သင်္ခါရနယ်မှာ
မြင်သမျှအရာတွေဟာ...
ပြင်နိုင်ပါမှ
တော်ကာကြမယ်
အညာမှာ
နွေအခါဆို
ဖုံးနေတဲ့ သစ်ပင်တွေဟာ
အရွက်တွေ ပြုန်း
သစ်ကတုံးဘ၀ ရောက်ကြတယ်
မော်စကိုမှာ
ဆောင်းအခါဆို
ဖုံးနေတဲ့ သစ်ပင်တွေဟာ
အရွက်တွေ ပြုန်း
သစ်ကတုံးဘ၀ ရောက်ကြပြန်တယ်
အညာနွေက ပူလွန်းတယ်
မော်စကိုဆောင်းက အေးလွန်းတယ်
ပူလွန်းတာပဲဖြစ်ဖြစ်
အေးလွန်းတာပဲဖြစ်ဖြစ်
လွန်ကဲမှုတွေရဲ့ဆုံမှတ်ဟာ
ပျက်စီးခြင်းအရပ်မှာသာရှိပါတယ်
ဒါကြောင့်
အစွန်းရောက်တဲ့ အပြော
အစွန်းရောက်တဲ့ သဘော
အစွန်းရောက်တဲ့ အတွေး
အစွန်းရောက်တဲ့ အရေး
ဒါတွေနဲ့ဝေးမှ
သင်္ခါရနယ်မှာ
ပြင်သမျှအရာတွေဟာ
အစဉ်ထာဝရ တည်တံ့မှာ
၃.၁၂.၂၀၁၅
နွေအခါဆို
ဖုံးနေတဲ့ သစ်ပင်တွေဟာ
အရွက်တွေ ပြုန်း
သစ်ကတုံးဘ၀ ရောက်ကြတယ်
မော်စကိုမှာ
ဆောင်းအခါဆို
ဖုံးနေတဲ့ သစ်ပင်တွေဟာ
အရွက်တွေ ပြုန်း
သစ်ကတုံးဘ၀ ရောက်ကြပြန်တယ်
အညာနွေက ပူလွန်းတယ်
မော်စကိုဆောင်းက အေးလွန်းတယ်
ပူလွန်းတာပဲဖြစ်ဖြစ်
အေးလွန်းတာပဲဖြစ်ဖြစ်
လွန်ကဲမှုတွေရဲ့ဆုံမှတ်ဟာ
ပျက်စီးခြင်းအရပ်မှာသာရှိပါတယ်
ဒါကြောင့်
အစွန်းရောက်တဲ့ အပြော
အစွန်းရောက်တဲ့ သဘော
အစွန်းရောက်တဲ့ အတွေး
အစွန်းရောက်တဲ့ အရေး
ဒါတွေနဲ့ဝေးမှ
သင်္ခါရနယ်မှာ
ပြင်သမျှအရာတွေဟာ
အစဉ်ထာဝရ တည်တံ့မှာ
၃.၁၂.၂၀၁၅
No comments:
Post a Comment