-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Wednesday, March 23, 2016

About Cement (1)


 (ဆောက်လုပ်ရေးနဲ့ ပတ်သက်နေတဲ့ ဘိလပ်မြေသုံးနေသူတိုင်း ဖတ်သင့်ပါတယ်  )
ဘိလပ်မြေကို သူ့နိုင်ငံအလိုက် Standards အမျိုးမျိုးနဲ့ထုတ်ကြပါတယ်။ Japan က JIS, China က GB, British က BS, BS ကနေ Euro ပြောင်းတော့ BS EN, American က ASTM Standard စသည်ဖြင့် ရှိပါတယ်။
အများအသုံးပြုကြတာတော့ Euro နဲ့ American Standard တွေပါ။...
ကျွန်တော်တို့ မြန်မာပြည်မှာတော့ American နဲ့ Euro Standard ၂ခု အသုံးများမယ်ထင်ပါတယ်။ အဲ့ထဲကမှ ဘိလပ်မြေအများစုကတော့ Euro Standard ကို အခြခံထုတ်ထားတယ် ထင်ပါတယ်။ MNBC (Myanmar National Building Code) ကတော့ Cement ကို American (ASTM C-150) ကို ညွှန်းထားပါတယ်။ အသုံးများတဲ့ Standard ဖြစ်တဲ့ Euro ကို ညွှန်းသင့်တယ် လိုတော့ ကျွန်တော်တော့ မြင်ပါတယ်။

ဒီ Posts မှာ Euro ကိုပဲ အဓိက ပြောသွားပါမယ်။ Euro Standard အရ အဓိက ဘိလပ်မြေအမျိုး ၅မျိုးရှိပါတယ်။ (ပုံမှာ ဖော်ပြပေးထားပါတယ်။) အဲ့ဒါကိုမှ သူက Strength ပေါ်မူတည်ပြီး Strength Class တွေမှာ ထုတ်ပါတယ်။ အဲ့မှာ ကျွန်တော်တို့ဆီက ဘိလပ်မြေတွေမှာ ဖော်ပြထားတဲ့ 32,5 တို့ 42,5 တို့ 52,5 ဆိုတာတွေ Strength Class အနေနဲ့ ခွဲလာပါတယ်။
Eur Standard ဖြစ်တဲ့ BS EN 196-1:2005 က ဘိလပ်မြေကို Strength Class တွေနဲ့ 325N, 325R, 425N, 425R, 525N,525R စသဖြင့် ဖော်ပြပါတယ်။ အဲ့မှာ N က Normal Early Strength ဖြစ်ပြီး R ကတော့ Rapid Early Strength ဖြစ်ပါတယ်။
အဲဒီမှာ 28 days မှာ ရှိတဲ့ strength က Class 32,5 မှာ 32.5MPa အနဲဆုံး၊ Class 42,5 မှာ 42.5MPa အနဲဆုံး၊ Class 52,5 မှာ 52.5MPa အနဲဆုံး အစရှိသဖြင့် ရှိရပါတယ်။ Maximum လဲရှိပါတယ်။ အသေးစိတ်ကိုတော့ ပုံမှာကြည့်နိုင်ပါတယ်။
ဒီမှာသတိပြုရမှာက တချို့က 32,5 ဆိုရင်တောင် Grade 30 ကျော်နေပြီမို့ သင့်တော်ပြီလို့ ထင်တတ်ပါတယ်။ တကယ်တော့ Strength Class ဆိုတာ Strength အရ အတန်းအစားခွဲဖို့ သက်သက်သာ သုံးတာပါ။ 28 days မှာ ခုနပြောတဲ့ Strength ရတယ်ဆိုတာ သူ့သတ်မှတ်ထားတဲ့ molud, water:cement ratio, သတ်မှတ်သဲ, သတ်မှတ်အပူချိန်မှာ ရတာပါ။ ကိုယ်သုံးမယ့် အခြေအနေမှာ မတူပါ။
သူသတ်မှတ်ထားတာက sand:cement ratio က 3, water:cement ratio က 0.5 , သဲ က တွေ့ရာသဲမဟုတ် CEN standard sand ပါ။ Curing water က 20 deg C ပါ။ ဒီနိုင်ငံက Euro Standard နဲ့ ထုတ်တဲ့ ဘိလပ်မြေတွေ အရည်အသွေးပြည့်မီ မမီ Lab Result ထုတ်တော့ ဒီလို code သတ်မှတ်ချက်တွေနဲ့ စစ်တာပါလား သိရင်ဖြေသွားပါဦး


BO BO KYAW

No comments:

Post a Comment