-->
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ မယုတ်မလွန်တဲ့ ကြိုးစားမှုတော့ စိုက်ရမယ်..... နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ ******** "စဉ်းစားပါ - မတွေဝေပါနှင့်။ သွက်လက်ပါ - မပြောပါနဲ့။ ရိုးသားပါ - မအပါနှင့်။ စိုးရိမ်တက်ပါ- မကြောက်ပါနှင့်။ လေးစားပါ - မဖားပါနှင့်။ ရက်စက်သင့်က - ရက်စက်ပါ။ ဘယ်တော့မှ- မယုတ်မာပါနှင့်။"**** ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်.. မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်.. စပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်.. ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်.. မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်.. စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်.. မည်သည့်အရာ၊ မဆိုသာတည့် သူ့မှာကိုယ့်မှာ၊ အလှသာတည့်.. သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏.. အလှဝန်တို၊ မငြင်ငြိုနှင့် ၀န်တိုမှုသာ၊ မလှရာတည့်.. သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျှောက်၊ အရေးရောက်သည် စွမ်းလောက်နိုင်သူချည်းပါတကား… ********** ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ် လောဘသတ်ခိုက် ……… - ရှေ့မှာတပွင့်၊ လွယ်လင့်တကူ ယူ၍ရခိုက်၊ ခူးလိုက်မိပြန် ……………. - ပြန်မှပြန်မှ၊ သတိရနေ ခြေကမလှည့်၊ တည့်တည့်စိုက်စိုက် လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး ခူးပြီးတစ်ရာ၊ အခွင့်သာခိုက် ရရာအားလုံးဆွတ်ချင်သူ…. - လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ် စိတ်မတင်းတိမ်၊ အိမ်မပြန်သေး ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ မက်မောနေပြန်၊ လှည့်မပြန်မိ…. - ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း တစ်ယောက်ထဲသာ သောက်ချင်သည် ……… -

Saturday, June 25, 2016

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၇)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၆)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၅)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၄)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၃)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၂)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၁)


 (Welding နည်းစနစ်များ)
ကျွန်တော် အရင်က ရေးခဲ့တဲ့ note လေးပါ... note ကို ဖတ်ရ သိပ်အဆင်မပြေတာကြောင့် ဖတ်ရလွယ်အောင် JPEG ပြောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်...

Contraction Joints (Part 2)


Contraction Joints for Slabs on Grade
Slabs on Grade တွေမှာ ကွန်ကရစ် ကျုံ့ဝင်မှုကို လွတ်လပ်စွာ ဖြစ်ပွားစေရန်နဲ့ ကွန်ကရစ်အတွင်း ဖြစ်ပေါ်လာတဲ့ အတွင်းအားတွေကို လျော့နည်းစေရန်အတွက် Contraction Joints တွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကွန်ကရစ် slab on grade တွေမှာ ပတ်ဝန်းကျင် အခြေအနေတွေဟာ slab ရဲ့ အပေါ်နဲ့ အောက်ဘက်တွေမှာ တူညီမှာမဟုတ်တဲ့အတွက် ကွန်ကရစ်လောင်းရာမှာ ကွန်ကရစ်တွေဟာ Slab ရဲ့ အထူတစ်လျှောက် ညီညီညာညာခြောက်သွေ့သွားမှာ မဟုတ်ပါဘူး။ Slab ရဲ့ အပေါ်ဘက်အပိုင်းတွေဟာ အောက်ဘက်အပိုင်းတွေထက် အရင် ခြောက်သွေ့သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ခြောက်သွေ့မှု မတူတဲ့ အကျိုးဆက်ကြောင့် slab ရဲ့ ထောင့်တွေမှာ ကွေးသွားတာတွေ (Warp) ဖြစ်လာနိုင်ပါမယ်။ အပူအအေးပြောင်းလဲခြင်းကြောင့်လဲ အဲဒီလို သက်ရောက်မှုမျိုး ဖြစ်စေနိုင်ပါတယ်။

Contraction Joints (Part 1)


Contraction Joints ဆိုတာ ဘာလဲ?
ကွန်ကရစ်တွေ ခြောက်သွားလို့ ကျုံ့ဝင်သွားတဲ့ အခါ (Drying Shrinkage ဖြစ်တဲ့အခါ) နဲ့ အပူချိန် ကျဆင်းတဲ့အခါမှာ ကွန်ကရစ်တွေရဲ့ ထုထည် လျော့နည်းသွားပါမယ်။ တနည်းအားဖြင့် ကွန်ကရစ်တွေ ကျုံ့ဝင်သွားပါမယ်။ အဲဒီလိုအခါမျိးမှာ ကွန်ကရစ်တွေကို ဘေးနှစ်ဘက်က ချုပ်ထားမယ်ဆိုပါက ကွန်ကရစ်သားတွေအတွင်းမှာ တင်းအား (Tensile Stress) တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ပေါ်လာတဲ့ တင်းအားတွေဟာ ကွန်ကရစ်ရဲ့ ခံနိုင်ရည်အားကို ကျော်လွန်သွားပါက အက်ကြောင်း (Cracks) တွေ ဖြစ်ပေါ်လာပါမယ်။ ဘာကြောင့်လဲဆိုတာ့ ကွန်ကရစ်ရဲ့ ဆွဲဆန့် ခံနိုင်ရည်အား နည်းပါးလို့ပဲ ဖြစ်ပါတယ်။ Contraction Joints တွေ လုပ်ထားပေးခြင်းအားဖြင့် အက်ကြောင်းတွေ ဖြစ်ပေါ်လာမယ့် အားနည်းတဲ့ နေရာတွေ (Planes of weakness) တွေ ရရှိမှာ ဖြစ်ပါတယ်။

Construction Joints


Construction Joint ဆိုတာ ဘာလဲ?

ကွန်ကရစ်အဆောက်အအုံတွေ ဆောက်တဲ့အခါ အဆောက်အအုံက ကြီးမားကျယ်ပြန့်မယ်ဆိုရင် ကွန်ကရစ်ကို တစ်ခါထဲနဲ့ ပြီးအောင်လောင်းဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ Construction Joints လို့ခေါ်တဲ့ (ကွန်ကရစ်တစ်ခါလောင်းရင် ဘယ်နေရာမှာ ရပ်နားမလဲဆိုတဲ့) ရပ်နားအဆက်တွေ သေချာ စီမံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက အဲဒီ Construction Joints တွေကို Contraction Joints, Isolation ...သို့မဟုတ် Expansion Joint နေရာတွေမှာ ပြုလုပ်ပေးသင့်ပါတယ်။ (အဲဒီ Joints တွေအကြောင်း သီးခြား ရေးပါမယ်)

Construction Joint ကောင်းတစ်ခု ဘယ်လိုလုပ်မလဲ?

Seismic Design မိတ်ဆက် (အပိုင်း ၇)


Ductile Structure
Ductile Structure ဆိုတာဘာလဲ?
ရှေ့က အပိုင်းမှာ R အကြောင်းပြောတုန်းက အဆောက်အအုံတွေသာ ညွှတ်ပြောင်းမယ် Ductile ဖြစ်မယ်ဆိုရင် အဲဒီ frame ဟာ ငလျင်ကြောင့်ဖြစ်လာတဲ့ အားတွေကို သူ့ Elastic capacity ထက် များစွာ ကျော်လွန်ပြီး ခံဆောင်နိုင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ အဲဒါကြောင့် Ductile Frames တွေကို Design လုပ်ရာမှာ ငလျင်ကြောင့် အမြင့်ဆုံး ဖြစ်နိုင်တဲ့ အားတွေကို Design လုပ်စရာ မလိုအပ်ပဲ အတိုင်းအတာ တစ်ခုအထိလျှော့ပြီး Design လုပ်လို့ ရပါတယ်။
(Response Modification Factor R အကြောင်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10201947942215470?pnref=story )
ဒီနေရာမှာ ငလျင်ဒါဏ်ကြောင့် ဖြစ်လာတဲ့ အားကို Elastic ခံနိုင်ရည်အားထက် များစွာ ကျော်လွန်ပြီး စဉ်းစားတဲ့အတွက် ငလျင် တကယ်လှုပ်တဲ့အခါ အဆောက်အအုံဟာ Elastic အခြေအနေကို ကျော်လွန်ပြီး Inelastic range ထဲ ရောက်သွားမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် ခံနိုင်ရည်အားကို ကျော်လွန်သွားတဲ့အတွက် ပျက်စီးမှုတွေ မလွဲမသွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သို့သော် ထို ပျက်စီးမှုတွေကြောင့် အဆောက်အအုံကို မပြိုကျစေရန် စီမံပေးရမှာဖြစ်ပါတယ်။ အဲဒီလို နည်စနစ်မျိုးနဲ့ ပုံစံထူတ်တည်ဆောက်တဲ့ Design ကို ညွှတ်ပြောင်းသော အဆောက်အအုံ သို့မဟုတ် Ductile Structure လို့ ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။

Seismic Design မိတ်ဆက် (အပိုင်း ၆)


Seismic Response Modification Number R
Building Code တွေမှာ ပြဌာန်းထားတဲ့ Equivalent Lateral force ကိုအသုံးပြုပြီး အဆောက်အအုံတွေကို seismic analysis and design လုပ်ရာမှာ အဆောက်အအုံအပေါ် သက်ရောက်စေမယ့် lateral seismic load (တနည်းအားဖြင့်ဆိုသော် Base Shear ပမာဏ) ကို တွက်ချက်ရာမှာ factor များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီ factor တွေကတော့ ကိုယ်ဆောက်မယ့် အဆောက်အအုံ ဧရိယာမှာရှိတဲ့ ငလျင်ပြင်းအားပမာဏ (Mapped Acceleration Parameter လို့ ခေါ်ကြတဲ့ Ss and S1)ရယ်၊ ဆိုဒ်မှာရှိတဲ့ မြေသားကြောင့် ဖြစ်လာတဲ့ ငလျင်ပြင်းအားပြောင်းလဲခြင်း (Site coefficient)ရယ်၊ အဆောက်အအုံကို ဘယ်အတွက်သုံးမလဲဆိုတဲ့ (importance factor) ရယ် အပြင် building structure ရဲ့ အမျိုးအစား R factor သို့မဟုတ် (Response Modification Factor) တို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ရပါတယ်။
Seismic design lateral load (Base Shear) ကို ဘယ်လို တွက်မလဲ?

Seismic Design မိတ်ဆက် (အပိုင်း ၅)


Seismic Design Category
Seismic Design Category ဆိုတာဘာလဲ?
Seismic Design Category ဆိုတာ structure တစ်ခုကို သူ့ရဲ့ အသုံးပြုမှုနဲ့ အဆောက်အအုံ ဆောက်မယ့်ဒေသမှာ ငလျင်ဖြစ်နိုင်မှု၊ မြေသား အခြေအနေတို့အပေါ် မူတည်ပြီး class ခွဲခြင်းပဲ ဖြစ်ပါတယ်။ Seismic Design Category တွေကို A ကနေ F အထိ class တွေ ခွဲထားပါတယ်။ Categories တွေထဲမှာ A က အသက်သာဆုံးဖြစ်ပြီး F က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
(UBC 97 မှာတော့ Seismic Zone တွေ သုံးပါတယ်။ UBC 97 မှာ Seismic Zone တွေကို 1, 2A, 2B, 3, 4 ဆိုပြီး ခွဲထားပါတယ်။ Base Shear တွက်ရာမှာ Zone factors တွေနဲ့ Soil Property Types တွေကိုအသုံးပြုပြီး Table 16-Q နဲ့ 16-R တို့ကနေ Cv, Ca စသည်တို့ ရှာပြီး အသုံးပြုရပါတယ်။ မြေပုံတွေ ဖေါ်ပြရာမှာလဲ Seismic Zone Map တွေအနေနဲ့ ဖေါ်ပြပါတယ်။

Seismic Design မိတ်ဆက် (အပိုင်း ၄)



 ဒီအပိုင်းမှာ ASCE 7 မှာပါတဲ့ Equivalent Lateral Force Method ရဲ့ အခြေခံလေးတွေကို တင်ပြသွားပါမယ်။ (အသေးစိတ် ကြည့်လိုလျင်တော့ ASCE 7 မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)

Equivalent Lateral Static Force Method...

ဒီနည်းရဲ့ အဓိက အခြေခံအယူအဆက ငလျင်ကြောင့် ဖြစ်လာတဲ့ dynamic forces တွေရဲ့ အကျိုးသက်ရောက်မှု ပုံစံမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင် static load တွေကို အဆောက်အအုံအပေါ် သက်ရောက်စေခြင်းပဲ (Dynamic Load Effects တွေကို Equivalent Static Forces တွေအနေနဲ့ ပြောင်းလဲခန့်မှန်းတွက်ချက်ခြင်း) ဖြစ်ပါတယ်။

Concentrated lateral loads တွေဟာ

Seismic Design မိတ်ဆက် (အပိုင်း ၃)


ဒီအပိုင်းမှာ Seismic Analysis and Design လုပ်ရာမှာ တွေ့နေကျ ဖြစ်တဲ့ Linear နဲ့ Nonlinear ဆိုတာ ဘာလဲ၊ သူတို့နှစ်ခု ဘာကွာလဲဆိုတာ ရေးသားဖေါ်ပြသွားပါမယ်။ (ဒီအတွက် Reference ကိုတော့ Quora.com အမေးအဖြေ တွေကနေ ရယူရေးသားထားတာ ဖြစ်ပါတယ်။)
Linear Analysis
Linear Analysis ဆိုတာ ဘာလဲ?
Linear analysis ဆိုတာ

Seismic Design မိတ်ဆက် (အပိုင်း ၂)


ကျွန်တော်တို့ Seismic Design လုပ်တော့မယ်ဆိုရင် Structrure မှာ Seismic Load တွေကြောင့် ဖြစ်လာမယ့် ခံဆောင်အား (internal stress) တွေ၊ ပုံ ပျက်ယွင်းမှု (Deformation) တွေနဲ့ အခြား ခံစားရမယ့် အရာတွေကို mathmectical model တည်ဆောက်ပြီး ငလျင်ကြောင့်ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို အဲဒီ Structure အပေါ် ကျရောက်စေပြီး Analysis လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါကို Seismic Analysis လို့ ခေါ်ပါတယ်။
Seismic Analysis
Seismic analysis ဆိုတာ

Seismic Design မိတ်ဆက် (အပိုင်း ၁)

ကျွန်တော် Seismic Design ကို လေ့လာရင်းနဲ့ ကိုယ်လေ့လာထားတာတွေကို ဂျူနီယာ ညီ ညီမတွေကို ပြန်လည် ပြောပြချင်တဲ့ သဘောမျိုးနဲ့ သဘောတရား အခြေခံလေးတွေ ရေးသွားပါမယ်။ ပါဝင်ဆွေးနွေးမှုများကိုလဲ လေးစားစွာ ဖိတ်ခေါ်ပါတယ်။
Seismic Design ဆိုတာ ဘာလဲ?
Sesimic Design ဆိုတာ

Friday, June 24, 2016

ကွန်ကရိလုပ်ငန်းခွင်များတွင် ကြုံတွေ့  ရသည့် ပြဿနာများနှင့် အကြံပြုချက်များ

ကျွန်တော့အနေနဲ့ ဒီနေ့အမှတ်တရ တစ်ခုခုဒါနပြုချင်တာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း Facebook မှာ မြို့ြ...ပအင်ဂျင်နီယာများ အကြာခဏ ကြုံတွေ့ ရလေ့ရှိတဲ့ ကွန်ကရိလုပ်ငန်းပြဿနာ ၀င်ရောက်ဆွေးနွေးခဲ့တာလေးတွေကို စုပေါင်းပြီး “ ကွန်ကရိလုပ်ငန်းခွင်များတွင် ကြုံတွေ့  ရသည့် ပြဿနာများနှင့် အကြံပြုချက်များ” ခေါင်းစဉ်ဖြင့် PDF ပြုလုပ်ပြီး ပညာဒါနပြုလုပ်လိုက်ပါတယ်။
အမှားအယွင်းများကို တွေ့  ရှိသူများ၊ အယူအဆကွဲလွဲချက်များရှိပါက ဝေဖန်ထောက်ပြကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။


SAN NWE


Concrete Curing Compound များကို စံနစ်တကျ အသုံးပြုခြင်း



(၁) နိဒါန်း
...
Curing compound များကို ရေအစိုဓါတ်ပေး၍ curing လုပ်သည့်သမရိုးကျနည်းများဖြစ်သည့် ရေစိုအ၀တ်များဖြင့်အုပ်ခြင်း၊ ရေအဆက်မပြတ်စွတ်စိုစေခြင်း၊ သဲစိုအုပ်ခြင်းများ စသည်တို့ ဖြင့် အဆင်မပြေသည့် အခြေအနေများတွင်သာ ယေဘူယျအားဖြင့် အသုံးပြုသင့်ပါသည်။ အကယ်စင်စစ်မှာမူ Membrane curing compound ကို ဖြန်းပက်အသုံးပြုခြင်းမှာ ကွန်ကရိအတွင်းမှ ရေငွေ့ ပြန်ခြင်းကို တားဆီးပေးခြင်းနည်းတစ်မျိုးသာသာဖြစ်၍ အထက်တွင် ဖေါ်ပြခဲ့သည့် ရေအစိုဓါတ်ပေး၍ curing လုပ်ခြင်း (moist curing) တစ်မျိုးသာဖြစ်ပါသည်။

ကွန်ကရိ၏ခံနိုင်အားတက်ခြင်းမှာ Curing compound ၏ ဓါတ်ပြုမှုကြောင့်မဟုတ်ပဲ ကွန်ကရိအစိုအတွင်းရှိ ရေ နှင့်‌ ဘိ လပ်‌ ‌မြေ တို့ ၏ ဓာတ်‌ ပြု မှု Hydration ဖြစ်‌ စဉ်‌ ‌ကြောင့်‌ ဆိုသည်ကို သတိပြုရန်လိုပါသည်။

Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ) အပိုင်း (2)

 - Fly Ash ခေါ် ကျောက်မီးသွေးပြာများ
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ

Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ) အပိုင်း (၁)


(၁) နိဒါန်း
ကွန်ကရိတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် နှင့် ရေတို့ပင်ဖြစ်ပါသည်။
ယခုခေတ်ကွန်ကရိလုပ်ငန်းအများစုတွင် သာမန်ထက် ပိုမို ကောင်းမွန်သည့် ကွန်ကရိရရှိရန်၊ လုပ်ကိုင်ရလွယ်ကူစေရန်စသော အကြောင်းများ ကြောင့် ကွန်ကရိAdmixtureများကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။
Admixture များကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စု (၂) ခွဲနိုင်ပါသည်။
(၁) Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) ဖြစ်ပါသည်။
Mineral Admixture ကို Supplementary Cementitious Material (SCM) ဟုလည်း သုံးနှုံးကြပါသည်၊ ဓါတုအရောများကို များသောအားဖြင့် အရည်ပုံစံဖြင့်တွေ့ ရလေ့ရှိပြီး တွင်းထွက်သတ္တုအရောများကိုမူ အမှုန့် ပုံစံဖြင့်တွေ့ နိုင်ပါသည်။
ပုံ (၁) Mineral Admixtures (SCM)
ပုံ (2) Chemical Admixtures
ပုံ (၃) Admixture အမျိုးအစားများ ခွဲခြားထားပုံ
ASTM C 494 အရ Chemical Admixture Type များကို အောက်ပါအတိုင်း အသေးစိတ် သတ်မှတ်ထားပါသည်။

Monday, June 20, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁၁)


Rolling Patterns
Rolling patterns ဆိုသည်မှာ နိုင်လွန်ကတ္တရာလမ်းကို လမ်းကြိတ်စက်ဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်၍ကြိတ်ရာတွင် အသုံးပြုရမည့် ပုံစံများဖြစ်သည်။ Rolling patterns များဆွဲရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နိုင်လွန်ကတ္တရာအလွှာ တပြင်လုံးတွင် နေရာလပ်မကျန် တူညီသော density ရစေရန်ဖြစ်သည်။ Rolling patterns ဆွဲရာတွင် rolling pattern အသုံးပြု၍ကြိတ်မည့် ကတ္တရာသား၏အထူသည် တသမတ်တည်းနီးပါးရှိဖို့လိုသလို ၎င်းတို့၏အပူချိန်သည်လည်း consistent ဖြစ်နေဖို့လိုတယ်။ သို့မှသာ consistent number of passes, consistent working speed နဲ့ consistent compaction forces တွေအသုံးပြုပြီး ဆွဲထားသော rolling pattern အတိုင်း လမ်းကြိတ်ခြင်းဖြင့် ကတ္တရာအလွှာတပြင်လုံး၌ တူညီသော density ကို ရရှိစေမည်ဖြစ်သည်။ Pass ဆိုသည့်အသုံးအနှုန်းသည် compactor ကြိတ်ရာ direction တစ်ခုအတွက် လမ်းစကြိတ်ရာအမှတ်မှ rolling pattern အဆုံး လမ်းကြိတ်စက်ခေတ္တရပ်ရာ နေရာအထိ တစ်ကြောင်းကို ဆိုလိုတယ်။ ဥပမာအားဖြင့် Rolling pattern စရာနေရာ တနည်းအားဖြင့် လမ်းကြိတ်စက်စကြိတ်ရာနေရာမှ rolling pattern အဆုံး လမ်းကြိတ်စက်ရပ်ရာနေရာအထိကို one pass ဟုခေါ်ပြီး ၎င်းအဆုံးနေရာမှ reverse direction ဖြင့် ပထမလမ်းကြောင်းကြိတ်ရာအတိုင်း ပြန်ကြိတ်ပြီး စတင်ကြိတ်ခဲ့ရာနေရာသို့ ပြန်ရောက်လျင် second pass ဟုသုံးသည်။ Rolling pattern ဆွဲပြီးပါက ၎င်းrolling pattern အတိုင်းအတိအကျ လိုက်နာသင့်ပြီး mix design ပြောင်းခြင်း သို့မဟုတ် ရာသီဥတုအခြေအနေပြောင်းခြင်း မှတပါး rolling pattern မှ သွေဖယ်ခြင်း မလုပ်သင့်ပေ။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁၀)


Compaction Phases
နိုင်လွန်ကတ္တရာလမ်းကိုကြိတ်ရာမှာ
(1) Initial compaction (breakdown compaction)
(2) intermediate compaction
(3) finish compaction ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားပြီး ကြိတ်လေ့ရှိတယ်။
Breakdown compaction
Initial compaction (breakdown compaction) ဆိုတာ လမ်းခင်းစက်နောက် နိုင်လွန်ကတ္တရာ ခင်းပြီးပြီးခြင်း စတင်ကြိတ်သော compaction phases တွေရဲ့ ပထမဆုံးအဆင့် ဖြစ်တယ်။ Breakdown compaction စဖို့အတွက် နိုင်လွန်ကတ္တရာ shoving မဖြစ်စေဘဲ နိုင်လွန်ကတ္တရာရဲ့ အဖြစ်နိုင်ဆုံးအမြင့်ဆုံး အပူချိန်မှာ စတင်ကြိတ်ရမယ်။ ကတ္တရာအေးသွားလေလေ၊ ပိုပြီး stiff ဖြစ်လေလေ၊ လိုချင်သော density ရအောင်ကြိတ်ဖို့ ခက်လေလေ ဆိုတာကို သတိရပါ။ အဲဒါကြောင့် breakdown compaction phase ကို လမ်းခင်းစက်နောက် အနီးကပ်ဆုံး ကပ်နိုင်သမျှ ကပ်၍ ကြိတ်လေ့ရှိတယ်။ Breakdown compaction phase မှာ လိုအပ်တဲ့သတ်မှတ်ထားသော target density နီးပါးအထိ ရောက်အောင် ကြိတ်သင့်တယ်။ ဥပမာ target density က 95% of Theoretical Maximum Density လို့ဆိုရင် breakdown compaction phase မှာ အနည်းဆုံး 91% ကနေ 93% ခန့်အထိ ရအောင် ကြိတ်သင့်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၉)


Amplitude Checklist
ပြီးခဲ့တဲ့အပိုင်းတွေမှာ ဖေါ်ပြခဲ့တဲ့ compaction factors တွေကို စုပေါင်းပြီးတော့ compaction checklist လေးဆွဲကြည့်ရင် အောက်ပါအတိုင်းရပါမည်။
အဲဒီ checklist ကို အသုံးပြု၍ လမ်းကြိတ်ရာမှာ အသုံးပြုသင့်သည့် amplitude ကိုအလွယ်တကူ ရွေးချယ်နိုင်ပါသည်။ ရှေ့မှာ ပြောခဲ့တဲ့ နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ ထည့်သွင်းစဉ်းစားရမည့်အချက်များကို အနှစ်ချုပ်အနေနဲ့ ပြန်ကြည့်ပါက
- ကတ္တရာအလွှာ 2-in (50-mm) ထက်နည်းရင် high compaction energy ကို ကတ္တရာအလွှာက မခံနိုင်ပါ။ ထို့ကြောင့် ၎င်းကဲ့သို့အလွှာပါးကို လမ်းကြိတ်ရာမှာ 0.25-mm မှ 0.6-mm ကြား (0.01-in မှ 0.025-in ကြား) ရှိသော amplitude ကိုသာ ရွေးချယ် အသုံးပြုသင့်သည်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၈)


Asphalt Mix Temperature
Asphalt mix temperature က နိုင်လွန်ကတ္တရာလမ်းကြိတ်ရာမှာ အဓိက သက်ရောက်မှု အရှိဆုံးထဲက တစ်ခုဘဲ။ Highest possible temperature မှာ စတင်လမ်းကြိတ်ခြင်းသည် လိုအပ်သော denisty ကိုရရန် အလွယ်ကူဆုံးဖြစ်တယ်။ နိုင်လွန်ကတ္တရာရဲ့ အမြင့်ဆုံးအပူချိန်မှာ ၎င်းမှာပါတဲ့ ကတ္တရာရည်ရဲ့ viscosity ကအနိမ့်ဆုံးဖြစ်တယ်။ ကတ္တရာရည် အရည်အခြေအနေ ရှိနေသေးချိန် သို့မဟုတ် အနိမ့်ဆုံး viscosity ရှိနေချိန်မှာ compaction force ကြောင့် mix ထဲမှာပါတဲ့ aggregates တွေ အလွယ်တကူနေရာ ရွေ့လျားပူးကပ်နိုင်တယ်။ Aggregates တွေ mix ထဲမှာ ရွေ့လျားပူးကပ်ခြင်းဖြင့် Air voids တွေကိုလျော့ချပေးပြီး လိုအပ်သော density ကို ရရှိစေတယ်။ ကတ္တရာရည်အေးသွားပြီး stiff ဖြစ်လာ၊တောင့်လာတဲ့အချိန်ရောက်ရင် mix ထဲမှာ aggregates တွေ နေရာရွေ့လျားပူးကပ်နိုင်ဖို့ ခဲယဉ်းသွားတယ်။ တနည်းအားဖြင့် လိုအပ်သော density ကိုရအောင် ကြိတ်ဖို့ခဲယဉ်းတယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၇)


Shape of Aggregates
Aggregate တွေရဲ့ ပုံသဏ္ဍာန်ပေါ်မူတည်ပြီး ၎င်း aggregates တွေရဲ့ကြားမှာရှိတဲ့ friction level အမျိုးမျိုးကွာခြားတဲ့အတွက် နိုင်လွန်ကတ္တရာလမ်းကို compact လုပ်ဖို့ compaction pattern ဆွဲရာမှာ shape of aggregate ကိုလည်း ထည့်သွင်းစဉ်းစားရတယ်။
Rounded aggregates တွေသုံးရင် သူတို့ကြားမှာ low internal friction ပဲရှိတဲ့အတွက် low compaction energy အောက်မှာပင် အလွယ်တကူနေရာရွေ့နိုင်တယ်။ Rounded aggregates တွေအများစုပါတဲ့ asphalt mix တွေက unstable ဖြစ်လွယ်ပြီး compactor ရဲ့ static weight တစ်ခုတည်းဖြင့်ပင် အလွယ်တကူ ကြိတ်နိုင်တယ်။ အဲဒီ mix အမျိုးအစားအတွက်ဆိုရင် light weight static compactor ကိုသုံး၍၎င်း၊ vibratory compactor မှာ low amplitude ကိုသုံး၍၎င်း ကြိတ်နိုင်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၆)


Mix Design
နိုင်လွန်ကတ္တရာ Hot Mix Asphalt (HMA) ဆိုသည်မှာ ယျေဘူယအားဖြင့် ကျောက်အကြီးအသေး အရွယ်အစားမျိုးစုံ နှင့် ကတ္တရာအရည် တို့ကို ကတ္တရာကျိုစက်ရုံတွင် အပူချိန်မြင့်မားစွာပေး၍ (145C မှ 190C ကြားအတွင်း) ရောကျိုထားသော ကတ္တရာနှင့်ကျောက်အရောအနှောကို ခေါ်ခြင်းဖြစ်သည်။ အရပ်အခေါ်အနေဖြင့် Asphalt သို့မဟုတ် Blacktop သို့မဟုတ် Paving (မြောက်အမေရိကတွင် သုံးလေ့ရှိ) ဟုသုံးနှုန်းလေ့ရှိပြီး engineering အသုံးအနေဖြင့် Asphalt (or Asphaltic) Cement (AC) ဟူ၌လည်းကောင်း၊ Bituminous Asphalt Concrete ဟူ၌လည်းကောင်း၊ Bituminous Mixture ဟူ၌လည်းကောင်း အမျိုးမျိုးသုံးလေ့ရှိသည်။ မြန်မာနိုင်ငံတွင်တော့ နိုင်လွန်ကတ္တရာ ဟုအလွယ်တကူခေါ်လေ့ရှိသည်။
Mix design တွင် အသုံးပြုသည့် ကျောက်အရွယ်အစားများနှင့် အချိုးအစား၊ ကတ္တရာအမျိုးအစားနှင့် ကတ္တရာအရည်ပါဝင်မှု အချိုးအစား၊ အခြားသောဓါတုပစ္စည်းများ ပါဝင်မှု နှင့် ပါဝင်မှုအချိုးအစား စသည်တို့ပေါ်တွင်မူတည်၍ Mix Designs ပေါင်းများစွာရှိပြီး ဒေသအလိုက် အခေါ်အဝေါ်လည်း ကွဲပြားလေ့ရှိသည်။
အမေရိကတိုက်တွင် အသုံးများသော HMA အမျိုးအစားများမှာ (1) Dense-graded mix (2) Open-graded mix နှင့် (3) Gap-graded mix တို့ဖြစ်ပြီး
1. Dense-Graded Mix တွင်
1a. Continuously graded or conventional HMA
1b. Large-stone mix နှင့်
1c. Sand asphalt mix ဟူ၍ သုံးမျိုး
2. Open-Graded Mix တွင်
2a. Open-Graded Friction Course (OGFC) နှင့်

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၅)

ပြီးခဲ့တဲ့အပိုင်းတွေမှာ compaction forces တွေအကြောင်းသိခဲ့ရပါပြီ။ Compactor operators တွေအနေနဲ့ နိုင်လွန်ကတ္တရာကို compaction လုပ်ရာမှာ စက်မှာပါတဲ့ amplitude setting တွေ၊ frequency setting တွေ (variable frequency သုံးလို့ရတဲ့ စက်အသုံးပြုလျင်)၊ drum width (drum offset function ပါသော စက်အသုံးပြုလျင်)၊ နဲ့ compaction speed (working speed) တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုရပါမယ်။ မှန်ကန်တဲ့ settings များရွေးချယ်ဖို့အတွက် အခြေခံ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက
- Project design
- Asphalt mix design
- Shape of aggregates
- Asphalt cement oil viscosity
- Asphalt layer thickness
- Asphalt mix temperature
- Climate conditions များပဲဖြစ်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၄)



- Compactor တွေ ဝယ်ယူရာမှာ Centrifugal force ဆိုတာ specifications တွေအထဲမှာ တစ်ခုအနေနဲ့ပါတာကိုတွေ့ရတယ်။ အဲဒီ centrifugal force က ဘာကိုပြောတာလဲ၊ operators တွေရောသိဖို့လိုသလား။
ဟုတ်တယ်။ centrifugal force တန်ဖိုးတွေကို specifications catalog လို့ခေါ်တဲ့ specalog တွေမှာထည့်ပေးလေ့ရှိသော်လည်း operators တွေ quality control personnel တွေ အတွက်တော့ လက်တွေ့အသုံးမဝင်ပါဘူး။ Centrifugal force တန်ဖိုးက compactor deisgn engineers တွေအနေနဲ့ compactor ကို deisgn လုပ်ရာမှာ drum ရဲ့ weight ရယ်၊ eccentric weight ရဲ့ mass ရယ်၊ speed of rotation of eccentric weight ရယ်၊ အဲဒါတွေကို balance ဖြစ်အောင်တွက်ချက်ရာမှာ အဓိကသုံးတာပါ။

Sunday, June 19, 2016

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၃)


 Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Impact force အကြောင်းပြောပါဦး။
Impact ဆိုတာကတော့ dynamic force အမျိုးအစားပဲ။ ပစ္စည်းတစ်ခုကို အမြင့်တစ်နေရာက အရှိန်နဲ့ ပစ်ချလိုက်တဲ့အခါ အဲဒီပစ္စည်းနဲ့ မျက်နှာပြင်နဲ့ ထိတဲ့အချိန်မှာ ဖြစ်တဲ့ force ပေါ့။ အဲဒီပစ္စည်းရဲ့weight နဲ့ falling speed ကို energy အနေနဲ့ ပြောင်းလဲလိုက်တဲ့အခါမှာ static load ထက် အများကြီး အားပြင်းတဲ့ impact force ကိုဖြစ်စေတာပေါ့။ ကားနှစ်စီးအရှိန်နဲ့ တိုက်တာလည်း impact ဘဲ။ တိုက်တဲ့အရှိန်ပြင်းလေလေ impact force များလေလေ၊ ပျက်စီးမှုများလေလေပေါ့။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၂)


 Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Compactor တွေအသုံးပြုပြီး နိုင်လွန်ကတ္တရာလမ်း ကြိတ်ရာမှာ ဘာ forces တွေကို အသုံးပြုလဲ။
Compactor တွေ အသုံးပြုပြီး compaction လုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ forces တွေအနေနဲ့
(1) Static
(2) manipulation
(3) impact
(4) vibration
ဆိုပြီး အကြမ်းဖြင်းလေးမျိုးရှိတယ်။ Compactor အမျိုးအစားပေါ်မူတည်ပြီး အဲဒီ forces လေးမျိုးထဲက တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုး ဒါမှမဟုတ် လေးမျိုးလုံးသုံးနိုင်တယ်။

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁)


 Compaction Measurement and Reporting of AC pavement
- နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကဘာလဲ။
နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်က နိုင်လွန်ကတ္တရာအတွင်းမှာရှိတဲ့ လေရဲ့ထုထည် လျော့ကျသွားအောင်လို့ဖြစ်ပါတယ်။ ပြင်ပမှ forces များကို (compactor ၏ forces များ) အသုံးပြုခြင်းဖြင့် နိုင်လွန်ကတ္တရာအရောအနှောအတွင်းပါသော aggregates ဟုခေါ်သော ကျောက်များနေရာရွေ့ပြီး ပိုမိုပူးကပ်စေခြင်းဖြင့် လေခိုပေါက်လေးများကို ကျဉ်းမြောင်းစေသည်။ ၎င်း air voids လို့ခေါ်တဲ့ လေခိုပေါက်လေးတွေရဲ့ထုထည်က နိုင်လွန်ကတ္တရာထုထည်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ပါသလဲ ဆိုတာကိုတိုင်းတာပြီး Percent Air Voids အနေဖြင့်ဖေါ်ပြလေ့ရှိတယ်။
- အဲဒီ Percent Air Voids ကို ဘယ်လိုသိနိုင်သလဲ။

Asphalt Binder Grading Systems


Asphalt binder ၏ grade များကို ခွဲခြားသတ်မှတ်သည့် စနစ်များမှာ
- Penetration Grading System
- Viscosity Grading System
- Viscosity of Aged Residue Grading System နှင့်
- Superpave Performance Grading System တို့ဖြစ်သည်။

Ring and Ball Test (ASTM D36)


Ring and Ball Test ဆိုသည်မှာ ASTM D36 အရ ကတ္တရာ၏ softening point ကိုတိုင်းတာသော စမ်းသပ်မှုဖြစ်သည်။ ၎င်းစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ ကတ္တရာ၏ phase changes ဖြစ်မည့် အပူချိန်ကို ဆုံးဖြတ်ရန်အတွက်ဖြစ်သည်။
စမ်းသပ်ပုံမှာ ရေ သို့မဟုတ် ethylene glycol ဖြည့်ထားသော ဘီကာခွက်ထဲတွင် စမ်းသပ်မည့်ကတ္တရာထည့်ထားသော brass ring ကို ချိတ်ဆွဲထားသည်။ ၎င်း brass ring ထဲရှိ ကတ္တရာ၏ အလယ်တွင် 7.5mm အချင်းရှိပြီး 3.5-g လေးသော steel ball ကိုတင်ထားသည်။ ထို့နောက် ဘီကာခွက်ထဲရှိအရည်ကို တစ်...မိနစ်လျင် 5-degC နှုန်းဖြင့် အပူပေးသည်။ ကတ္တရာပျော့ပျောင်းလာသောအခါ steel ball သည် ကတ္တရာနှင့်အတူ ခွက်၏အောက်ခြေသို့ နိမ့်ဆင်းလာသည်။ ပျော့ဆင်းလာသောကတ္တရာ 25mm (1-in) အကွာအဝေးသို့ ရောက်ရှိချိန်တွင်ရှိသော အပူချိန်ကို ၎င်းကတ္တရာ၏ softening point အဖြစ်သတ်မှတ်သည်။ ၎င်းစမ်းသပ်မှုအတွက် တူညီသော specimen နှစ်ခုကို တချိန်တည်းစမ်းသပ်ရခြင်းဖြစ်ပြီး ၎င်း specimen နှစ်ခု၏softening point သည် 1-degC ထက်ပို၍ကွာခြားနေပါက စမ်းသပ်မှုတစ်ရပ်လုံးကို အစမှပြန်၍ ဒုတိယအကြိမ် ပြန်လည်စမ်းသပ်ရမည်။


 ဝိုင်ကေတီ (စက်မှု)


Rotary Mixer or Soil Stabilizer


Rotary mixer များကို road reclamation လုပ်ရာတွင်လည်းကောင်း၊ soil stabilization လုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ထိုကြောင့် အသုံးပြုပုံပေါ်မူတည်၍ Road Reclaimer သို့မဟုတ် Soil Stabilizer ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ ထို့အပြင် rotary mixer များကို အခြား special applications များဖြစ်သော Surface Mining လုပ်ရာတွင်လည်းကောင်း၊ haul road များဖောက်လုပ်ရာတွင်လည်းကောင်း၊ agricultural လုပ်ငန်းခွင်များအတွက်လည်းကောင်း၊ bio-remediation ခေါ် contaminated soil ပျက်စီးနေသောမြေသားများကို ပြန်လည်ပြု ပြင်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။

Density and Specific Gravity for Various Type of Compacted Asphalt Pavements

Flexible Pavement Distresses (1)


- Rutting ဆိုတာဘာကိုပြောတာလဲ။
ကားဘီးသွားရာလမ်းကြောင်းတလျောက် ကတ္တရာမျက်နှာပြင်နိမ့်ကျသွားခြင်းကို rutting (ဘီးရာချိုင့် သို့မဟုတ် လှည်းပုံတောင်းရာ) ဖြစ်တယ်လို့ခေါ်တယ်။ Rutting မှာ အခြေခံအားဖြင့် mix rutting နဲ့ subgrade rutting ဆိုပြီး နှစ်မျိုးရှိတယ်။ အောက်ခံမြေသားအလွှာ subgrade အထိ rutting မဖြစ်ဘဲ အပေါ်နိုင်လွန်ကတ္တရာအလွှာများမှာသာ ruttting ဖြစ်ပေါ်နေခြင်းကို mix rutting လို့သုံးပြီး excessive traffic load ကြောင့် အပေါ်ကတ္တရာလွှာများသာမကပဲ subgrade ထိ... နိမ့်ကျနေခြင်းကို subgrade rutting လို့သုံးတယ်။

နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ တွက်ချက်ခြင်း


နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ (Metric Tons) = လမ်း၏အကျယ် (ft) x လမ်း၏အရှည် (ft) x လမ်း၏အထူ (ft) x နိုင်လွန်ကတ္တရာ၏ density (lb/cuft or pcf) / 2200
နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ (Metric Tons) = လမ်း၏အကျယ် (m) x လမ်း၏အရှည် (m) x လမ်း၏အထူ (m) x နိုင်လွန်ကတ္တရာ၏ density (kg/m3) / 1000
...
နိုင်လွန်ကတ္တရာ၏ density သည် AC mix design ပေါ်မူတည်၍ ကွဲပြားသည်။ မိမိအသုံးပြုမည့် နိုင်လွန်ကတ္တရာ၏ density တန်ဖိုးကို နိုင်လွန်ကတ္တရာ plant ၏ lab မှတဆင့် သိရှိနိုင်သည်။
အကြမ်းဖျင်းအနေဖြင့် တွက်လိုပါက density value ကို 145 lb/ft3 (pcf) သို့မဟုတ် 2300kg/m3 ယူ၍ တွက်ချက် နိုင်ပါတယ်။
ဥပမာ။
လမ်း၏အကျယ် (m) = 5 m
လမ်း၏အရှည် (m) = 100 m
လမ်း၏အထူ (m) = 5 cm (0.05m)
ကတ္တရာ၏ density (kg/m3) = 2300 kg/m3
နိုင်လွန်ကတ္တရာ ခင်းရန်လိုအပ်သော ပမာဏ (Metric Tons) = 57.5Tons

 ဝိုင်ကေတီ (စက်မှု)

Asphalt binder ၏ grade ခွဲခြားသတ်မှတ်သည့် စနစ်များ

လက်ရှိ မြန်မာနိုင်ငံမှာ ကတ္တရာ ဂရိတ် ၈၀/၁၀၀ အများဆုံး သုံးခဲ့ကြတယ်။ ယခုအခါ ၆၀/၇၀ ပြောင်းသုံးဖို့ ညွှန်ကြားလာပါတယ်။ အဲလို ပြောင်းသုံးခြင်းဖြင့် ဘာတွေပြောင်းလဲသွားမလဲ။ လမ်းခင်းရာ နဲ့ လမ်းကြိတ်ရာမှာ ဘာတွေဂရုစိုက်ရမလဲလို့  အင်ဂျင်နီယာ လေးငါးယောက်ကမေးလာပါတယ်။
Asphalt binder ၏ grade ခွဲခြားသတ်မှတ်သည့် စနစ်များနဲ့  တခြားသိသင့်တာတွေကို ဖေါ်ပြလိုက်ပါတယ်။
Asphalt binder ၏ grade များကို ခွဲခြားသတ်မှတ်သည့် စနစ်များမှာ
- Penetration Grading System
- Viscosity Grading System
- Viscosity of Aged Residue Grading System နှင့်

Hot Mix Asphalt (HMA)

နိုင်လွန်ကတ္တရာ Hot Mix Asphalt (HMA)
ဆိုသည်မှာ ယျေဘူယအားဖြင့် ကျောက်အကြီးအသေးအရွယ်အစားမျိုးစုံ နှင့် ကတ္တရာအရည် တို့ကို ကတ္တရာကျိုစက်ရုံတွင် အပူချိန်မြင့်မားစွာပေး၍ ရောကျိုထားသော ကတ္တရာနှင့်ကျောက်အရောအနှောကို ခေါ်ခြင်းဖြစ်သည်။ အရပ်အခေါ်အနေဖြင့် Asphalt သို့မဟုတ် Blacktop သို့မဟုတ် Paving

ဥရောပစံ တစ်ခုဖြစ်သော DIN EN 13108 အရ နိုင်လွန်ကတ္တရာ ခင်းရာတွင် အသုံးပြုသည့် Asphalt Mix နှင့် Asphalt Grade များ၏ အတိုကောက်အသုံးအနှုန်းများ


 (ဂျာမနီ နှင့် ဥရောပနိုင်ငံ အတော်များများတွင် အသုံးပြု)
Asphalt mix ကို ဖေါ်ပြသော သင်္ကေတများ
AC = Asphaltic Concrete...
SMA = Stone Mastic Asphalt
MA = Mastic Asphalt
PA = Porous Asphalt

လမ်း၏အလွှာ ပေါ်မူတည်၍ ထည့်သွင်း ဖေါ်ပြလေ့ရှိသော သင်္ကေတများ
T = Asphalt for base course
B = Asphaltic for binder course
D = Asphalt for wearing course
TD = Asphalt for combined base and wearing course
လမ်းပေါ်တွင် အသုံးပြုမည့် ဝန်အားကို ဖေါ်ပြလေ့ရှိသော သင်္ကေတများ
L = Light loads
N = Normal loads
S = Heavy loads
ဥပမာ:
AC 32 TS
- Base course အတွက် အသုံးပြုမည်။
- Asphaltic Concrete mix design ကိုအသုံးပြုရမည်။
- Heavy Load ခံနိုင်ရမည်။
- အကြီးဆုံးပါဝင်ရမည့်ကျောက်သည် 32mm ထက် မကြီးစေရ။
AC 11 BN
- Binder course အတွက် အသုံးပြုမည်။
- Asphaltic Concrete mix design ကိုအသုံးပြုရမည်။
- Normal Load ခံနိုင်ရမည်။
- အကြီးဆုံးပါဝင်ရမည့်ကျောက်သည် 11mm ထက် မကြီးစေရ။
MA 8 DL
- Wearing course အတွက် အသုံးပြုမည်။
- Mastic Asphalt mix design ကိုအသုံးပြုရမည်။
- Light Load ခံနိုင်ရမည်။
- အကြီးဆုံးပါဝင်ရမည့်ကျောက်သည် 8mm ထက် မကြီးစေရ။
 ဝိုင်ကေတီ (စက်မှု)

Sample Question for Civil Engineers