-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, March 23, 2016

ကွန်ကရိ၏ ဂုဏ်သတ္တိများ

ကွန်ကရိ၏ ဂုဏ်သတ္တိများဆိုသည်မှာ -
၎င်း၏ ထူးခြားသော သွင်ပြင်လက္ခဏာများ
သို့မဟုတ် အခြေခံအရည်အသွေးများကို
ဆိုလိုခြင်းဖြစ်သည်။
...
ကွန်ကရိတွင် ကွဲပြားခြားနားသော အခြေအနေ (၃) မျိုးရှိသည်။
‪#‎ပုံသွင်းယူနိုင်သောအခြေအနေ‬ (PLASTIC)
‪#‎အိပ်စက်နေသောအခြေအနေ‬ (SETTING)
‪#‎မာကြောပြီးသောအခြေအနေ‬ (HARDENING)
အခြေအနေတစ်မျိုးစီအတွက် ကွဲပြားခြားနားသော ဂုဏ်အင်္ဂါများ ကွန်ကရိတွင်ရှိသည်။
ကွန်ကရိ၏ အဓိကကျသော
ဂုဏ်အင်္ဂါ (၄) မျိုးမှာ -
‪#‎လုပ်ရကိုင်ရကောင်းမွန်သွက်လက်မှု‬ (WORKABILITY)
‪#‎ပူးပေါင်းစုစည်းစေးကပ်ဖွဲ့စည်းမှု‬ (COHESIVENESS)
‪#‎အင်အားရရှိမှု‬ (STRENGTH) နှင့်
‪#‎တာရှည်ခံတည်တံ့ခိုင်မြဲမှု‬ (DURABILITY)
======================
ပုံသွင်းယူနိုင်သော အခြေအနေ
======================
ကွန်ကရိသည် ပထမဦးစွာ ရောနှော
ဖျော်စပ်ပြီးချိန်၌ ပေါင်မုန့်ဖုတ်ရန်
ဂျုံမှုန့်နှင့် အရည်ကို ပျစ်ပျစ်စပ်ထားသည့်
မုန့်နှဲ/မုန့်နှစ်နှင့် အလားသဏ္ဌာန်တူသည်။
၎င်းသည် ပျော့ပျောင်းနေပြီး ကွဲပြားခြားနားသော ပုံသဏ္ဌာန်များအဖြစ်သို့ ပုံသွင်းနိုင်ပေသည်။ လုပ်ဆောင်နိုင်ပေသည်။
ကွန်ကရိ၏ ဤအခြေအနေကို
“PLASTIC” ဟုခေါ်သည်။
သွန်းလောင်းနေစဉ်နှင့် သိပ်သည်းနေစဉ် အတောအတွင်း ကွန်ကရိကို
လိုသလို ပုံသွင်းယူနိုင်ပေသည်။
ပုံသွင်းယူနိုင်သော အခြေအနေတွင်ရှိသည့်
ကွန်ကရိ၏အဓိက အရေးကြီးဆုံးသော
ဂုဏ်သတ္တိများမှာ လုပ်ရ ကိုင်ရ ကောင်းမွန် သွက်လက်မှု (workability) နှင့်
ပူးပေါင်းစုစည်းစေးကပ် ဖွဲ့စည်းမှု
(cohesiveness) တို့ပင်ဖြစ်သည်။
ဤအခြေအနေတွင် လုပ်သားသည်
ပျော့ပျောင်းနေသော ကွန်ကရိထည်အတွင်း
ဝင်ရောက်လှုပ်ရှားပါက
ကွန်ကရိအတွင်းနစ်ဝင်နိုင်လိမ့်ဦးမည် ဖြစ်သည်။
======================
အိပ်စက်နေသော အခြေအနေ
======================
PALSTIC STATE ပြီးသည့်နောက်တွင် ကွန်ကရိသည် စတင်၍ တောင့်ခဲ မာခဲလာပြီဖြစ်သည်။
ကွန်ကရိမှ ကြာရှည်ကြာများ ပျော့ပျောင်းမနေတော့ဘဲ ပုံသဏ္ဌာန်ဖွဲ့
ကျစ်ခဲလာနေခြင်းကို
ကွန်ကရိသား အိပ်စက်နေသော အခြေအနေ
“SETTING” ဟုခေါ်သည်။
အိပ်စက်နေသော အခြေအနေသည် သိပ်သည်းပြီးနောက်ပိုင်းနှင့် အချောသတ် အပြီးသတ်နေစဉ် အတောအတွင်းဖြစ်ပွားသည်။
အရည်များလွန်းသော သို့မဟုတ်
စိုစွတ်လွန်းသော ကွန်ကရိသည်
သွန်းလောင်းရ လွယ်ကူကောင်း လွယ်ကူနိုင်သော်လည်း
အပြီးသတ်ရန်မူ ပို၍ ခက်ခဲလိမ့်မည်ဖြစ်သည်။
ကွန်ကရိသား အိပ်စက်နေသော
ဤအခြေအနေတွင် လုပ်သားသည်
ကွန်ကရိထည်အပေါ်၌ ဖြတ်လျှောက်ကြည့်ပါက
၎င်း၏ခြေရာများ ထင်ကျန်ရစ်တတ်ပေသည်။
======================
မာကြောပြီးသော အခြေအနေ
======================
ကွန်ကရိသားသည်
အိပ်စက်ပြီးသည့်နောက်ပိုင်းတွင်
အင်အားရရှိရန်နှင့် မာကြောရန် စတင်လာပြီဖြစ်သည်။
မာကြောပြီးသော ကွန်ကရိသား၏
ဂုဏ်သတ္တိများမှာ
ကြံ့ခိုင်တောင့်တင်းမှု စွမ်းအားနှင့်
တာရှည်တည်တံ့ခိုင်မြဲမှုပင်ဖြစ်သည်။
မာကြောပြီးသော ကွန်ကရိသားအပေါ်တွင်
လမ်းလျှောက်မည်ဆိုပါက ခြေရာများ
ထင်ကျန်ရစ်လိမ့်မည် မဟုတ်ပေ။
~~~~~~~~~~~~~~~~~~~~~~
လုပ်ရ ကိုင်ရ ကောင်းမွန် သွက်လက်မှု
~~~~~~~~~~~~~~~~~~~~~~
၎င်းမှာ ကွန်ကရိကို
သွန်းလောင်းရ (PLACE)
ကိုင်တွယ်ရ (HANDLE)
သိပ်သည်းရ (COMPACT)
အပြီးသတ်ရ (FINISH)
မည်ရွေ့မည်မျှ လွယ်ကူသည်ကို ဆိုလိုခြင်းဖြစ်သည်။
ကွန်ကရိသည်မာခဲသွားပါက (သို့မဟုတ်)
ခြောက်သွေ့သွားပါက
ကိုင်တွယ်ရ၊ သွန်းလောင်းရ၊
သိပ်သည်းရ၊ အပြီးသတ်ရ ခက်ခဲလာနိုင်သည်။
အကယ်၍ သင့်တော်မှန်ကန်စွာ
သွန်းလောင်း တည်ဆောက်ခြင်း မပြုခဲ့ပါက
အပြီးသတ် မာကြောသွားသောအခါ တောင့်တင်းကြံ့ခိုင်လိမ့်မည် မဟုတ်ချေ။
သို့မဟုတ်ပါကလည်း
တာရှည်တည်တံ့ခိုင်မြဲလိမ့်မည် မဟုတ်ချေ။
ကွန်ကရိ၏ လုပ်ရ ကိုင်ရ
ကောင်းမွန်သွက်လက်မှုကို တိုင်းတာရန်
အအိစမ်းသပ်မှု (a slump test) ကို
အသုံးချနိုင်သည်။
လုပ်ရ ကိုင်ရ ကောင်းမွန်သွက်လက်မှု ကို သက်ရောက်မှုရှိသော အချက်များမှာ -
‪#‎ဘိလပ်မြေအနှစ်‬၏ ပမာဏ
ဘိလပ်မြေအနှစ်ဆိုသည်မှာ
ကွန်ကရိအရောအနှော၏ ပျော့ပျောင်းသော
အစိတ်အပိုင်း သို့မဟုတ် အရည်ဖြစ်သော
အစိတ်အပိုင်း (the soft or liquid part) ဖြစ်သည်။
ရောစာကြီး၊ ရောစာငယ်တို့နှင့်အတူ အနှစ်များများပါဝင်လေ
လုပ်ရကိုင်ရ ပိုမိုကောင်းမွန် သွက်လက်သော
အရောအနှော (ဖျော်စပ်မှု) တစ်ခုကို
ရရှိလေဖြစ်သည်။
‪#‎ရောစာတို့‬၏ ဂုဏ်သတ္တိများနှင့်
အရွယ်အစား အနေအထား
မှန်ကန်ကောင်းမွန်သည့်
အရွယ်အစား အနေအထားရှိသော၊
ချောမွတ်ပြောင်ချောသော၊
လုံးဝန်းသော ရောစာများသည်
အရောအနှော၏ လုပ်ရ ကိုင်ရ ကောင်းမွန်
သွက်လက်မှုကို ပိုမိုကောင်းမွန်စေသည်။
ပူးပေါင်း စုစည်း စေးကပ် ဖွဲ့စည်းမှု ခေါင်းစဉ်
အောက်ရှိ ရောစာတို့၏ အရွယ်အစား အနေအထားတွင် ကြည့်ပါ။
လုပ်ရကိုင်ရ ပိုမိုကောင်းမွန်သွက်လက်သော အရောအနှော (ဖျော်စပ်မှု) ကို ပြုလုပ်ရန် -
*ဘိလပ်မြေအနှစ် ပိုမိုပေါင်းထည့်ပေးပါ။
*မှန်ကန်ကောင်းမွန်သည့် အရွယ်အစား အနေအထား ရှိသော ရောစာများကို သုံးစွဲပေးပါ။
*ဓာတုဓါတ်ဆေး တစ်မျိုးကို သုံးစွဲပေးပါ။
(လုပ်ရ ကိုင်ရ ထိုးရ ကော်ရ ပိုမိုကောင်းမွန်သွက်လက်စေသော ဓါတု ဓါတ်ဆေးများကို ပလတ်စတစ်ဆိုက်ဇာ (plasticisers) ဟု ခေါ်သည်။)
ပိုမို၍ လုပ်ရကိုင်ရ ကောင်းမွန်သွက်လက်လာစေရန်
ကွန်ကရိအရောအနှောသို့ ရေထပ်တိုးခြင်းကို မည်သည့်အခါမျှ မပြုလုပ်ရပါ။
အဘယ့်ကြောင့်ဆိုသော်
ဤကဲ့သို့ ရေများလာခြင်းသည် ကွန်ကရိ၏
တောင့်တင်းကြံ့ခိုင်မှု စွမ်းရည်ကို ကျဆင်းစေပြီး ထိခိုက်ယုတ်လျော့စေသောကြောင့်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~
#ပူးပေါင်းစုစည်းစေးကပ်ဖွဲ့စည်းမှု
~~~~~~~~~~~~~~~~~~~~
ပူးပေါင်း စုစည်း စေးကပ် ဖွဲ့စည်းမှု ဆိုသည်မှာ ကွန်ကရိသည် ပုံသွင်းနိုင်သော အစိုဘဝတွင် မည်ရွေ့မည်မျှ အတူတကွ ကောင်းစွာ ထွေးနေ၊ စေးနေ ပူးကပ် ပေါင်းစည်းနေခြင်းပင်ဖြစ်သည်။
ပူးပေါင်း စုစည်း စေးကပ် ဖွဲ့စည်းမှု အား သက်ရောက်မှုရှိသော အချက်များမှာ -
‪#‎အရွယ်အစားအနေအထား‬ အဆင့်ဆင့်ပါဝင်ဖွဲ့စည်းနေသော ရောစာ
(graded aggregate) ဆိုသည်မှာ
ရွယ်စေ့ကြီးသော ကျောက်ခဲများမှသည့် ရွယ်စေ့သေးသော သဲပွင့်များအထိ အရွယ်စုံပါဝင်နေသော ရောစာအစုအဝေးကို ဆိုလိုခြင်းဖြစ်သည်။
အရွယ်စုံ မှန်ကန်စွာပါဝင်သော ရောစာအစုအဝေးသည် ပိုမို၍
ထွေးထွေးစေးစေး စုစုစည်းစည်း အိအိယိယိ ရှိသော
အရောအနှော အစပ်အဟပ် (cohesive mix) ကို ထွက်ရှိလာစေသည်။
ရောစာကြီးများ များပြားစွာ ပါဝင်လျှင်မူ ကျောက်သားပေါသော အရောအနှော အစပ်အဟပ် (a boney mix) ကို ထွက်ရှိလာစေသည်။
‪#‎ရေပါဝင်မှု‬
ရေပမာဏများစွာ ပါဝင်နေသော
အရောအနှော အစပ်အဟပ်သည်
ထွေးထွေးစေးစေး စုစုစည်းစည်း ရှိမည်မဟုတ်ဘဲ
ပါဝင်နေသော ရောစာများ
ပြန့်ပြန့်ပြဲပြဲ ကျဲကျဲတောက်တောက်နှင့်
တကွဲတပြား ဖြစ်သွားနိုင်ပေသည်။
(ရောစာများ သီးခြားစုသွားနိုင်ပေသည်။)
~~~~~~~~~~~~~~~~~~~~~~~~~~
‪#‎အင်အားရရှိမှုနှင့်တာရှည်ခံတည်တံ့ခိုင်မြဲမှု‬
~~~~~~~~~~~~~~~~~~~~~~~~~~
ကောင်းစွာရောစပ်ဖန်တီးထားသော
ကွန်ကရိသည် သဘောသဘာဝအားဖြင့်
တောင့်တင်းကြံ့ခိုင်ပြီး တာရှည်ခံတည်တံ့သော ဝတ္ထုပစ္စည်းတစ်မျိုးဖြစ်သည်။
၎င်းသည် သိပ်သည်းမှုရှိသည်။
ထို့ကြောင့်လည်း ကျိုးကြောင်းဆီလျော်စွာဖြင့်
ရေလုံသည် (စိမ့်ဝင်နိုင်စေခြင်း မရှိ)။
အပူချိန်အပြောင်းအလဲများကိုလည်း ကြံ့ကြံ့ခံနိုင်သည်။
(ကွန်ကရိလမ်းဆိုပါက) မော်တော်ယာဉ် အသွားအလာနှင့် ရာသီဥတု တိုက်စားခြင်းတို့မှ ဖြစ်ပေါ်သက်ရောက်လာသော “ပွန်းစားခြင်းနှင့် တိုက်စားခြင်း” တို့ကိုလည်း ကြံ့ကြံ့ခံ ခုခံနိုင်ပေသည်။
ထို့ကြောင့် အင်အားရရှိမှုနှင့် တာရှည်တည်တံ့ခိုင်မြဲမှုတို့အပေါ်တွင် ကွန်ကရိအသားထည်၏ သိပ်သည်းမှုမှ အကျိုးသက်ရောက်လျက်ရှိသည်။
ကွန်ကရိသည် ပိုမိုသိပ်သည်းလာလေ ပိုမိုခိုင်မာတောင့်တင်းလာလေ၊
ပိုမိုရေလုံလာလေ
(သို့မဟုတ် စိမ့်ဝင်လာမှု လျော့နည်းလာလေ)
ဖြစ်သည်။
အင်အားစွမ်းအား တိုးပွားများပြားလာသည်နှင့်
ကွန်ကရိ၏ တာရှည်ခံတည်တံ့နိုင်စွမ်းလည်း
တိုးပွားများပြားလာသည်။
သံကူကွန်ကရိတွင် သံချောင်းများကို အကာအကွယ်ပြုရန်အလို့ငှာ ကွန်ကရိကို ကောင်းမွန်စွာ ရောစပ် ထုတ်လုပ်ရန် အလွန်အရေးကြီးပေသည်။
မာကြောပြီးသည့် အခြေအနေတွင်
ကွန်ကရိ၏ ကြံ့ခိုင်တောင့်တင်းမှုကို
ဖိအားပေး၍ စမ်းသပ်ချက်
(COMPRESSION TEST) အားသုံးလျက်
ဖိနှိပ်အား ခံနိုင်ရည် (COMPRESSIVE STRENGTH)
အားဖြင့် အမြဲလိုလို တိုင်းတာကြသည်။
အင်အားရရှိမှုနှင့် တာရှည်တည်တံ့ခိုင်မြဲမှုတို့အပေါ်တွင် သက်ရောက်မှုရှိသော အချက်များမှာ -
* သိပ်သည်းခြင်း
သိပ်သည်းခြင်းဆိုသည်မှာ
ကွန်ကရိအတွင်းရှိလေကို ဖယ်ထုတ်ခြင်းဖြစ်သည်။
မှန်မှန်ကန်ကန် တိတိကျကျ
သိပ်သည်းပေးခြင်းဖြင့် ကွန်ကရိသည် သိပ်သည်းဆတိုးလာပြီး ခိုင်မာတောင့်တင်း၍ တာရှည်တည်တံ့လာသည်။
* အသားသေစေခြင်း
အသားသေစေခြင်း ဆိုသည်မှာ
ကွန်ကရိ၏ အမြင့်မားဆုံး ခံနိုင်ရည်အားသို့ ရောက်ရှိရရှိစေရန်အလို့ငှာ ကွန်ကရိကို
အချိန်ကာလ အပိုင်းအခြားတစ်ခုအတွက်
အဆက်မပြတ် စွတ်စိုနေစေရန် ထိန်းသိမ်းထိန်းကြောင်းထားခြင်းဖြစ်သည်။
ပိုမို၍ အချိန်ကြာမြင့်စွာ အသားနှပ်ထားခြင်းဖြင့်
ပိုမို၍ တာရှည်တည်တံ့ခိုင်မြဲသော ကွန်ကရိကို
ရရှိလိမ့်မည်ဖြစ်သည်။
* ရာသီဥတု
ပူနွေးသော ရာသီဥတု (warmer weather) သည် ကွန်ကရိ၏ မြင့်မားသော အင်အားကို ပိုမို၍ စောလျင်စွာ ရရှိဖြစ်ထွန်းစေလိမ့်မည်ဖြစ်သည်။
* ဘိလပ်မြေ အမျိုးအစား
ကွဲပြားခြားနားသော
ဘိလပ်မြေအမျိုးအစားများသည်
ကွန်ကရိ၏ ဂုဏ်သတ္တိများအပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။
ဥပမာ - ကွန်ကရိသည် ကြံ့ခိုင်တောင့်တင်းမှုစွမ်းအားကို
မည်ကဲ့သို့ လျင်မြန်စွာ ရရှိစေသည်၊
သို့မဟုတ် မည်ကဲ့သို့ နှေးကွေးစွာ ရရှိစေသည်
စသဖြင့်…။
* ရေနှင့် ဘိလပ်မြေအချိုး
ရောစပ်ရာတွင် ရေအလွန်များပြားပြီး ဘိလပ်မြေအလုံအလောက်မပါဝင်ပါက ထွက်ပေါ်လာမည့် ကွန်ကရိသည် အင်အားချိနဲ့ ယုတ်လျော့လိမ့်မည်။
တာရှည်တည်တံ့နိုင်မှု နည်းပါးလိမ့်မည် ဖြစ်ပေသည်။
ရေနှင့် ဘိလပ်မြေအချိုး (W/C) ဆိုသည်မှာ
ရေ၏ အလေးချိန်ကို ဘိလပ်မြေ၏
အလေးချိန်ဖြင့်စား၍ ရသော ရလဒ်ကို ဆိုလိုခြင်းဖြစ်သည်။
မှတ်ရန် - ရေ (၁) လီတာ သည် (၁) ကီလိုဂရမ် အလေးချိန်ရှိသည်။
ရေနှင့် ဘိလပ်မြေအချိုး နည်းလေလေ၊ ကွန်ကရိသည် ပိုမိုခိုင်မာတောင့်တင်းလေလေ ဖြစ်သည်။
________________________________________________
 
________________________________________________
Reference - CONCRETE BASICS_ A GUIDE TO CONCRETE PRACTICE

KYAW ZIN HEIN

No comments:

Post a Comment