-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, March 23, 2016

ဘိလပ်မြေ နှင့် စံချိန်စံညွှန်း



           ရှေးနှစ်ပေါင်း(၂၀၀၀)ကျော်ကာလမှစ၍လူတို့သည်နေထိုင်ရန်အဆောက်အဦး၊မြို့ပြဆိုင်ရာအဆောက်အဦးနှင့်ဘာသာရေးဆိုင်ရာအဆောက်အဦးတို့ကို အုတ်၊ကျောက်တို့ဖြင့်တွဲကပ်ရန်အတွက် ကော်အဖြစ်ထုံး၊သဲနှင့်ရေတို့ ကိုဒေသအလိုက် အချိုးအမျိုးမျိုးဖြင့် ရောစပ်မွှေနှောက်၍သုံးစွဲခဲ့ကြပါသည်။

          ၁၉ရာစုသို့ရောက်သောအခါတွင် ထုံးသက်သက်ဖြင့် အသုံးပြုသည်ထက် ထုံးကျောက်(Lime stone) သို့မ ဟုတ် မြေဖြူ(Chalk)နှင့် ရိုးရိုးမြေကြီး သို့မဟုတ်ရွှံ့စေးကိုသင့်တင့်သောအချိုးဖြင့်ရောစပ်ကြိတ်၍ မီးဖုတ်ခြင်းဖြင့်ရ ရှိလာသော ထုံးမှာပိုမိုကောင်းမွန်ကြောင်းလေ့လာတွေ့ရှိရာမှ ပညာရှင်များစဉ်ဆက်မပြတ် ကြိုးစားအားထုတ်နည်း လမ်းရှာဖွေလာခဲ့ကြပါသည်။

          ၁၈၂၄ခုနှစ် မေလ ၂၁ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ Joseph Aspdin ဆိုသူကသူ၏ထုတ်လုပ်မှုနည်းစဉ်ကို မူပိုင်ခွင့် လျှောက်ထားခဲ့၍ထုတ်ကုန်ကိုလည်း Portland Cement ဟုခေါ်ဆိုခဲ့ပါသည်။

          ၁၈၈၅ခုနှစ် မေလ ၂ ရက်နေ့တွင် Frederik Ransome ဆိုသူက စဉ်ဆက်မပြတ်မီးသင်းကျောက်ထုတ်လုပ် နိုင်မည့် Rotary Kiln ကိုမူပိုင်ခွင့်လျှောက်ထားခဲ့၍ ဘိလပ်မြေထုတ်လုပ်မှုနည်းပညာသစ်ကိုဖွင့်လှစ်ခဲ့ပါသည်။  အဆိုပါ မီးသင်းဖို (Rotary Kiln) ဖြင့် ထုတ်လုပ်ရရှိလာသော ဘိလပ်မြေ၏ အရည်အသွေး ကောင်းမွန်လာ သည်နှင့်အမျှ အဆောက်အဦးဆောက်လုပ်သောနည်းပညာပိုင်းတွင်အထိုက်အလျှောက်တိုးတက်မှုကိုလည်းရရှိစေ ခဲ့ပါသည်။
         
ယင်းကဲ့သို့ဘိလပ်မြေအရည်အသွေးကောင်းမွန်လာခြင်းအဆောက်အဦးဆောက်လုပ်သည့်အတတ်ပညာတိုးတက်ခြင်းတို့ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာရာမှထုတ်လုပ်သူနှင့်သုံးစွဲသူတို့ ကြားအငြင်းပွားမှုမရှိစေရန်စံချိန်စံညွှန်းကိုဒီဇင်ဘာလတွင်ပြဌာန်းခဲ့ပါသည်။ယင်းမှတိုးတက်မှုအလိုက်စံချိန်စံညွှန်းကိုပြင်ဆင်တည်းဖြတ်ခြင်းများပြုလုပ်ခဲ့ရာအောက်ပါအတိုင်းတွေ့ရှိ
ရပါသည်။

           ၁။ ပထမအကြိမ်ထုတ်ဝေခြင်း                              ၁၉၀၄ ခုနှစ် ဒီဇင်ဘာ
           ၂။ ပထမအကြိမ်တည်းဖြတ်ခြင်း                           ၁၉၀၄ ခုနှစ် ဇွန်လ
           ၃။ ဒုတိယအကြိမ်တည်းဖြတ်ခြင်း                          ၁၉၁၀ ခုနှစ် သြဂုတ်လ
           ၄။ တတိယအကြိမ်တည်းဖြတ်ခြင်း                        ၁၉၁၅ ခုနှစ် မေလ
           ၅။ စတုတ္ထအကြိမ်တည်းဖြတ်ခြင်း                          ၁၉၂၀ ခုနှစ် သြဂုတ်လ
           ၆။ ပဉ္စမအကြိမ်တည်းဖြတ်ခြင်း                                      ၁၉၂၅ ခုနှစ် အောက်တိုဘာလ
           ၇။ ဆဌမအကြိမ်တည်းဖြတ်ခြင်း                           ၁၉၃၁ ခုနှစ် နိုဝင်ဘာလ
           ၈။ သတ္တမအကြိမ်တည်းဖြတ်ခြင်း                          ၁၉၄၀ ခုနှစ် ဇူလိုင်လ
           ၉။ အဌမအကြိမ်တည်းဖြတ်ခြင်း                           ၁၉၄၇ ခုနှစ် နိုဝင်ဘာလ
          ၁၀။ န၀မအကြိမ်တည်းဖြတ်ခြင်း                            ၁၉၅၈ ခုနှစ် မတ်လ
          ၁၁။ ဒဿမအကြိမ်တည်းဖြတ်ခြင်း                         ၁၉၇၁ ခုနှစ် ဇူလိုင်လ
          ၁၂။ ဧကဒဿမအကြိမ်တည်းဖြတ်ခြင်း                   ၁၉၇၈ ခုနှစ် ဇွန်လ

          အထက်ပါထုတ်ဝေခဲ့သော စံချိန်စံညွှန်းများအနက် ၁၉၇၈ ခုနှစ် ဇွန်လတွင် ထုတ်ဝေခဲ့သော စံချိန်စံညွှန်းကို BS 12-1978 ဟုစတင်ခေါ်ဆိုခဲ့ပြီး တစ်ဆယ့်သုံးကြိမ်မြောက်ထုတ်ဝေသောစံချိန်စံညွှန်းကို ၁၉၈၉ခုနှစ် ဧပြီလတွင် ထုတ်ဝေခဲ့၍ BS 12-1989 ဟုခေါ်ဆိုခဲ့ပါသည်။တစ်ဆယ့်လေးကြိမ်မြောက်ကို ၁၉၉၁ခုနှစ်တွင်ထုတ်ဝေခဲ့၍ BS 12-1991 ဟုခေါ်တွင်ခဲ့ပါသည်။

          ဗြိတိသျှနိုင်ငံသာမက အခြားနိုင်ငံများကလည်းမိမိတို့နိုင်ငံအလိုက်စံချိန်စံညွှန်းများသတ်မှတ်ထုတ်လုပ်နေ ကြရာ အမေရိကန်နိုင်ငံမှ ASTM. ၊ဂျာမဏီနိုင်ငံမှ DIN. ၊ ပြင်သစ်နိုင်ငံမှ NF.၊ ဂျပန်နိုင်ငံမှ JIS.၊ တရုတ်နိုင်ငံမှ G.B. စသည်ဖြင့်တွေ့ရှိရမည်ဖြစ်ပါသည်။

          သို့ရာတွင် ဥရောပနိုင်ငံများသမဂ္ဂပေါ်ပေါက်လာပြီးနောက် ၁၉၉၅ ခုနှစ်တွင်ဥရောပနိုင်ငံသားများဖြစ်သော ဂျာမဏီ၊ပြင်သစ်၊အင်္ဂလန် အစရှိသောနိုင်ငံများအတွင်းဘိလပ်မြေနှင့်ပါတ်သက်၍တပြေးညီစံချိန်စံညွှန်းထားရှိရန် ညိုနှိုင်းရာမှ ဥရောပစံချိန်စံညွှန်း DD-ENV-197-1 ဟုပေါ်ပေါက်ခဲ့၍ ယင်းစံချိန်စံညွှန်းနှင့်အနည်းငယ်သောကွဲလွဲမှု သာရှိသည့် BS. 12-1996 ကို ၁၉၉၆ ခုနှစ် မေလတွင်ထုတ်ဝေခဲ့ပါသည်။

          ယခုအခါတွင်မူ ဗြိတိသျှတို့သည် DD-ENV-197-1 ကိုလက်ခံ၍မူလ BS 12နှင့်အခြားဘိလပ်မြေတို့အတွက် သတ်မှတ်ချက်တို့ကိုပါယ်ဖျက်၍ BS-EN 197-1:2000 ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ဥရောပနိုင်ငံများ၏ ဘုံစံချိန် စံညွှန်းကိုမူ EN 197-1:2000 ဟုခေါ်ဆို၍သတ်မှတ်ကြပါသည်။

          Latest version is BS- EN 197-1:2011 is issue on Nov:2011

          အဆိုပါ BS-EN 197-1:2011 ကို ၀ယ်ယူ ဖတ်ရှုလိုသူများ အတွက် မှာကြားရမည့် လိပ်စာမှာ ( quotes@standardsdirect.org) ဖြစ်ပါသည်။
U Thaung Myint

No comments:

Post a Comment