-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Sunday, January 31, 2016

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာလက်စွဲ


 မိတ်ဆွေများမှတ်မိကြမယ်ထင်ပါတယ်။ ကျနော်တစ်အုပ်ကို ၆၀၀၀ နှုန်းနဲ့ ရောင်းခဲ့ပေးတာလေ။
အဲ့တုန်းက ကျနော်တစ်...အုပ်ကို ၅၀၀ ကျပ် အမြတ်တင် ရောင်းခဲ့တာပါ။ ဒါပေမယ့် အမြတ်ရယ်လို့ ကျနော် မတွက်ပါဘူး။
အဲ့တုန်းက လိုချင်သူတွေ နယ်က စလုံးက မလေးက စသဖြင့် အလွယ်တကူ မဝယ်နိုင်သူတွေက ကျနော့ကို PDF လေးနဲ့ တင်ပေးပါဆိုပြီး Request တွေ တက်တက်လာတော့ ကျနော်လဲ လုပ်ပေးချင်တာပေါ့။ ဒါပေမယ့် Scan ဖတ်ခချည်းဘဲ ၅၀၀၀၀ လောက်ကုန်မှာဆိုတော့ စဉ်းစားရတာပေါ့ဗျာ။ ညီလေးတစ်ယောက်ကတော့ သူ ၅၀၀၀၀ ပေးပါ့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော် လက်မခံခဲ့ပါဘူး။ သူ့လုပ်စာလေးထဲက ဖဲ့ပေးရမှာလေ။
ဒါနဲ့ဘဲ နဲနဲချင်းစီရောင်းရင်းနဲ့ အုပ်ရေ ၂၀၀ ကျော်လဲကုန်ရော ကျနော် ၁၀၀၀၀၀ ကျော် မြတ်နေပါပြီ။ ဒီတော့မှ Scan ကို High Quality နဲ့ ဖတ်ခိုင်းလိုက်ပါတယ်။ စုစုပေါင်း ၆၀၀၀၀ နီးပါးကုန်ကျသွားပါတယ်။
ခုအဲ့ဒီ Scan Copy လေးကို တင်ပေးလိုက်ပါတယ်။ အများကုသိုလ်ပေါ့ဗျာ။ တစ်အုပ် ၆၀၀၀ နဲ့ဝယ်သွားတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကုသိုလ်အမျှပေးပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။
Download:
https://my.pcloud.com/publink/show…

Aung Myat Kyaw
Effective Engineering & CAD Design Group
amkfacebooksharing@gmail.com
58, 6th Floor, 21st Street, Latha, Yangon.
Hotline ... 09-421017201.

No comments:

Post a Comment