-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, January 6, 2016

ရှာရှားနိုင်ငံ နိုင်ငံခြားကျောင်းသားများ၏ အဆင့်မြင့်ပညာရေးဆိုင်ရာ သိကောင်းစရာ


     ၁။ သင်ကြားမှု စနစ်များ ။ နိုင်ငံခြားကျောင်းသားများ အားလုံးသည် ရှရှားနိုင်ငံတက္ကသိုလ် အသီးသီးရှိ International Relation Faculty တွင် Russian Language ကို အနည်းဆုံး တစ်နှစ် တက်ရောက်ရပါသည် ။ သင်ကြားမှုမှာ လေ့ကျင့်ခန်းများပြုလုပ်ခြင်း ၊ ဆရာနှင့် အပြန်အလှန် စကားပြောခြင်း ၊ ကျောင်းသား အချင်းချင်းအပြန်အလှန် စကားပြောခြင်း ၊ ရံဖန်ရံခါ Excursion များသွား၍ ပတ်ဝန်းကျင် လေ့လာခြင်း၊ Given Text အား မိမိ နားလည်သလို အလွတ် ပြန်လည်ပြောကြား ခြင်းတို့ ဖြစ်ပါသည် ။ Specialty နှင့် ပတ်သတ်၍ Bachelor နှင့် Master သင်ကြားမှုများမှာ Lectures များ နားထောင်ခြင်း ၊ Practical Assignments များ ပြုလုပ်ခြင်း ၊
Course Papers များ ပြုလုပ်ခြင်း တို့ ဖြစ်ပါသည်။စာမေးပွဲစနစ်မှာ Exam နှင့် Course Understanding Test စနစ်များ ဖြစ်ပါသည် ။Examမှာ သင်ကြားထားသမျှ မေးခွန်းများပေးပြီး မဲနှိုက်၍ ကျသောမေးခွန်းအား ဖြေဆိုရပါသည်။ထို့ အပြင် ဆရာမှ မေးလိုသည့် မေးခွန်းများကို နှုတ်ဖြင့် ဆက်လက်မေးပါသည်။ Exam အဆင့်သတ်မှတ်ချက်မှာ Satisfactory ၊ Good ၊ Excellent တို့ ဖြစ်ပါသည် ။ အဆိုပါ သတ်မှတ်ချက်များ အနက် တစ်ခုခု ရရှိမှသာ စာမေးပွဲ အောင်မြင်ပါသည် ။ Course Understanding Test အနေဖြင့် ကျောင်းသား၏ ကျောင်းတက်မှန်ကန်မှု ၊ Class performance ကောင်းမှု ၊ ဆရာ ၏ သင်ခန်းစာ အပေါ် မည်မျှ နားလည်ကြောင်း နှုတ်ဖြင့် မေးခွန်းအား ပြန်လည် ဖြေဆိုရှင်းပြနိုင်ခြင်း အပေါ် မှုတည်၍ အဆင့်သတ်မှတ်ချက် အနေဖြင့် Passed ဟူ၍ သတ်မှတ်ပေးပါသည် ။ သင်ကြားမှု အဆင်ပြေ / မပြေ မှာ Language ကျွမ်းကျင်မှု နှင့် မိမိသင်ယူရသည့်  Specialty နှင့်သက်ဆိုင်သော Background knowledge ကျွမ်းကျင်မှု အပေါ်တွင် မှုတည်သည် ။
       ၂။ သင်တန်းကာလ သတ်မှတ်ချက်များ ။ Bachelor Course (၄)နှစ် ( semesters ၈ ခု) ဖြစ်၍ Master Course များမှာ Bachelor သင်တန်းပြီးဆုံးပြီး နောက်ထပ် (၂) နှစ်ဆက်လက် တက်ရောက်ရမည် ဖြစ်သည် ။ Ph.D Course မှာ Master သင်တန်း ပြီးဆုံးပြီး နောက်ထပ် (၃) နှဝ် (လက်ရှိပညာသင်ကြားရေး စနစ်အရ (၄) နှစ် ) သုတေသန ပြုလုပ်ရမည် ဖြစ်ပါသည်။ ( သက်ဆိုင်ရာ နိုင်ငံခြား ကျောင်းသားများ ၏ background knowledge အပေါ် မှုတည်၍ ၆ လမှ တစ်နှစ် ခန့်  ပိုလာနိုင်ပါသည် ။ ) 
       ၃။ စာတမ်းပြုစုခြင်း ။ Bachelor သင်တန်းပြီးဆုံးရန် စာမျက်နှာ ၆၀ မှ ၈၀ ခန့်  ရှိသော စာတမ်း တစ်စောင်ပြုစု၍ Defense ပြုလုပ်ရမည် ဖြစ်ပြီး Master သင်တန်း ပြီးဆုံးရန် စာမျက်နှာ ၈၀ မှ ၁၂၀ ခန့်  ရှိသော Thesis တစ်စောင်ပြုလုပ်ရမည် ဖြစ်ပါသည် ။ Ph.D သင်တန်းအတွက်မူကား ထူးခြားမှုရှိပါသည် ။ Ph.D ကျောင်းသားတစ်ယောက် အနေဖြင့် Foreign language ၊ Philosophy နှင့် Specialty (Candidate Minimum) ဘာသာရပ် ၃ ခုကို အစိုးရ အဆင့်စာမေးပွဲ ဖြေဆို အောင်မြင်ရမည်ဖြစ်ပါသည်။ ထို စာမေးပွဲ ၃ ခုကို ဖြေဆိုအောင်မြင်ပြီးမှသာ Ph.D Thesis Defense ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည် ။ Ph.D ကျောင်းသား တစ်ယောက် အနေဖြင့် မိမိ၏ Supervisor နှင့် ပုံမှန်တွေ့ ဆုံ ဆွေနွေးမှုများ ပြုလုပ်ခြင်း လက်တွေ့  Self Study ပြုလုပ်ခြင်း ၊ သိပ္ပံဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်း ၊ သိပ္ပံဆိုင်ရာ ဂျာနယ်များတွင် Publication ပြုလုပ်ခြင်း ၊ Conference များ တက်ရောက်၍ စာတမ်းဖတ်ခြင်းများကို ပညာသင်ကာလ အတွင်းပြုလုပ် ရမည်ဖြစ်ပါသည် ။ အထက်ပါ ကိစ္စများ လုပ်ဆောင်ပြီး သုတေသန စာတမ်း တစ်စောင်ကို ပြုစုသင်ပြရမည် ဖြစ်ပါသည် ။ Final Defense မတိုင်မှီ (၃)လ ခန့် ကြိုတင်၍ အကြို Defense ကို ၊ မိမိသက်ဆိုင်ရာ ငှာန ၊ ကျောင်းတွင် ပြုလုပ်ရမည် ဖြစ်ပါသည် ။ Final Defense ကို အတည်ပြုသည့် Board အဖွဲ့ သည် ရှရှားနိုင်ငံ ပညာရေးဝန်ကြီး ငှာန အဆင့်မြင့် ပညာရေးစိစစ်မှု ကော်မတီ မှ အသိအမှတ်ပြုသော မိမိ ၏ Speciality နှင့်သက်ဆိုင်သော Board အဖွဲ့  ဖြစ်ရမည် ဖြစ်ပါသည် ။ ထိုအဖွဲ့ တွင် မိမိ တက္ကသိုလ် အပြင်အခြား တက္ကသိုလ် များမှ Professor လည်း ပါဝင်ပါသည်။( Ph.D ကျောင်းသားတစ်ယောက်သည် မိမိ ၏ Speciality နှင့်သက်ဆိုင်သော မည်သည့် တက္ကသိုလ် မှ မည်သည့် Board အဖွဲတွင်မဆို Defense ပြုလုပ်နိုင်မည်ဖြစ်ပါသည်။)
         ၄။ ဘွဲ့ လက်မှတ်များ အပ်နှင်းခြင်း ။ Bachelor နှင့် Master ဘွဲ့ များ အတွက် Diploma (ဒီဂရီ) ဘွဲ့ များ ပေးပါသည် ။Ph.D နှင့် DS.c ဘွဲ့ အတွက်မှုကား ဘွဲ့ လက်မှတ်မဟုတ်ဘဲ ရှရှား အကယ်ဒမီ သိပ္ပံလက်အောက်ရှိ သက်ဆိုင်ရာ Society မှ Candidate of Science(Ph.D ) နှင့် Doctor of Science(DS.c) လက်မှတ်များချီးမြင့်ပါသည် ။ Candidate of Scienceသည် International level တွင်Ph.D နှင့် ညီမျှပါသည် ။ ရှရှားနိုင်ငံ ၏ Doctorate(DS.c) ဘွဲ့ သည် one-step စနစ်ရှိသော ဥရောပ တိုင်းပြည်များတွင် Doctor of Science(D.Sc) ဟုခေါ်တွင်ပြီး ဂျာမဏီနိုင်ငံ ကဲ့သို့ ဒေါက်တာဘွဲ့  နှစ်ဆင့်ရှိသော တိုင်းပြည် များတွင် မှု Doctor Habilitatus (Dr.Habil) ဘွဲ့ ဟုခေါ်တွင်ပါသည် ။

Russian Academy of Sciences
1. Society of Architecture
2. Society of Biological Sciences
3. Society of Veterinary Sciences
4. Society of Military Sciences
5. Society of Geographical sciences
6. Society of Geological and Mineralogical Sciences
7. Society of Art 8. Society of Historical Sciences
9. Society of Culture
10. Society of Medical Sciences
11. Society of Educational Sciences
12. Society of Political Sciences
13. Society of Psychological Science
14. Society of Agricultural Sciences
15. Society of Sociological Sciences
16. Society of Technical Sciences
17. Society of Pharmaceutical Sciences
18.Society of Physical and Mathematical Sciences
19. Society of Philological Sciences
20. Society of Philosophical Sciences
21. Society of Chemical Sciences
22. Society of Economic Sciences
23. Society of Law Sciences


No comments:

Post a Comment