-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Thursday, January 7, 2016

Core i3 ,Core i5 and Core i7 ကွာခြားချက်များ









Core i3, core i5, core i7 အကြောင်း မပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံး ထားတဲ့
နည်းပညာ အသုံးအနှုန်းနဲ့ Architecture, code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့
အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….

Core i series Architecture

Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမ
ဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…

Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..


Core i series code name

Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။

Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code
name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်
ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့
sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်

1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology
1.Core အရေအတွက်

Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထား
ပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..

2.Thread အရေအတွက်

Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါ
တယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..

3.Cache ပါဝင်မှု ပမာဏ

Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor
ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)

4. Turbo Boost Technology

Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်..
process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး
core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်
တဲ့ နည်းပညာဖြစ်ပါတယ်..

5. Smart Cache

Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်
ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..


6. QPI (Quick Parth Interconnect)

QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north
bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU
ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင်
FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu
တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..


7.Hyper-threading technology

Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်
ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်
ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု
4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး
logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache ,
execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor
တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...


Nehalem microarchitecture based

Core i3

ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..
Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5

Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြ
ပါတယ်..


Core i 7

Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါ
တယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield,
clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..
ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့
processor series တွေဖြစ်ပါတယ်..


Sandy Bridge microarchitecture based

Core i3

Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့ 
sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁
ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..


Core i5

ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို
တွေ့ ရ မှာဖြစ်ပါတယ်..


Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို
တွေ့  ရမှာဖြစ်ပါတယ်..


အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor
တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့
အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီးဖြစ်ပါ
တယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထား
တာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

credit : မိုးထက်မြင့် ( နည်းပညာ)

No comments:

Post a Comment