-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, January 30, 2016

BIM အကြောင်း သိကောင်းစရာ (၂)


ရှေ့က ကျွန်တော် ရေးသားခဲ့တဲ့ BIM PROCESS တစ်ခုအတွက် Model တည်ဆောက်မှုအတွက် လိုအပ်ချက်နဲ့ လိုက်နာရမည့်အချက်တွေ ပြီးတဲ့နောက်မှာ BIM ကိုအသုံးပြုခြင်းအားဖြင့် Project တစ်ခုချင်းတွင်မကပဲ သက်ဆိုင်ရာ အပိုင်းလိုက် အကျိုးကျေးဇူးများ ရရှိနိုင်ပါသေးတယ်
* Benefit Of BIM For Owners
...
- Project ပိုင်ဆိုင်သူတစ်ယောက်အတွက် ဖက်ပေါင်းစုံကနေပြီး Project များစွာရဲ့ အောင်မြင်စွာဆောင်ရွက် နိုင်မှု အကျိုးကျေးဇူးကို ရှိနိုင်ပါတယ်။

- Project များစွာရဲ့ ကုန်ကျစရိတ်ကို အကုန်အကျနည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းနိုင်သည့် အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။
- Project Owner တစ်ယောက်အနေနဲ့ Project တည်ဆောက်မှုရဲ့ နောက်ဆုံးဖြစ်ပေါ်လာမယ့် အမှန်တကယ် မြင်ရမည့် အတိုင်း BIM Process ဖြင့် တည်ဆောက်ထားတဲ့ အမှန်တကယ် မြေပြင်ပေါ်တွင် တည်ဆောက်မှု မပြီးစီးခင်မှာပင် အမှန်တကယ်မြေပြင်ပေါ်တွင် နောက်ဆုံး Project ပြီးဆုံးသွားသည့် အတိုင်း မြင်တွေနိုင်ပါတယ်။
- BIM Process ဖြင့် တည်ဆောက်မှုဖြစ်စဉ်အတွင်းမှာပဲ သက်ဆိုင်ရာ Design Department တွေနဲ့ တွေ့ဆုံပြီး အချိန်နဲ့ တစ်ပြေးညီ တိကျတဲ့ ဆုံးဖြတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်ပြီးစီးစေပါတယ်
- Project ပိုင်ဆိုသူတစ်ယောက်အနေဖြင့် Process အတွင်းမှာပင် ညှိုနှိုင်းဆောင်ရွက်မှုဖြစ်စဉ်ပြီးစီးသည်နှင့်တစ်ပြိုင်နက် ရွေးချယ်မှုအပေါ်မူတည်ပြီး အကောင်းဆုံး ဒီဇိုင်းနဲ့ အကောင်းဆုံး အဆောက်အဦးတစ်ခုအတွက် လိုအပ်သည်များကို ဆုံးဖြတ်ပြီးသား အကျိုးကိုရရှိနိုင်ပါတယ်။
- BIM Process ဖြင့် Project တစ်ခုကို စတင်တည်ဆောက်လိုက်တဲ့အတွက် Project ပိုင်ဆိုင်သူတစ်ယောက်အနေဖြင့် Project ရဲ့ နှောင့်နှေးကြံ့ကြာမှု၊ မလိုအပ်သည်အပိုင်းအတွက် Materials ဆုံးရှုံးမှုတွေအတွက် ကုန်ကျစရိတ် စသည်တို့အတွက် ပိုမိုကုန်ကျမှုကို အလိုအလျှောက်ထိန်းချုပ်ပြီးသားဖြစ်သည့်အတွက် အကျိုးအမြတ်များစွာကို သက်ရောက်ခံစားမှုရနိုင်သည့်အပြင် Project ကို လျင်မြန်စွာပြီးစီးအောင်လဲ စီမံဆောင်ရွက်နိုင်ပါတယ်။
နောက်ဆုံးအဆင့်အနေဖြင့် Project ပိုင်ဆိုင်သူအနေနဲ့ BIM Process ဖြင့် တည်ဆောက်ထားတဲ့ As built 3D Model ကို အဆောက်အဦးရဲ့ လိုအပ်သည့် Facility ပိုင်းကို စီမံခန့်ခွဲနိုင်သည့် ဠာနသို့ပေးပို့ထားခြင်းအားဖြင့် နောင်ဖြစ်လာမည့် အဆောက်အဦးရဲ့ Facility လိုအပ်ချက်အပိုင်းတွေကို အလွယ်ကူ ပြုပြင်ထိန်းသိမ်းနိုင်သည့် အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
အကြံပေးဆွေးနွေးနိုင်ပါတယ်
 CREDIT TO ==> Naing Naing Win
09425268147
Integrated Design Group

No comments:

Post a Comment