Very ကို Adverb အဖြစ် အသုံးများတဲ့အတွက် Adjective နေရာမှာ သုံးတာတွေ့တဲ့အခါ မှားများမှားသလား ထင်ရတတ်ပါတယ် ၊
အဲဒါကြောင့် Adjective အဖြစ်သုံးလေ့ရှိတဲ့ ပုံစံလေးများကို စုစည်း တင်ဆက်လိုက်ပါတယ်..
……………………………....
(1) Exact or particular: အတိအကျ ဖြစ်သော ၊ အတိအကျ
.
You are the very girl I was looking for!
မင်းဟာ ကိုယ်ရှာဖွေနေခဲ့တဲ့ မိန်းကလေး အတိအကျပါပဲ
.
You're the very person we need for the job.
ခင်ဗျားက အလုပ်အတွက် ကျနော်တို့လိုအပ်နေတဲ့လူ အတိအကျပါပဲဗျာ
.
That's the very thing I need.
အဲဒါက ကျနော်လိုနေတဲ့အရာ အတိအကျပေါ့
………………………………
(2) Real : စစ်မှန်သော ၊ အစစ်အမှန်
.
Well, you finally have your VERY own car.
ကောင်းပြီ ၊ နောက်ဆုံးမှာတော့ မင်း အစစ်အမှန်ပိုင်ဆိုင်တဲ့ ကားတစ်စီးရှိပြီပေါ့
…………………………………
(3) Mere: မျှသာ
.
The VERY thought of you and I forget to do the little ordinary things.
မင်းအကြောင်း တွေးယုံမျှနဲ့ လုပ်စရာရှိတဲ့ ပုံမှန်အလုပ်လေးတွေကို ကိုယ်မေ့သွားတယ်
………………………..
(4) Extreme: အဆုံးစွန်သော (နေရာ ၊ အချိန် တို့မှာသုံး)
.
He smoked his cigarette down to the VERY end, then stubbed it out.
သူက စီးကရက်ကို အောက်ခြေအဆုံးထိအောင် ဖွာလိုက်တယ် ၊ ပြီးတဲ့နောက် ထိုးခြေပြီး မီးငြိမ်းလိုက်တယ်
.
Can you see that little bird right up at the VERY top of the tree?
သစ်ပင်ရဲ့ ဟိုးအမြင့်ဆုံး ထိပ်ဆုံးမှာ နားနေတဲ့ အဲဒီငှက်လေးကို မင်းမြင်နိုင်ရဲ့လား
.
We stayed till the VERY end of the party.
ပါတီပွဲ လုံးဝ.. လုံးဝ ပြီးဆုံးတဲ့အထိ ကျနော်တို့ နေခဲ့ပါတယ်
……………………………
(5) Important or serious : အရေးကြီးသော ၊ စိုးရိမ်ဖွယ်ရာဖြစ်သော
.
A storm is threatening my very life today.
ဒီနေ့မှာ မုန်တိုင်းတစ်ခုက ကျနော့်ရဲ့ အရေးကြီးတဲ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်
………………………………………..
ထူးခြားချက် လေးတွေကို စိတ်ဝင်စားသူများအတွက် ဖြစ်ပါတယ်
.
မေတ္တာဖြင့်
No comments:
Post a Comment