ယခုအချိန်တွင် အဓိက အသုံးပြုနေကြသည့် Pavement Type ၃ မျိုးရှိပါသည်။ ၄င်းတို့ မှာ
1) Flexible Pavement
2) Rigid or Concrete Pavement
3) Composite Pavement
1) Flexible Pavement
Flexible Pavement ကို ကတ္တရာ (bitumen) နှင့် ကျောက်စရစ် (သို့ ) ခွဲကျောက် (granular material) တို.ဖြင်.တည်ဆောက်ပါသည်။
Flexible Pavement ခင်းရာတွင် အပေါ်လွှာများ (binder course and wearing or surface course) ဆောက်လုပ်ရာတွင် အောက်ပါအတိုင်း အဓိကအားဖြင့် ၃ မျိုးခွဲနိုင်ပါသည်။
1.1. Hot Mix Asphalt (HMA) method - for general traffic
1.2. Cold Mix Asphalt (CMA) method - for light traffic
1.3. Penetration method - for light traffic
1.1. HMA ကို အများအားဖြင့် Asphalt Concrete (AC) ဟု အသုံးများပါသည်။ မြန်မာပြည်တွင် နိုင်လွန်ကတ္တရာဟု သုံးပါသည်။ HMA ကို central mixing plant တွင် သဲ၊ကျောက် စသည်တို့ကို သတ်မှတ်သော အပူချိန်ရောက်သည်အထိ အပူပေးပြီး ကတ္တရာဖြင့်ရောဖျော်ကာ လမ်းခင်းမည့်နေရာသို့ dump truck များဖြင့်ပို့ ဆောင်ပါသည်။
ဤလမ်းခင်းနည်း၏ အခြေခံသဘောမှာ surface course ပေါ်သက်ရောက်သည့် ၀န်ကို AC surface course မှတဆင့် ၀န်ထမ်းအား အဆင့်ဆင့်နည်းသွားသည့် base course, subbase course, subgrade တို့ သို့  ဖြန့်ကျက်သက်ရောက်စေသည့် နည်းဖြစ်ပါသည်။
1.2. Cold Mix Asphalt (CMA) မှာအသုံးနညိးသဖြင့် ဤအခန်းတွင် ချန်လှပ်ခဲ့ပါသည်။
စိတ်ဝင်စားသူများ လမ်းအမျိုးအစားများ - အပိုင်း (၂) - Cold Mix Asphalt (CMA) နှင့်  Warm Mix Asphalt (WMA), အောက်ပါ link တွင်ဖတ်နိုင်ပါသည်။
https://www.facebook.com/notes/san-nwe/လမ်းအမျိုးအစားများ-အပိုင်း-၂-cold-mix-asphalt-cma-နှင်-့-warm-mix-asphalt-wma/871234716272664
1.3. Penetration method ကို Asphalt Concrete (AC) မရနိုင်သော နယ်မြို့ များနှင့် ကျေးလက်ဒေသများတွင် အသုံးပြုပါသည်။ ကတ္တရာပုံးများကို အရည်ပျော်သည်အထိ အပူပေးပြီး ကျောက်တစ်လှည့် ကတ္တရာတစ်လှည့် ခင်းသည့်နည်းဖြစ်ပါသည်။ Penetration method နှင့် AC ၏အဓိက ကွာခြားချက်မှာ Penetration method တွင်ပါဝင်သော ကတ္တရာမှာ structural strength မရှိဘဲ ကျောက်များကို တွဲထိန်းထားရန်အတွက်သာဖြစ်ပါသည်။
ဤလမ်းခင်းနည်း၏ အခြေခံသဘောမှာ surface course ပေါ်သက်ရောက်သည့် ၀န်ကို အရွယ်စုံ ခွဲကျောက်များ အချင်းချင်း ချိတ်ဆက်မှု (interlock of aggregate) ကရရှိသည့် တည်ငြိမ်ခိုင်ခန့်မှုမှတဆင့် လမ်းအောက်ခံလွှာ (base course) ပေါ်သို ဖြန့်ကျက်သက်ရောက်စေပြီး ခွဲကျောက်များရွေ့ လျှားမှုကို ကတ္တရာဖြင့်တွဲထိန်းထားသည့်နည်းဖြစ်ပါသည်။
ဤ ၃ မျိုး၏ဆောက်လုပ်ပုံ များကို အပိုင်း (၂) တွင်ဆက်လက် ဆွေးနွေးပါမည်။
2) Rigid or Concrete Pavement
Rigid pavement ကို ဘိလပ်မြေ (Portland Cement) Concrete ဖြင့်တည်ဆောက်ပါသည်။
Rigid pavement တွင်လည်း ဒီဇိုင်းအမျိုးအမျိုဒအစားပေါ်မူတည်ပြီး အောက်ပါအတိုင်း ၄ မျိုးထပ်မံခွဲခြားနိုင်ပါသည်။
a. Continuously Reinforced Concrete Pavement (CRCP)
b. Concrete Pavement Contraction Design (CPCD)
c. Jointed Reinforced Concrete Pavement (JRCP)
d. Prestressed Concrete Pavement (PCP)
a. Continuously Reinforced Concrete Pavement (CRCP) CRCP အမျိုးအစားမှာ joint မပါဝင်သော ဒီဇိုင်းဖြစ်ပြီး ခပ်စိတ်စိတ်ဖြစ်ပေါ်နေသော ကန့်လန့်ဖြတ် အက်ကြောင်းများမှာ CRCP ၏သိသာသောလက္ခဏာတစ်ခုဖြစ်ပါသည်။ ဤအက်ကြောင်းများကိုအထဲတွင်ပါဝင်သည့်သံချောင်းက မြဲမြံစွာဆွဲထိန်းထားခြင်းဖြစ်သဖြင့် ၄င်းတို့ညီညာ(uniformly spaced) စွာဖြစ်ပေါ်နေသမျှ စိုးရိမ်စရာမရှိပါ။ အောက်ပါပုံကို ကြည့်ပါ။

CPCD ဒီဖိုင်းတွင် အက်ကြောင်းများကို contraction joint ကထိန်းထားပြီး dowel bar မှအပ သံချောင်းမပါဝင်ပါ။ အောက်ပါပုံကို ကြည့်ပါ။

JRCP ဒီဇိုင်းတွင် contraction joint နှင့် သံချောင်းများက အက်ကြောင်းများကိုထိန်းထားပါသည်။ ကန့်လတ်ဖြတ်ဆက်ကြောင်း (traverse joint spacing) က Concrete contraction design (CPCD) spacing ထက်ပိုရှည်ထားပါသည်။ အောက်ပါပုံကို ကြည့်ပါ။
d. Prestressed Concrete Pavement (PCP)
PCP ဒီဇိုင်းမှာ ကျယ်ပြန့်စွာ အသုံးပြုခြင်းမရှိသေးသဖြင့် ချန်လှပ်ခဲ့ပါသည်။
3) Composite Pavement
Composite Pavement ကို အထက်ပါ Flexible Pavement နှင့် Rigid Pavement နှစ်မျိုးကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကွန်ကရိ ကိုအောက်လွှာအဖြစ်ထားပြီး ကတ္တရာကို အပေါ်အလွှာအဖြစ်ခင်းပါသည်။ ဤနည်းမှာ ကွန်ကရိအောက်လွှာက ခိုင်မာသော လမ်းအောက်ခံ (road base) ကိုပေးပြီး ကတ္တရာအပေါ်လွှာက ချောမွတ် တောင့်တင်းသော မျက်နှာပြင် (smooth and non-reflective surface) ကိုပေးနိုင်သည့်အတွက် အကောင်းဆုံးဖြစ်ပါသည်။ သို့ သော် အလွန်ဈေးကြီးသဖြင့် အသုံးနည်းပါသည်။
ထို့ ကြောင့် ပထမ ၂ မျိုး ( Flexible Pavement နှင့် Rigid or Concrete Pavement) ကိုသာ ဆွေးနွေးသွားပါမည်။
Rigid နှင့် Flexible Pavement တို့ ၏ အဓိက လက္ခဏာများ
1) Traffic Load distribution
အထက်ပါပုံတွင်ပြထားသည့်အတိုင်း Rigid Pavement မှာ အလွန်ခိုင်မာတောင့်တင်းမှု (stiffness) ရှိသဖြင့် အထက်မှသက်ရောက်သော ၀န်အားမှာ ပိုမိကျယ်ပြန့်သော လမ်းအောက်ခံလွှာ ပေါ်သို့ ဖြန့်ကျက်ကျရောက်သွားပါသည်။ ထို့ ကြောင့် အထက်မှသက်ရောက်သော ၀န်အား၏ အဓိကအပိုင်းအား slab ကိုယ်တိုင်ကထမ်းထားပါသည်။
Flexible pavement တွင်မူ အထက်မှသက်ရောက်သော ၀န်အားကို အပေါ်မှ ကတ္တရာအလွှာအပါအ၀င် အောက်ခံအလွှာများက အဆင့်ဆင့်မျှဝေပြီးထမ်းကြရပါသည်။
Rigid နှင့် Flexible Pavement တို့ ၏ အားသာချက် နှင့် အားနည်းချက်များကို အောက်ပါ link မှာဖတ်နိုင်ပါသည်။
https://www.facebook.com/notes/san-nwe/လမ်းအမျိုးအစားများ-အပိုင်း-၁-flexible-နှင့်-rigid-pavement-နှိုင်းယှဉ်ချက်များ/869839276412208
Cold Mix Asphalt (CMA) နှင့် Warm Mix Asphalt (WMA) Method အကြောင်း ကို အောက်ပါ link မှာဖတ်နိုင်ပါသည်။
https://www.facebook.com/notes/871234716272664/
***********************Refrences*****************************
1. Pavement Analysis and Design, 2nd Edition-Yang H. Huang, University of Kentucky
2. Pavement Design Guide, Texas Department of Transportation, Revised January 2011
3. Manual for Asphalt Pavement, Japan Road Association, 1989

No comments:
Post a Comment