ အများအတွက် ဗဟုသုတရလိမ့်မယ်လို့  ယုံကြည်ပါတယ်။ ကျွန်တော်ထပ်မံဆွေးနွေးချင်တဲ့ အချက်တွေပါ ပုံလေးတွေထည့်ချင်တာကြောင့် Note အနေနဲ့ရေးပြီး တင်လိုက်ပါတယ်။
************************************************************************
Sea sand ထဲမှာ ဆားဓါတ်ပါတဲ့အတွက် ဒီအတိုင်းမသုံးသင့်ဘူးဆိုတာ အငြင်းပွားစရာ မရှိပါ။
သို့ သော် နေရာဒေသအခြေအနေအရ sea sand (သို့) ဆားငန်ရေ၀င်တဲ့ မြစ်သဲကို သုံးမယ်ဆိုရင်
1. ဘယ်လို မလိုလားအပ်တဲ့ အကျိုးဆက်ရှိမလဲ၊
2. ဆားဓါတ်ပါဝင်မှု ပမာဏအတိုင်းအတာ ဘယ်လောက်အထိ ခွင့်ပြုနိုင်သလဲ၊
3. ဘယ်လိုကာကွယ်ရမလဲ (သို့ ) လက်ခံနိုင်ဖွယ်ရာ ဖြစ်လာအောင် ဘယ်လိုလုပ်သင့်သလဲ
ဆိုတာတွေဆက်ပြီးဆွေးနွေးပါမယ်။

၁- Sea sand သုံးရင် ဘယ်လို မလိုလားအပ်တဲ့ အကျိုးဆက်ရှိမလဲ ?
Sea sand ထဲမှာ အဓိက မလိုလားအပ်တဲ့ ပစ္စည်းကတော့ သံချေးတက်စေတဲ့ ဆားဓါတ်ပါပဲ၊ အဲဒါက chloride content ပါ၊
Concrete အတွင်းက သံချောင်းဟာ ကွန်ကရိထဲမှာရှိတဲ့ alkaline ပါတ်ဝန်းကျင် CaOH2 (pH 13) အနေအထား ကြောင့် သံချောင်းရဲ့ ပြင်ပမျက်နှာပြင်မှာ iron oxide အလွှာဖွဲ့ စည်းပြီး ကာကွယ်ပေးထားတာကြောင့် ပုံမှန်အားဖြင့် သံချေးမတက်နိုင်ပါ၊ အဲဒီဖြစ်စဉ်ကို passivity လို့  ခေါ်ပါတယ်။
အဲဒီ protective layer (passivity) ကိုပျက်စီးစေတဲ့ပြင်ပ ပယောဂတွေထဲမှာ Chloride (Cl) နဲ့ Carbon Dioxide (Co2) တို့ ဟာ အဓိကဖြစ်ပါတယ်။ ဒီဆွေးနွေးခန်းမှာတော့ Sea sand ထဲမှာ အဓိကပါဝင်တဲ့ Chloride အကြောင်းပဲ ပါဝင်မှာပါ။

Concrete ထဲမှာ chloride ion content 0.2% ကနေ 0.4% (by weight of portland cement) ရှိလာပြီဆိုရင် pH ကလည်း 9 လောက်အထိကျဆင်းလာပြီး အထက်ကပြောခဲ့တဲ့ passivity အလွှာ စပြီးပျက်စီး (de-passivation) လာတဲ့အတွက် သံချေးလည်း စတက်လာပါတော့တယ်။

သံချေးရဲ့ သိပ်သည်းမှုက သံချောင်းထက် ၄ဆခန့် နည်းတာကြောင့် ပွတက်လာပြီး ကွန်ကရိသားကို ကွဲအက်စေတဲ့ အတွက် spalling ဖြစ်ပေါ်စေပါတယ်။
နောက်ပြီး သံချေးတက်မှုဖြစ်စဉ်ကြောင့် သံချောင်းရဲ့ လုံးပါတ်လည်း အဖြည်းဖြည်း ပိုသေးလာတဲ့အတွက် သတ်မှတ် ခံနိုင်ရည်အား (tensile strength) လည်း ကျဆင်းလာပါတော့တယ်။

2. Sea sand မှာ Chloride ပါဝင်မှု ဘယ်အတိုင်းအတာ ဆိုရင် ကွန်ကရိလုပ်ငန်းမှာ ခွင့်ပြုနိုင်သလဲ

စမ်းသပ်မှုသုတေသနပြုချက်တွေအရ ကွန်ကရိထဲမှာ chloride content 0.04% (by weight of oven dry sand) ထက်မကျော်ရင် သံချေးမတက်စေဘူးလို့ဆိုထားပါတယ်။
BS 882 : 1992 (ယခုမသုံးတော့) မှာတော့ chloride ion ပါဝင်မှုရာခိုင်နှုန်းကို အောက်ပါအတိုင်း ခွင့်ပြုထားပါတယ်၊ (by mass of total aggregate)
For pre-stressed concrete - 0.01%
For RC made with sulfate-resisting cement - 0.03%
For other RC - 0.05%

3. ဆောင်ရန် ရှောင်ရန်များ

  • သဲသောင်ပေါ်ကသဲဟာ ပင်လည်အောက်ကသဲထက် ဆားဓါတ်ပါဝင်မှု ပိုများပါတယ်၊ အကြောင်းကတော့ ပင်လည်ရေထဲမှာ ပါလာတဲ့  ဆားငန်ရေဟာ ကမ်းပေါ်ရောက်လာပြီးတဲ့နောက် ရေသန့်ကပဲ အငွေ့ ပျံသွားတဲ့အတွက် ဆားဓါတ် concentration ပိုများလာပါတယ်။
  • ပင်လည်အောက်ခြေကသဲကို ယူပြီး ပင်လည်ရေနဲ့  သေချာဆေးကြောပြီး သုံးမယ်ဆိုရင်တောင် ကလိုရိုက် ပါဝင်မှုက ခွင့်ပြု ပမာဏ အတွင်းမှာရှိနေတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။ ရေချို (fresh water) နဲ့ ဆေးပြီးသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပါ။
  • သံချောင်းမပါတဲ့ mass concrete ဖျော်ရာမှာ Sea sand ကိုသုံးမယ်ဆိုရင် သံချေးတက်မှာ မပူရတဲ့အတွက် ပြဿနာမရှိပါ။
  • သံကူကွန်ကရိတွေမှာ Sea sand ကိုသုံးမယ်ဆိုရင် calcium nitrite ပါတဲ့ admixture တွေသုံးခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ ကွန်ကရိရနိုင်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment