-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Thursday, January 7, 2016

1G,2G,3G,4G တို့၏ အခြေခံကြသော ကွဲပြားမှုများ



1G,2G,3G,4G တို့၏ အခြေခံကြသော ကွဲပြားမှုများအခြေခံအားဖြင့် G ဆိုသည်မှာ ပိုမိုမြန်ဆန်သော
လိုင်းဆွဲအားကို ရည်ညွှန်း ထားခြင်း ဖြစ်ပါတယ်။

1G

ကမ္ဘာပေါ်မှာ ပထမဆုံးသော ကြိုးမဲ့ ဖုန်းပြောခြင်း နည်းစနစ်ကို စတင်ပြီး အသုံးပြု ခဲ့ကြပါတယ်။ 1G
ကို ၁၉၈၀ ခုနှစ်ပိုင်းလောက်မှ စတင်အသုံးပြု ခဲ့ကြပါတယ်။ နည်းပညာများ မဖွံ့ဖြိုးသေးသည့် အတွက်
တွင်ကျယ်စွာ အသုံးမပြုကြ သေးပါဘူး။ ဖုန်းပြောဆို ရာတွင်လည်း အသံများ ကြည်လင် ပြတ်သားမှု
မရှိသေးပါဘူး။

2G

2G နည်းပညာဟာ ဒုတိယအကြိမ် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။
၎င်းစနစ်တွင် 1G ထက် ပိုပြီး တွင်
ကျယ်စွာ အသုံးပြုလာနိုင်တာကို တွေ့ရပါတယ်။ အင်တာနက်၊ အီးမေး၊ SMS စသည်တို့ကို 2G စနစ်
တွင် စတင်အသုံးပြု ခဲ့ကြပါတယ်။ ဖုန်းပြောဆို ရာတွင်လည်း 1G ထက်ပိုပြီး ကြည်လင်လာပါတယ်။

3G

3G စနစ်ဟာ တတိယ အကြိမ်မြောက် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ 3G စနစ်တွင် 1G 2G တို့ထက်
ပိုမိုပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင် ခဲ့ပါတယ်။ ထိုစနစ်တွင် အင်တာနက် လိုင်းများ ပိုမိုကောင်းမွန်
ခြင်း၊ ဖုန်းပြောဆိုရာတွင် ပိုမို ကြည်လင်ပြတ်သားစွာ ကြားရခြင်း၊ အင်တာနက်ပေါ်ရှိ ဗီဒီယိုများကို
မြန်ဆန်စွာ ကြည့်ရှုနိုင်ခြင်း၊ အချက်အလက်များကို တစ်နေရာမှ တစ်နေရာသို့ အမြန်ပို့ဆောင်နိုင် ပါ
တယ်။

4G

4G နည်းပညာ ကိုတော့ နောက်ဆုံး တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။ ၎င်းစနစ်သည် 1G 2G 3G စနစ်
တို့ထက် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ထိုစနစ်သည် အင်တာနက်၊ မိုဘိုင်းဖုန်း အစရှိသည့်
အရာများကို အမြင့်ဆုံး လိုင်းဆွဲအားများဖြင့် လုပ်ဆောင် ပေးပါတယ်။



By ရိုးရာလေး


No comments:

Post a Comment