-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -
Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Thursday, January 28, 2016

‎လိုရာသုံးဗဟုသုတခုနှစ်ခု‬

(1)----ရေ၀င်ဆန့်တွက်နည်း
(2)----သစ်တွက်နည်း...
(3)----မြေတွက်နည်း
(4)----ဘိလပ်မြေတွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်

လူငယ်တွေအတွက် ပုံပြင်လက်ဆောင်

တခါတုန်းက မုဆိုးမကြီးတစ်ယောက်မှာ စိတ်ထားမကောင်းတဲ့ သမီးတစ်ယောက်နဲ့... စိတ်ကောင်းရှိတဲ့ လင်ပါသမီး တစ်ယောက် ရှိပါတယ်။ စိတ်ကောင်းရှိတဲ့ ကလေးဟာ ဖြူစင်ရိုးသားပြီး ချိုသာသော နှုတ်ထွက်စကားကိုသာ ဆိုလေ့ရှိပေမယ့်.. စိတ်ထားမကောင်းတဲ့ သမီးအရင်းကတော့.. နေ့စဉ်နေ့တိုင်း အော်ဟစ် ဆဲဆို လို့နေပါတယ်..။ တစ်နေ့တော့ တောစပ်က ချောင်းထဲမှာ ရေခပ်ဆင်းရင်း အဖွားအိုတစ်ဦးလဲကျနေတာကို တွေ့လိုက်ကြရတယ်..။ စိတ်ထားကောင်းတဲ့ မိန်းကလေးက အဖွားအိုကို ပြုစုပေးပြီး ပါလာတဲ့ရေကိုလည်း တိုက်ကျွေးခဲ့ပါတယ်။ ချိုသာတဲ့ စကားလေးတွေ ဆိုတတ်တဲ့ မိန်းကလေးကို အဖွားအိုက ဆုတစ်ခုပေးခဲ့တယ်..။ စကားပြောတဲ့အခါတိုင်းမှာ "ပန်းလေးတွေ.. စိန်ပွင့်လေးတွေ ထွက်လာပါစေ.." တဲ့လေ..။ တကယ်တော့ အဖွားအိုဟာ နတ်သမီးတစ်ပါးသာဖြစ်ပြီး ဆုတောင်းပေးလိုက်တဲ့အတိုင်း မိန်းကလေးဟာ ချိုသာတဲ့ စကားပြောတိုင်း ပန်းပွင့်လေးတွေ စိန်ပွင့် လေးတွေ ပါးစပ်ထဲက ထွက်လာပါသတဲ့..။ သူ့မအကြောင်းကို သိရှိသွားကြတဲ့သူတွေကလည်း ကောင်းချီးသြဘာ ပေးကြပြီး သူရရှိတဲ့ စိန်ပွင့်လေးတွေကို ရောင်းချပြီး မိခင် (မိထွေး) ဖြစ်သူကို ပေးရှာသတဲ့..။ ဒီအကြောင်းကို သိသွားတဲ့ စိတ်ပုပ်တဲ့ မိန်းကလေးကတော့ နောက်တခေါက် နတ်သမီး အဖွားအိုကို ရှာဖို့ ရေခရားထဲမှာ ရေအပြည့်ထည့်ပြီး တောထဲပြန်သွားခဲ့တယ်..။

အရမ်းမိုက်တဲ့ ကြော်ငြာ




အရမ်းမိုက်တဲ့ကြော်ငြာဇတ်လမ်းလေးဗျာ.. ဘော်ဒါတွေကြည့်ရတာလုံးဝတန်စေရမှာပါ.. ရင်ထဲမှာတစ်ခုခုခံစားမိရင်အောက်မှာမန့်ခဲ့နော် 󾌵󾌵
Posted by ဗွီဒီယိုပေါင်းစုံ - Yangon on Sunday, January 24, 2016

Run Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေ



IT သမားတွေအတွက် တစ်ကယ်အသုံးဝင်နိုင်ပါတယ်။ Run Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေပါ..
မိုက္ကရိုဆော့ဖ်ဝင်းဒိုးမှာ Environment Variables လို့လည်း ခေါ်ပါတယ်...။
* %allusersprofile%
* ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
* %appdata%
* အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
* %comspec%
* Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။

Wednesday, January 27, 2016

websites blogger တွေအတွက် ကောင်းနိုးရာရာ ကုတ်လေးများ



ဒါကတော့ နောက်ခံဘက်ဂရောင်း အတွက် ကုတ်လေးပါ..။


<style type="text/css">
body {
background-image: url(ဒီနေရာမှာ ဘက်ဂရောင်းလင့်လေးထည့်ပါ) ;
background-attachment:
fixed;
background-repeat:
no-repeat;
background-position:
Bottom; }</style>


အနီရောင်လေးတွေနေရာမှာ စိတ်ကြိုက်ပြောင်းလို့ရပါတယ်...။

................................................................

Radio FM ကို ဘလော့မှာထည့်မယ်

   အရင်ဆုံး အောက်က code လေးတွေ ကူးလိုက်ပါ။

   

http://174.37.16.73:4120/live  နေရာမှာ အောက်က မိမိကြိုက်နှစ်သက်ရာ FM station link ကိုထည့်ပေးပါ။ Padamyar FM နေရာမှာ FM Name ထည့်ပေးပါ။ Add a gadget>>Add HTML/java script>>paste

RFA မြန်မာ    mms://a652.l2130856651.c21308.g.lm.akamaistream.net/D/652/21308/v0001/reflector:56651

VOAမြန်မာ   http://www.voanews.com/wm/live/live-burmese-a.asx

Tuesday, January 19, 2016

EQ & IQ



ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
I.Q မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့်တယ်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်ကစပြီး E.Q ဆိုတာ ခေတ်စားလာတယ်။ E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှု အညွန်းကိန်းပေါ့။

ပရဟိတ ဟူသည်မှာ


“အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့်“ပရဟိတ”ဟူ၍ပါဠိဝေါဟာရကိုအ သုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာလူမျိုးတို့ယူဆပြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ခေါ်ဆိုလေ့ရှိကြပါ သည်၊၊

Monday, January 18, 2016

အရှက်ရစေခြင်းအတွက် ပေးဆပ်ရမှုများ

အရှက်ရစေခြင်းအတွက် ပေးဆပ်ရမှုများ(17.01.2016.., Daily Eleven မှ)
(ရေးသားသူ- ကျွန်း)
မော်နီကာလူဝင်းစကီးလို့ ပြောလိုက်ရင် ကျွန်မတို့ မျိုးဆက်နဲ့ ရှေ့ပိုင်းမျိုးဆက်...ထဲမှာ ကောင်းစွာ မှတ်မိကြသူတွေ ရှိမယ် ထင်ပါတယ်။ သူက အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ဖြစ်ခဲ့တဲ့ ဘီလ်ကလင်တန်နဲ့ လူမှုရေးကိစ္စ ရှုပ်ထွေးခဲ့ဖူးတဲ့အတွက် နာမည်ကြီးခဲ့တာပါ။ သူ့ကို နှစ်ပေါင်းများစွာ မေ့လျော့နေရာက သူ TED မှာ စကားပြောမယ်ဆိုတဲ့ သတင်းကို ရခဲ့ပါတယ်။ “အံမယ်၊ သူကများ၊ ဘာတွေ ပြောမှာလဲ” လို့ သရော်တော်တော် တွေးရင်း တစ်ဖက်ကလည်း သိချင်စိတ် ဖြစ်မိပါတယ်။ TED အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ သူ့ဟောပြောချက်ကို နားထောင်အပြီးမှာ ကျွန်မ သူ့အပေါ် တွေးခဲ့မိတာတွေအတွက် အလွန်အမင်း စိတ်မကောင်း ဖြစ်သွားခဲ့ပါတယ်။

ဘယ်တော့မှမဆဲပါနဲ့


ဆဲရေးတိုင်းထွာတာကောင်းတဲ့အလုပ်မဟုတ်ဘူးဆို
တာငယ်ငယ်ထဲကမိဘဆရာသမားတွေသင်ကြားထားလို့
အတွင်းစိတ်ထဲကကိုသိနေပါတယ်။စောက်ဆိုတဲ့
စကားတလုးံ
ပြောဆိုမိတာတောင်ရိုက်ခံရတယ်။ပါးစပ်ကိုအပ်နဲ့ပေါက်မယ်
နောက်တခါဆဲကြည့်ဆိုတဲ့အဘွားစကားလဲနားထဲကမထွက်
လို့ခုထက်ထိဆဲရေးတိုင်းထွာပြီးမပြောခဲ့ပါဘူး။
ဒါကတော့မှတ်သားစရာလေးပါ။
ဆဲရေးခြင်း(၁၀)မျိုး
_____________
၁။ ဇာတိ = ဇာတ်ကိုထိပါး၍ ဆဲရေးခြင်း
၂။ နာမ = နာမည်ကို ဖော်၍ ဆဲရေးခြင်း
၃။ ဂေါတ္တ = မျိုးနွယ်ကို ထိပါး၍ ဆဲရေးခြင်း
၎။ ကမ္မ = အလုပ်ကိုထိပါး၍ ဆဲရေးခြင်း
၅။ သိပ္ပ = အတတ်ပညာကိုထိပါး၍ ဆဲရေးခြင်း
၆။ အာဗာဓ = အနာရောဂါကို စွဲ၍ ဆဲရေးခြင်း
၇။ လိင်္ဂ = အသွင်ကို ဖော်၍ ဆဲရေးခြင်း
၈။ ကိလေသ = ကိလေသာ တစ်ပါးပါးကို စွဲ၍ ဆဲရေးခြင်း
၉။ အာပတ္တိ = အာပတ်ဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
၁၀။ အက္ကောသ = ယုတ်ညံ့မှုအားဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
[Source: ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုဝိဘင်း]
ဘယ်တော့မှ ၊ဘယ်လိုအကြောင်းနဲ့မှ ၊ဘယ်လောက်ဒေါသထွက်ထွက်
ဆဲရေးတိုင်းထွာမှုမပြုလေကောင်းလေပါဘဲ။
K.K(ကနောင်)

Friday, January 15, 2016

ရေကြီးရေလျှံခြင်း


ရေကြီးရေလျှံခြင်းဆိုသည်မှာ ပုံစံမျိုးစုံနှင့် တွေ့ရတတ်တဲ့ သဘာဝဖြစ်စဉ်တခုပါ။ တခါတလေ ကြီးမားကျယ်ပြန့်သော ရေ၀ပ်ဧရိယာကြီးဖြစ်နေစေတဲ့ ကာလကြာ ရေကြီးရေလျှံခြင်း၊ ခဏတာတောင်ပေါ်ရေကျ ဆက်ဆင်းသွားတဲ့ ရေကြီးရေလျှံခြင်း၊ ကမ်းရိုးတမ်းရေကြီးရေလျှံခြင်း စသည်ဖြင့် တွေ့နိုင်ပါတယ်။
သဘာဝဖြစ်စဉ်တခုဖြစ်တဲ့ ရေကြီးရေလျှံခြင်းကို ပြဿနာတရပ်အနေဖြင့် လူဦးရေတိုးပွားလာပြီး ရေကြီးရေလျှံနိုင်ဖွယ်ရှိသော ဒေသများသို့ လူအများတိုးချဲ့နေထိုင်လာတဲ့အခါမျိုးမှာ ယူဆလာကြပါတယ်။

ရေကြီးရေလျှံခြင်းနှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ (Definitions)

ရေကြီးရေလျှံခြင်း (Flood)
ရေကြီးရေလျှံခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် ရေမရှိသော မြေမျက်နှာပြင်တခုပေါ်သို့ ရေ ကာလတစ်ခုအထိ ၀င်ရောက်လွှမ်းမိုးခံရခြင်းဖြစ်ပါသည်။ ထိုရေကြီးရေလျှံခြင်းသည် မြစ်ရေကြီးရေလျှံခြင်း၊ ရုတ်တရက် တောင်ကျမိုးရေများ အလုံးအရင်းကျလာခြင်း၊ ချောင်းမြောင်းများကောကာသောင်ပြင်များဖြစ်ပေါ်၍ ရေစီးလမ်းကြောင်းပျောက်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းတလျှောက် ပင်လယ်ရေမြင့်တက်ခြင်း စသည့် အကြောင်းကြောင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။

Thursday, January 14, 2016

အိမ်ထဲ၌ပင် ရရှိနိုင်သည့် မဂ္ဂင်ရှစ်ပါး

အိမ်ထဲ၌ပင် ရရှိနိုင်သည့် မဂ္ဂင်ရှစ်ပါး
တစ်နည်း အိမ်တွင်း မဂ္ဂင်ရှစ်ပါး
***************************

 
သမ္မာဒိဋ္ဌိ
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမူ မကောင်းမူကံတွေသည် ငါ၏သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင်အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏အကျိုးကို

Wednesday, January 13, 2016

ငလျင်လှုပ်သော်

ငလျင်လှုပ်သော်
--------------------

အခု အချိန်မှာ... သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေကြတာကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....။
တကယ့်ကိုယ်တွေ့ကြုံလာတဲ့ အချိန်.... ပျာယာမခတ် ပဲ လုပ်ဆောင် သင့် သည်များကိုအချိန်မှီ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........။
အဓိက အသက်ကယ်နည်းများ
--------------------
လူ၏သဘာဝအတိုင်း ငလျင် လှုပ်မှန်းသိလျှင် ထွက်ပြေးချင်သည်။ မပြေးပါနှင့်။

ကိုယ်...မပိုင်တဲ့ "အငှားခန္ဓာ"

ကိုယ်...မပိုင်တဲ့ "အငှားခန္ဓာ"
•••••••••••••••••••••••
💧ဘဝဇာတိ ရရှိဖြစ်လာ
ဇရာဖိလို့. ဗျာဓိအနာ...
သေမဲ့ဘေး ပြေး၍မလွတ်ပါ။

💧မသေခင်ပေါင်း သေလျှင်အခေါင်း
မသေခင်ချစ် သေလျှင်ပစ်
အနှစ်မပါတဲ့ ဤခန္ဓာ.. ....
💧ချိန်ခါစေ့လျှင် ပြန်အပ်ရ
အငှားကိုပင် ကိုယ်ပိုင်ထင်
အမြင်လွဲ၍ ချစ်နေရ.........
💧မခိုင်းရက်ပါ သနားညှာတာ
အစာကျွေး၍ စောင့်ရှောက်ရ
အချိန်စေ့လို့. ပြန်အပ်တော့........
💧မေ့လျော့သူတွေ ပူဆွေးရ
လူ့ဘဝတစ်ခေါက် ခဏရောက်
အဟုတ်ကြီး မှတ်နေကြ။

https://www.facebook.com/photo.php?fbid=140473102982301&set=gm.991972947530602&type=3

ကားနှင့်ပက်သက်သောအသုံးအနှုန်းများ


Convertible = အမိုးဖွင့်ကား
Hood(bonnet)= စက်ခေါင်းအဖုံး
Grill = သံဆန်ကာလေဝင်ပေါက်...
Lights = မီးလံုးမ် ား
Bumper = ဗန္ပါ
Gas tank = ဓာတ္ဆီတိုင္ကီ
Tail light နောက်မီး

ယောက်ျားများကြောက်သော မိန်းမ (နိုင်းနိုင်းစနေ)


ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီ...ပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။
ဘယ်လို မိန်းကလေးမျိုးကို ယောက်ျားများ ကြောက်ကြပါသလဲ။

Tuesday, January 12, 2016


ဗုဒ္ဓဘာသာ စင်စစ်ဖြစ်ရန် အခြေခံ (၁၀) ချက်


ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။
၎င်းတို့မှာ

၁။ပေးကမ်းကျိုးရှိ၏။
၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။
၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။
၎။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။
၅။ဤလူ့ဘုံလောကသည်ရှိ၏။

အစရှိ အနောင်နောင်မို့ အကျင့်ပါသွားမှာကို စိုးမိတယ်



နံနက်ခင်း တက်သစ်စ နေရောင်ခြည် နွေးနွေးက လမ်းကလေးပေါ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက် စွန်းပေနေသည်။ ရော်ရွက်ကြွေတို့ ကလဲ လမ်းကလေးပေါ်တွင် ဟိုတစ ဒီတစ ပြန့် ကြဲနေကြ၏။ လေအဝှေ့ တွင် ရော်ရွက်ကြွေတို့  ပွတ်တိုက် ပြေးလွှားသွားသံမှတပါး လမ်းကလေးက ပကတိ တိတ်ဆိတ် ငြိမ်သက်နေသည်။ နံနက်ခင်း အစောပိုင်း အချိန်မို့ လမ်းကလေးပေါ်တွင် လူသွားလူလာတို့  မရှိသလောက် ကျဲပါးနေ၏။ ထိုလမ်းလေးအတိုင်း အရိပ်တစ်ရိပ်က မျောလွင့်လာနေသည်။ တဖြည်းဖြည်းဖြင့် ထိုအရိပ်က လူတစ်ယောက်၏ အသွင်သဏ္ဍန် ပီပြင်လာသည်။ တိတိကျကျ ပြောရလျှင် အထက်ပိုင်းက အဖြူ၊ အောက်ပိုင်းက အစိမ်းနှင့် ကျောပိုးအိတ်တစ်လုံးကို လွယ်ပိုးထားသည့် ကောင်လေးတစ်ယောက်