Vernier Caliper ဗာနီယာကလစ်ပါကို ၀.၀၀၁လက်မအထိ၊ ၀.၀၁မီလီမီတာအထိ တိုင်းတာနိုင်ပါသည်။ အထက်ပါပုံတွင် အပေါ်ဖက်သည် (Imperial Scale) လက်မနဲ့တိုင်းတာပြီး အောက်ဖက်ခြမ်းသည် (Metric Scale) မီလီမီတာကို တိုင်းတာပါသည်။ ဘယ်ဖက်ဆုံးအပိုင်းသည် Fix Jaw ဖြစ်ပြီး ညာဖက်သည် Sliding Jaw ဖြစ်ပါသည်။ အပြင်ဖက် (Outside) ကိုတိုင်းတာရန် အောက်ဖက်က Jaw နှစ်ခုကို အသုံးပြုရပြီး အတွင်းပိုင်း (Inside) ကို တိုင်းတာရန် အပေါ်ဖက်က Jaw နှစ်ခုကို အသုံးပြုပါသည်။ ညာဖက်ဆုံးကတော့ အနက် (Depth) ကို တိုင်းတာရန် ဖြစ်ပါသည်။
Fixed Scale (Main Scale) နှင့် Vernier Scale ဆိုပြီး နှစ်ခုရှိကာ Moving Part ပေါ်မှာ Vernier Scale ရှိပါသည်။
အခု Bolt head တစ်ခုကို တိုင်းပြပါမည်။
Bolt head ကို Fixed Jaw ဖက်မှာကပ်ပြီး Sliding Jaw ဖြင့် ဖိကပ်လိုက်ပါ။
သေချာစွာ ဖိကပ်ပြီးပါက Clamp Screw ကို လှည့်ကာ Lock ချလိုက်ပါ။
အဓိကကြည့်ရမှာက Vernier Scale ပေါ်က 0 ဖြစ်ပါသည်။ အဲ့ဒီ “0” ရောက်တဲ့နေရာ ဖတ်ရပါသည်။ သုညရောက်နေတဲ့နေရာကနေ အောက်က Main Scale ပေါ်က အမှတ်အသားကို ဖတ်ပါ။ အပေါ်ပုံမှာဆို သုညသည် 8 နဲ့ 9 အကြားရောက်နေပါသည်။ အကြမ်းမျဉ်း 0.8 လက်မ အထက်ဆိုတာ ချက်ချင်းသိပါမည်။ နောက်ထပ် ဒသမနောက်နှစ်နေရာ ရှာကြည့်ပါမည်။
ပထမဆုံး သုညသည် 8 ကျော်နေသဖြင့် 0.8” လို့ သိပါပြီ။ Main Scale ပေါ်မှာ မြင်နေရတဲ့ 1, 2, 3 ဆိုတာ တစ်လက်မရဲ့ ဆယ်ပုံတစ်ပုံရှိပါသည်။ ထို့ကြောင့် 8 x 0.1” = 0.8” ရခြင်း ဖြစ်ပါသည်။
ဆက်ကြည့်တဲ့အခါ 8 ညာဖက် နှစ်စိတ်ကျော်ပါသေးတယ်။ အဲ့ဒီအစိတ်သေးလေးကတော့ တစ်လက်မကို အစိတ် 50 စိတ်ထားသောကြောင့် တစ်စိတ်တန်ဖိုးသည် 1/50 = 0.025” ရှိပါသည်။ နှစ်စိတ်ရှိသောကြောင့် 2 x 0.025” = 0.05” ရှိပါသည်။ “0” နှစ်စိတ်ရဲ့ညာဖက်လေးမှာရှိနေတာကြောင့် ဆက်ဖတ်ရပါအုံးမည်။
ဒီတခါကြည့်ရမှာက “0” မဟုတ်တော့ပါ။ Main Scale နှင့် Vernier Scale က အမှတ်လေးတွေ ဆုံတဲ့နေရာ လိုက်ကြည့်ပါမည်။ ကြည့်လိုက်တော့ 12 စိတ်မြောက်မှာ ဆုံနေတာ တွေ့ရပါသည်။ အစိတ်ကို Vernier Scale က အမှတ်ကိုပဲ ဖတ်ရပါမည်။ အဲ့ဒါကတော့ တစ်လက်မရဲ့တစ်ထောင်ပုံတစ်ပုံအထိ ဖတ်ခြင်းဖြစ်ပါသည်။ တစ်စိတ်ရဲ့တန်ဖိုးက 1/1000 = 0.001” ရှိပါသည်။ 12 စိတ်မှာ လာဆုံသောကြောင့် 12 x 0.001” = 0.012” ရပါသည်။
နောက်ဆုံးတော့ တစ်လက်မ မပြည့်သောကြောင့် 0 + 0.8 + 0.05 + 0.012 = 0.862” ရရှိပါသည်။
အထက်ပါအတိုင်း မဖတ်တတ်ရင် စိတ်မပူပါနဲ့။ Digital Vernier Caliper ကိုသာ ၀ယ်သုံးပါ။ တွက်စရာ မလိုတော့ပါ။
No comments:
Post a Comment