BIM For Architects
- Architect များအနေဖြင့် ရှုပ်တွေးနေတဲ့ Design Process အတွင်းမှာပင် Massing Model ဖြင့် လွယ်ကူရှင်းလင်းတဲ့ Building Shade, Stories တွေကို အလျင်အမြန် လေ့လာဖန်တီးနိုင်သည့်အပြင် အဆောက်အဦးအတွက် လိုအပ်တဲ့ Plint Area Estimate ကို လွယ်ကူစွာ ရယူနိုင်ပါတယ်။
- BIM Process ဖြင့် တည်ဆောက်ထားတဲ့ Model ကိုလဲ ပုစံအမျိုးမျိုးထုတ်ပြစရာမလိုပဲ Model တစ်ခုတည်းမှာတွင်ပဲ Design Option တွေကို အမျိုးမျိုး ပြောင်းလဲ ဖန်တီးထားလို့ရပါတယ်။
- ပုံစံအမျိုးရှိတဲ့ Design Option တွေကနေပြီး Detail Level အထိမရောက်ခင်မှာပင် Client အား အမြင်တင့်တယ်အောင် Visualization Analysis ကို (Sketch up or 3D Max) ဖြင့် ပုံဖော်ပြသနိုင်ပါသေးတယ် ထို့အတူပဲ Solar Analysis ကိုလဲ တွက်ထုတ်လို့ရနိုင်ပါသေးတယ် အဲသည်မှာ တစ်ခုသတိပြုထားရမှာက တည်ဆောက်ထားတဲ့ Project ရဲ့ Coordinate Point တွေဟာ Global coordinate or Local coordinate တွေနဲ့ ကိုက်ညီမှုအတိုင်း တည်ဆောက်ထားခဲ့လျှင် တိကျတဲ့ အဖြေကိုရှိနိုင်ပါတယ်။
- BIM Process ရဲ့ အကျိုးကျေးဇူးတစ်ခုအဖြစ် အကောင်းဆုံးလုပ်ဆောင်ချက်တစ်ခုဖြစ်သည့် Building Type တွေအပေါ်မူတည်ပြီး Design လုပ်ခဲ့တဲ့ အခန်းတွေရဲ့ Standard Area ကို လွယ်ကူစွာ ရယူနိုင်ပါတယ်။ ဒါကို Color Fill Legends တွေနဲ့ အခန်းရဲ့ ဧရိယာကိုပဲဖြစ်ဖြစ် အခန်းအမျိုးအစားကိုပဲဖြစ်ဖြစ် လွယ်ကူစွာ အချိန်တိုအတွင်း ထုတ်ယူနိုင်ပါတယ်။
- Architect များအတွက်တော့ BIM Process Implement တစ်ခုဖြစ်တဲ့ Revit Architecture ကတော့ မည်သည့် Software အထောက်အကူမလိုပဲ Project အစမှအဆုံးအထိ Creative, changes, modify ကို လိုသလို စိတ်တိုင်းကျ အလျင်အမြန် ဖန်တီးနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရှိပါတယ်။
အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်
CREDIT TO ==> Naing Naing Win
09425268147
Integrated Design Group

No comments:
Post a Comment