-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Friday, January 15, 2016

ရေကြီးရေလျှံခြင်းနှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ (Definitions)

ရေကြီးရေလျှံခြင်း (Flood)
ရေကြီးရေလျှံခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် ရေမရှိသော မြေမျက်နှာပြင်တခုပေါ်သို့ ရေ ကာလတစ်ခုအထိ ၀င်ရောက်လွှမ်းမိုးခံရခြင်းဖြစ်ပါသည်။ ထိုရေကြီးရေလျှံခြင်းသည် မြစ်ရေကြီးရေလျှံခြင်း၊ ရုတ်တရက် တောင်ကျမိုးရေများ အလုံးအရင်းကျလာခြင်း၊ ချောင်းမြောင်းများကောကာသောင်ပြင်များဖြစ်ပေါ်၍ ရေစီးလမ်းကြောင်းပျောက်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းတလျှောက် ပင်လယ်ရေမြင့်တက်ခြင်း စသည့် အကြောင်းကြောင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။

ရေကြီးရေလျှံခြင်းနဲ့အန္တရာယ် (Flood Risk)
ရေကြီးရေလျှံခြင်း ဖြစ်ပွားနိုင်ချေပမာဏ၊ကာလ နှင့် ဖြစ်ပွားခဲ့လျင် ၎င်း၏အကျိုးဆက် လူသားတို့ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ သဘာဝလက်ရှိပတ်ဝန်းကျင်ပျက်စီးနိုင်ခြင်း များအပြင် စီးပွားရေး ဆုတ်ယုတ်လျော့ကျနိုင်လာချေတို့ကို ရေကြီးရေလျှံခြင်းအန္တရာယ်အဖြစ်သတ်မှတ်နိုင်ပါသည်။
ရေကြီးရေလျှံခြင်း ဖြစ်ပွားနိုင်ဖွယ် နေရာပြမြေပုံ (Flood Plain Map) 
ရေကြီးရေလျှံခြင်းဖြစ်ပွားနိုင်ဖွယ်နေရာပြမြေပုံများသည် ရေ၀င်ရောက်နိုင်သော နေရာများ နှင့်တကွ 
ရေကြီးထုထည် နည်းလိမ့်မယ်၊ များလိမ့်မယ်၊ ဒီနှစ်ထဲ ရေတခါကြီးမယ်။ နှစ်ကျော့ပြန်ကြီးလိမ့်မယ် ဆိုသော ခန့်မှန်းချက်များထည့်သွင်းဖော်ပြထားသောမြေပုံဖြစ်ပါသည်။
ရေကြီးရေလျှံခြင်း ဖြစ်ပွားနိုင်ဖွယ် နေရာများနှင် ရေကြီးရေလျှံပမာဏပြမြေပုံ ( Flood hazard maps)
Flood Hazard Map ဆိုသည်မှာ အပေါ်က Flood Plain Map ကို အသေးစိတ်ထားချင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် ကမ်းရိုးတမ်းမှလာတဲ့ မုန်တိုင်းပါ ရေကြီးရေလျှံခြင်းမျိုးလား၊ မိုးများပြီးတောင်ကျရေခံ ရေကြီးရေလျှံခြင်းမျိုးလား၊ မြစ်ရေမြင့်တက်ရေကြီးရေလျှံခြင်းမျိုးလား စသည် ရေကြီးရေလျှံခြင်း အမျိုးအစားများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ထို့အပြင် ၎င်းရေကြီးရေလျှံခြင်းဖြစ်ရပ်ရှိ ရေအနက် (ရေအမြင့်)နှင့် ရေထုထည်ပမာဏ (နှစ်တရာမှာ တခါကြုံရနိုင်တဲ့ ရေထုထည်ရှိသော ရေကြီးရေလျှံခြင်းမျိုးဖြစ်မလား၊ ဒါမှမဟုတ် နှစ်တစ်ထောင်ကြာမှ တခါကြုံရနိုင်တဲ့ ရေထုထည်ရှိသော ရေကြီးရေလျှံခြင်းမျိုးဖြစ်မလား) တို့အား ကိန်းဂဏန်းတွက်ချက်မှုများဖြင့် နေရာအလိုက်ဖော်ပြသော မြေပုံဖြစ်သည်။ မြေပုံတွင် ပို၍အသေးစိတ်လိုပါက ရေ၀င်ရောက်ရာနေရာအလိုက် မြေပေါ်တင် ရေရောက်ရှိအမြင့် (ရေကြီးအနက်) ၊ ရေစီးဆင်းနှုန်း (အနှေး သို့မဟုတ် အမြန် ၊ပမာဏတခုခုဖြင့်) နှင့် ရေဆက်လက်စီးဆင်းသွားနိုင်သော ရေထုထည်လမ်းကြောင်းပြခြင်းတို့ကိုပါ ဖော်ပြတတ်ပါသည်။
ရေကြီးရေလျှံခြင်း ဖြစ်ပွားနိုင်ဖွယ် နေရာများနှင့် ၎င်းဖြစ်ရပ်မှ ပေးနိုင်သော အန္တရယ်ပြမြေပုံ (Flood risk maps)
Flood Risk Map တဖြစ်လဲ Flood Hazard Map က ရေကြီးရေလျှံခြင်းဖြစ်မယ်ဆိုလျင် နစ်နာရမဲ့ ပျက်စီးဆုံးရှုံးနိုင်ဖွယ်များကို ခေါင်းစဉ်အလိုက် ပမာဏဖြင့်ဖော်ပြခြင်းပဲဖြစ်ပါတယ်။ ရေကြီးမယ်ဆိုရင် အဲ့သည်ဒေသရှိ ထိခိုက်နိုင်မည့် လူဦးရေ၊စီးပွားရေးလုပ်ငန်း၊ ရေကြီးရေလျှံခြင်း ညစ်ပတ်မှုကြောင့် အသစ်ပြန်လည် လည်ပတ်ရမည့် လုပ်ငန်းပြင်ဆင်စရာများ စသည့် သက်ဆိုင်ရာ အုပ်ချုပ်သူများ စိတ်ပူရမည့် ကိန်းဂဏန်းစရိတ်များကို ဖော်ပြထားခြင်းဖြစ်ပါသည်။
ရေကြီးရေလျှံခြင်းကြောင့်ပျက်စီးခြင်း (Damage) တွင် ကျန်းမာရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင် လည်ပတ်နေမှု စသည်များ ပျက်စီးဆုံးရှုံးခြင်း များပါဝင်ပါသည်။
Vulnerability
လူတို့နေထိုင်ရာဒေသနှင့် ဒေသရှိ သဘာဝပတ်ဝန်းကျင်၊ လူအဖွဲ့အစည်း၊ စနစ် တို့၏ လူမှုစီးပွားဘ၀အခြေအနေများတွင် ရေကြီးရေလျှံခြင်းဒဏ်ခံနိုင်ရည် ပမာဏ (Vulnerability) ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ နှင့် ပတ်ဝန်းကျင် အခြေအနေများတွင် ရေကြီးရေလျှံခြင်းတိုက်ရိုက်ကြုံတွေ့ရခြင်း(သို့)၎င်း၏ အကြောင်းဆက်ဆိုးကျိုးများနှင့် ပက်သက်၍ အားနည်းချက် ရှိနေခြင်းများ၊ အကြမ်းမခံနိုင်ခြင်းများ ကြို ညွှန်းကိန်း တခုနှင့် ဖော်ပြထားခြင်းဖြစ်ပါသည်။ (ဥပမာ တိုက်အိမ် မြစ်နဲ့လှမ်း ကုန်းမြင့် ဆိုလျှင် ရေကြီးရေလျှံဒဏ်ခံနိုင်စွမ်း မြင့်တော့ Low Vulnerability ညွှန်းကိန်းပမာဏ နည်းမယ်). တဲအိမ် မြေနိမ့် မြစ်နဲ့နီးတယ်ဆိုရင်တော့ High Vulnerability ညွှန်းကိန်းပမာဏမြင့်မယ်ပေါ့)။ Vulnerability ကို သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်ဖွယ် အလားအလာမှ တွက်ချက်ယူပါတယ်။ အဲ့ဒီသဘာဝဘေးအန္တရာယ်မှ ဖြစ်ပေါ်လာနိုင်သော ပျက်စီးဆုံးရှုံးးမှုများ၊ ပြန်လည်ကုစားပြင်ဆင်နိုင်ရချေများ၊ ခံနိုင်ရည်မရှိမှုများ၊ ခံနိုင်ရည်များ၊ အပြင် အကယ်၍ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေချိန်မှာတောင် အန္တရာယ်ကာလအတွင်း ဘယ်လို ဆီလျော်အောင်နေထိုင်နေထိုင်နေမလဲ၊ နေထိုင်နိုင်စွမ်းရှိမလဲ၊ အဆင်ပြေအောင် ဘယ်လို ဖန်တီးရပ်တည်နိုင်စွမ်းရှိမလဲ ဆိုတာတွေကို ထည့်သွင်းစဉ်းစားတွက်ချက်ပါတယ်။

Credit to>> Htoo Htoo Shwe

No comments:

Post a Comment