Seismic Design Category
Seismic Design Category ဆိုတာဘာလဲ?
Seismic Design Category ဆိုတာ structure တစ်ခုကို သူ့ရဲ့ အသုံးပြုမှုနဲ့ အဆောက်အအုံ ဆောက်မယ့်ဒေသမှာ ငလျင်ဖြစ်နိုင်မှု၊ မြေသား အခြေအနေတို့အပေါ် မူတည်ပြီး class ခွဲခြင်းပဲ ဖြစ်ပါတယ်။ Seismic Design Category တွေကို A ကနေ F အထိ class တွေ ခွဲထားပါတယ်။ Categories တွေထဲမှာ A က အသက်သာဆုံးဖြစ်ပြီး F က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
(UBC 97 မှာတော့ Seismic Zone တွေ သုံးပါတယ်။ UBC 97 မှာ Seismic Zone တွေကို 1, 2A, 2B, 3, 4 ဆိုပြီး ခွဲထားပါတယ်။ Base Shear တွက်ရာမှာ Zone factors တွေနဲ့ Soil Property Types တွေကိုအသုံးပြုပြီး Table 16-Q နဲ့ 16-R တို့ကနေ Cv, Ca စသည်တို့ ရှာပြီး အသုံးပြုရပါတယ်။ မြေပုံတွေ ဖေါ်ပြရာမှာလဲ Seismic Zone Map တွေအနေနဲ့ ဖေါ်ပြပါတယ်။
အဲဒါနဲ့ မတူတာက ASCE7 နဲ့ IBC 2006 မှာ Seismic Zone တွေကို မသုံးပဲ Mapped Acceleration Parameters တွေကို သုံးပါတယ်။ ဒီ Mapped Acceleration Parameters တွေကို Site Class modification factors တွေနဲ့ မြှောက်ထားတဲ့ တန်ဖိုးတွေကို အသုံးပြုပြီးတော့ပဲ Base Shear ကို ရှာဖွေပါတယ်။ ဒီ Post မှာ ASCE 7-05 ကို အခြေခံပြီးတော့ပဲ ရေးသွားပါမယ်။ Myanmar National Building Code မှာလဲ ASCE 7 နည်းကိုပဲ သုံးစွဲထားတာ တွေ့ရပါတယ်)
Building Seismic Design Category ဟာ အောက်ပါအချက်တွေအပေါ် မူတည်နေပါတယ်။
အဲဒါတွေက..
၁. Occupancy Category (I, II, III, IV) (အဆောက်အအုံကို ဘယ်အတွက်အသုံးပြုမယ်ဆိုတာ)
၂.Mapped Acceleration Parameter (Ss and S1) (ငလျင်ဇုန် ဘယ်ဇုန်ထဲမှာ ရှိတယ်ဆိုတာ ဖြစ်ပါတယ်)
၃.Site Class Adjustment (A-F) (Site မှာရှိတဲ့ မြေအမျိုးအစားအပေါ် မူတည်ပါတယ်)
1. Occupancy Category.
ဒီ Category က ကိုယ်ဆောက်မယ့် အဆောက်အအုံရဲ့ function အပေါ် မူတည်ပါတယ်။
Category I. ဒီ Category မှာ ပြိုကျ ပျက်စီးပါက လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်မှု နည်းတဲ့ အဆောက်အအုံတွေ ပါဝင်ပါတယ်။
Category II. ဒီ Category ကတော့ Category I, III, IV မှာ မပါဝင်တဲ့ အဆောက်အအုံတွေ ဖြစ်ပါတယ်။
Category III. ဒီ Category မှာ ပြိုကျပျက်စီးပါက လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်မှုများစေနိုင်တဲ့ အဆောက်အအုံတွေ ပါဝင်ပါတယ်။
Category IV. ဒီ Category မှာ မရှိမဖြစ် လိုအပ်သော အဆောက်အအုံလို့ သတ်မှတ်ထားတဲ့ အဆောက်အအုံတွေ ပါဝင်ပါတယ်။
2. ငလျင်ပြင်းအားနှင့် ငလျင်ဇုန်အတွင်း ကျရောက်မှု
ငလျင် ပြင်းအားတွေကို Mapped Acceleration Parameters တွေ ဖေါ်ပြထားတဲ့ မြေပုံတွေနဲ့ ဖေါ်ပြလေ့ရှိပါတယ်။ ဒီတန်ဖိုးတွေ ဖေါ်ပြရာမှာ Ss နဲ့ S1 ဆိုတဲ့ တန်ဖိုးနှစ်ခုအနေနဲ့ ဖေါ်ပြပြီး ground acceleration ကို percentage of gravity နဲ့ ဖော်ပြတာဖြစ်ပါတယ်။ ဆိုဒ်ရဲ့ တည်နေရာကို မြေပုံပေါ်မှာရှာပြီး မြေပုံရဲ့ ပေးထားတဲ့ တန်ဖိုးကိုယူရပါမယ်။ Ss က short period (0.2 s) အတွက် တန်ဖိုးဖြစ်ပြီး S1 က 1 sec period အတွက် တန်ဖိုးဖြစ်ပါတယ်။
3. Site Class
Site class ကို ဆိုဒ်မှာရှိတဲ့ မြေသား ဂုဏ်သတ္တိတွေအပေါ် မူတည်ပြီး ဆုံးဖြတ်တာဖြစ်ပြီး အများအားဖြင့် project ရဲ့ geotechnical engineer က အဆုံးအဖြတ် ပေးပါတယ်။
ယေဘုယျအားဖြင့် ပြောမယ်ဆိုလျင် class A က ကျောက်သားမြေမျိုး ဖြစ်ပြီး class F က liquefaction ဖြစ်နိုင်တဲ့ မြေပျော့မျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။
တကယ်လို့သာ soil report မရှိရင် နောက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက Class E, F ဟု သတ်မှတ်ထားတာ မရှိလျင် site class ကို class D အဖြစ် ယူဆဖို့ ခွင့်ပြုပေးထားပါတယ်။ site class ကို ရပြီဆိုလျင် Site Class Factor ကို အသုံးပြုပြီး mapped acceleration parameter ကို adjust လုပ်ရပါမယ်။ Actual site class အပေါ် မူတည်ပြီး ASCE 7 မှာ ပြထားတဲ့ chart တွေကနေ actual Ss နဲ့ S1 တန်ဖိုးတို့ကို interpolate လုပ်ရပါမယ်။ Adjustment လုပ်ပြီးရင်တော့ final design value တွေဖြစ်တဲ့ Sds နဲ့ Sd1 ကို ရရှိပါမယ်။
အဲဒီ ရလာတဲ့ modified acceleration ကို Occupancy Category နဲ့ ပေါင်းပြီး code မှာ ရေးထားတဲ့ Table ၂ ခု (Table 11.6-1 နဲ့ Table 11.6-2) ကို ကြည့်ခြင်းဖြင့် project ရဲ့ Seismic Design Category ကို ရရှိမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Aung Hsu Myat
17 May 2016
No comments:
Post a Comment