-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, January 30, 2016

BIM အကြောင်း သိကောင်းစရာ




BIM ဆိုတာ Building Information Modeling ပါ
BIM က Technology တစ်ခုတည်းမဟုတ်သလို Software တစ်ခုတည်းနဲ့ ရပ်တည်တာလဲမဟုတ်ပါဘူး၊ BIM က Process တစ်ခုပါပဲ အဲသည် Process ကို Technology, Technical, Knowledge, Management and Experience တွေကိုပေါင်းစပ်ပြီး Construction Industrial ရဲ့ Sequences တွေကို ဘက်ပေါင်းစုံ ထောက်ကူပြီး တည်ဆောက်ထားတဲ့ Digital Model တစ်ခုပါ အားလုံးကို အဓိက ဦးဆောင်သွားတာကတော့ Design & Construction Sequence တွေပါပဲ၊ Construction Sequences တွေကလဲ Construction Type တွေအပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။
တချို့က BIM ကို Software တစ်ခုတည်းရရုံနဲ့ တည်ဆောက်လို့ ရတယ်လို့ထင်နေသလို တစ်ချို့က Software အများကြီးနဲ့ ပေါင်းစပ်ပြီး တည်ဆောက်ထားတယ်လို့လဲ ယူဆကြပါတယ်။ တကယ်တော့ BIM Process တစ်ခု ပြုလုပ်ဖို့ရာ ကျွန်တော်တို့ တည်ရှိနေတဲ့ နိုင်ငံအပေါ်မူတည် ပြီးတော့လဲ တည်ဆောက်ရပါတယ်။
ကျွန်တော်တို့ BIM Process တစ်ခုကို တည်ဆောက်ဖို့အတွက် နိုင်ငံတစ်ခုရဲ့ Code of practice ကိုလဲ သွေဖယ်လို့မရ သလို Design ပြုလုပ်ရန်မှာလဲ လိုအပ်ချက်တွေနဲ့အညီ စဉ်းစားရပါသေးတယ်။
ဥပမာ အားဖြင့်
Archi Model တစ်ခု တည်ဆောက်တော့မယ်ဆိုလျှင် Archi တွေရဲ့ Rule and regulation နဲ့ Standard တွေအပြင် Architect တွေရဲ့ အသုံးပြုတဲ့ Materials တွေရဲ့ Thermal Properties တွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ် အဲသည်အရာတွေကတော့ Structure Analysis and M&E Analysis လုပ်တဲ့နေရာတွေမှာပါ အကျိုးအပစ်ကို ပေးပါတယ် လိုအပ်တဲ့ Properties တွေကို မပြည့်စုံခဲ့ဖူးဆိုလျှင် တစ်ချို့ရဲ့ အပစ်တွေကို ရရှိနိုင်ပါတယ်၊ Archi ပိုင်းအတွက် Energy Analysis လုပ်ဖို့အတွက် အသုံးပြုထားတဲ့ Materials တွေရဲ့ Thermal တွေက အများကြီး အရေးပါသလို Project ရဲ့ Location ကလဲ အရေးကြီးပါတယ် အဲသည်အတွက် Site Layout ကိုလဲ Surveyor တွေ့ရဲ့ Project Location with Coordinate ကိုအခြေခံရပါတယ် အဲသည်တော့မှလဲ Energy Analysis အပိုင်းကို ပိုမိုထိရောက်မှု ရှိစေပါတယ်။ နောက်တစ်ခုက Energy Analysis လုပ်ဖို့အတွက် Local Weather ကိုလဲ မေ့ထားလို့မရပါဘူး။ ခန့်မှန်းခြေကုန်ကျစရိတ်တွက်ချက်မှုအပိုင်းမှာလဲ အသုံးပြုတဲ့ Materials တွေနဲ့ ကိုက်ညီပြီး Regional Authorize တွေရဲ့ ခွင့်ပြုချက်နဲ့ ညီမညီ စဉ်းစားရပါသေးတယ်၊ Archi အတွက် Estimate ကိုတော့ Structure and M&E တွေနဲ့ Coordination ပြီးမှ ထုတ်ယူမှုက ပိုတိကျနိုင်ပါတယ် အကယ်လို့အလျင်အမြန် တွက်ချက်လိုလျှင်တော့ Massing Model တည်ဆောက်ပြီး PAE ဖြင့် တွက်ချက်လို့ရနိုင်ပါသေးတယ်။
Structure Model တည်ဆောက်မှုအပိုင်းမှာလဲ Structure Analysis and Design ပြုလုပ်ဖို့ လိုအပ်ချက်နဲ့ Region Rule and Regulation တွေကို လိုက်နာဖို့လိုသလို တိကျတဲ့ Design ထွက်နိုင်ဖို့အတွက် အသုံးပြုတဲ့ Material တွေရဲ့ Thermal Resistance တွေနဲ့ Strength တွေ တွက်ချက်မဲ့ ဒီဇိုင်းအမျိုးအစား ဥပမာ (Gravity, Lateral and Seismic) တွေအထိ Structure Model တစ်ခုတည်းနဲ့ တွက်ချက်မှုရသည်အထိ ထည့်သွင်း စဉ်းစားဖို့လိုအပ်ပါတယ် အကယ်လို့များ အဲသည်လို လိုအပ်ချက်တွေကို ထည့်သွင်းမစဉ်းစားခဲ့ဖူးဆိုလျှင် ကျွန်တော်တို့ တည်ဆောက်ထားတဲ့ Model က သာမာန် 3D ပုံတစ်ခုလောက်ပဲ ရရှိနိုင်ပါတယ်၊ ထို့အတူပါပဲ ခန့်မှန်းခြေကုန်ကျစရိတ်တွက်ချက်ရာမှာလဲ Estimate အတွက် လိုအပ်ချက်တွေကလဲ အရေးပါတဲ့ အပိုင်းတစ်ခုပါပဲ အဲသည်အပိုင်းက မေ့ထားလို့မဖြစ်သလို ကိုယ်တည်ဆောက်ထားတဲ့ Model က Analysis and Quantity ကို အသေးစိပ်ပေးနိုင်သလို Document တွေကိုလဲ အသေးစိပ်ပြင်ဆင်နိုင်ရပါတယ်။ ခန့်မှန်းခြေကုန်ကျစရိတ်တွက်ချက်ရန်မှာ Structure Analysis အတွက် Archi နဲ့ Coordination လုပ်ပြီး Structure Member Located လုပ်ပြီးမှ Analysis and Design ခိုင်မာတယ်ဆိုပြီးမှ ပြုလုပ်လျှင်တော့ အသုံးပြုထားတဲ့ Materials တွေအလိုက် တိကျမှုကို ရယူနိုင်ပါတယ်။ ဥပမာ အားဖြင့် Structure Model ကို Structure Analysis တိုက်ရိုက် လုပ်လို့မရတဲ့အတွက် ဘယ်လို Implement နဲ့ ဆက်စပ်ပြီး အထောက်အကူပြုနိုင်သလဲ တွေးရသလို ကိုယ့်ရဲ့ နိုင်ငံနဲ့ ကိုက်ညီမှုရှိမရှိ Regional Authorize တွေရဲ့ ခွင့်ပြုချက်နဲ့ ညီမညီ စဉ်းစားရပါသေးတယ် အဲသည်အချက်တွေ အားလုံးပြည့်စုံပါမှ BIM for Structure လို့ ခေါ်ယူလို့ရပါတယ်။
MEP Model တည်ဆောက်မှုအပိုင်းမှာတော့ Archi Layout ရတာနဲ့ စတင်တည်ဆောက်လို့ရပြီး နောက်ပိုင်းမှာ Archi and Structure တွေနဲ့ Coordination လုပ်ပြီးမှ Installation လုပ်ရပါတယ်၊ ဒါ့အပြင် MEP အတွက် လိုအပ်တဲ့ Design and Installation ပိုင်းတွေက Archi and Structure အပေါ်အများကြီး မီခိုပါတယ်။ ဥပမာ အားဖြင့် Aircon Design တစ်ခုအတွက် Analysis လုပ်ဖို့ရာ Archi Design and usage materials တွေအပေါ် အများကြီး မူတည်ပါသလို Installation လုပ်ဖို့ရန်အတွက်လဲ Structure Member တွေကိုပါ Take Care လုပ်ရပါသေးတယ် ထို့အတူပါပဲ Lighting Design လုပ်ဖို့အတွက်လဲ Archi အပေါ်ပဲမှီခိုပါတယ် အဲသည်တော့ Archi က အဓိကကျသည်ပါပဲ၊ MEP Process and Design မှာတော့ ACMV, Plumbing and Sanitary, Electrical (Power, Lighting), Gas, Fire Protection, Communication, Irrigation System, Storm Water and Symphonic System တွေကိုပါ Construction Type တွေအပေါ်မူတည်ပြီးတော့ ထည့်သွင်းစဉ်းစားရပါတယ်။
အဲသည် BIM Process အတွက် လိုအပ်တဲ့ Implement တွေဖြစ်တဲ့ Technology (Software Usage and training), Technical (Analysis & Design), Knowledge (International Usage- Example: Books, Paper, research), Experience (Possible and impossible you can make decision depend on experience) တွေကို ပူးပေါင်းပေးရတာပါ၊ BIM Process တစ်ခုက Team Work ပါပဲ။
အဲသည်တော့ လိုအပ်ချက်တွေက များလို့ စိတ်ညစ်စရာလဲမလိုပါဘူး အဲသည်အတွက် ကိုယ့်ရဲ့လေ့လာမှုက အဓိက ကျပါတယ်။ သည်လိုရေးသားတဲ့အချက်တွေကလဲ ပြီးပြည့်စုံသွားတယ်လို့ မခံစားရပါဘူး ကျန်တာတွေလဲ ရှိသလို မသိသေးတဲ့အချက်တွေလဲ အများကြီး ရှိနိုင်ပါသေးတယ် ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက်တွေးခေါ်ပုံခြင်း မတူတဲ့အတွက် ကွဲပြားတဲ့ အမြင်တွေလဲ ရနိုင်ပါသေးတယ် ဘာပဲဖြစ်ဖြစ် သည်အပေါ်မှာ စာဖတ်သူတွေအနေနဲ့ Souse တစ်ခုခုတော့ ရမယ်လို့ ခံယူပါတယ်။ အခုလိုရေးရခြင်းက သိသင့်တယ်လို့ မှတ်ယူတဲ့အတွက်ရော တိုးတက်စေချင်တဲ့အတွက်ကြောင့်ပါပဲ တစ်ချို့ကလဲ အထင်မှားအမြင်မှားတွေကို မဖြစ်စေချင်တဲ့အတွက်ကြောင့်ပါပဲ အကယ်လို့ အသေးစိပ်သိချင်တယ် Process တွေနဲ့ အတိအကျလုပ်ထားတာကို တွေ့ချင်တယ်ဆိုလျှင် လာရောက်ဆွေးနွေးပါလို့ ဖိတ်ခေါ်ပါတယ်။
လေးစားစွာဖြင့်
 CREDIT TO ==> Naing Naing Win
09425268147
Integrated Design Group

No comments:

Post a Comment