-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, January 16, 2016

အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှအရေးပါသနည်း


မေး။ ..။ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည်ဘဝ၌မည်မျှ အရေးပါကြောင်းတပည့်တော်အား ဖြေကြားပေးတော်မူပါ။(ဇေယျာနောင...်(စင်္ကာပူ))
ဖြေ။ ..။ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာသိတယ် မဟုတ်လား၊(သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ဗိုက် ဆာမှာပေါ့။အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေးကြီးတယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ဆိုပါစို့ ကိုယ့်စိတ်အကြောင်းကိုယ့် လေ့လာချင်တယ် ဆိုလိုရှိရင်ကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လား သိဖို့ရာအဘိဓမ္မာကို လေ့လာမှပိုပြီးသိတယ်။
အဘိဓမ္မာဟာAnalyst လုပ်တဲ့ပညာရပ်တစ်ခုပဲ Analyst လုပ်တတ်မှခွဲခြားစိတ်ဖြာ ပြီးတော့သိတာ၊ အနတ္တသဘောတရားကိုလည်းအဘိဓမ္မာလေ့လာ ခြင်းဖြင့် ပိုပြီးထင်ရှားစေတယ်ပေါ့၊ ဗုဒ္ဓဘာသာဝင်ဖြစ်လာလို့ရှိရင်ဝိပဿနာ ကျင့်စဉ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့အဘိဓမ္မာဘာသာရပ်ကို လေ့လာထားရမယ်။ဒါဟာ အရေးကြီးတယ်ပေါ့၊ အထူးသဖြင့် ဘဝမှာအဘိဓမ္မာသင်ထား တဲ့အတွက်ကြောင့်ကိုယ့် ဘဝရဲ့အဓိပ္ပာယ်ကို ကိုယ်နားလည်လာတယ်။ကိုယ့်အကြောင်း ကိုယ်နားလည်တယ်၊လောကမှာ မေးလာရင် မင်းအကြောင်းမင်းသိလားဆိုအော်-သိတာပေါ့ ဘယ်မြို့မှာမွေးတာအမေကဘယ်သူ အဖေကဘယ်သူ နံမည်ကဘယ်သူ ဒီလောက်ပဲပြောနိုင် မယ်မဟုတ်လားမင်း ဘယ်ဘဝကလာတယ် ဆိုတဲ့ Quention ကို ဘယ်လိုဖြေမလဲ။ဘယ်ကလတာတုန်း ဘယ်သွားမှာတုန်းဆိုတဲ့ မေးခွန်းတွေကြတော့ မဖြေနိုင်တော့ဘူးလေ။
ဒီတော့ အဘိဓမ္မာတတ်ထားတဲ့ပုဂ္ဂိုလ်ဟာရှင်းရှင်းကြီး ကိုယ့်အကြောင်းနဲ့ကိုယ် နားလည်မှုရှိတယ်ပေါ့။ ကိုယ့်အကြောင်းကို နားလည်ချင်တယ်ကိုယ့်ရဲ့ဘဝ ကိုယ်နားလည်ချင်တယ်၊ကိုယ့်စိတ်ကိုယ် နားလည်ချင်တယ် စိတ်ထဲမှာထားရမဲ့စိတ် မထားရမဲ့စိတ်ကို နားလည်ချင်တယ်ဆိုရင် အဲဒါတွေနားလည်မှ ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိတယ် ဘဝဟာပိုပြီးအဓိပ္ပာယ်ရှိဖို့အတွက်ကအဘိ ဓမ္မာဘာသာရပ်ဟာအရေးကြီးတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။
အဘိဓမ္မဆိုသည်မှာProfoundဓမ္မ Profound doctrinesပဲ ရုပ်တရားနာမ် တရားတွေနဲ့ ပတ်သက်ပြီးသိရှိဖို့ ဝိပဿနာတရားကျင့်စဉ်တွေ ကျင့်ဖို့လည်းပဲ အဘိဓမ္မာဘာသာရပ်ဟာ အထောက်အကူအများချည်းဖြစ်တယ်ပေါ့။ Underlectical Knowledge Job mind & Matter အထောက်အကူပြုတဲ့ ဘာသာတစ်ခု ဖြစ်တယ်ပေါ့။
ဒါကြောင့်မို့ အဘိဓမ္မာကိုနားလည်ခြင်းဖြင့် ကုသိုလ်အကုသိုလ်ကိုနားလည်ပြီးဘဝမှာအမှားနည်း သွားမယ် အမှားနည်းပြီးအမှန်ကိုလုပ်နိုင်မယ် ဖြစ်ခြင်း ကြောင့် အဘိဓမ္မာဟာ အင်မတန် အရေးကြီး ပါတယ်လို့ပြောပါရစေ။
(ပါချုပ်ဆရာတော်ဘုရားကြီးစင်္ကာပူတရားပွဲ ပထမနေ့တွင်ဖြေကြားခဲ့သည့်မေးခွန်းအဖြေလွှာမှ)

No comments:

Post a Comment