Saturday, June 25, 2016
Welding အကြောင်း လေ့လာရအောင် (အပိုင်း ၁)
(Welding နည်းစနစ်များ)
ကျွန်တော် အရင်က ရေးခဲ့တဲ့ note လေးပါ... note ကို ဖတ်ရ သိပ်အဆင်မပြေတာကြောင့် ဖတ်ရလွယ်အောင် JPEG ပြောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်...

Contraction Joints (Part 2)
Contraction Joints for Slabs on Grade
Slabs on Grade တွေမှာ ကွန်ကရစ် ကျုံ့ဝင်မှုကို လွတ်လပ်စွာ ဖြစ်ပွားစေရန်နဲ့ ကွန်ကရစ်အတွင်း ဖြစ်ပေါ်လာတဲ့ အတွင်းအားတွေကို လျော့နည်းစေရန်အတွက် Contraction Joints တွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကွန်ကရစ် slab on grade တွေမှာ ပတ်ဝန်းကျင် အခြေအနေတွေဟာ slab ရဲ့ အပေါ်နဲ့ အောက်ဘက်တွေမှာ တူညီမှာမဟုတ်တဲ့အတွက် ကွန်ကရစ်လောင်းရာမှာ ကွန်ကရစ်တွေဟာ Slab ရဲ့ အထူတစ်လျှောက် ညီညီညာညာခြောက်သွေ့သွားမှာ မဟုတ်ပါဘူး။ Slab ရဲ့ အပေါ်ဘက်အပိုင်းတွေဟာ အောက်ဘက်အပိုင်းတွေထက် အရင် ခြောက်သွေ့သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ခြောက်သွေ့မှု မတူတဲ့ အကျိုးဆက်ကြောင့် slab ရဲ့ ထောင့်တွေမှာ ကွေးသွားတာတွေ (Warp) ဖြစ်လာနိုင်ပါမယ်။ အပူအအေးပြောင်းလဲခြင်းကြောင့်လဲ အဲဒီလို သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။
Contraction Joints (Part 1)
Contraction Joints ဆိုတာ ဘာလဲ?
ကွန်ကရစ်တွေ ခြောက်သွားလို့ ကျုံ့ဝင်သွားတဲ့ အခါ (Drying Shrinkage ဖြစ်တဲ့အခါ) နဲ့ အပူချိန် ကျဆင်းတဲ့အခါမှာ ကွန်ကရစ်တွေရဲ့ ထုထည် လျော့နည်းသွားပါမယ်။ တနည်းအားဖြင့် ကွန်ကရစ်တွေ ကျုံ့ဝင်သွားပါမယ်။ အဲဒီလိုအခါမျိးမှာ ကွန်ကရစ်တွေကို ဘေးနှစ်ဘက်က ချုပ်ထားမယ်ဆိုပါက ကွန်ကရစ်သားတွေအတွင်းမှာ တင်းအား (Tensile Stress) တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ တင်းအားတွေဟာ ကွန်ကရစ်ရဲ့ ခံနိုင်ရည်အားကို ကျော်လွန်သွားပါက အက်ကြောင်း (Cracks) တွေ ဖြစ်ပေါ်လာပါမယ်။ ဘာကြောင့်လဲဆိုတာ့ ကွန်ကရစ်ရဲ့ ဆွဲဆန့် ခံနိုင်ရည်အား နည်းပါးလို့ပဲ ဖြစ်ပါတယ်။ Contraction Joints တွေ လုပ်ထားပေးခြင်းအားဖြင့် အက်ကြောင်းတွေ ဖြစ်ပေါ်လာမယ့် အားနည်းတဲ့ နေရာတွေ (Planes of weakness) တွေ ရရှိမှာ ဖြစ်ပါတယ်။
Construction Joints
Construction Joint ဆိုတာ ဘာလဲ?
ကွန်ကရစ်အဆောက်အအုံတွေ ဆောက်တဲ့အခါ အဆောက်အအုံက ကြီးမားကျယ်ပြန့်မယ်ဆိုရင် ကွန်ကရစ်ကို တစ်ခါထဲနဲ့ ပြီးအောင်လောင်းဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ Construction Joints လို့ခေါ်တဲ့ (ကွန်ကရစ်တစ်ခါလောင်းရင် ဘယ်နေရာမှာ ရပ်နားမလဲဆိုတဲ့) ရပ်နားအဆက်တွေ သေချာ စီမံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက အဲဒီ Construction Joints တွေကို Contraction Joints, Isolation ...သို့မဟုတ် Expansion Joint နေရာတွေမှာ ပြုလုပ်ပေးသင့်ပါတယ်။ (အဲဒီ Joints တွေအကြောင်း သီးခြား ရေးပါမယ်)
Construction Joint ကောင်းတစ်ခု ဘယ်လိုလုပ်မလဲ?
Seismic Design မိတ်ဆက် (အပိုင်း ၇)
Ductile Structure
Ductile Structure ဆိုတာဘာလဲ?
ရှေ့က အပိုင်းမှာ R အကြောင်းပြောတုန်းက အဆောက်အအုံတွေသာ ညွှတ်ပြောင်းမယ် Ductile ဖြစ်မယ်ဆိုရင် အဲဒီ frame ဟာ ငလျင်ကြောင့်ဖြစ်လာတဲ့ အားတွေကို သူ့ Elastic capacity ထက် များစွာ ကျော်လွန်ပြီး ခံဆောင်နိုင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ အဲဒါကြောင့် Ductile Frames တွေကို Design လုပ်ရာမှာ ငလျင်ကြောင့် အမြင့်ဆုံး ဖြစ်နိုင်တဲ့ အားတွေကို Design လုပ်စရာ မလိုအပ်ပဲ အတိုင်းအတာ တစ်ခုအထိလျှော့ပြီး Design လုပ်လို့ ရပါတယ်။
(Response Modification Factor R အကြောင်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10201947942215470?pnref=story )
ဒီနေရာမှာ ငလျင်ဒါဏ်ကြောင့် ဖြစ်လာတဲ့ အားကို Elastic ခံနိုင်ရည်အားထက် များစွာ ကျော်လွန်ပြီး စဉ်းစားတဲ့အတွက် ငလျင် တကယ်လှုပ်တဲ့အခါ အဆောက်အအုံဟာ Elastic အခြေအနေကို ကျော်လွန်ပြီး Inelastic range ထဲ ရောက်သွားမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် ခံနိုင်ရည်အားကို ကျော်လွန်သွားတဲ့အတွက် ပျက်စီးမှုတွေ မလွဲမသွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သို့သော် ထို ပျက်စီးမှုတွေကြောင့် အဆောက်အအုံကို မပြိုကျစေရန် စီမံပေးရမှာဖြစ်ပါတယ်။ အဲဒီလို နည်စနစ်မျိုးနဲ့ ပုံစံထူတ်တည်ဆောက်တဲ့ Design ကို ညွှတ်ပြောင်းသော အဆောက်အအုံ သို့မဟုတ် Ductile Structure လို့ ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။
Seismic Design မိတ်ဆက် (အပိုင်း ၆)
Seismic Response Modification Number R
Building Code တွေမှာ ပြဌာန်းထားတဲ့ Equivalent Lateral force ကိုအသုံးပြုပြီး အဆောက်အအုံတွေကို seismic analysis and design လုပ်ရာမှာ အဆောက်အအုံအပေါ် သက်ရောက်စေမယ့် lateral seismic load (တနည်းအားဖြင့်ဆိုသော် Base Shear ပမာဏ) ကို တွက်ချက်ရာမှာ factor များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီ factor တွေကတော့ ကိုယ်ဆောက်မယ့် အဆောက်အအုံ ဧရိယာမှာရှိတဲ့ ငလျင်ပြင်းအားပမာဏ (Mapped Acceleration Parameter လို့ ခေါ်ကြတဲ့ Ss and S1)ရယ်၊ ဆိုဒ်မှာရှိတဲ့ မြေသားကြောင့် ဖြစ်လာတဲ့ ငလျင်ပြင်းအားပြောင်းလဲခြင်း (Site coefficient)ရယ်၊ အဆောက်အအုံကို ဘယ်အတွက်သုံးမလဲဆိုတဲ့ (importance factor) ရယ် အပြင် building structure ရဲ့ အမျိုးအစား R factor သို့မဟုတ် (Response Modification Factor) တို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ရပါတယ်။
Seismic design lateral load (Base Shear) ကို ဘယ်လို တွက်မလဲ?
Seismic Design မိတ်ဆက် (အပိုင်း ၅)
Seismic Design Category
Seismic Design Category ဆိုတာဘာလဲ?
Seismic Design Category ဆိုတာ structure တစ်ခုကို သူ့ရဲ့ အသုံးပြုမှုနဲ့ အဆောက်အအုံ ဆောက်မယ့်ဒေသမှာ ငလျင်ဖြစ်နိုင်မှု၊ မြေသား အခြေအနေတို့အပေါ် မူတည်ပြီး class ခွဲခြင်းပဲ ဖြစ်ပါတယ်။ Seismic Design Category တွေကို A ကနေ F အထိ class တွေ ခွဲထားပါတယ်။ Categories တွေထဲမှာ A က အသက်သာဆုံးဖြစ်ပြီး F က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
(UBC 97 မှာတော့ Seismic Zone တွေ သုံးပါတယ်။ UBC 97 မှာ Seismic Zone တွေကို 1, 2A, 2B, 3, 4 ဆိုပြီး ခွဲထားပါတယ်။ Base Shear တွက်ရာမှာ Zone factors တွေနဲ့ Soil Property Types တွေကိုအသုံးပြုပြီး Table 16-Q နဲ့ 16-R တို့ကနေ Cv, Ca စသည်တို့ ရှာပြီး အသုံးပြုရပါတယ်။ မြေပုံတွေ ဖေါ်ပြရာမှာလဲ Seismic Zone Map တွေအနေနဲ့ ဖေါ်ပြပါတယ်။
Seismic Design မိတ်ဆက် (အပိုင်း ၄)
ဒီအပိုင်းမှာ ASCE 7 မှာပါတဲ့ Equivalent Lateral Force Method ရဲ့ အခြေခံလေးတွေကို တင်ပြသွားပါမယ်။ (အသေးစိတ် ကြည့်လိုလျင်တော့ ASCE 7 မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)
Equivalent Lateral Static Force Method...
ဒီနည်းရဲ့ အဓိက အခြေခံအယူအဆက ငလျင်ကြောင့် ဖြစ်လာတဲ့ dynamic forces တွေရဲ့ အကျိုးသက်ရောက်မှု ပုံစံမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင် static load တွေကို အဆောက်အအုံအပေါ် သက်ရောက်စေခြင်းပဲ (Dynamic Load Effects တွေကို Equivalent Static Forces တွေအနေနဲ့ ပြောင်းလဲခန့်မှန်းတွက်ချက်
Concentrated lateral loads တွေဟာ
Seismic Design မိတ်ဆက် (အပိုင်း ၃)
ဒီအပိုင်းမှာ Seismic Analysis and Design လုပ်ရာမှာ တွေ့နေကျ ဖြစ်တဲ့ Linear နဲ့ Nonlinear ဆိုတာ ဘာလဲ၊ သူတို့နှစ်ခု ဘာကွာလဲဆိုတာ ရေးသားဖေါ်ပြသွားပါမယ်။ (ဒီအတွက် Reference ကိုတော့ Quora.com အမေးအဖြေ တွေကနေ ရယူရေးသားထားတာ ဖြစ်ပါတယ်။)
Linear Analysis
Linear Analysis ဆိုတာ ဘာလဲ?
Linear analysis ဆိုတာ
Seismic Design မိတ်ဆက် (အပိုင်း ၂)
ကျွန်တော်တို့ Seismic Design လုပ်တော့မယ်ဆိုရင် Structrure မှာ Seismic Load တွေကြောင့် ဖြစ်လာမယ့် ခံဆောင်အား (internal stress) တွေ၊ ပုံ ပျက်ယွင်းမှု (Deformation) တွေနဲ့ အခြား ခံစားရမယ့် အရာတွေကို mathmectical model တည်ဆောက်ပြီး ငလျင်ကြောင့်ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို အဲဒီ Structure အပေါ် ကျရောက်စေပြီး Analysis လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါကို Seismic Analysis လို့ ခေါ်ပါတယ်။
Seismic Analysis
Seismic analysis ဆိုတာ
Seismic Design မိတ်ဆက် (အပိုင်း ၁)
ကျွန်တော် Seismic Design ကို လေ့လာရင်းနဲ့ ကိုယ်လေ့လာထားတာတွေကို ဂျူနီယာ ညီ ညီမတွေကို ပြန်လည် ပြောပြချင်တဲ့ သဘောမျိုးနဲ့ သဘောတရား အခြေခံလေးတွေ ရေးသွားပါမယ်။ ပါဝင်ဆွေးနွေးမှုများကိုလဲ လေးစားစွာ ဖိတ်ခေါ်ပါတယ်။
Seismic Design ဆိုတာ ဘာလဲ?
Sesimic Design ဆိုတာ
Seismic Design ဆိုတာ ဘာလဲ?
Sesimic Design ဆိုတာ
Friday, June 24, 2016
ကွန်ကရိလုပ်ငန်းခွင်များတွင် ကြုံတွေ့  ရသည့် ပြဿနာများနှင့် အကြံပြုချက်များ
ကျွန်တော့အနေနဲ့ ဒီနေ့အမှတ်တရ တစ်ခုခုဒါနပြုချင်တာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း Facebook မှာ မြို့ြ...ပအင်ဂျင်နီယာများ အကြာခဏ ကြုံတွေ့ ရလေ့ရှိတဲ့ ကွန်ကရိလုပ်ငန်းပြဿနာ ၀င်ရောက်ဆွေးနွေးခဲ့တာလေးတွေကို စုပေါင်းပြီး “ ကွန်ကရိလုပ်ငန်းခွင်များတွင် ကြုံတွေ့  ရသည့် ပြဿနာများနှင့် အကြံပြုချက်များ” ခေါင်းစဉ်ဖြင့် PDF ပြုလုပ်ပြီး ပညာဒါနပြုလုပ်လိုက်ပါတယ်။
အမှားအယွင်းများကို တွေ့  ရှိသူများ၊ အယူအဆကွဲလွဲချက်များရှိပါက ဝေဖန်ထောက်ပြကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
SAN NWE
အမှားအယွင်းများကို တွေ့  ရှိသူများ၊ အယူအဆကွဲလွဲချက်များရှိပါက ဝေဖန်ထောက်ပြကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။
Concrete Curing Compound များကို စံနစ်တကျ အသုံးပြုခြင်း
(၁) နိဒါန်း
...
Curing compound များကို ရေအစိုဓါတ်ပေး၍ curing လုပ်သည့်သမရိုးကျနည်းများဖြ
ကွန်ကရိ၏ခံနိုင်အားတက်ခြင်း
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ) အပိုင်း (2)
- Fly Ash ခေါ် ကျောက်မီးသွေးပြာများ
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ
Subscribe to:
Posts (Atom)